Steemit Platform ပေါ်မှ အတွေးများ ( အပိုင်း-၂ )
မင်္ဂလာပါ။ ကျွန်တော့အနေဖြင့် မပြီးပြတ်သေးသာ ဆောင်းပါးများ ဖြစ်သည့် " ကျွန်တော်ပြောသော စင်္ကပူ " "steemit ကျေးရွာသို့သွား ခေတ်စမ်း " အခြားသော steemit နှင့် ပါတ်သက်သည့် ဆောင်းပါးများစွာ ရေးသားရန်ကျန်ရှိနေသေးသော်လည်း ယခုတလော တွေးတောနေမိသည့် steemit နှင့် ပါတ်သက်၍ ဖြစ်ပေါ်လာသော အတွေးများကို ချရေးရန်သာ ပို၍ စိတ်အားထက်သန်နေမိပါသည်။
စာရေးခြင်း ဆိုသည်မှာလည်း အကြောင်းအရာတခုအား အတင် ဖိညှစ် ရေးနေခြင်းထက် မိမိ စိတ်အား ထက်သန်သော မိမိ စိတ်ကူးနေသော အကြောင်းအရာများအား ချ ရေး လျင်သာ ပို၍ လက်သွက် သလို ထိုချ ရေးနေသော ဆောင်းပါး နှင့် ပါတ်သက်သော အတွေးများကို လည်း အဆက် မပြတ် ဖြစ်ပေါ်စေသဖြင့် စာရေးရသည်ကို ပို၍ သွက်လက် ညာဏ်ကွန့်မြူးစေပါသည်။
ထို့အပြင် ထိုသို့ စိတ်ဝင်တစားရေးသာ နေသော အချိန်တွင် အခြား စိတ်အနှောက် အယှက် ဖြစ်စရာကကြောင်း တခုခု ဝင်လာလျင် စာရေးသည်ကို များစွာထိခိုက်စေပါသည်။ ထို့ ကြောင့် ကျွန်တော့ အနေဖြင့် စာရေးလျင် တယောက်တည်း တိတ်ဆိတ်သော နေရာ၌ တထိုင်တည်း အပြီး ရေးပါသည်။ ဤသည် မှာ ကျွန်တော် ရေးလိုသော steemit Platform ပေါ်မှ အတွေးများအတွက်စကားဦးသန်းရခြင်း ဖြစ်ပါသည်။
လွန်ခဲ့သော ရက်အနည်း ငယ်ခန့်က ကျွန်တော့်သူ ငယ်ချင်း စင်္ကပူ နိုင်ငံသားနှင့် နေ့လည်စာ စားရင်း စကားစမြည်း ပြောဖြစ်ပါသည်။ သူ့အနေဖြင့် သူယခု နေနေသော လက်ရှိတိုက်ခန်းအား နောက်ဆုံးပေါ် နည်ပညာများ ထည့်သွင်း၍ အဆင့်မြင့်မြင့် နေထိုင်နိုင်ရန် လုပ်ဆောင် ခြင်းအပေါ် စင်္ကပူ ဒေါ်လာ မည်မျှ ကုန်ကျကြောင်း ကျွန်တော့အား ရှင်းပြပါသည်။
ထိုသို့ အဆင့်မြင့်လိုက်သောအခါ ကျွန်တော်တွက်ကြည့် ရာတွင် မြန်မာငွေ သိန်း ငါးရာ နီးပါးကုန်ကျပါသည်။ လူရှိမှ အလိုအလျောက်မီးလင်းလာ၍ လူမရှိလျင် တမိနစ်အတွင်း အလို အလျောက် မီးပိတ်သွားသော sensor များ ၊ ပိုက်ခေါင်းရှေ့ လက်ထိုးခံလိုက်မှ ရေကျလာသော sensor များ ၊ တအိမ်လုံး ကြမ်းခင်းနှင့် အခန်းများ ကြမ်းခင်းများအား auto သန့်ရှင်းရေးလုပ်နေသော စက်ရုပ်ပစ္စည်းများ စသည်စသည်တို့ အပြင် တအိမ်လုံး အိမ်မြှောင် မပြောနှင့် ခြင် တကောင် မဝင်စေရန် လုပ်ဆောင်ထားသော စနစ်များ အကြောင်း ရှင်းပြပါသည်။
