Steemit Platform သန့်ရှင်းပါစေ- အပိုင်း (၃) ( Henry Aung )

in #myanmar7 years ago

STEMMIT-HENRY.jpg

မင်္ဂလာပါ။ လက်ရှိ အချိန်တွင် Steem ဈေးများ တရိပ်ရိပ် တက်လာခြင်းက ကျွန်တော် တို့ SP မရှိသေးသော MSC members များ အတွက်များစွာ အကျိုးသက်ရောမှုရှိပါသည်။ ယခင် ပြင်ပဈေးဖြင် 1 SBD လျင် အနည်း ဆုံး 4 steem ခန့် ရနိုင်သေးသော်လည်း ယခု ဈေးဖြင့် 1 SBD လျင် 1 .5 Steem အလွန်ဆုံး 2 steem သာရနိုင်တော့မည် ဖြစ်ပါသည်။

Steem Power ရှိသူများအဖို့ တော့ voting weight တက်လာသည့် အပြင် Steem ဈေးတက်လာသည့် အတွက် မိမိ အကောင့် estimate value လည်း တက်လာမည် ဖြစ်ပါသည်။ ထို့ ကြောင့် MSC စတင်ကတည်းက Steem Power သာ တစိုက်မတ်မတ် စုကြ ပါရန် နှင့် Steem Power မရှိသူများ ၂၀၁၈ တွင် နောင်တ ရမည့် အကြောင်း အတန်တန် သတိပေးခဲ့ခြင်း ဖြစ်ပါသည်။

ယခု အချိန်တွင် SP စု ရန် အတွက် ယခင်ကထက် ၄ ဆ ခန့်မျှ ခက်ခဲသွားပြီ ဖြစ်ပါသည်။ အဘယ့်ကြောင့် ဆို သော် မိမိရရှိလာသော ၇၅% ၏ ၅၀% သော SBD မှ Steemit System က ပြောင်းပေးမည့် SP မှာ ၀.၁၆ SP ခန့်သာ ရရှိနိုင်တော့မည် ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် system 1 SBD က ပြင်ပ ပေါက်ဈေး Steem ကို ဝယ်ယူနေရသောကြောင့် ဖြစ်ပါသည်။

အကျယ်သိလိုလျင် သက်ကိုဇော် @thatkozaw ရေးသားထားသော ဆောင်းပါးကို အောက်ပါလင့် တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ မည်သို့ပင် ဆိုစေကာမူ Steemit Platform အကြောင်းကို သိရှိပြီးသော မြန်မာလူငယ် မောင်မယ်များက ဤ Platform ပေါ်တွင် ဆက်၍ လျှောက်ကြမည်သာဖြစ်ပါသည်။ ကျွန်တော် အကြိမ်ကြိမ် ဆိုခဲ့ ပြီး ဖြစ်သည့် အတိုင်း ဤခရီးမှာ တရက်နှစ်ရက် ၊ တလ နှစ်လ ဖြင့် ပြီးသွားမည့် ခရီး မဟုတ်ပါ။

Steemit တွင်​ပြသ​ထား​သော $ များ မည်​သို့မည်​ပုံ ရသလဲ?

01.jpg
02.jpg

ထို့ကြောင့် ဤလမ်းပေါ် ဆက်လျှောက်ကြမည် ဖြစ်သော လူငယ် မောင်မယ်များ အဖို့ MSC မှ ချမှတ်ထားသောစည်းကမ်းများ သိရှိနိုင်စေရန် ဆက်လက် ဖေါ်ပြပေးပါမည်။ Steemit Platform သန့်ရှင်းပါစေ ဆောင်းပါး အပိုင်း ၁ နှင့် ၂ တွင် သိသင့် သိထိုက်သော စည်းကမ်းများကို သိရှိပြီး ဖြစ်ပါလိမ့်မည်။

