Steemit Platform နှင့် အနာဂါတ်ကို ကြိုကြည့်ခြင်း ( Henry Aung )

in #myanmar6 years ago

henry Aung.jpg

မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် steemit platform နှင့်ပါတ်သက်၍ ဆောင်းပါးများ ရေးသားလျက်ရှိရာ ဤ ဆောင်းပါးတွင် blockchain နည်းပညာ ဖြင့် social media ခေတ်ပြောင်း ( ခေတ်ဦးကာလ ) အကြောင်းအား ကျွန်တော့ အမြင်ဖြင့် ရေးသားဖေါ်ပြပေးပါမည်။ ဤ ဆောင်းပါးပါ အကြောင်းအရာတို့ မှာ ကျွန်တော့ တယောက်တည်းဤ အမြင် ဖြစ်သဖြစ် ထိုအတိုင်း ဖြစ်ပေါ်လာလိမ့်မည် ဟု အတတ်မဆိုလိုပါ။

သို့သော် ဆောင်းပါးပါ အကြောင်းအရာများနှင့်ပါတ်သက်၍ စာဖတ်သူမိတ်ဆွေတို့ အတွေးတစုံတရာ ရရှိသွားစေရန် ရည်ရွယ်ရင်း ဖြစ်ပါသည်။ ကျွန်တော်၏ ယခင် ဆောင်းပါးများတွင် ဖေါ်ပြပေးခဲ့ပြီး ဖြစ်သည့် အတိုင်း သန်း ၆၀ သော မြန်မာပြည်သူတို့တွင် steemit platform အကြောင်းသိသူ အယောက် ၁၀၀၀ မပြည့်သေးပါ။

Blockchain နည်းပညာနှင့် နွယ်သော cryptocurrency အကြောင်းကိုတော့ စာရှုသူ မိတ်ဆွေများ သိကြပြီး ဖြစ်ပါသည်။ steemit platform နှင့် ပါတ်သက်၍ ထဲထဲဝင်ဝင် နားလည်သွားကြသူ အချို့ကတော့ Steem နှင့် SBD တို့၏ အသုံးဝင်ပုံကို သိသွားကြပြီဖြစ်၍ နေ့စဉ် Steem မည်ကဲ့သို့ စုဆောင်းရမည်ကိုသာ စဉ်းစားနေကြပါလိမ့်မည်။ steemit platform နှင့် ပါတ်သက်၍ အနည်းငယ် အကျယ်ချဲ့၍ ပြောပြလိုပါသည်။

လူသားများ သမိုင်း တလျှောက်တွင် ပြောင်းလည်းလာသော ခေတ် အမျိုးမျိုးရှိကြရာတွင် စိုက်ပျိုး မွေးမြူရေးခေတ် ၊ ပန်းချီ အနုပညာခေတ် ၊ စက်မှုခေတ် ၊ Digital Internet ဆိုင်ရာ နည်းပညာခေတ် စသည်ဖြင့် အမျိုးမျိုး ပြောင်းလည်း နေခဲ့ရာ ယနေ့ လက်ရှိအချိန်တွင် Social Media ခေတ်ကို ဖြတ်သန်းနေကြရပြီ ဖြစ်ပါသည်။ Computer Internet ကိုတွင်ကျယ်စွာ သုံးစွဲ လာကြပြီးနောက်ပိုင်းတော့ ကျွန်တော်တို့ ၏ ခေတ်မှာ ယခင်ကထက် ပို၍ လျင်မြန်စွာ ပြောင်းလည်း နေခဲ့ပြီ ဖြစ်ပါသည်။

444.png

ယခုအချိန်တွင် နည်းပညာအသစ်ဖြစ်သော Blockchain နည်းပညာဖြင့် Social Media platform ဖြစ်သည့် steemit platform မှာ များစွာ နာမည် မကြီးသေးသော်လည် အနောက်နိုင်ငံများ ဖြစ်သည့် အမေရိကန် ၊ ဥရောပနှင့် အာရှနိုင်ငံများမှ ကိုးရီးယားနိုင်ငံတို့က ဤ platform အား အသုံးချ၍ နေ့စဉ် ဝင်ငွေတခုအဖြစ် ရယူနေနိုင်ကြပြီ ဖြစ်ပါသည်။

Steemit Platform ပေါ်သို့ ရောက်ရှိနေကြပြီ ဖြစ်သော မြန်မာနိုင်ငံသား အချို့ကလည်း ဆောင်းပါးများရေးသား၍ နေ့စဉ် ဝင်ငွေတခုအဖြစ် ရရှိနေနိုင်ကြပြီ ဖြစ်ပါသည်။ နည်းသည်နှင့် များသည်သာ ကွာခြားပါသည်။ များမကြာမှီ နိုင်ငံ အသီးသီးမှ Steemit Platform ပေါ်ရှိ နည်းပညာရှင်များ ပိုလန်နိုင်ငံတောင်ပိုင်းရှိ Krakow မြို့တွင် တွေ့ဆုံကြ၍ ဤ platform ပိုမိုကောင်းမွန် လာစေရန် အတွက် ဆွေးနွေးကြတော့မည် ဖြစ်ပါသည်။