ထိုအရာအားလုံး ဤမျှ ကုန်ကျ ၍ နေထိုင်ခြင်းအပေါ် အဘယ်သို့ အကျိုးကျေးဇူး ရရှိကြောင်း ကျွန်တော် ပြန်မေးသောအခါ သူပြန်ဖြေသည်မှာ " ချွေတာလို၍ " ဤသို့ အဆင့် မြှင့်တင်ရကြောင်း ပြန်ဖြေပါသည်။ မှန်ပါသည်။ မီး မပိတ်ထားမိမှာမပူ ရ ၊ ရေ မပိတ်ထားမိမှာ မပူရ ၊ အိမ်အတွင်းအား အညစ်အကြေး ဖုန်မှုန့်များကင်းစင်သန့်ရှင် နေစေရန် နှင့် ခြင်၊ ယင် မရှိ မှ သာလျင် ရောဂါဘယလည်း ကင်းဝေမည်ဖြစ်ပါသည်။
ရောဂါဘယကင်းဝေးလျင် ဆေးရုံဆေးခန်းနှင့် လွတ်ကင်း၍အပို ကုန်စရာမလိုတော့ပါ။ ထို့အပြင် ကျွန်တော့သူငယ်ချင်း စီးသောကားတွင် ဆီစားသက်သာစေရန် ထည့် သုံးရသော အစားထိုး လောင်စာများ ၊ ကားကို ရေရှည် ကောင်းကောင်း မွန်မွန် အသုံးပြု နိုင်ရန် ထည့်သွင်းရသော အပို ပစ္စည်းများကလည်း ဈေးမနည်းပါ။ ထို အရာအားလုံးတို့မှာ တမင်သက်သက် အပိုအနေဖြင့် သုံးကြခြင်းမဟုတ်ပါ။ ချွေတာလို၍ ပိုကောင်းသော ဈေးကြီးသော ပစ္စည်းများကို အသုံးပြုနေကြခြင်း ဖြစ်ပါသည်။
ထို့ကြောင့် ထို အကြောင်းအရာများနှင့် စပ်လျဉ်း၍ ကျွန်တော်တွေးမိသည်မှာ ချမ်းသာသောသူများသာ ပို၍ ကောင်းမွန်အောင် ချွေတာနိုင်ကြသည်ဟူ၍ ဖြစ်ပါသည်။ နောက်ထပ် ဥဒါဟရုဏ်ဆောင်ပါမည်။ ကျွန်တော်သတိထားမိသည်မှာ စင်္ကပူ နိုင်ငံရှိ မိသားစုများတွင် အစားအသောက်အား ခွဲတမ်းချ၍ စားသောက်ကြသည်ကို မတွေ့ဖူးပါ။
ပြင်ပ restaurants များတွင် စားသောက်ကြတိုင်း ကလေးများက လူကြီး များနှင့်တန်းတူ စားသောက်နိုင်ကြပါသည်။ ကလေးများ စားချင်သည်တို့ ကို အကောင်းမွန်ဆုံး ကျွေးမွေးကြပါသည်။ ဆိုလိုသည်မှာ ခလေးများက ကြက်ကောင်လုံးကြော် စားချင်သည်ဆိုလျင်လည်း ဝယ်ကျွေး နိုင်ကြပါသည်။
ဆိုလိုသည်မှာ မိမိတို့ သားသမီး များစားနိုင်သလောက် စားချင်သလောက် ကျွေးနိုင်ကြသည်ကို ဖေါ်ပြလိုရင်း ဖြစ်ပါသည်။ ဤတွင် ထို အကြောင်းအရာတို့အား တခန်းရပ်၍ ကျွန်တော်၏ ငယ်ဘဝအကြောင်းကို အနည်းငယ်ဖြည့်စွက်ရေးသားလိုပါသည်။ ယခင်ဆောင်းပါးတွင် ကျွန်တော်ဖေါ်ပြပြီး ဖြစ်သည့် အတိုင်း ကျွန်တော့ မိဘများမှာ သာမန်ပညာရေး ဝန်ထမ်း များသာ ဖြစ်၍ မိသားစု ခြောက်ယောက်ရှိသော ထမင်းဝိုင်းတွင် အများအားဖြင့် ဟင်းကတော့ခွဲတမ်း ဖြင့်သာ စားရလေ့ရှိပါသည်။