စည်းကမ်း အမှတ် ( ၉ ) ဖြစ်သော ပြည်တွင်း ပြည်ပ မှ ရုပ်ရှင် သရုပ်ဆောင်များ မော်ဒဲလ် များ၏ ပုံ များ ယူဆောင် အသုံး ပြုခြင်းကို တား မြစ်ထားပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအနုပညာရှင် များ မော်ဒဲလ်များမှာ မိမိတို့ ရုပ်ရည် ရူပကာ အနုပညာများဖြင့် အသက်မွေးဝမ်းကြောင်းပြုသူများဖြစ်ကြပါသည်။

Facebook နှင့် instagram တို့တွင်လွပ်လပ်စွာ ရှယ်နိုင် တင်နိုင်ကြသော်လည်း Steemit Platform မှာ တစုံတရာ အကျိုးရှိစေသော တနည်း အားဖြင့် SBD ရရှိနိုင်သော နေရာဖြစ်၍ ထိုအနုပညာရှင်များ မော်ဒဲလ် များ၏ ပုံကို အသုံးပြုလိုလျင် ထိုသူတို့အား ထိုက်သင့်သော အနုပညာကြေးပေးရမည်သာဖြစ်ပါသည်။

သို့မဟုတ်လျင် မိမိဘယ်သူဘယ်ဝါအား မော်ဒဲလ် သရုပ်ဆောင်မည်သူမှ သူ၏ ပုံကို လွပ်လပ်စွာ အသုံးပြုနိုင်ကြောင်း အခွင့်ပေးထားသည့် ၊ တနည်းအားဖြင့် ခွင့်ပြုချက်ပေးထားသည့် စာလို အပ်ပါသည်။ ဤစည်းကမ်းချက်မှာ မလို အပ်ပဲ အပိုထည့်ထားခြင်း မဟုတ်ပါ။

လူတဦး တယောက်၏ ကိုယ်ပိုင်အရည်အချင်း အား အခြားသူများက အခွင့်အရေးယူ မိမိ ကိုယ်ကျိုး အတွက် အလွဲသုံးစားမလုပ်မိစေရန် နှင့် မြန်မာလူငယ် မောင်မယ်တို့ တဦးနှင့် တဦး အပြန်အလှန် လေးစားမှု ရှိလာကြစေရန်ဖြစ်ပါသည်။ စည်းကမ်း အမှတ် (၁၀) မှာ လူတိုင်းနားလည် လွယ်သော စည်းကမ်း ဖြစ်ပါသည်။

အဘယ့်ကြောင့် referral မရှာခိုင်းပါသနည်း။ ရှင်းပါသည်။ Steemit Platform ကိုယ်တိုင်က referral system မရှိသလို ကျွန်တော်တို့ MSC admin များကလည်း ဤPlatform ပေါ်တွင် မြန်မာလူငယ် မောင်မယ်များအား မည်သို့ သော အကျိုးအမြတ်မှ မယူပဲ အခမဲ့ သင်ပေးနေကြပါသည်။

Referral မှာ တဦးတယောက်ကို တစုံတခု သင်ကြားပေးခြင်းဖြင့် မိမိလက်အောက်သို့ သိမ်းသွင်း စေသော စနစ်ဖြစ်သောကြောင့် ဤPlatform ပေါ်သို့ မည်သည့် referral ရှာသော post မှ တင်ခွင့်မပြုပါ။ ဤစည်းကမ်းသည် MSC မှ ချမှတ်ထားသော စည်းကမ်းမဟုတ်ပါ။ Steemit Platform မှ ချမှတ်ထားသော စည်းကမ်းဖြစ်ပါသည်။ မိမိ ဆောင်းပါးများတွင် referral ရှာ သော link တင်မိလျင် Steem cleaner ရောက်လာပါလိမ့်မည်။

