Steemit Platform အား ယုံကြည်ခြင်း၏ အခြားတဖက်၌ ( Henry Aung )

in #myanmar6 years ago

henry Aung.jpg

မင်္ဂလာပါ။ လွန်ခဲ့သော ရက်များက ကျွန်တော့ အနေဖြင့် အလုပ်များနေသောကြောင့် steemit platform ပေါ် post တင်ခြင်းအား ရပ်နားထားခဲ့ရပါသည်။ post တင်ခြင်း ရပ်နားထားခဲ့ရသော်လည်း steemit platform အား မျက်ခြေမပြတ်ခဲ့ပါ။ ဤ ဆောင်းပါးတွင် ကျွန်တော် အလုပ်ရှုပ်နေသောကာလ အတွင်း steemit platform ပေါ်တွင် ဖြစ်ပျက်နေခဲ့သော အခြေအနေများအား အနည်းငယ် ဖေါ်ပြပေးလိုပါသည်။

ကျွန်တော် ၏ နောက်ဆုံး ဆောင်းပါးတွင် ဖေါ်ပြပေးခဲ့ပြီး ဖြစ်သည့် အတိုင်း CEO @ned မှာ ကျန်းမာရေး အကြောင်း ပြ၍ ထွက်ပေါ်လာခြင်း မရှိတော့ပါ။ သူ့ အစား @steemblog နှင့် @blogbrothers တို့က update များကို ဆက်လက်တင်ပေးနေကြပါသည်။ @ned နှင့် ပါတ်သက်၍ မကျေနပ်သံများ ကျယ်ကျယ်လောင်လောင်ကြားနေရသော်လည်း ယခုအချိန်ထိတော့ steemit platform သည် ပုံမှန်လည်ပါတ်နေဆဲ ရှိပါသေးသည်။

steemit platform နှင့်ပါတ်သက်၍ ၂၀၁၉ တွင် ဖြစ်နိုင်ခြေ ၂ မျိုး ရှိပါသည်။ ၂ မျိုးစလုံးမှာ အလွန်ကောင်းမွန်သော အနေအထားမျိုးမရှိပါ။ steemit ဂုရုကြီးများ chat group တွင် တိုင်ပင်နှီးနှောထားကြသော အကြောင်းအရာများအား ထောက်ဆကြည့်လျင် လက်ရှိ အခြေအနေတွင် @ned အပေါ်ထားရှိသော ယုံကြည်မှုမှာ လုံးဝနီးပါး ပျောက်ဆုံးသွားခဲ့ကြပြီ ဖြစ်ပါသည်။

steemit Community တခုလုံး တောင်းဆိုနေကြသော steemit inc နှင့်ပါတ်သက်၍ ရှေ့ဆက် ရမည် plan များ ချပြရန် ပျက်ကွက်နေခြင်း ( ငြင်းဆန်နေခြင်း ) က @ned အနေဖြင့် steemit platform အသုံးပြုသူများ၏ ယုံကြည်မှု ဆုံးရှုံးရခြင်းဖြစ်ပါသည်။ အခြားတခုမှာ ခေါင်းဆောင်တယောက်အနေဖြင့် ဤကဲ့သို့သော အခြေအနေမျိုးတွင် မိမိ Community အား လေးစားသမှု ပြုသည့် အနေဖြင့် ကိုယ်တိုင်ထွက် မရှင်းပြနိုင်လျင်တောင် ပြောရေးဆိုခွင့်ရှိသူ တဦးဦးအား လက်လွဲ၍ Community များ၏ အကြံပေးချက်များအား ဖြေရှင်းပေးသင့်ပါသည်။

022.jpg

ဤကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားခြင်းအပေါ် အထူးသဖြင့် steemit တွင် invest လုပ်ထားသူတို့၏ အပေါ် စော်ကားရာ ရောက်သဖြင့် အတော်များများက မကျေမနပ်ဖြစ်နေကြပါသည်။ အထက်တွင် ဖေါ်ပြခဲ့သော ၂၀၁၉ တွင် ဖြစ်နိုင်စရာ ရှိသော အခြေအနေ ၂ မျိုးအား ဖေါ်ပြပေးပါမည်။