အထူးသဖြင့် အသားငါးဟင်းချက်သောနေ့များတွင် တယောက်ဟင်း ဘယ်နှစ်တုံးဟူ၍ ခွဲတမ်းဖြင့် သာ စားခဲ့ကြရပါသည်။ ကျွန်တော့ မိဘများ အနေဖြင့်လည်း မိမိသားသမီးများအား သားငါး ဟင်းများကို အလျံအပယ် ကျွေးချင်ပါလိမ့်မည်။ သို့ သော် ချို့တဲ့၍ ချွေတာနေရသော ကြောင့် သာ ဤကဲ့သို့ ကျွေးမွေးရခြင်း ဖြစ်သည်ကို နားလည်နိုင်ပါသည်။
ယခုလက်ရှိ မြန်မာပြည်တွင်လည်း ဟင်းကို ခွဲတမ်းဖြင့် စားနေရသော မိသားစု မည်မျှ ရှိအုံမည်ကို ကျွန်တော်မသိနိုင်ပါ။ သို့သော် စင်္ကပူ နိုင်ငံတွင် ကြက်ကြော် တကောင်လုံးအား တယောက်တည်း စားပြစ်လျင် စားနိုင်သူ ၊ တနည်းအားဖြင့် ကြက်ကြော်ကြိုက်သူဟု သာ ပြောကြမည်ဖြစ်သော်လည်း မြန်မာပြည်တွင် ကြက်တကောင်လုံးအား တယောက်တည်းစားပြစ်လျင် အစားကြီးသူ ၊ အစားကြမ်းသူ ၊ လောဘကြီးသူ အဖြစ် အထင်ခံရမည်ကတော့ သေချာသလောက်ပင် ဖြစ်ပါသည်။
ထို့အပြင် ယနေ့ မျက်မှောက်ခေတ်တွင် မြင်တွေ့နေရသော မိမိတို့ မြန်မာလူမျိုးတို့၏ ပြသနာများကို ထူးထူးထွေထွေ ဇာချဲ့ ၍ မရေးလိုတော့ပါ။ ဆင်းရဲခြင်း နှင့် ပညာမတတ်ခြင်း နှိပ်စက်နေသ၍ ကျွန်တော်တို့ မြန်မာ လူမျိုးများ ချို့တဲ့၍ ချွေတာနေရအုံးမည်သာ ဖြစ်ပါသည်။ ထိုအကြောင်းအရာများနှင် စပ်လျဉ်း၍ ဤ steemit Platform ပေါ်သို့ ရောက်ရှိနေသော MSC members များအား အသိပေးလိုသည်မှာ ကျွန်တော့ အနေဖြင့် steemit Platform အား လိုတရ ဓါတ်လုံး ဘိုးဘိုးအောင် မသလို တတိုင်း တပြည်လုံး ချမ်းသာလာအောင်လုပ်ပေးနိုင်ပါသည်ဟု မပြောလိုပါ။
ဤခေတ်မှီ နည်းပညာအပေါ်အခြေခံထားသော steemit Platform မှာ ကျွန်တော်တို့၏ အနာဂါတ်အတွက်သာ ဖြစ်ပါသည်။ ကျွန်တော့ အနေဖြင့် steemit Platform ၏ ကောင်းကျိုးကို ထပ်၍ အမွမ်းတင်ရန် မရှိပါ။ လွန်ခဲ့သော ၈ လခန့်က ကျွန်တော်မျိုးစေ့ချခဲ့သော အပင်သည် ယခုအခါ အချို့သူများ အသီး များဆွတ်ယူစားသုံး နိုင်ကြသည်ကို့ တွေ့ရ၍ ဝမ်းသာရပါသည်။ steemit Platform ပေါ်မှ မြန်မာငွေ တသိန်းခန့် ထုတ်ယူ သုံးစွဲနိုင်သည်ဆိုခြင်းမှာ အတော်အတန်ထိရောက်သောပမာဏ ဖြစ်ပါသည်။
ထို့ ကြောင့် ကျွန်တော့အနေဖြင့် MSC members များအားမှာကြားလိုသည်မှာ steemit platform မှ မိမိအား သူကြွယ် တဦး ဖြစ်စေရန် မစွမ်းနိုင်တောင် များစွာ မဝေးသော အနာဂါတ်တွင် ချို့တဲ့၍ ချွေတာရသူများ မဖြစ်စေရန်တော့ တတ်နိုင်ပါလိမ့်မည်။ steemit Platform ပေါ်တွင် မြှပ်နှံထားသော မိမိ၏ ကံ၊ ညာဏ် ၊ ဝရိယ ပေါ်တွင်တော့မှုတည်နေပါလိမ့်မည်။ ချမ်းသာ၍ ချွေတာနိုင်သူများ ဖြစ်ကြစေလိုပါသည်။