03.jpg

စည်းကမ်း အမှတ် (၁၁) မှာ အလွန်အရေးကြီးသလို မြန်မာစာဖြင့် post တင်နေကြသော သူအားလုံးတို့ ပျက်စီးစ ပြုနေသော မိမိတို့ မြန်မာစာ အတွက် ပြန်လည် ပြုပြင်ယူကြရန် နှင့် မိမိတို့ မြန်မာစာ ကို မြှင့်တင်ရန် တာဝန်မှာ အခြားသူများ၏ တာဝန် မဟုတ်ပါ။ မိမိတို့၏ တာဝန်သာဖြစ်ပါသည်။

လက်ရှိအချိန်တွင် Facebook တွင် အသုံးပြုနေကြသော သဒ္ဒါ မမှန်သော မြန်မာစာ ၊ စကားတို့ အား နေ့စဉ် အသုံးပြုနေကြသည်မှာ ဘာမှ အရေးမကြီး သယောင် ဖြစ်နေသော်လည်း အမှန်မှာ မိမိတို့ စာ၊ မိမိတို့ စကားအား ဖျက်ဆီး နေခြင်း ဖြစ်ကြောင်းကို သတိထားမိသူ အတော်နည်းပါလိမ့်မည်။

ခေတ်ရေစီးကြောင်းအတိုင်း လိုက်မျှော ရပါသည်ဟု ဆင်ခြေ ပေးကောင်း ပေးနိုင်သော်လည်း ဤမြန်မာစာမှာ မိမိတို့ ဘုရင်အဆက်ဆက်ကလည်း သုံးခဲ့သည်။ ရှေးစာဆိုများ ၊ ဆရာတော်ကြီးများ လည်း ဤမြန်မာစာကိုသာ သုံးခဲ့ကြပါသည်။ မိမိတို့ ဘိုးဘွားများလည်း သုံး ခဲ့သလို မိမိတို့ မိဘ ၊ အဖေ အမေ များကလည်း မြန်မာစာပေကို သုံး၍ စာများ ၊ ဆောင်းပါးများ ရေးသားခဲ့ကြပါသည်။ မည်သည့် ခေတ် မှ မိမိတို့ မြန်မာစာ ပျက်စီးခြင်း ၊ ဖျက်စီးခံရခြင်း မရှိခဲ့ပါ။

သို့ သော်ယနေ့ ကျွန်တော်တို့ ခေတ် Facebook ယျဉ်ကျေးမှု ပေါ်လာသောအခါ မိမိတို့ မြန်မာစာမှာ တဖြည်း ဖြည်း ချင်း မသိမသာ ဖျက်ဆီး ခြင်း ခံနေရပါသည်။ မိမိတို့ မြန်မာလူ ငယ်အများစုကလည်း ဤသို့သော အရာများကို ကန့်ကွက်ရမှန်းမသိပဲ ပျော်ပျော်ကြီးကို အသုံးပြုနေကြပါသည်။

မြန်မာ အဘိဓါန် အတွင်း ၌ မရှိသော စကားလုံး များ ကိုသုံး၍ မိမိတို့ စာ ၊ စကားများကို ဖျက်ဆီး နေကြသည်မှာ သက်ဆိုင်ရာ အဖွဲ့အစည်းများကလည်း တားမြစ်ဟန့်တား ခြင်းမရှိသလို Facebook cele ဟု ခေါ်ဆိုခြင်းခံရသူ လူအများကလည်း ဤကဲ့သို့ သရုပ်ပျက်မြန်မာစာများကို ပျော်ပျော်ကြီး ဆက်လက်တီထွင်၍ မြန်မာစာကို ဖျက်ဆီး နေကြဆဲဖြစ်ပါသည်။

ကျွန်တော်တို့ Myanmar Steemit Community သည် မြန်မာတနိုင်ငံလုံးနှင့် နိုင်းယျဉ်လျင် လက်တဆုပ်စာပင်မရှိပါ။ သို့သော် MSC မှနေ၍ Steemit Platform ပေါ်သို့ တင်လိုက်သော စာပေ၊ ဆောင်းပါးများတွင် ထိုကဲ့သို့ မြန်မာစာကို ဖျက်ဆီးထားသော စာပေများ မပါဝင်စေလို၍ ဤကဲ့သို့ စည်းကမ်းထုတ်၍ တားမြစ်ထားရခြင်းဖြစ်ပါသည်။

