Steemit Platform သန့်ရှင်းပါစေ- အပိုင်း (၁) ( Henry Aung )

in #myanmar6 years ago

STEMMIT-HENRY.jpg

မင်္ဂလာပါ။ မိမိတို့ Myanmay Steemit Community ကို စတင် ဖွဲ့စည်းခဲ့ကြသောအခါ အဖွဲ့အစည်း တခု၏ အသက်ဖြစ်သော စည်းကမ်းချက်များ ချမှတ်၍ ဖွဲ့စည်း ထားခဲ့ခြင်း ဖြစ်ပါသည်။ MSC မှာ လွယ်လွယ်ကူ ကူ နှင့် ဖြစ်ပေါ်လာသည်တော့ မဟုတ်ပါ။ အတိုက်အခံ များ ကန့်လန့် တိုက်သူများ အဖွဲ့အစည်း ပျက်သွား စေရန် နိုင်ငံတကာနှင့် ရန်တိုက်ပေးကြသူများ စသည် စသည်ဖြင့် အမျိုးမျိုး ကြုံတွေ့ခဲ့ကြရပါသည်။

ပြသနာ ပေါင်း မြောက်များစွာ ကို ရင်ဆိုင်ကျော်ဖြတ်၍ အဖွဲ့ အစည်း အတွင်း စည်းကမ်းတကျ လိုက်နာကြသူများအား တစိုက်မတ်မတ် တွဲ ခေါ်နေဆဲဖြစ်ပါသည်။ MSC အစောပိုင်းကာလ ကို သိမှီ လိုက်သူများက ဤ စည်းကမ်း ချက်များကို သေသေချာချာ သိမည် ဖြစ်ပါသည်။ အကျယ်ချဲ့၍ ရှင်းပြပါမည်။ စည်းကမ်း အမှတ် (၁) တွင် မိမိ၏ ကိုယ်တိုင်ရေးဆောင်းပါးများကို google ၏ copyright နှင့် ကင်းလွတ် သောပုံ များဖြင့် တန်ဆာ ဆင် နိုင်ကြောင်း ဖေါ်ပြထားပါသည်။

ဤ copyright ဟူသော မူပိုင်ခွင့်မှာ ကျွန်တော်တို့ မြန်မာလူမျိုး များနှင့် အတန်ငယ်စိမ်းပါသည်။ အကြောင်းမှာ မိမိတို့ မြန်မာတို့မှာ အခြားသူများ ၏ တီထွင် ဖန်တီး ထားမှု ၊ အခြားသူများ၏ ကြိုစားမှုများကို တန်ဖိုးမထားတတ်၍ ဖြစ်ပါသည်။ အချို့မှာ မူပိုင်ခွင့် ဆိုသည်ကို ဘာမှန်းပင် သိမည်မထင်ပါ။

01.jpg

ဤသည်ကို ကျွန်တော့ အနေဖြင့်လည်း အပြစ်မတင်ပါ ။ အကြောင်းမှာ ကျွန်တော်တို့ နေ့စဉ် တွင် အတု အပ များနှင့် သာကျင်လည် နေရသောကြောင့် ဖြစ်ပါသည်။ မြန်မာ ရုပ်ရှင် ၊ ဗီဒီယို များကလည်း တရုတ်၊ ကုလားကား များကို တုပ၍ ပြန်ရိုက်သည်။ သီချင်းစာသာများကို တုပ၍ ရေးဖွဲ့သည်။

ကုန်ပစ္စည်းများ အတုလုပ်သည်။ ယုတ်အစွဆုံး သူတပါး ရေးထားသော ဆောင်းပါးအား မိမိနာမည် တပ်ရဲ သည်အထိ ပျက်နှာ ပြောင်ကြသူများ ဖြစ်ကြပါသည်။ သူတပါး၏ ဖန်တီးမှုများကို တန်ဖိုး မထားကြသည့် အပြင် ကိုယ်ကျိုး အတွက် အသုံး ချသူ များကြောင့် ဤ copyright ဟူ သော မူပိုင်ခွင့် ဥပဒေ ပေါ်ပေါက်လာရခြင်း ဖြစ်ပါသည်။

