Steemit Platform ၏ Steem Power ပြသနာ ( Henry Aung )

in #myanmar6 years ago (edited)

henry.jpg

မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် ယခုတလော အလုပ်များလွန်းသဖြင့် post promotion များကို အတော် နောက်ကျမှ ပေးဖြစ်နေခဲ့သည်။ promotion ရယူ နေကြသော အကောင့် များအတွက် တရက် နစ်နာသွားလျင်လည်း အလွန်နစ်နာပါ သည်။ အဘယ်ကြောင့်ဆို သော် တရက်လျင် အကောင့် တခုအတွက် 3 SBD ဆိုသော်လည်း အကောင့် ပေါင်း ၂၀ ကျော် အတွက်တော့ SBD 70 $ ဆိုသည်မှာ အလွန်ကို အဖိုးတန်ပါသည်။

ထို့ကြောင့် ရက်ပျက်မသွားစေရန် ကြိုးစား၍ ပေးနေရခြင်း ဖြစ်ပါသည်။ လွန်ခဲ့သော သောကြာနေ့ညက စင်္ကပူ နိုင်ငံရှိ သူငယ်ချင်း တယောက်မှ သူ့အား Steemit Platform နှင့်ပါတ်သက်ပြီး လာရောက်သင်ကြားပြသပေးရန် တိုက်တွန်း သဖြင့် ညလုံးပေါက် သင်တန်းပေးခဲ့ရပါသည်။ သူ့အနေဖြင့်လည်း အလုပ်လုပ်နေသူတယောက် ဖြစ်သဖြင့် ကြားရက်တွင် တွေ့ရန် အဆင်မပြေသဖြင့် သောကြာနေ့ ညတွင် တညလုံး တထိုင်တည်း ဖြင့် သိသင့်သိထိုက်သည်များအားလုံးကို သင်ကြားပြသပေးခဲ့ပါသည်။

သူကလည်း ကွန်ပြူတာ အခြေခံရှိသည့် အပြင် internet website များကိုလည်း ကျွမ်ကျွမ်းကျင်ကျင် သုံးတတ်သဖြင့် သိပ်တော့ အခက်အခဲမရှိခဲ့ပါ။ သို့သော် Steem Power ၏ လုပ်ဆောင်မှုအကြောင်းကို ရှင်းပြရသောအခါ နံနက် ၃ နာရီထိုးပါတော့သည်။ ကျွန်တော်ရှင်းပြခဲ့သော Steem Power အား ဆောင်းပါးရေးသားခြင်းဖြင့် MSC members များအား ပြန်လည်မျှဝေပေးလိုက်ပါသည်။

ဤ Steem Power ပြသနာ အကြောင်းမှ ယခုမှ Steemit Platform ပေါ်သို့ ရောက်ရှိလာကြသော Newbies များအဖို့ နားလည် နိုင်မည် မဟုတ်သည်ကိုတော့ကြို ပြောထားပါရစေ။

01.jpg

ဆိုခဲ့သည့်အတိုင်း သူမေးသော Steem Power ပြသနာမှာ ပြင်ပရှိ Steem ဈေးများတက်လာ၍ ထိုက်သင့် သော SP ရှိသူတိုင်း ၏ voting weight တိုးလာ၍ ရရှိလာသော SBD လည်း များလာမည် ဖြစ်သောကြောင့် Steem နှင့် SBD များ အဆမတန် ဖေါင်းပွလာနိုင်သည် ဟူသောပြသနာဖြစ်ပါသည်။

အမှန်တော့ ထို Steem Power ပြသနာအား ပါးစပ်ဖြင့် ဥပမာ ပေးရှင်းပြ လျင် Steem Platform အကြောင်းကို ထိုက်သင့်သလောက် နားလည် နေသူများအဖို့ ပြသနာ မရှိသော်လည်း လူသစ် တယောက်အတွက်တော့ အင်မတန် ရှင်းပြရ ခက်ပါသည်။ အဘယ့်ကြောင့်ဆိုသော် Steem Power, Steem price နှင့် voting power တို့အားတွက်ချက်ရသောကြောင့် ဖြစ်ပါသည်။