ဤတွေ့ဆုံပွဲတွင် လက်ရှိ Myanmar Steemit Community အား ထောက်ပံ့ပေးနေသော Curie Team မှ နိုင်ငံအသီးသီးရှိ curie အထောက်အပံ့ယူ နေကြသော Community များအကြောင်း ဖေါ်ပြပေးမည် ဖြစ်၍ Myanmar Steemit Community သည်လည်း အကြောင်းအရာတခု အဖြစ်ပါဝင်မည် ဖြစ်ပါသည်။

ဆိုခဲ့သည့် အတိုင်း steemit platform သည် သူ၏ အကောင်းဆုံးပုံစံသို့ ရောက်ရှိရန် နည်းပညာရှင်များ ဝိုင်းဝန်းကြိုးစားနေကြရာ များမကြာမှီ အချိန်အတွင်း အောင်မြင်သော social media platform အဖြစ် ရောက်ရှိလာပါတော့မည်။ ထို့ အပြင် ဤ platform ၏ ထုတ်ကုန် ဖြစ်သော Smart Media Tokens များကလည်း သူတို့၏ နည်းပညာများ လွင့်တင်နိုင်ရန် အရှိန်ယူနေကြပြီ ဖြစ်ပါသည်။

555.png

အနည်းငယ် အချိန်ပေး၍ စဉ်းစားစေချင်ပါသည်။ steemit သည်သာ Facebook ကဲ့သို့ လွယ်ကူစွာ အသုံးပြုနိုင်သော အနေအထားသို့ ရောက်ခဲ့ လျင် ၊ SMTs များအဖြစ် ထွက်လာကြမည်ဖြစ်သော Games များသည် COC ကဲ့သို့ လူကြိုက်များသွားလျင် ၊ steemit account တခု ရှိရုံမျှ ဖြင့် နေ့စဉ် ဘဝများ လွယ်ကူစွာ ဖြတ်သန်းသွား နိုင်သော Steem Smart Phone ဟူ၍ ပေါ်လာလျင် .....

ထိုအရာများ၏ အနာဂါတ်နှင့် Steem ၏ အသုံးဝင်ပုံကို တွေးတောကြည့်ပါ။ Qoo10 , Alibaba နှင့် Amazon ကဲ့သို့သော ဈေးဝယ်သည့် Website များက SBD ဖြင့် ငွေပေးချေးခြင်းကို လက်ခံလိုက်လျင် steemit ၏ အရေးပါမှုသည် မည်သည့်နေရာတွင် ရှိမည်ကို ခန့်မှန်းကြည့်ပါ။ ဤသည်တို့မှာ Steemit platform နှင့် ပါတ်သက်၍ အနာဂါတ်အား ကြိုကြည့်ခြင်း ဖြစ်ပါသည်။

လက်ရှိ ဤ Platform ပေါ်သို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားတို့မှာ စာ၊ ဆောင်းပါးများ ရေးသား၍ သာ Steem & SBD ကို ရယူ နေကြပါသည်။ များမကြာမှီ Steemhunt ကဲ့သို့သော နေရာတွင် မြန်မာစာဖြင့် မြန်မာထွက် ကုန်ပစ္စည်းများအား ကြေညာလာနိုင်သော အချိန်တချိန်ရှိလာပါလိမ့်မည်။

SMTs နှင့်ပါတ်သက်၍ Hunt Token သည် အလွန်အလားအလာကောင်း သော token တခု ဖြစ်ပါသည်။ Steem Hunt platform သည်လည်း နေ့စဉ်နှင့်အမျှ ကြီးထွားလာနေပါသည်။ ကျွန်တော့ အနေဖြင့် တိုက်တွန်းလိုသည်မှာ မိမိတို့ Steem token များအား ရွှေစုသလို စုနေသည့် အချိန်တွင် Hunt token များအားလည်း တတ်နိုင်သလောက် စုထားစေချင်ပါသည်။ ( Hunt token နေ့စဉ် ရရှိနိုင်မည့် နည်းလမ်းအား MSC chatbox တွင် သင်ကြားပြသပေးပါမည်)

666.png

အထက်တွင် ကျွန်တော် ဖေါ်ပြပေးခဲ့သည့် အတိုင်း steemit platform သည် မကြာခင် beta version မှ နိုးထလာပါတော့မည်။ ၂၀၁၉ ဇန်နဝါရီတွင် SMT testnet လွင့်တင်မည် မတ်လ လယ်တွင် SMTs များ တရားဝင် ထွက်လာသောအခါ မိမိတို့ Hunt token များအား ဈေးကွက်သို့ တင်ပို့ ရောင်းချနိုင်ပါတော့မည်။