ဤ copyright နှင့် ပါတ်သက်၍ တုပခြင်းနှင့် ဖန်တီးခြင်း မည်သို့ ကွာခြားကြောင်းကို ကျွန်တော်ရေးထားသော ဆောင်းပါး အောက်ပါ လင့် တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ ကျွန်တော် ဖေါ်ပြလိုသည်မှာ မိမိ ရေးထားသော ဆောင်းပါး ကို မိမိ နာမည် တပ်လိုက်ခြင်းဖြင့် မိမိ၏ ကြိုးစားဖန်တီး ထားမှု ကို မူပိုင်ခွင့် လုပ်လိုက်ခြင်း ဖြစ်ပါသည်။

ထို့ အတူ မိမိဆွဲထားသော ပန်းချီအား မိမိ လက်မှတ်ထိုး လိုက်လျင် မိမိ၏ တီထွင် ဖန်တီး ရေးဆွဲ ထားမှုကို မူပိုင်ခွင့် တင်လိုက်ခြင်း ဖြစ်ပါသည်။ မိမိ တီထွင်ထားမှုကို အခြားသူက မိမိကို အသိမပေးပဲ ယူသုံး လျင် မိမိတို့ ခံပြင်း ကြသလို မိမိတို့ ကြိုးစားဖန်တီး ထားမှု များဖြင့် အခြားသူများက အလွဲသုံးစား အကျိုး အမြတ်ရယူ နေကြလျင် သာ၍ ခံရခက်ပါသည်။ ဤသဘော အတိုင်းသာဖြစ်ပါသည်။

Plagiarism, Spam & Abuse အကြောင်း သိကောင်းစရာ ( Henry Aung )

02.png

လက်ရှိ MSC တွင် ဆောင်းပါး တင်လျက် promotion ဖြင့် SBD ရယူ ကြသူများ၏ ဆောင်းပါး များတွင် copyrights နှင့် မလွတ်ကင်းသော ပုံများကို တွေ့နေရပါသည်။ ဓါတ်ပုံ များတွင် ရိုက်ကူးထားသူ၏ နာမည် ထိုးထားလျင် ထိုသူ ၏ မူပိုင်ဖြစ်ပါသည်။ ယူသုံး ချင်လျင် ထိုသူ၏ ခွင့်ပြုချက်လိုပါသည်။

MSC members များအနေဖြင့် ဤသို့ အသေးအမွား ကိစ္စများကို အသေးစိတ် လိုက်နာရန် လိုအပ်ပါသလား ဟု မေးလာလျင် ကျွန်တော့ အဖြေမှာ တခုတည်းသာ ဖြစ်ပါသည်။ မိမိတို့ မြန်မာများကို နိုင်ငံတကာ အဆင့် မှီစေချင်ပါသည်။ Steemit Platform သည် အရှေ့တောင်အာရှ အဆင့် မဟုတ်ပါ။

တကမ္ဘာလုံး နိုင်ငံတကာ အသိုင်း အဝိုင်းမှ ပါဝင်ပါတ်သက်နေသော Platform ဖြစ်ပါသည်။ ဤတွင် google image မှ copyright နှင့် လွတ်ကင်းသော ပုံများကို မည်သို့ ယူရမည်ကို အထက်ဖေါ်ပြပါ ဆောင်းပါး လင့် တွင် ဖေါ်ပြပေးထားပါသည်။ လက်ရှိအချိန်တွင် မိမိ တို့ မြန်မာလူမျိုးများ Steemit Platform ပေါ် ပါဝင်ပါတ်သက်နေမှုမှာ Steemit Platform ၏ ထိပ်တန်း Top 50 Tag List တွင် နံပါတ် ၄၆ နေရာတွင် ရပ်နေပြီ ဖြစ်ပါသည်။