04.jpg

ထို့ ကြောင်း MSC အတွင်း၌ ချမှတ်ထားသော စည်းကမ်းများသည် အလကားသက်သက် အလုပ်ရှုပ်ရုံ မျှ ချမှတ်ထားခြင်း မဟုတ်ပဲ စည်းကမ်းတခုချင်းစီတွင် လေးနက်သော အကျိုးသက်ရောက်မှု ရှိနေပါသည်။ ဤတွင် မည်သို့ပင် စည်းကမ်းချမှတ်ထားသော်လည်း စည်းကမ်း လိုက်နာလိုသူများ ရှိသလို စည်းမရှိကမ်းမရှိ ပရမ်းပတာ နေလိုသူများလည်း ရှိပါလိမ့်မည်။

ကျွန်တော် တို့ Steemit Platform တွင်ရှိသော Myanmar tag အောက်တင် ပရမ်းပတာနေလိုကြသူများ အရင်ကလည်း ရှိခဲ့ဘူးပါသည် ၊ ယခုလည် ရှိနေကြသလို နှောင်တွင် ရှိနေအုံးမည်သာဖြစ်ပါသည်။ သို့သော် Steemit Platform သည် ထိုသူများကို လက်မခံနိုင်ကြောင်း system တွင် ထည့်သွင်းထားပါသည်။

ယခင်ကတော့ ထိုကဲ့သို့ သော အမှိုက်များကို Steem Cleaner များ ဖြင့် ရှင်းထုတ်ရပါသည်။ ယခုနောက်ပိုင်းတွင် Mute ဟူသော ခလုပ်ကလေးနိပ်၍ ထိုအမှိုက်များကို ရှင်းထုတ်နိုင်ပြီ ဖြစ်ပါသည်။ ဥပမာ ... Steemit အကောင့်ပိုင်ရှင် တယောက်သည် မိုက်ရိုင်းစွာ ဆဲရေသည် ၊ အခြားသူငှာ များအား ရန်စစော်ကား နေသည်ဆိုလျင် ထိုသူ၏ အကောင့်အား ပုံတွင် ပြထားသည့် အတိုင်း Mute လုပ်ထားလိုက်လျင် ထိုသူ၏ အကောင့်သည် တသက်လုံး မိမိ wall ပေါ်တွင် ပေါ်လာစရာ အကြောင်း မရှိတော့ပါ။

ထို့အတူ Community တခုလုံးရှိ member များအားလုံးက mute လုပ်ထားလိုက်လျင် ထိုသူ၏ အကောင့် ကို မည်သူမျှ မမြင်ရ၍ စိတ်ချမ်းသာနေပါမည်။ တနည်း ဆိုရသော် ရွာပြင် ထုတ်ထားလိုက်သည့် သဘောဖြစ်ပါသည်။

05.png

ထို့ ကြောင့် တစုံ တယောက်မှ Steemit Platform ပေါ်သို့ အမှိုက် အဖြစ်နှင့် ရောက်လာလျင် ထိုသူ၏ အကောင့်အား Mute လုပ်လိုက်ခြင်းဖြင့် ရွာပြင်ထုတ်ထားလိုက်ပါ။ ထို့အတူ မိမိ ကိုယ်တိုင်လည်း အခြား သူများ၏ mute လုပ်ခြင်း မခံရစေရန် MSC ၏ စည်းကမ်းများ လိုက်နာ၍ ဤ အလွန် ကောင်းမွန်သော Platform ပေါ်မှ အကျိုး အမြတ်များ ရယူကြရန် တိုက်တွန်းလိုပါသည်။ ထို့ ကြောင့် Steemit Platform အတွင်းရှိ Myanmar tag အောက်တွင် အမှိုက် များ တွေ့ရှိလာပါက Mute လုပ်လိုက်ခြင်းဖြင့် ထို အကောင့်အား ရွာပြင်ထုတ်ထားလိုက်ပါရန် နှိုးဆော်လိုက်ရပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

steemit logo.png

Photos credit; Google Image
Author : Henry Aung ( Kachin )
MSC : 001

Sort:  

ကျေးဇူးပါ

Thanks you Ma ma Myanmar.

