Steemit Platform ၏ ပဲ့ကိုင်ရှင် ( Henry Aung )

in #myanmar6 years ago

henry Aung.jpg

မင်္ဂလာပါ။ ကျွန်တော်၏ ယခင်ဆောင်းပါးတွင် steemit platform ၏ မူလ အကြံအစည် များအားဖေါ်ပြပေးခဲ့ ပြီးဖြစ်ပါသည်။ ယခု ၏ ဆောင်းပါးတွင် @dan ထွက်ခွာသွားပြီး နောက်ပိုင်း steemit platform ၏ အခြေအနေများအား ဖေါ်ပြပေးပါမည်။ steemit platform မှ @dan ထွက်ခွာ သွားသော အချိန်မှာ ဤ platform တွင် ပြသနာ အတော်များများ တက်နေသော အချိန် ဖြစ်ပါသည်။

အထူးသဖြင့် steemit အစပိုင်းတွင် Steem ဈေးမှာ USD $4 လောက်အထိ ထိုးတက်သွားခဲ့ပြီ လူအများအပြား ဤ platform ပေါ်သို့ ဝင်ရောက်ရင်နှီး မြှပ်နှံကြ ပြီးနောက် Steem ဈေးမှာ ယခု ကဲ့သို့ ပြား ၅၀ အောက် သို့ ပြန်ထိုးကျသွားသော အချိန် ဖြစ်၍ investor များ နှင့် whales တော်တော်များများဖြင့် ပြသနာ ရှိနေချိန် ဖြစ်ပါသည်။

ရင်းနှီးမြုပ်နှံသူများက လည်း သူတို့၏ အမြတ်ငွေများ ရရှိစေရန် vote ရောင်းစားခြင်း အကောင့်ပွား၍ စာတိုပေစများရေးသားကာ ကိုယ်တိုင်vote ယူခြင်း စသည်ပြသနာ များအပြင် steemit platform အား တိုက်ခိုက်ကြသူ အများအပြားလည်း ရှိနေသော အချိန်ဖြစ်ပါသည်။ ထိုအချိန်တွင် @dan မှ steemit ထက် ပိုမိုကောင်းမွန်သော platform တခု ဖန်တီးရန် ဟူသော အကြောင်းပြ၍ steemit အား စွန့်ခွာ သွားခဲ့ပါသည်။

@dan ထွက်ခွာသွားပြီးနောက် @ned က CEO နေရာ တာဝန်ယူကာ steemit အား ဆက်လက်မောင်းနှင်ပါသည်။ ပြသနာများအား သူနှင့် အဖွဲ့သား အသစ်များ ဖြင့် ရင်ဆိုင်ဖြေရှင်းပါသည်။ အဘယ့်ကြောင့် အဖွဲ့ဝင် အသစ်ဟု ဖေါ်ပြရသနည်းဆို သော် @dan ထွက်ခွာသွားပြီးနောက် steemit မှ နည်းပညာရှင် တော်တော်များများ @dan နောက်သို့ လိုက်ပါသွားကြ၍ လစ်လပ်သွားသော နည်းပညာရှင်များတွင် ပညာရှင်အသစ်များ အစားထိုး ၍ steemit အား ဆက်လက်မောင်းနှင်နေရသောကြောင့် ဖြစ်ပါသည်။

01.png

ထို အချိန်တုန်းက အနေအထားအရ ပြောရလျင် steemit ထက်ပိုကောင်းသော platform တခုတည်ဆောက်ရန်ဟု အကြောင်းပြသွားသဖြင့် သူ၏ EOS မှာ အတော်ပင်ရေပန်းစား နာမည်ကြီးပါသည်။ ICO အနေဖြင့် ပြောရလျင် ထွက်ပြီးခဲ့သမျှသော ICO များတွင် EOS မှာ အအောင်မြင်ဆုံးဟု ပြောကြပါသည်။