ဤ Platform ပေါ်တွင် မိမိတို့ မှာ အရှေ့တောင်အာရှတွင် အင်ဒိုနီး ရှားနှင့် အာချေး ပြည်နယ် ပြီးလျင် တတိယ နေရာတွင်ရှိပါသည်။ စင်္ကပူ ၊ ယိုးဒယား ၊ လာအို ၊ ဗီယက်နမ်တို့မှာ ကြိုးစားဆဲ အဆင့်သာရှိပါသေးသည်။ ထို့ ကြောင့် Steemit Platform ပေါ်တွင် မိမိတို့ မြန်မာစာမှာ နေရာတနေရာ ရယူထားနိုင်ပြီ ဖြစ်ပါသည်။

03.png

မိမိတို့ MSC member များကလည်း ဤ Platform ပေါ်သို့ ဆောင်းပါး ရေးတင်နေခြင်းကို ပေါ့ပေါ့ တန်တန် သဘောမထားပဲ မိမိတို့ မြန်မာစာကို လည်း နိုင်ငံတကာ စံချိန်စံညွန်း နှင့် အညီ ရေးသားနေကြကြောင်း သက်သေပြရန် လိုအပ်ပါသည်။ အဘယ့်ကြောင့် ဆိုသော် မိမိတို့ကို ကူညီ vote ပေးနေကြသူတို့ မှာ နိုင်ငံတကာ အသိုင်းအဝိုင်း မှ ဖြစ်ပါသည်။

ထို့ကြောင့် ဤသို့သော စည်းကမ်း များ ချမှတ်ထား ရခြင်း မှာ အကြောင်းမဲ့ သက်သက် မဟုတ်ပဲ မိမိတို့ မြန်မာစာကို ကမ္ဘာက သိရှိလာစေရန်နှင့် မိမိတို့စာပေ သည်လည်း နိုင်ငံတကာ အဆင့်မှီကြောင်း ကို အများသိရှိနိုင်စေရန် ဖြစ်ပါသည်။ ဤသည်မှာ စည်းကမ်း အမှတ် (၁) နှင့် ပါတ်သက်ပြီး အကျယ်တဝင့် နားလည်အောင်ရှင်းပြရခြင်း ဖြစ်ပါသည်။

အခြားသော စည်း ကမ်းချက်များကို လည်း နှောင်ဆောင်းပါးများတွင် အကျယ်တဝင့် ဖေါ်ပြပေးပါမည်။ အချုပ်ဆိုရသော် Myanmar tag အောက်မှ နေ၍ ဆောင်းပါး ရေးတင်နေကြသော မိမိတို့ MSC members များသည် SBD ရရှိရေးကိုသာ အာရုံ မထားပဲ မိမိတို့ ဆောင်းပါး နိုင်ငံတကာ အဆင့် မှီ အောင် အားထုတ်ရန် လိုအပ်သလို မိမိတို့ ဆောင်းပါးများ Steemit Platform ပေါ်သို့ တင်လိုက်တိုင်း မိမိတို့သည် နိုင်ငံ့ဂုဏ်ကို ဖေါ်ဆောင်နေကြသူ များ ဖြစ်ကြောင်း ကို မမေ့ရန် သတိပေးလိုက်ရပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Photos credit; Google Image

Author : Henry Aung ( Kachin )
MSC : 001

Sort:  

မိမိ ကိုယ်​တိုင်​ရိုက်​ သို့မဟုတ်​ ကိုယ်​တိုင်​ဖန်​တီး​သော photo မှ လွဲ၍ credit photo ကို မသုံးရဘူး ဆိုရင်​​တော့ copyright ကလုံးဝလွတ်​ကင်းလိမ့်​မယ်​လို့ထင်​ပါတယ်​။

ကိုယ်တိုင်ရိုက်ထားတာကို သုံးနိုင်ရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ

တစ်နေ့ပြီးတစ်နေ့ အစ်ကိုဟင် ပြောပြတဲ့ MSC ရဲ့ ရည်မှန်းချက်က ပိုခမ်းနားလာပါတယ်။ မလိုက်နိုင်မှာ စိုးရိမ် မိပါတယ်။