ပထမ အချက်အနေဖြင့် Social Media blockchain ဖြစ်သဖြင့် အပြိုင်အဆိုင်များနိုင်သောကြောင့် steemit Dapp ထွက်လာသည်ရှိစေအုံးတော့ ထို App အား လူအများတွင်ကျယ်စွာ အသုံးပြုနိုင်စေရန် တနည်းအားဖြင့် နာမည်ကြီးလာစေရန် လက်ရှိ steemit platform ပေါ်တွင် ရောက်ရှိနေပြီး ဖြစ်သော Community များအား အားကိုးရမည် ဖြစ်ပါသည်။

ထိုသူများ၏ Facebook, Tweeter များ အသုံးပြုကြေညာစေခြင်းဖြင့် steemit App ၏ ကောင်းကျိုးများ အသုံးဝင်မှုများအား ကြေညာပေးနိုင်မည် ဖြစ်ပါသည်။ သို့သော် ထိုသို့ ပြုလုပ်နိုင်ရန် steemit team အနေဖြင့် steemit App သည် အနာဂါတ်အတွက် မည်မျှ ကောင်းသော App ဖြစ်ကြောင်း plan များနှင့်တကွ ဦးစွာ ချပြထားရမည် ဖြစ်ပါသည်။

သို့ မှသာ Community များကလည်း steemit App ၏ ကောင်းကွက်များအား ထောက်ပြ၍ ကြေညာပေးနိုင်မည် ဖြစ်ပါသည်။ ဆိုလိုသည်မှာ App မထွက်လာမှီကတည်းက နာမည်ကြီး နေရမည်။ လူတိုင်းနီးပါး စိတ်ဝင်တစား စောင့်ကြည့်နေရသော အနေအထားမျိုးတွင် ရှိနေရမည် ဖြစ်ပါသည်။

သို့သော် လက်ရှိအနေဖြင့် ပြောရလျင် steemit ၏ Dapp မှာ မည်သည့် အချိန်တွင် ထွက်လာမည် လည်း မသိရှိနိုင်သလို မည်သို့သော ကောင်းကျိုးရှိသည်ကိုလည်း steemit team မှ လွဲ၍ မည်သူမျှ မသိကြပါ။ သူတို့ အနေဖြင့် ပြောနေကြသည်တော့ Social Media ခေတ်တခေတ်အား ပြောင်းလည်း ပေးနိုင်စွမ်းသော App တခုအဖြစ် ကြိုးစားပုံဖေါ်နေကြကြောင်းသာ ယခုအထိ ရှင်းပြနေဆဲ အဆင့်သာရှိပါသေးသည်။

02.png

ဒုတိယ အချက် အနေဖြင့် SMTs ဖြစ်ပါသည်။ ၂၀၁၉ တွင် steemit blockchain နည်းပညာမှ ထွက်ပေါ်လာကြမည် ဖြစ်သော SMTs များ အတွက် ယခုအချိန်တွင် steemit platform မှာ အောင်မြင်သော platform တနည်းအားဖြင့် Beta Version ပြုတ်သွားပြီ ဖြစ်သော platform ဖြစ်နေရန်လိုအပ်ပါသည်။

Beta Version ဆိုသည်မှာ နည်းပညာများ အနေဖြင့် ပြောရလျင် စမ်းသပ် သုံးစွဲသည့် အဆင့် ပြသများစွာ ဖြေရှင်းရန် ကျန်သေးသည့် အဆင့် တနည်းပြောရလျင် သုံးစွဲသူ သန်းပေါင်းများစွာ တပြိုင်နက် သုံးစွဲရန် အခက်အခဲများ ရှိနေသေးသော အဆင့် ဖြစ်ပါသည်။ ထိုပြသနာ ပေါင်း သောင်းခြောက်ထောင်အား ဖြေရှင်း ပြီးမှ Beta Version ပြုတ်သွားမည် ဖြစ်သလို နိုင်ငံတကာ blockchain စံသတ်မှတ်ချက် ဝင်ပါမှလည်း လူအများ ၊ တနည်းအားဖြင့် ရင်းနှီး မြုပ်နှံကြသူများ ဝင်ရောက်လာကြမည် ဖြစ်ပါသည်။