ဥပမာပြပါမည် Steem Power 10000 ရှိသူ၏ Steem ဈေး 3.27 တွင် 100% voting power ဖြင့် vote ပးလျင် 2.2 $ သာ ရရှိနိုင်မည် ဖြစ်သည်။ အကယ်၍ ဆိုကြပါစို့ ပြင်ပတွင် Steem ဈေး 100 $ ခန့် ရောက်ရှိသွားပြီ ဆိုကြပါစို့။ ထိုအချိန်တွင် SP 10000 ရှိသူ၏ 100% ဖြင့် voting ပေးလျင် ရရှိနိုင်သော SBD မှာ 62.27 $ ဖြစ်ပါသည်။ ဤတွက်ချက်နည်းကို အောက်တွင် ဖေါ်ပြထားပါသည်။

)

SP 10000 ရှိသူ၏ 100% voting power ဖြင့် Steem ဈေး 3.27$ တွင် vote လျင် 2.2$SBD သာ ရရှိပါသည်။ အကယ်၍ Steem ဈေး 100 $ ခန့်တွင် ရရှိသော SBD များကိုသိလိုလျင်

100/ 3.27 x 2.2 = 67.27 $ ဖြစ်ပါသည်။ ဤရရှိသော 67.27 $ တွင် မိမိ မှာ 75% သာ ရရှိမည် ဖြစ်ရာ 67.27 x 0.75 = 50.45$ SBD ရရှိမည် ဖြစ်ပါသည်။

မိမိ အတွက် ရရှိသော 75% အား 50/50 အဖြစ် SBD နှင့် SP အဖြစ်ခွဲပေးသောအခါ မိမိရရှိသော 25.2 SBD ကို SP အဖြစ် ပြောင်းပေးလျင် မိမိရရှိသော SP မှာ 0.25 SP သာရရှိမည် ဖြစ်ပါသည်။အဘယ့်ကြောင့် ဆိုသော် System SBD 1$ ဖြင့် ပြင်ပပေါက် ဈေး 1 steem = 100$ USD ကို ဝယ်ယူရသောကြောင့်ဖြစ်ပါသည်။ ဤသည်မှာ SP10000 ရှိသူ ၏ Steem ဈေး 100$ ခန့်တွင် မိမိဖာသာ vote ယူခြင်းဖြင့် ရရှိနိုင် သော SP ကို ဖေါ်ပြပေးခြင်း ဖြစ်ပါသည်။

Steem ဈေး 100$ ခန့်တွင် SBD ဈေးသည်လည် 100 $ ခန့်မရှိလျင် တွေးတောကြည့်ပါ။ SBD ဈေးသည် USD 1$ ခန့်တွင် ကျန်နေခဲ့လျင် ဖြစ်လာနိုင်မည့် အကျိုးဆက်ကို စဉ်းစားကြည့် စေချင်ပါသည်။ လွန်ခဲ့သော နှစ်ဆန်းပိုင်းက SBD ဈေးသည် ဈေးကစားသူများ၏ တွန်းတင်မှုကြောင့် Steem ဈေးထက်များစွာ မြင့်သွားခဲ့ရခြင်း ဖြစ်ပြီး အသစ် ဝင်ရောက်လာကြသော Newbies များကလည်း SBD သာ တန်ဖိုးရှိသယောင် ထင်သွားခဲ့ရခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော့ အနေဖြင့် အမြဲ သတိပေးသည့်အတိုင်း Steem ဈေးတက်လာလေ လေ SP စုရန်ပို၍ ခက်ခဲလေ လေ ဖြစ်ပါသည်။

02.png

လက်ရှိအချိန်တွင် Steem ဈေးနှင့် SBD ဈေးမကွာလှ၍ SBD မှ Steem ဝယ်ရန် တန်းတူ နီးပါးရှိပါသေးသည်။ ထို့ကြောင့် Steem ဈေးတက်လာလေ လေ Steem နှင့် SBD များ ပိုထွက်လာ၍ ဈေးကွက်တွင် ဖေါ်င်းပွကုန်လိမ့်မည် ဆိုသည်မှာ မဖြစ်နိုင်ပါ။ အကယ်၍ Steem ဈေးသည် 3$ ခန့်တွင် ကျန်ခဲ့၍ SBD ဈေးသည် 100 $ သို့ ထိုးတက်သွားခဲ့လျင် မိမိတို့ အတွက် အရှုံး မရှိသေးပါ။