ထို့အပြင် EOS မှာ EU နှင့် USA ကဲ့သို့သော အနောက်နိုင်ငံ ဈေးကွက်ကို အားမကိုးပဲ အာရှနိုင်ငံများအား ဖေါက်ထွက်ရန် ရည်ရွယ်၍ ဟောင်ကောင်တွင် အခြေစိုက်ပါသည်။ အဓိက ဈေးကွက်မှာ ကိုးရီယားနှင့် တရုတ်ဖြစ်ပါသည်။ဤသည်မှာ steemit မှ @dan ထွက်ခွာသွားရသော အကြောင်း အရင်း အား ဖေါ်ပြရခြင်းသာဖြစ်၍ steemit platform နှင့် CEO အသစ် @ned အကြောင်း ဆက်ပါအုံးမည်။

အမှန် ဆိုရလျင် @ned အနေဖြင့် လည်း ခေသူတယောက်မဟုတ်ပါ။ Blockchain နည်းပညာဖြင့် Social Media App တခုတည်ဆောက်ရန်မှာ @ned ၏ အကြံအစည် ဖြစ်သော်လည်း Blockchain နည်းပညာတွင် @dan လောက် အတွေ့အကြုံ မများသဖြင့် @dan အား ချဉ်းကပ်ကာ ဆရာတင်ခဲ့ရခြင်းဖြစ်ပါသည်။

@ned မှာ စီးပွားရေး တက္ကသိုလ် တက်ရောက်နေသူ အဖြစ် သိထားသော်လည်း စီးပွားရေး ဘွဲ့ရမရ တော့ ကျွန်တော်လည်း အတပ် မသိနိုင်ပါ။ ဆို ခဲ့သည့် အတိုင်း steemit အား @dan ထံမှ လက်လွဲ ယူပြီးနောက် ပြသနာများအား တခုပြီး တခု ရင်ဆိုင်ဖြေရှင်း ရသလို steemit ၏ HF များအားလည်း တခုပြီး တခု အဆင့်မြှင့်တင် နိုင်ခဲ့ပါသည်။

ကျွန်တော်သိရသလောက် အတွင်းသတင်းများအရ @ned အား အဓိက ထိုးနှက်စေခဲ့သော အချက် မှာ EOS အောင်မြင်လာပြီးနောက် steemit မှ Developers များကလည်း Steemit မှ လစာယူ၍ EOS တွင်လည်း ဝင်ရောက်လုပ်ကိုင်နေကြခြင်း ဖြစ်ပါသည်။

02.png

ဤ သည်ကို @donkeypong( Tom ) နှင့် အခြား witness များက steemit လစာယူထားလျင် steemit အပေါ်တွင် သစ္စာ ရှိကြပါရန် ထောက်ပြကြပါသည်။ အဓိက ပြသနာမှာ ထိုအရာဖြစ်ပါသည်။ အလုပ် ၂ ခု ခွလုပ်ကြ၍ အချိန်ပြည့်နီးပါး steemit တွင် အာရုံ မစိုက်နိုင်တော့ပါ။ ယခု နောက်ပိုင်း တွင် steemit တွင် witness အသစ် အတော်များများ ရောက်ရှိလာကြသည်မှာ ထိုအချက်ကြောင့် ဖြစ်ပါသည်။

ဆိုခဲ့သည့် အတိုင်း အလုပ်၂ ခု ခွ လုပ်နေကြသူများကြောင့် steemit App မှာ အချိန်မှီ ပြီးစီးရန် နှောင့်နှေးနေရခြင်း ဖြစ်ပါသည်။ အခြား တခုမှာ @ned အနေဖြင့် ပြသနာများအား Community တခုလုံး အား အသိမပေးပဲ ကျိတ်ဖြေရှင်း နေခြင်းဖြစ်ပါသည်။ ကျန်နေသူများက ပြသနာများကို မသိရသဖြင့် steemit platform အရာရာ ချောမွေ့ အဆင်ပြေနေသည်ဟု အထင်ရောက်နေကြပါသည်။

