Steemit Platform ပေါ်တွင်ရောက်ရှိနေကြသော မြန်မာလူငယ်များအတွက်- ၈ ( Henry Aung )

in #myanmar7 years ago

HENRY.jpg

Steemit Platform ပေါ်တွင် မြန်မာ Steemit Newbies များ၏ original content များ တော်တော်များများ ထွက်ပေါ်လာ၍ ဝမ်းသာရပါသည်။ တော်တော်များများ Steemit ၏ လုပ်ဆောင်ချက် ကို နားလည်လာကြပြီ ဟု မျှော်လင့်ရပါသည်။ Steemit Platform တွင် မြန်မာ လူငယ်များ တော်တော် များများ ဝင်ရောက်လာကြပါပြီ။ ကျွှန်တော့ အထင် နောက် နှစ်လ သုံး လ လောက်ကြာလျင် လူငယ်များအကြား ရေပန်းစား လာပါလိမ့်မည်။ လက်ရှိ အချိန်တွင် original content များ ထွက်ပေါ်လာနေပြီဖြစ်သော်လည်း , account တော်တော်များများမှာ , cheetah ထိကောင်းဆဲ, cheetah မထိသော်လည်း ကိုယ်တိုင်ရေးဟူ ၍ လည်းမဖေါ်ပြ , credit လည်းမပါ, account ပိုင်ရှင် ၏ နာမည်လည်း မပါ သော ဆောင်းပါများ , သတင်းများ ယူ တင်သော်လည်း မည်သည့် သတင်းဌာနမှ ဖြစ်သည် ဟူ၍ လည်း မပါ, link လည်း မဖေါ်ပြ, မှားယွင်းနေသော tag list များလည်း တွေ့နေရဆဲပါ။ ဒါပေမယ့် Myanmar Steemit community ကတော့ တရွေ့ရွ့ ဖြင့် ဆက်လက်သွားနေပါသည်။ အချိန်တန်လျင် လမ်းကြောင်း မှန်ပေါ်ရောက် သူများမှ ရှေ့ ရောက်သွားပါလိမ့်မည်။

steem.png

ကျွှန်တော်ဖေါ်ပြပြီခဲ့သော ဆောင်းပါးများတွင် မိမိ ကိုယ်ကို attention ရယူခြင်းဖြင့် social media relationships ကို တည် ဆောက် ရန် ဖေါ်ပြခဲ့ ပြီးဖြစ်ပါသည်။ ဤကဲ့သို့ မိတ်ဖွဲ့ ပြီ သူငယ်ချင်း များလာရန်, တနည်း အားဖြင့် မိမိ အား vote ပေးနိုင်သော steem power များသူများ မိမိ follower အဖြစ် ရှိစေရန်ကြိုးစားသောအခါ ဤ cheetah comment သည် များစွာ အကျိုးသက်ရောက်စေပါသည်။ ကောင်းကျိုးမဟုတ်ပါ ဆိုးကျိုးဖြစ်ပါသည်။ မိမိ အကောင့် ဖွင့်လိုက်သည့် အခါ မိမိ နာမည်၏ ဘေးနားတွင် ဖေါ်ပြထားသော နံပတ်မှာ မိမိ account ၏ သိက္ခာ , တနည်းအားဖြင့် account reputation ဖြစ်ပါသည်။ အကောင့် အသစ် ၏ reputation မှာ 30 ဖြစ်ပါသည်။ ကျွှန်တော် မမှတ်မိတော့ပါ။ မှားနေလျင် ပြင်ပေးကြပါ။ ဤတွင် မိမိ က မိတ်ဖွဲ့၍ သော်လည်းကောင်း , မိမိ တင်လိုက်သော post ကို သဘောကျ၍ သော်လည်းကောင်း မိမိ ကို တစုံတယောက်က စိတ်ဝင်စား၍ မိမိ account သို့ လာကြည့်လျင် ပထမဆုံးကြည့် သည် မှာ account reputation ဖြစ်ပါသည်။ ဒုတိယကြည့်သည်မှာ မည်သည့် အချိန်က မည်သည့် ခုနှစ်လရက် မှ Steemit သို့ ဝင်လာသည်ကို ကြည့်ပါသည်။ မိမိ လည်း ထို အတိုင်းပင်ဝင်ရောက် ကြည့်ပါသည်။ ဤတွင် reputation ကို ကြည့်ရုံနှင့် သိနိုင်ပါသည်။ မိမိ တို့ မြန်မာ အကောင့်များမှ အစောဆုံး ဝင်ရောက်သောaccount များမှာ June 2017 ဖြစ်ပါသည်။ တလ အတွင်း အချို့ သော account reputation များမှာ ၂၃, ၂၇ ဆိုးရွားစွာပင် reputation ၁၁ ထိ ကျဆင်း နေသော account များလည်း တွေ့ရပါသည်။ ဤသည်မှာ ကျွှန်တော်မှ တဦးချင်းစီကို အပြစ်တင်နေခြင်း မဟုတ်ပါ။ မိမိ အကောင့် ၏ reputation ကိုကြည့်၍ မိတ်ဆွေဖွဲ့ရန် သို့မဟုတ် voting ရရန် အလွန် ခက်လှပါသည်။