SP ကောင်း ကောင်း ဝယ်စုနိုင်သလို ပုံမှန် ဝင်ငွေ သေချာနေသလောက်ပင် ဖြစ်ပါပြီ။ ထို့ကြောင့် ကျွန်တော့ သူငယ်ချင်း စိုးရိမ်နေသလို SP များသူများ Steem ဈေးတက်လျင် တက်သလောက် Steem ဖေါ်င်းပွအောင် လုပ်နိုင်သည်ဟူ သော သံသယ၏ အဖြေအား MSC members များကလည်း သိရှိသွားလိမ့်မည်ဟု ယုံကြည်ပါသည်။

cryptocurrency တွင် မဖြစ်နိုင်တာမရှိပါ။ ယနေ့ USD 900$ နီးပါး ရှိနေသော Ethereum မှာ လွန်ခဲ့သော ၂၀၁၆ ခုနှစ်က လက်ရှိSteem ဈေး ဖြစ်သော 3$ ခန့်တွင်သာ ရှိနေခဲ့ပါသည်။ ထို့ကြောင့် MSC members များကလည်း Steemit Platform ပေါ်တွင် ယုံယုံကြည်ကြည် လျှောက်လှမ်း ခြင်း ဖြင့် တချိန်ကြလျင် ဤ Platform ပေါ်မှ အကျိုး အမြတ်ထုတ်ယူ နိုင်ကြပါမည့်အကြောင်း မျှ ဝေလိုက်ရပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photos credit; Google Image

Author : Henry Aung ( Kachin )
MSC : 001

Sort:  

တွေ့ဆုံပွဲမတိုင်ခင် steemတွေ ဈေးတက်လာပါစေလို့ဆုတောင်းနေတယ်။

အဲဒီလိုပဲ မျော်လေင့် နေကြပါတယ် အထွေးရေ....

တွေ့ဆုံပွဲက ဘယ်မှလာလုပ်မှာလဲဆာ
ပီးရင် အတွေ့ကြုံလေးတွေရှဲပေးအုးနော်

တစ်​ဖြည်းဖြည်းခြင်း​တော့ ပိုစ်​​ရေးရင်​ တ​ရွေ့​ရွေ့နှင့်
့​ချီတက်​​နေပါသည်​ ကိုဟင်

ဒါပေါ့ဗျာ ဖြည်းဖြည်း နဲ့ မှန် မှန် ချီတက်ကြတာပေါ့။

steemit အကြောင်းသိချင်တိုင်း ကိုဟင်တင်ခဲ့တဲ့ post တွေပဲ ပြန်ရှာဖတ်ဖြစ်ခဲ့ရတာများပါတယ် ။ ခုလိုသေသေချာချာရှင်းလင်းပြပေးပြီး လက်တွဲခေါ်ဆောင်ပေးခဲ့တာလည်း ကျေးဇူးအများကြီးတင်ပါတယ် ကိုဟင်ရေ။

ကျေးဇူးအများကြီး တင်ပါတယ်

ဟုတ်ကဲ့အကိုရေ ကျွန်တော့အထင် သိပ်မကြာမီကာလမှာပဲ steem ဈေးဟာ ကျွန်တော်တို့ ထင်မထားတဲ့ပေါက်ဈေးထိ တက်လာမယ်လို့ယုံကြည်နေတယ်ဗျ။

ဟုတ်ကဲ့... ကိုရွှေဘို မျှော်လင့်နေသလိုပဲ မကြာခင် အဲဒီကာလကို ရောက်လာပါလိမ့်မယ်။ သိပ်မဝေးတော့ပါဘူး။

အဲဒီ​ငွေ​​ကြေး​ဖောင်းပွမှူကိစ္စကိုသိချင်​လို့ရှာဖတ်​​နေတာ။ခုအစ်​ကို​ရေးထားတာဖတ်​ပြီးနားလည်​နိုင်​သ​လောက်​​တော့နားလည်​နိုင်​သွားပါပြီ။ကျေးဇူးပါမျှ​ဝေ​ပေးလို့။

အစ်ကိုလည်း ရေးချင်နေတာ ကြာပါပြီ.. စောင့်နေရလို့

အများကြီးကို ကြိုးစားရပါအုံးမယ်လို့ ကိုယ့်ကိုယ်ကိုသတိထာမိပါတယ် မအားတဲ့ကြားက အချိန်ယူစုဆောင်းပါ့မယ်အကိုဟင်

အခုကတည်းက စုထားတာအကောင်းဆုံးပါ။ B ပြည့် အနိုင်ကျင့်ပြီ SBD တွေ ယူသွားသေးလား..?