ယခု အချိန်ထိ ပင်းမ Blockchain ဖြစ်သော steemit မှာ beta version အဆင့်သာရှိသေး၍ steemit blockchain နည်းပညာမှ ဆင့်ပွား ထွက်လာမည် ဖြစ်သော SMTs များ အနေဖြင့်လည်း ပြသနာများ ရှိနေနိုင်အုံးမည် ဖြစ်သဖြင့် ရင်းနှီ မြုပ်နှံမှုများ အလုံး အရင်းနှင့် ဝင်ရောက်လာရန်အခွင့်အရေး အလွန်နည်းပါးလွန်းလှပါသည်။

အခြား တခုမှာ Steem ဈေးနှုန်း ဖြစ်ပါသည်။ လက်ရှိ steemit platform လည်ပါတ်နိုင်ရန် steemit တွင်ရှိသော ၊ ထားသိုထားသော Steem များအား ဈေးသို့ပို့၍ ရရှိသော ဝင်ငွေများဖြင့် လည်ပါတ်နေရမျှကာလပါတ်လုံး Steem ဈေးတက်လာစရာ အကြောင်း မရှိပါ။ လက်ရှိ Exchange များတွင် steem အနေဖြင့် ဝယ်လိုအားထက် ရောင်းလိုအားသာ ပိုမိုများပြားလျက်ရှိပါသည်။

ထို့ကြောင့် steemit အနေဖြင့် လက်ရှိ steemit platform အားလည်ပါတ်ရန် Steem များ ချရောင်းခြင်းထက် အခြားသော ဝင်ငွေရလမ်း များ ရှာဖွေ ကြံဆ ရန်လိုအပ်ကြောင်း ပညာရှင် အတော်များများက ထောက်ပြ ပြောဆို ကြသည်မှာ အတော်ကြာပြီ ဖြစ်ပါသည်။

03.jpg

အထက်ပါ အကြောင်း အရာများမှာ လက်ရှိ steemit platform တွင် ဖြစ်ပျက်နေသော အခြေအနေများအား MSC member များ သိထားသင့်သည် ဖြစ်၍ ဖေါ်ပြပေးရခြင်းသာ ဖြစ်ပါသည်။ စိတ်ပျက် အားလျော့ သွားစေရန် မရည်ရွယ်ပါ။ ကျွန်တော့ အနေဖြင့်လည်း ဤ သို့သော အခြေအနေများတွင်ပင် အဘယ်ကြောင့် App Developers များ နှင့် အခြားသော Project များ steemit platform အား စွန့်ခွာမသွားရခြင်း အကြောင်း အရင်းအား steemit ဂုရုကြီးများအား မေးကြည့်ပါသည်။

သူတို့ ၏ ဖြေကြားချက်များမှာ လက်ရှိအချိန်အထိ steemit အား ယှဉ်ပြိုင်နိုင်သော အခြားသော Social Media blockchain နည်ပညာများ ထွက်ပေါ်မလာကြသေးခြင်းက @ned အား ယခုအခြေအနေအထိ ခေါင်းမာ နေနိုင်စေခြင်း ဖြစ်ပါသည်။ ထို့အပြင် steemit platform ပေါ်တွင် ဖြစ်ပျက်နေကြသော အခြေအနေများကြောင့် စိတ်ပျက် အားလျော့ခြင်းများ ရှိကြသော်လည်း steemit ဂုရုကြီး များ အားလုံး တညီတညွတ်တည်း တသံတည်း ထွက်၍ ဝန်ခံကြသည်မှာ steemit platform သည် အနာဂါတ်အတွက် အလွန်ကောင်းသော အလားအလာရှိသော platform ဖြစ်ကြောင်း ကို ဖြစ်ပါသည်။

ထို့ကြောင့်လည်း ယနေ့ အချိန်အထိ ကုတ်ကပ် တွယ်ကပ်နေဆဲ မျော်လင့်ချက်ထားနေကြဆဲ ဖြစ်ပါသည်။ steemit platform ၏ လက်ရှိအခြေအနေမှာ ဤplatform ကို အသုံးပြုနေကြသူများ ၏ ယုံကြည်မှု ပြန်လည်ရရှိလာစေရန် Management System ပြောင်းလည်း ပြစ်ရန်လိုအပ်နေပါသည်။ မည်သို့ပင် ဆိုစေ နည်းပညာခေတ်ကို ရောက်ရှိနေကြသူများ ဖြစ် သော ကျွန်တော်တို့ အနေဖြင့် နည်းပညာအား မျက်ခြေမပြတ်စေရန် သာလိုအပ်ပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit : Original Source
Author : Henry Aung ( Kachin )
MSC : 001