cheta.png

ထို့အပြင် ဤကဲ့သို့ ကျဆင်း သွားသော reputation ပြန်တက်ရန် အများကြီး ပြန်လည် ကြိုးစားရပါသည်။ ဤသို့ reputation တက်ရန် achievements များရထားရန်လိုအပ်သလို , following, follower , post တင်ခြင်း, voting ပေးခြင်း , comment ပေးခြင်း reply လုပ်ခြင်း အားလုံး ပြည့်စုံရပါသည်။ follower များလာရုံဖြင့် reputation တက်ခြင်း မဟုတ်ပါ။ ဤတွင် cheetah comment တကြိမ် နှစ်ကြိမ်ထိထားသော်လည်း reputation ကျမသွားသူများရှိပါလိမ့်မည်။ နောက်ထပ် မထိရန် သတိထားပါလေ။ ကျွှန်တာ့ အနေဖြင့် မည်ကဲ့သို့ သော post များကို ရေးပါ ဟု မတိုက်တွန်းလိုတော့ပါ , cheetah comment များအတတ်နိုင်ဆုံး မထိအောင်သာ ကြိုးစားကြပါလေ... ဤတွင် မိမိအကောင့် မိမိ reputation နှင့် မိမိ ဖာသာ ကြိုက်သလို သွားမည် ဆိုရင်လည်း ကျွှန်တော့ မှာ တားပိုင်ခွင့် တော့ မရှိပါ။ သို့ သော် ကျွှန်တော်တို့ အားလုံးသည် , Myanmar ဟူ သော tag list အောက်တွင် ရေးသားနေကြသည်ကိုတော့ သတိထား စေလိုပါသည်။