ဆက်လက်ဖေါ်ပြပါမည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photo Credit : Original source
Author : Henry Aung ( Kachin )
MSC : 001
ခြွေတာလိုက၊ ကောင်းတာသုံး
စင်္ကကာပူထုံး၊ နှလုံးမူ
မပူခန့်ခိုင်၊ တာရှည်နိုင်ကာ
မကြာခဏ၊ မဝယ်ရလျဉ်း
ချွေတာခြင်းမည်၊ စုနိုင်သည်တည့်။
ကောင်းကောင်းမွန်မွန်ချွေးတာနိုင် ဖို့အတွက် ပိုက်ဆံရှိမှ ဖြစ်တာမို့ " ချမ်းသာ၍ ချွေတာကြသူများလို့ " သုံးလိုက်တာပါဆရာ။ တကယ်တော့ သူရို့က နိုင်ငံနဲ့ချီပြီး ချွေတာနေကြတာပါ။
နည်းမှန် ချွေတာနည်းတွေ လေ့လာရဦးမယ် ။
နည်းလမ်းတကျ ချွေတာနိုင်အောင် steemit Platform က ဆောင်ရွက် ပေးပါလိမ့်မယ်။
ချွေတာစုဆောင်း၊ သူဌေးလောင်းဆိုတာကို အဓိပ္ပာယ်ကောက်မှားနေကြတာလည်း ရှိတယ် ... မစားရက် မသောက်ရက်နဲ့ နောက်လူက စားသွားတာလည်း ရှိတယ် ... စတီးမစ်ကတော့ ကိုယ်လည်း စားနိုင်အောင် နောက်လူလည်း ကျွေးနိုင်အောင် လုပ်ပေးနိုင်မယ်လို့ ယုံကြည်ထားပါတယ်
အမှန်ပဲ ကိုစောလွင်ရေ.... ကိုယ်လည်း အကျိုးရှိ သူများလည်း အကျိုးရှိအောင် လုပ်ထားတဲ့ ဒီ Platform ကို ကျွန်တော်အများကြီး မျှော်လင့်ထားပါတယ်။
အရေးသွက်ဖို့ စိတ်ထဲရှိတာပဲ ချရေးတော့တယ်အစ်ကိုရေ
လောလောဆယ်တော့ ခြွေတာစုဆောင်းရင်း Spစုနေတုန်းပါအစ်ကို။နောင်အခါ ခွဲတမ်းနဲ့မစားရပဲ ဝဝလင်လင်စားရတော့မယ်လို့ထင်ပါတယ်။steemitပေါ်မှာပေါ့😁😁
နှောင်အခါ ဝဝလင်လင်စားရဖို့ ခုကတည်းက SP စုကြစို့။
ကျနော်တော့ နောင်တမရလေအောင် အချိန်မှီစုထားတာလေးတွေကအခုတော့ အရောင်တွေတောက်နေပီအကိုရေ ဟီးးးး ကျေးဇူးနော်အကို
သူဌေးကြီး ဖြစ်သွားရင် လာ vote ပေးဦးနော်.....
ဘယ်ကလာအကိုရာ အကို့ ကိုဘဲ မျှော်နေရတဲ့ဘ၀ရယ် ဟီးးးးးးး
ဦးမလာတဲ့ရက်ကလေးများ မီးမျှော်ရတယ် ချစ်သော ဦးရယ် ဆိုတာ မဟုတ်ဘူး တကယ်တော့ ဟင် မလာတဲ့ရက်ကလေးများ အေး မျှော်ရတယ် ချစ်သော ဟင်ရယ် ဖြစ်နေပီဗျ
ကိုဟင်ရဲ့စာ ဖတ်ပြီး ဟင်းခွဲတန်းချစားရထက်ဆိုးတာ တွေ့သိဖူးပါတယ်။
ကျွန်တော်ငယ်ငယ်က ခြံစောင့်မိသားစုတစ်စု၏ ထမင်းဟင်း စားသောက်
ပုံ အဖြစ်အပျက်တစ်ခုမှာ...