သို့သော် ယခုကဲ့သို့သော အချိန်သို့ ရောက်လာသောအခါ အသိမပေး၍ မရသော အခြေအနေသို့ ရောက်လာပါသည်။ အဘယ်ကြောင့်ဆိုသော် @ned အနေဖြင့် ပြသနာများအား မဖေါ်ပြပဲ အကြောင်း အမျိုးမျိုးကြောင့် SMTs လွင့်တင်မည့်ရက်အား ရွှေ့ဆိုင်းလိုက်ရပါသည်ဟု ကြေညာလိုက်လျင် သူ့အား ယုံကြည်သူ ရှိနိုင်တော့မည်မဟုတ်ပါ။

အဘယ့်ကြောင့်ဆိုသော် ၂ နှစ် ကျော်နီးပါး စိတ်ရှည် လက်ရှည် စောင့်စားလာသူတို့ ဤ platform အား စွန့်ခွာသွားကြတော့မည်မှာသေချာသလောက်ရှိပါသည်။ @ned အနေဖြင့် ယခုကဲ့သို့ သူ့တွင် Budget ပြသနာ ရှိနေပါသည်ဟု ကြေညာလိုက်သည်မှာ တမျိုးတော့ကောင်းသွားပါသည်။ သူ့အား ဂရုဏာ ဒေါသ ထွက်ကြသော်လည်း ပညာရှင် အတော်များများ မှ အပြုသဘောဆောင်သော အကြံအညာဏ်များ ပေးကြပါသည်။ မည်သူမျှ ဤ platform အားစွန့်ခွာသင့်ကြောင်း မပြောကြပါ။

03.jpg

ကျွန်တော့ အထင် ပြောရလျင် ( အထင်သာဖြစ်ပါသည်) သူ့တွင်လည်း သူ့အကြံအစည်နှင့်သူ ရှိလောက်ပါသည်။ သို့သော် ကြံစည်ထားသကဲ့သို့ မဖြစ်လာသောအခါ ခေါင်းဆောင်တယောက်အနေဖြင့် သူ့တွင် ပြသနာရှိနေကြောင်း ဖွင့်ပြောလာခဲ့ခြင်း ဖြစ်တန်ပါသည်။ သူ့အနေဖြင့် steemit အား ဆက်မလုပ်လိုတော့ပါဟူ၍ ခေါင်းရှောင်သွားနိုင်ပါသည်။

သို့သော် မည်သို့ပင်ဆို စေ steemit platform ပေါ်တွင် လည်ပတ်နေကြသော project များက ရပ်မသွားကြသေးသလို အသစ်အသစ်သော project များအားလည်း ထပ်မံ၍ မိတ်ဆက်နေကြပါသည်။ @ned ထိုကဲ့သို့ ကြေညာလိုက်၍လည်း အကုန်လုံး power down ၍ စွန့်ခွာသွားကြသူများ မရှိကြသလို Steem ဈေးသည်လည်း ထူး၍ ပိုကျ သွားခြင်း မရှိပါ။ steemit platform သည် ဆက်လက် လည်ပါတ်နေပါသည်။

ကျွန်တော်တို့ စောင့်စားရမည်မှာ @ned နှင့် သူ၏ ကျန်ရှိသော အဖွဲ့သား ၃၀% ဖြင့် ဤ platform အား အောင်မြင်အောင် မည်သို့ လုပ်ဆောင်မည် ဟူသော အရာဖြစ်ပါသည်။ ကျွန်တော်၏ ယခင်ဆောင်းပါးတွင် ဖေါ်ပြပေးသကဲ့သို့ steemit platform ဆက်ရှိနေပါအုံးမည် သို့သော် ကျွန်တော်တို့ မျှော်လင့်နေသော အောင်မြင်မှုမျိုးရ ရန်တော့ အချိန် အနည်းငယ် ထပ်ပေးရလိမ့်မည်ဟု ထင်ပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit : Original Source
Author : Henry Aung ( Kachin )
MSC : 001