ယခုအချိန်အထိ ကျွန်တော် Steem ဈေးအားထည့် မဖေါ်ပြသေးခြင်းမှာ မလိုအပ်သေး၍ ဖြစ်ပါသည်။ အထက်တွင် ကျွန်တော် ဖေါ်ပြပေးခဲ့သော အကြောင်းအရာများ ဖြစ်ပေါ်လာသည့် အခါ Steem ဈေးသည် သူရှိသင့် ရှိထိုက်သော နေရာတနေရာတွင် ရောက်ရှိနေပါလိမ့်မည်။ Steem ဈေးတက်မှ steemit ပေါ်ပြန်လာခဲ့မယ် ဆိုသူများအတွက် စကားလက်ဆောင်ပါးလိုပါသည်။

steem ဈေးတက်သည့် အချိန်မှ ပြန်လာခဲ့လျင် အလွန်ကို နောက်ကျနေခဲ့ပြီ ဖြစ်ပါသည်။ အကြောင်းမှာ လက်ရှိ ကျွန်တော် တို့တွင် ရှိနေသော SP မှာ လူတိုင်းကို Vote ပေးရန်ပင် မလုံလောက်ပါ။ ထိုအချိန် ရောက်လျင် မိမိ SP များအား Voting တခုတည်းသာ မက အခြားအရာများ အတွက်လည်း အသုံးပြုကြရမည် ဖြစ်သော ကြောင့် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အောင်မြင်သော SMTs များထွက်လာကြသောအခါ ကျွန်တော်တို့ လူတိုင်းလူတိုင်း SP အသုံးပြု၍ ထို SMTs များ ရယူကြရမည် ဖြစ်သောကြောင့် ဖြစ်ပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit : Original Source
Author : Henry Aung ( Kachin )
MSC : 001

Sort:  

စားဝတ်နေရေးအတွက် လုံးပမ်းနေရလေတော့ steemit မှာ အားပျော့လာတယ်.. သို့သော် တတ်နိုင်သမျှတော့ကြိုးစားရမှာပေါ့ဗျာ...
Steem အိပ်မက် ကောင်းမြတ်ပါစေ

ဒီလိုပဲပေါ့ .... ရသလောက် အချိန်လေး အတွင်းမှာ ကြိုးစားကြတာပေါ့။

2019 ကို sp စုရင်း စောင့်မယ်။
2019 ကို မြန်မြန် ရောက်ချင်နေမိတယ် ဗျာ။

2019 ပြီးရင် 2020 ပေါ့ဗျာ.... တနှစ်တနှစ် ဘာကြာတာမှ မဟုတ်တာ...

မင်္ဂလာစကား မင်္ဂလာသတင်းကြားရတော့မှာမို့
မင်္ဂလာရှိတဲ့ပိုစ့်လေးပါ
မင်္ဂလာမျက်စိနဲ့ မင်္ဂလာဆောင်ချင်အောင်ကို ဖတ်လိုက်ရပါတယ် ကိုဟင် 😁

မင်္ဂလာပါ လို့။

သင်‌ ပြ‌ပေးပါအစ်‌ကို‌ရေ ၊လုပ်‌ရမယ့်‌အပိုင်းကြိုးစား မယ့်‌အပိုင်းကို အ‌ကောင်းဆုံး ဖြစ်‌‌အောင်‌ ကြိုးစားပါ့မယ်‌။စိတ်‌ခွန်‌အား‌တွေ ဖြစ်‌‌ပေါ်‌စေပါတယ်‌အစ်‌ကို။

အကောင်းဆုံး ဖြစ်အောင်ကြိုးစားကြတာပေါ့။

ကိုဟင်ရဲ့ ဆောင်းပါးဖတ်ပြီးတိုင်း ခွန်အားသစ်တွေရရှိစေပါတယ်။
ဆက်လက်ပြီး ကြိုးစားသွားပါ့မယ်။

ကျေးဇူးတင်ပါတယ်။

steemitရဲ့ အနာဂတ်ကောင်းကို မျှော်လင့်လျက်ပါ။

Posted using Partiko Android

မျှော်လင့်လျက်ပါပဲ။ အကောင်းဆုံး ဖြစ်လာလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။

မျှော်လင့်လျှက်ချီတက်ဆဲပါ

မျှော်လင့်လျက်ပါပဲ။ အကောင်းဆုံး ဖြစ်လာလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။

hunt tokin က sp ရှိသလောက်လေးဘဲ ရှိထားတာ အဲ့ အချိန်က sp ပိုနည်းသေးတော့ ခပ်နည်းနည်းဘဲ ။

များများ ရှယ် ပြီး မြန်မြန်သာ စုပေတော့ ဒိုမီလေး ရေ......

steem ရဲ့ သတင်းကောင်းတွေ ကြားရလို့ ဝမ်းသာပါတယ် ခွန်အားတိုးဆေး တစ်ခွက် ဖြစ်စေတဲ့ post လေးပါဗျား

ကျေးဇူးတင်ပါတယ်။

Diwali is the best time to create special memories with your family and loved ones. you create the best of the best memories this Diwali. This Diwali bring endless moments of joy and love to your life. Happy Diwali

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 57807.79
ETH 2287.18
USDT 1.00
SBD 2.47