Sort:  

ကောင်းကောင်းဆိုးဆိုး တည်မြဲနေဖို့ပဲ အမျှော်လင့်ဆုံးပါဗျာ
Thank for sharing

Posted using Partiko Android

Steemit platform က မပျက်သွားလောက်ပါဘူး.... နားလည်သူတွေ အတတ်နိုင်ဆုံး ကြိုးစား ကြပါလိမ့်မယ်.....

နောက်ဆုံး နှစ်ပိုဒ် လောက်ပဲ အားရှိ စရာ ကောင်းနေတယ်ဗျာ။ ကျွန်တော်တို့လည်း ဘယ်အချိန်ထိ တောင့်နိုင်မလဲ မသိတော့ပါဘူးဗျာ။

Posted using Partiko Android

အစ်ကို့ အနေနဲ့ လဲ အဖြစ်မှန်တွေကို သိသင့်တယ်ထင်လို့ မျှဝေပေးတာပါ။ အမှန်တော့ အစ်ကိုတို့ထက် ပိုပြီး စိတ်ပူ နေသူတွေရှိပါသေးတယ်။

ဟုတ်

Posted using Partiko Android

ဆက်လက်ကြိုးစားစောင့်မျှော်နေမှာပါအစ်ကို။ သိသင့်တာလေးတွေ သိထားရအောင် တင်ပေးထားတာ ဗဟုသုတဖြစ်စေတာပေါ့အစ်ကို။

အမြဲတမ်း update လုပ်ပေးနိုင်အောင်ကြိုးစားနေပါတယ်...

နိ နေရာမှာ ခါင်းဆောင်သစ်ပြန်ရွေးဖို့လိုလေမလား

နိ နေရာမှာ ခေါင်းဆောင်သစ် ရွေးဖို့ တော့ ခက်ပါလိမ့်မယ်။ လောလောဆယ် သူက steemit Inc ရဲ့ ပိုင်ရှင်ဆိုတော့.... အရေးကြီးတာက သူ့အနေနဲ့ အခြားသူများရဲ့ အကြံအညာဏ်ကို နားထောင်ပေးဖို့ပါ။

မပျက်ဆီသရွေ့ ဆက်ပြီးရေးမည်
ဆက်ပြီးရေးနေပါအုံးမည်လေ

အကောင်းဆုံးပါ ကိုထွေး..

ned က ဂူအောင်းပြီး သိုင်းကျင့်နေတာ ဖြစ်မယ်

@domelay ပဲ ပိုသိပါလိမ့်မယ်... ကျင့်စဉ် အသစ် တွေ တွေ့ထားလို့ လေလားပဲ...

အသေးစိပ်ရှင်းပြပေးလို့  ကျေးဇူးပါ ကိုဟင်။ မျှော်လင့်ချက်ရှိသ၍ တိုက်ပွဲ ဝင်သွားမှာပါ။

အများကြီး စိတ်ပူစရာတော့မရှိဘူး ကိုမဟော်.... အပြောင်းအလည်း အတွက် သူတို့ တခုခု လုပ်ကို လုပ်ပါလိမ့်မယ်....

steem တွေ ဈေးလေး တက်လာရင်တော့ အားရှိတာပေါ့နော်
အခုလည်း အားတော့ မယုတ်သေးပါဘူး လေ
Going on ပါခင်ဗျာ

ဈေးကွက် အနေအထား အရ Steem တခုတည်း ကျနေတာ မဟုတ်တဲ့ အတွက် ထူးပြီးတော့ စိတ်ပူစရာ မရှိပါဘူး။ မကြာခင် သူတို့ အပြောင်း အလည်း လုပ်ပါလိမ့်မယ်

They will do something to change for future

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 58194.53
ETH 2364.50
USDT 1.00
SBD 2.37