Sort:  

steemit ၏သမိုင်းကြောင်းကို အားလုံးအတွက် ဗဟုသုတဖြစ်စေရန် ဝေမျှပေးထားတာ ကောင်းလှပါတယ်အစ်ကို ဟင်နရီ။နောင်လာမည့်အနာဂတ်အတွက် အကောင်းဆုံးတွေကို အကောင်အထည်ဖော်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း စောင့်မျှော်ကြိုးစားနေပါ့မယ်ခင်ဗျာ။အစ်ကို ဟင်နရီလည်း ကျန်းမာ ချမ်းသာ ပျော်ရွှင်ပါစေလို့ ဆုတောင်းနေပါတယ်ခင်ဗျာ။လေးစားလျက်။

ကျေးဇူးအများကြီးတင်ပါတယ်။

steemit ခေါင်းဆောင်တွေရဲ့ ကောင်းမွန်တဲ့လုပ်ဆောင်ချက်များနဲ့အနာဂတ်ကောင်းကို မျှော်လင့်စောင့်စားလျက်ပါ

Posted using Partiko Android

အကောင်းဆုံး ဖြစ်လာပါလိမ့်မယ်

စောင့်နိုင်မှ အကျိုးရှိတဲ့ သိဘူး ... စောင့်မယ်

အကျိုးရှိလာပါလိမ့်မယ်...

ned နှင့် သူ့ အဖွဲ့တို့ ဆက်လက် လုပ်နိုင်ပါစေ

၃၀% နဲ့ community နဲ့ ပေါင်းပြီးမောင်းနှင်ပါလိမ့်မယ်

အင်း ကျွန်တော့ အထင် တကယ့်တိုက်ပွဲက အခုမှ စပြီ ထင်တယ်။ ထိုးမယ့်ဆင် နောက်တစ်လှမ်း ဆုတ် လိုက်သလိုပေါ့။

Posted using Partiko Android

ထိုးမဲ့ဆင် နောက်တလှမ်း ဆုတ်နေတာ တော့ဟုတ်ပါရဲ့။ နောက်ကို ဆုတ်နေတာ အချိန် အတော်ကြာ လာတော့ စိတ်မရှည် ကုန်ကြတော့ဘူး။

အဲဒါတော့ ဟုတ်တယ် bro ရေ။ အမှန်ပဲ 😀

Posted using Partiko Android

ခွချက်တွေကို ရှင်းလိုက်တဲ့သဘောပေါ့။ကျစ်ကျစ်လစ်လစ်ဖွဲ့စည်းလိုက်တာ ကောင်းပါတယ်။အချိန်တန်ရင် အောင်မြင်လာမယ်လို့ ယုံကြည်ပါတယ်။

အချိန်တခုတော့ပေးရလိမ့်မယ် ကိုမဟော်

မျှော်မည် ချိန်တဲ့ရက်ကို မျှော်လိုက်မည်
စနေနေ့ည ဘာတဲ့ပရိတ်သတ် 😁

မျှော်မည် ချိန်တဲ့ရက်ကို မျှော်လိုက်မည်.......ပါဘုရား...

စတီးမစ်ရဲ့ သမိုင်းကြောင်းပါသိလိုက်ရတော့
သူများတွေကို ပြန်ရှယ်နိုင်ပြီပေါ့ ကိုဟင်။

ရှယ်စေဗျာ..

စိတ်ဝင်စားစရာပါဘဲ ကိုဟင် Steemitကို ဖော်ဆောင်သူများ အောင်မြင်မှုရနိုင်ပါစေ

စိတ်ဝင်စားစရာ ကောင်းတာတော့ အမှန်ပဲ။ @ned ဘယ်လိုတွေ အကွက်ရွှေ့မလည်း ဆိုတာ ပို စိတ်ဝင်စားဖို့ ကောင်းတယ်

ပိတ်ကားထက်ပေါ် တင်လိုက်တော့ အကုန်ကြည့်လို့ ရသွားတာပေါ့ဗျာ

Posted using Partiko Android

အခုတော့ ပိတ်ကားပေါ်ကပဲစောင့်ကြည့်ရတော့မယ်

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 61651.16
ETH 2369.36
USDT 1.00
SBD 2.50