001.png

ဆိုခဲ့ပြီးသည့် အတိုင်း ကျွှန်တော်တို့ မြန်မာများသည် investors များမရှိ၍ ကိုယ့်လမ်း ကိုယ်ဖောက်၍ သွားနေကြရပါသည်။ ဤတွင် vote link group များ ဖွဲ့၍ လည်းကောင်း , အခြားgroup များ မိမိ တို့ အဆင်ပြေသလိုgroup များဖွဲ့၍ အပြန်အလှန် vote ပေးခြင်းဖြင့် ခရီးဆက်နေကြပါသည်။ ဤတွင် ပြသနာ အနည်းငယ်ရှိလာပါသည်။ မိမိ ဆိုခဲ့ပြီးသည့် အတိုင်း မိမိ တွင် follower 100 ကျော်ရှိသော်လည်း မိမိ post ကို vote ပေးသူမှာ ဆယ်ယောက်ခန့်သာ ရှိသောအခါ , မည်သူ မဆို လူသားဖြစ်သည့် အတိုင်း မြင်လာပါသည်။ မိမိ ကြတော့ အတတ်နိုင်ဆုံး vote ပေးရသည် , မိမိ အား vote ပေးသူ မရှိ, ဤသို့ ဖြစ်လာမည်ကို အစောကြီး ကတည်း က ကြိုမြင်ပါသည်။ သို့ သော် group မဖွဲ့ ကြပါနှင့် လို့ ပြောပိုင်ခွင့် မရှိသလို ဤသို့ မျှ group မဖွဲ့လျင်လည်း voting များ နည်း နေမည်ဖြစ်သည်။ ဤသို့ vote link group များ အတွက် စည်းကမ်းများတွင် post quality များကို ထည့်သွင်း စဉ်းစားစေချင်ပါသည်။ ဤသို့သော vote link group များ အတွက် အဆင်ပြေစေရန် steemvoter.com ကို ညွန်းချင်ပါသည်။ Steem voter မှာ automatic voting system ဖြစ်ပါသည်။ ယခင် ကျွှန်တော် အခြားသူများ၏ attention လိုချင် သော အခါ ဤ Steemvoter ကို သုံးပါသည်။ steemvoter မှာ account ဖွင့်ထားပြီးလျင် , မိမိ vote ချင်သော account များကို ထည့်သွင်း ထားခြင်းဖြင့် ထိုသူများ post တင်လျင် မိမိကိုယ်စား steem voter မှ automatic vote ပေးပါသည်။ ဤတွင် voting power ဘယ်လောက်ဖြင့် vote ချင်သည်, post တင်ပြီ တနာရီအကြာမှာ vote ချင် သည် , တမိနစ်အတွင် vote ချင်သည်, account ဘယ်နှစ်ခုကို vote ချင်သည် ... အကုန် ချိန်လို့ ရပါသည်။ အောက်တွင် ပုံနှင့် တကွ ဖေါ်ပြပေးပါမည်။

01.png

ပထမဦးစွာ steemvoter.com တွင် sign up လုပ်ပါ။ username မှာ မိမိ Steemit account နာမည်ဖြစ်ပြီ , email မှာလည်း Steemit account ဖွင့်ထားသော email ဖြစ်ရပ်မည်။ security နှင့် password ကတော့ ကြိုက်ရာရွေးပါလေ။ဤသို့ sign up လုပ်ပြီသော် ကျွှန်တော့် အထင် posting key ဒါမှ မဟုတ် active key တောင်းပါလိမ့်မည်။ မိမိ steemit account ရှိ wallet အတွင်းမှ permission တွင် ထို key များ ရှိပါသည်။ posting key အတွက် show private key ကို click နိပ်ပြီမှ ထွက်ပေါ်လာသော key ကို ယူရမည်ဖြစ်ပါသည်။ active key အတွက်ဆိုလျင်တော့ log in ဝင်ရပါမည်။ ကျွှန်တော် မမှားလျင် key တခုသာ တောင်းပါလိမ့်မည်။ ဤsteemvoter account ရရှိရန် ကျွှန်တော် နှစ်ပတ် စောင့် ခဲ့ ရပါသည်။ ကံကောင်းသူများကတော့ ချက်ချင်းရပါသည်။ account ရလာလျင် ပထမဦးဆုံး rules ကိုသွား၍ မိမိ vote ပေးချင် သောaccount နာမည်ကို ထည့်ပါ။ ပုံတွင်ကြည့်ပါ, ကျွှန်တော် စိစဉ်ထားသည်မှာ ကို ထက်ကို ဇော်၏ account , post တင်တိုင်းတင်တိုင်း post တင်ပြီး မိနှစ် နှစ်ဆယ် အကြာတွင် voting power ၅၀% ဖြင့် voting ပေးနိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ voting power နှင့် မိနစ်များကို လိုသလို အတိုးအလျှော့လုပ်နိုင်ပါသည်။ ထို့ နောက် mark this rule active ကို mark ပေးပြီးနောက် save rule နိပ်လိုပ်ပါ။ ဤတွင် account active ဖြစ်သွားပြီဖြစ်သည်။နောက်ထပ် ကိုယ် vote ပေးချင်သော account များအားလည်း ဤနည်း အတိုင်း ပင် save rule ပြုလုပ်သွားရပါမည်။