ဟိုတခါ ယူကထဲကပြန်မပေးသေးတာ အကို
သူယူတာ 70 sbd လောက်ရှိမယ်

ကျွန်တော့်တင်သမျှ ပို့စ်၏ ရသမျှကို 50% & 50% ခွဲဝေပေးတာခြင်းတူပေမယ့် sbd အား 1$နှုန်းဖြင့်ခွဲဝေပေးပီး steem coin အားပေါက်ဈေးအတိုင်း ခွဲဝေပေးပါသောကြောင့် မည်မျှပင် sbd ဈေးတက်ပါစေ မိမိရမည့်အခွင့်အရေး အနည်းငယ်သာဆုံးရှုံးနိုင်ပီး steem coin အားယခုအချိန်တွင်စုဆောင်မထားပါက မိမိရမည့်အခွင့်အရေးများစွာဆုံရှုံးမည်မှာ ဧကန်မုချ မြေကြီးလက်ခတ်မလွဲသေချာ၏ ထို့ကြောင့် steem power ခေါ် steem coin သာချှင် steemplatform မှာ အဓိကကြပါ၏ အဘယ့်ကြောင့် ဤသို့ပြောရသလဲဆိုလျှင် အကိုဟင်ပြောသလို sbd 100$ ထိဈေးထောင်တက်သွားပါစေ မိမိတင်သမျှပို့စ်၏ 50% အား sbd ကို 1$ နှူန်းဖြင့်တွက်၍ပေးသောကြောင့်ဖြစ်ပီး steem power ခေါ် steem coin ဈေးသည် 100$ ထိမထင်မှတ်ဘဲ ဈေးထိုးတက်သွားပါက မိမိရမည် 50% steem အတွက်မှာမှု ပေါက်ဈေးအတိုင်းသာတွက်ချက်ပေးပါသောကြောင့်များစွာဆုံးရှုံးနစ်နာမည်ဖြစ်ပါတယ်လို့ ကျနော်ကထပ်မံပြောပြလိုက်ပါတယ် steem community အဖွဲ့သားများအတွက်ပါခင်ဗျ အကိုဟင်အား ကျေးဇူးတင်လျှက်ပါလို့တပါတည်း လေးစားစွာဖြင့်ပန်ကြားလိုက်ပါတယ်ခင်ဗျ

သာအေးရေ... မျက်စိကို လည်သွားတာပဲ...ကျေးဇူးတင်ပါတယ်

ကျနော်ကသိပ်စာရေးမကောင်းလို့လိုရင်းကိုထိထိမိမိမရောက်တာဟီးးးးးညီပြောချင်တာက sbd 100$တက်သွားရင်ဘာမှမဖြစ်ပေမယ့် steem coin 100$ဈေးတက်သွားရင်တော့ အခုစုမထားတဲ့သူတွေ အရမ်းနစ်နာမယ်လို့ပြောချင်တာ ဟီးးးးး

အဲတာ အမှန်ပဲ... SBD ဈေးတက်တာက Steemit Platform ကို ရိုက်ခတ်မှုမရှိပေမယ့် Steem ဈေးတက်လာရင်တော့ Steemit Platform ပေါ်ကို အများကြီး အကျိုးသက်ရောက်ပါတယ်။

Steemit is the Long term Project.

you are right, keep it up...

အခုလို ရှင်းပြပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်ဗျ။

အခုလို တခုခု ရသွားတယ်ဆိုရင်ပဲ ကျွန်တော်လည်း ပျော်ရွှင်ပါတယ်။

အစ်ကိုရယ် steem ဖောင်းပွလာမည့် ကိစ္စကို အရင်ကတော့ တွေးပူခဲ့ပါတယ် အစ်ကို့ post ဖတ်ပြီး ရင်အေးသွားပါပြီဗျ ကျေးဇူးပါအစ်ကို

ဟုတ်ကဲ့.... ကျွန်တော်လည်း အရင်တုန်းက အဲဒီလို တွေးပူ မိပါတယ်။ ဒါပေမယ့် Steemit Platform ကို လေ့လာရင်း နဲ့ တဖြည်းဖြည်း သိလာခဲ့တာပါ။

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.029
BTC 61577.64
ETH 3448.57
USDT 1.00
SBD 2.53