ငါးရံ့ ဟင်းချို ချက်ပြီး ထမင်းသားရာတွင် မနက်စာ ဟင်းရည်ဆမ်းစား၊
ငါးတုံးကိုတော့ကြည့်ရုံကြည့်၊ နေ့လည်စာ ၊ ညစာ လည်း ဟင်းရည်ပဲ
ဆမ်းစားကြရာ နောက်ဆုံး ငါးတုံးကို ခွေးစားသွားတာကြုံရ၍
စိတ်ဒုက္ခကြုံခဲ့ရပုံကို ပြန်ပြောပြလို့ သိရဖူးပါတယ်။ ထိုသို့သော
မိသားစုတွေ မြန်မာနိုင်ငံမှာ ရှိနေသေးတာ စိတ်မကောင်းစရာပါဗျာ။
အနာဂတ်အတွက် အဆင်မြင့်မြင့်ချွေတာရေးကတော့ ဝေးပေါ့ဗျာ...
ကျွန်တော်တို့ နိုင်ငံနဲ့ ချီပြီးတော့ ပြောင်းလည်းဖို့ အတော်ခက်အုံးမှာပါ။ MSC members တွေကနေပဲ စလိုက်ရအောင်။ ချမ်းသာ၍ ချွေတာနိုင်ကြသူများ။
Steemitကိုအနာဂတ်တွက်ပါမျှော်လင့်ထားတယ် ကိုဟင် ငယ်ငယ်ကမိသားစုတွေထမင်းစားတိုင်း ချွေတာစားခဲ့ရဘူးတယ်
ဘဝတူတွေပေါ့ညီလေးရေ....
ငယ်ငယ်တုန်းက မိဘတွေလည်း ဝန်ထမ်းဆိုတော့ ဟင်းဆိုလည်း တစ်ယောက်ကို ဘယ်နှစ်တုန်းဆိုပြီး စကေးနဲ့ စားခဲ့ကျရတယ်။ အခု ကိုယ့်သားသမီးတွေ လက်ထပ်ကျတော့ သူတို့စားချင်သလောက်ကျွေးနိုင်ပါပြီ ဒါပေမဲ့ ရှေ့လူနောက် နောက်လူကြည့်စားတက်အောင်တော့ သွန်သင်ရပါတယ်။ ဆင်းရဲမွဲတေမှုပပျောက်ရေးတွေ ဘာတွေ မပြောချင်ပါဘူး။ မရှိမရှား ဘဝနဲ့ ရပ်တည်ရရင် ဘဝမှာ နေပျော်ပါပြီ
တခါတလေ တော့လည်း တွေးမိပါတယ်။ အဲဒီလို ဆင်းရဲဘူးတော့ ဆင်းရဲခြင်း ဆိုတဲ့ အရာကို ခွန်အား တခု အဖြစ် ပြောင်းလည်း နိုင်တဲ့ အခွင့် အရေး ရှိတာပေါ့။
အခုချိန်ထိလည်း ဝေပုံကြစနစ်နဲ့ သွားနေရတုန်းပါပဲကိုဟင်ရယ်။သာမန်ဝန်ထမ်းဘဝမှ ရုန်းထွက်နိုင်အောင်ကြိုးစားနေပါတယ် ခင်ဗျာ။steemitဟာ ကျွန်တော့်အတွက် အများကြီးအထောက်ပံ့ဖြစ်လာမယ်လို့ ယုံကြည်ထားပါတယ်ဗျာ။
စိတ်မပျက်ပါနဲ့ ကို မြင့်လွင်စိုးရေ ၂ နှစ် ၃ နှစ်ဆိုတာ ခဏလေးရယ်။ အခု လက်ရှိပဲ steemit Platform က ကျွန်တော်တို့ကို အကျိုးပြုနေပါပြီ။
ဖတ်ရတာစိတ်ဝင်စားစရာပါ ချမ်းသာသူများက
ချမ်းသာသည်ထက် ချမ်းသာကြတာ
ဒီလိုအကြောင်းတွေရှိလို့ ပ
အသုံး နဲ့  အဖြုန်းကို ခွဲခြားတတ်ကြပါသည်။
အစ်ကိုရေ သူတို့ က တဦးတယောက်တည်း ချွေတာ တာမဟုတ်ဘူး။ နိုင်ငံလိုက်ချီပြီး ချွေတာကြတာ။