02.png

အကယ်၍ ကျွှန်တော်မှ ကိုထက်ကိုဇော်အား vote မပေးချင် တော့လျင် active rule ထဲမှ အမှန်ခြစ်လေးကို ဖျောက်လိုက်ပါ, ဒါမမဟုတ် delete လုပ်လိုက်ရန်သာ။ edit ခလုပ်မှာ voting power နှင့် မိနစ်များကို ပြန်လည် ချိန်ညှိရန် အတွက်ဖြစ်သည်။ ဤသို့ rules အတွင်းတွင် မိမိ vote ပေးလို သော account များ ကို အထက်ပါ အတိုင်း ဖြည့် သွင်း ထားလျင် မိမိ မှာ vote စရာမလို ပဲ steem voter မှ မိမိ ကိုယ်စား vote ပေးနေမည် ဖြစ်ပါသည်။ နောက် တခု မှာ add account ဖြစ်ပါသည်။ အများအားဖြင့် steem power အတော်များများ ပိုင်ဆိုင်ထားကြသော account များကို တနေရာတည်းတွင် စုထားပြီ တပြိုင်တည်း တခါvote လျင် vote ခံရသူ မှာ SBD များများ ရစေသောနည်းဖြစ်သည်။ အနည်းငယ်ရှုပ်ထွေးသွားမည်ထင်ပါသည်။အဓိကအားဖြင့် investors များအတွက်ဖြစ်သည်။ steem power အများအပြားရှိသော account ၅ ခုခန့်ပေါင်း၍ vote ကြခြင်း ဖြစ်သည်။ ဤသို့ တခါ vote လျင် post ပိုင်ရှင်မှာ SBD ၅၀-၁၀၀ အထိ တခါတည်း ရသွားပါသည်။

03.png

04.png

ကျွှန်တော် steemvoter သုံးရခြင်းရည်ရွယ်ချက်မှာ အခြားသူများ၏ attention လိုချင်၍ ဖြစ်သည်။ ကျွှန်တော် သဘောကျသော သူများ၏ account များကို steemvoter ထဲတွင် ရွေးချယ်ထည့်ထား၍ အားလုံး ကို တမိနစ် အတွင်း vote ရန် ချိန်ထားပါသည်။ ထိုသူတို့ post တင်လိုက် တိုင်း မိမိ မှာ တမိနှစ် အတွင်း ပထမဆုံး vote ပေးသူ ဖြစ်လာပါသည်။ ဤသို့ အမြဲတမ်း ပထမဆုံး vote ပေးသူ မှာ အဘယ့် ကြောင့် kachinhenry ဖြစ်ရသနည်း, ထိုသူ မှာ မည်သူ လဲ သိချင်လာ၍ မိမိ blog သို့ လာရောက် လည်ပတ် စေပါသည်။ ဤနည်းဖြင့် မိမိ post များကိုလည်း ဝင်ရောက် vote သွားစေပါသည်။ မိမိ ဘက်ကလည်း အတော်အသင့် ပြင်ဆင်ထားရပါသည်။ reputation, post အမျိုးအစား ။ မိမိ blog ကို ကိုယ်ဖွင့်ကြည့်၍မျှ မိမိကိုယ်တိုင်သဘောမကျ လျင် အခြားသူအဖို့ ဆိုဖွယ်ရာ မရှိပြီ။သို့သော် Myanmar community ဖွဲ့ပြီးသည့် နောက်တွင် ကျွှန်တော့ အနေဖြင့် steemvoter ကို အသုံးမပြုတော့ပါ။ မိမိ တွင်ရှိသော voting power ဖြင့် မြန်မာ account များအား အားပေးချင်၍ဖြစ်သည်။ ထို့ကြောင့် steemvoter သည် တကယ်သုံးတတ်လျင် group ဖွဲ့၍ vote ကြမည့်သူများကို equal vote ရရှိစေနိုင်ပါသည်။ သို့ သော် အလွန်စည်းကမ်းကောင်းဖို့တော့ လိုပါသည်။ ဥပမာ .. group အတွင်းရှိ ညစ်ပတ်သူ တယောက်မှ မိမိအား လူ အယောက်၂၀ မှ steemvoter ဖြင့် auto voting ပေးထားကြောင်းသိနေလျင် တနာရီတခါ , ကျေးဇူးတင်ပါတယ်ဟူ သော post ထိုင်တင်နေရုံမျှဖြင့် post တိုင်း အတွက် လူ၂၀ ၏ voting ရရှိနေမည်ဖြစ်သည်။ ဤနည်းဖြင့် အခြားသူများ၏ voting power ကို ဆုံးရှုံးစေနိုင်ပါသည်။