Upvote & Follow!

ဟုတ်တယ်အကိုရေ 7$ကိုကျော်သွားပြန်ပီ စုမှရတော့မယ်

သာအေးက အခုမှ စုတော့ မလို့လား?

စုတော့ထားတယ်အကိုရေ ငွေသားအဖြစ်ထုတ်မသုံးစွဲပေမယ့် ကျန်တာလေးတွေရင်းနှီးထားတာ ဒါပေမယ့်အခုတော့ steem ကိုဘဲသေချာစုတော့မယ်အကိုရေ အားကျမိပါတယ် အကိုဟင်ကို မြန်မြန် ကျန်းမာချမ်းသာပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် အကိုဟင် လေးစားလျှက်

ဖြည်းဖြည်းမှန်မှန်လျောက်လှမ်းနေပါတယ်ခင်ဗျ

ကောင်းပါပြီ ခင်ဗျာ

steemit လမ်းကြောင်းပေါ်လျှောက်လှမ်းဖို့ ကူညီကြပါ ခင်ဗျာ

မြန်​မာစာ မြန်​မာစကား မမှား​အောင်​ကြိုးစား​ရေးရ​အောင်​MSC အဖွဲ့သားတို့ကြိုးစား စို့

အကောင်းဆုံးပါ။

I didn't know about the payout rule changes! Can u explain in the easiest form of $10 earning on one post?

For the movement if you buy the steem with 1 usd ... how many will you get ..? it is better to explain in chat box.... when you free just text me.

ဟုတ်ကဲ့ပါဆရာ.သိသင့်သိထိုက်တဲ့အကြောင်းအရာလေးတွေ သိခွင့်ရလို့အရမ်းကျေးဇူးတင်ပါတယ်.ဆရာနဲ့ဆရာ့မိသားစုတွေလည်း ဆန္ဒနဲ့ဘဝတစ်ထပ်တည်းကျပါစေ.

ကျေးဇူးတင်ပါတယ်

ဖြည်းဖြည်းမှန်မှန်လျောက်လှမ်းနေပါတယ်ခင်ဗျWish your ဖြည်းဖြည်းမှန်မှန်လျောက်လှမ်းနေပါတယ်ခင်ဗျand family ဖြည်းဖြည်းမှန်မှန်လျောက်လှမ်းနေပါတယ်ခင်ဗျhappy new ဖြည်းဖြည်းမှန်မှန်လျောက်လှမ်းနေပါတယ်ခင်ဗျyear sir.
ဖြည်းဖြည်းမှန်မှန်လျောက်လှမ်းနေပါတယ်ခင်ဗျThis is great ဖြည်းဖြည်းမှန်မှpost ဖြည်းဖြည်းမှန်မှthanks @kachinhenryည်းဖြည်း
ည်းဖြည်း Have a great dayည်းဖြည်း

thanks you,,,, have a great day

ကျေးဇူးပါ အစ်ကို

thanks you very much

သိခွင့်​ရလို့​ကျေးဇူးပါ ဆရာ

ကျေးဇူးတင်ပါတယ်

ဟုတ်​ကဲ့ rul​eတွေကို လိုက်​နာပြီး ကြိုးစားသွားမယ်​ခင်​ဗျ ခုလိုသိခွင့်​ရလို့လည်း​ကျေးဇူးတင်​ပါတယ်

စည်းကမ်း လိုက်နာမယ်ဆိုလို့ ကျေးဇူးတင်ပါတယ်

New to Steemit?

Coin Marketplace

STEEM 0.26
TRX 0.24
JST 0.040
BTC 100333.63
ETH 3343.54
SBD 6.28