လိုက်နိုင်ပါတယ်.. စည်ကမ်း ရှိရှိနဲ့ စနစ်တကျ ဆိုရင် အလွန် ပျော်ဖို့ ကောင်း တဲ့ Platform ပါ။

ဟုတ်။ပုံဆိုရင် google imageထဲက labeled for reuse ထဲကပဲယူသုံးပါတယ်။

အကောင်းဆုံးပါပဲ

ဆက်လက်ကြိုးစားသွားပါမည်ခင်ဗျာ

ကျေးဇူးတင်ပါတယ်

ဆက်လက်ကြိုးစားသွားပါ့မယ် ဆရာ

ကျေးဇူးတင်ပါတယ်

ဟုတ်ကဲ့ photo ပိုင်းမှာ copy right ကို မထိချုက်စေဖို့ ကြိုးစားပါ့မယ်ဗျ

ကျေးဇူးတင်ပါတယ်

Copy ကိစ္စက​တော့ အားလုံးမရှိသ​လောက်​ဖြစ်​​နေပါပြီ.....အခုအချိန်​မှာ power upဖို့ အတွက်​သာ တွန်းအား​ပေးပါအကို​ရေ.....။

စာကို သေသေချာချာ ဖတ်ပေး ညီလေး ရေ.. ဆောင်းပါ copy အကြောင်း မဟုတ်ဘူး။ ဆောင်းပါး ထဲမှာ ထည့် သုံး ထားတဲ့ ဓါတ်ပုံ တွေ အကြောင်း copyright မူပိုင်ခွင့် မချိုးဖေါက်မိစေဖို့ ရေးထားတာပါ။

ဟုတ်​ အကို

ကျွန်တော်ကတော့ ကျွန်ဆော်ကြိုးစားနိုင်သလောက်ကြိုးစားမယ် မအားရင်မရေးဘူး အားရင်ရအောင်ရေးမယ် copy ကချတယ်လို့ပြောခံရတာထက်စာရင်ဂုဏ်ရှိပါတယ် ဒါကြောင့် copy ကင်းအောင်အမြဲသတိထားနေပါတယ်အကိုဟင် ကျေးဇူးပါခင်ဗျ

စာကို သေသေချာချာ ဖတ်ပေး ညီလေး ရေ.. ဆောင်းပါ copy အကြောင်း မဟုတ်ဘူး။ ဆောင်းပါး ထဲမှာ ထည့် သုံး ထားတဲ့ ဓါတ်ပုံ တွေ အကြောင်း copyright မူပိုင်ခွင့် မချိုးဖေါက်မိစေဖို့ ရေးထားတာပါ။

ဟုတ်ကဲ့အကို ကျနော်ပြောချင်ဇော လောကြီးသွားလို့ပါခင်ဗျ

ဟုတ်တယ် အကို...ကျနော်တို့လည်း ပို့စ်တင်ရင် photo credit - google ဆိုပီးတော့ချနေတာပဲ.. :D
ဒါမဲ့ အတတ်နိုင်ဆုံးတော့ ရေစာပါတဲ့ ပုံမျိုးကိုရှောင်ပါတယ် အကို။

အမှန်ပဲ... photo မှာ ရိုက်ကူးသူရဲ့ နာမည်တွေ ရေစာ တွေပါနေရင် မသုံးသင့်ပါ။

ဟုတ်ကဲ့ပါအကိုကြီး(မောင်သူရ)

သတိပေးပေါင်းလည်းများပါပြီဆရာရယ် လိုက်နာသူများက အမြဲလိုက်နာနေကြသလို ကူးချင်သူများလည်း အမြဲကူးရန်ချောင်းနေကြတုံးရှိသေးတယ်

နောက်ဆောင်းပါးတွေကြရင် စည်းကမ်း မလိုက်နာသူများကို ဘယ်လိုရှင်းထုတ်ရမယ်ဆို တာ ဖေါ်ပြပေးရတာပေါ့

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63960.62
ETH 3142.95
USDT 1.00
SBD 3.95