01.png

အခြားသော အခက်အခဲ အများအပြားလည်း တွေ့နိုင်ပါသေးသည်။ post cheetah ထိနေလျင်လည်း vote ပေးနေမည်ဖြစ်သည်။ မိမိ vote ရနိုင်ကြောင်း သိပြီးဖြစ်သည့် အတွက် quality post များ ဖြစ်စေရန် ဂရုစိုက်တော့ မည်မဟုတ်ပါ။ နေ့စဉ် post တင်ရန်သာ အာရုံ စိုက်၍ post တခု ဖြစ်ရင်ပြီးရော... ဘာဖြစ်ဖြစ်ဟူ သော သူများ များလာပါလိမ့်မည်။ မိမိတို့ group တခုလုံးသည် တူညီသော voting power ရှိနေရမည် ဖြစ်သဖြင့် အခြားမည်သူမျှအားလည်း vote ပေးနိုင်မည် မဟုတ်တော့ပေ။ တခု သိထားရမည်မှာ မိမိ auto voting လုပ်ထားသော account ကို manual သွာ၍ vote လိုက်လျင် steemvoter တွင် system error ဖြစ်သွားမည် ဖြစ်သည်။ ထို့ ကြောင့် မိမိ auto voting ပြုလုပ်ထားသော account များကိုလည်း မှတ်မိနေရန် လိုပါသေးသည်။ ထို့ကြောင့် voting group leader လုပ်မည့် သူများ သေသေချာချာ လေ့လာ၍ စည်းကမ်းတကျ လိုက်နာကြလျင်တော့ အောင်မြင်မည်ဟု ( ထင်ပါသည်။) ဤသည်မှာ Steemit Platform ပေါ်တွင် မိမိလေ့လာထားသလောက် ပြန်လည်မျှဝေရခြင်းဖြစ်ပါသည်။ မိမိ တို့ ညာဏ်ရှိသလို သုံးကြပါလေ။

မိမိ အနေဖြင့် မြန်မာလူငယ်များအား Steemit Platform ကို မိတ်ဆက်ပေးခြင်းအားဖြင့် steemit account ဟူသော ကွန်တခုကို ပိုင်ဆိုင်စေခဲ့ပါပြီ။ မည်သို့ မည်ပုံ ရေးလျင် cheetah ထိတတ်သည်, မိမိ post များကိုလည်း photo များဖြင့် မည်သို့ တန်ဆာဆင်ရမည်, ရရှိလာသော SBD တို့အားလည်း မည်သို့မည်ပုံ ရောင်းဝယ် သိုမှီးရမည် ဟူ သော ကွန်ချက်များလည်း ပြခဲ့ပြီး ဖြစ်ပါသည်။ ထို့ အတူ , ကျွှန်တော့ တွင်ရှိသော steem power များဖြင့် တတ်နိုင်တလောက် vote ပေးခြင်းဖြင့် ဟင်းစားလည်း ပေးခဲ့ပြီး , ပေးနေဆဲ ဖြစ်ပါသည်။ ကွန်လည်း ရပြီ, ကွန်ချက်များလည်းသိပြီ, ဟင်စားပေးမည့် သူလည်း ရှိနေသည်။ ဤတွင် ကျွှန်တော် ကျွှန်မတို့ကာ Steemit Platform ပေါ်တွင် ဘာလုပ်ရမှန်းမသိသေးပါ ဆိုသူများအတွက်ကတော့....

( တပြည့်တော်လည်း မလျှောက်တတ်တော့ပါဘူး ဘုရာ့။)

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Henry Aung ( Kachin )

Sort:  

ဘယ်လိုသုံးရမလဲသိပ်မသိသေးဘူး လူသစ်ဆိုတော့လေ

ကျေးဇူတင်ပါတယ်ဗျာ အခုလိုရေးသားပေးလို့ ကျွန်တော်တို့လို ခုမှစတဲ့သူတွေတွက်အဆင်ပြေသလို နောက်လူတွေအတွက်လည်း ပြန်လည်မျှဝေပေးမလို copy , save လုပ်ထားလိုက်တယ်ဗျာ ကျေးဇူအများကြီးတင်ပါတယ်အစ်ကို

it's help us,thank you very much

Well, thanks you very much for your support

ကျေးဇူးတင်ပါတယ်ဆရာ သင်မယ့်မလူမရှိပဲ လျှောက်သောလမ်းမှာစမ်းတ၀ါးဖြစ်နေတာ
ကိုယ့်မိတ်ဆွေတွေအတွက်လဲအားတက်ရပါတယ်။

အမှန်တော့ ကျွှန်တော် ဆရာ တယောက်တော့ မဟုတ်ပါ။ ကြယ်ငါး ကောက်နေသူ တယောက်ပါ။

Steem voter ရှိမှန်းကို မသိတာ။trendထဲက ကိုယ် followထားတဲ့ အကောင့်တွေကို နာရီဝက်တစ်ခါပြေးကြည့်နေရတာ။ပထမဆုံး vote ပေး commentပေးနိုင်အောင်။ကျေးဇူးပါ bro

တစုံတရာ အကျိုးရှိရင်ကိုပဲ ကျေနပ်လှပါပြီ

အရမ်း​ကောင်းတယ်​ ကိုဟင်​နရီ​ရေ....

အကျိုးရှိစေမယ်လို့ ယုံကြည်ပါကြောင်း

Thanks bro. account သစ်ရဲ့ reputation က 25ပါ. အခုရက်ပိုင်းက စိတ်ဓာတ်ကျနေပီ ကိုယ်ဘက်ကတော့ အချင်းချင်းvoteတွေပေးပီးကိုယ် postတင်ရင် ပြန်မပေကြတော့ အားမရှိဘူး 😭

အခုလို အသိပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။ ကျွှနိတော်ပြောခဲ့ တဲ့ အတ်ုင်း ဖေါက်ထွက်ဖို့ အကြံပြုပါရစေ

ကျေးကျူးကမ္ဘာဆိုင် ပါအကို

အခုလိုပညာတွေကိုမျှဝေပေးလို့ကျေးဇူးတင်ပါတယ်ရှင်ကြိုးစားနေပါတယ်ရှင်

နားလည်အောင် သင်ယူကြိုးစားနေဆဲ အချိန်တွင် ယခု ဖတ်ခွင့်ရသော post အတွက် ကျေးဇူးအထူးတင်ပါတယ် ခင်ဗျ

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 61682.60
ETH 2986.38
USDT 1.00
SBD 2.51