Steemit Platform အား မျှော်ကြည့်ခြင်း ( Henry Aung )

in #myanmar6 years ago (edited)

henry Aung.jpg

မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် steemit Platform အကြောင်း ဆောင်းပါးများ မပြတ်ရေး တင်လျက် ရှိရာ ကျွန်တော့ အစ်မဖြစ်သူမှ မေးခွန်းထုတ်လာပါတော့သည်။ " Steemit Platform အကြောင်းရေးစရာမကုန်သေးဘူးလား " ဟူ၍ ဖြစ်ပါသည်။ ကျွန်တော့ အတွက် တော့ ဤ Platform သည် လေ့လာစရာမကုန် ရေးစရာမကုန်သော ကုန်ကြမ်း တခုဖြစ်နေပါသည်။

အမှန်လည်း ဤ Platform နှင့်ပါတ်သက်၍ လေ့လာစရာ မကုန်နိုင်ပါ။ ဤ Platform ပေါ် တွင် အခြားသူငှာများ ရေးထားသော ဆောင်းပါးများ အထူးသဖြင့် နည်းပညာနှင့်ပါတ်သက်၍ ရေးထားသော ဆောင်းပါးများ ရှာဖွေ ဖတ်ရှုရင်း ဖြင့် ဗဟုသုတများ ရရှိသလို ကျွန်တော့ အတွက်တော့ ရေးစရာကုန်ကြမ်းများ ရှာဖွေလေ တွေ့ရှိလေသာ ဖြစ်ပါသည်။

ဆိုခဲ့သည့်အတိုင်း ဤ Platform နှင့်ပါတ်သက်၍ အခြားသူငှာများ ရေးသားထားသော ဆောင်းပါးများအား ဖတ်ရှုပြီး steemit Platform ၏ အနာဂါတ်အား အနည်းငယ် ပုံဖေါ်ကြည့်မိပါသည်။

ဤဆောင်းပါ တွင် ဖေါ်ပြထားသော အကြောင်းအရာတို့မှာ ကျွန်တော်၏ စိတ်ကူးပုံဖေါ်ထားခြင်းမျှသာဖြစ်၍ ဤကဲ့သို့ တထစ်ကျ ဖြစ်လာလိမ့်မည်ဟု မယူဆစေလိုပါ။ steemit Platform ၏ ရေဘုယ လုပ်ဆောင်မှုမှာ Steem power အား အခြေခံထား၍ Steem Dollar ဟု ခေါ်သော SBD ငွေကြေးအား ရိုက်နှိပ်ထုတ်ဝေကြရန် ဖြစ်ပါသည်။

ဤသို့ လုပ်ဆောင်ကြရာတွင် SBD အား ငွေကြေးတရပ် အနေဖြင့် အများ လက်ခံလာကြစေရန် ဦးစွာ လုပ်ဆောင်ကြရန်လိုအပ်ပါသည်။ ထို့ကြောင့် steemit Platform အား တရားဝင် လွင့်တင်လိုက်သည်နှင့် SBD ငွေကြေး အား လက်ခံသော website များ အများအပြား ထွက်ပေါ်လာပါလိမ့်မည်။ ထို့ကြောင့် steemit Platform အနေဖြင့် SBD အား USD$ 1 ဖြင့် ညီမျှစေရန် လုပ်ဆောင်ထားကြခြင်းဖြစ်ပါသည်။

01.jpg

လက်ရှိအနေအထား ဖြင့် ပြောရလျင်Steemit Platform အကြောင်းသိသူ လူဦးရေ တသန်းခန့်သာရှိသေး၍ SBD အား ငွေကြေးတရပ်အဖြစ် အသုံးပြုရန် ဈေးကွက် အတွင်း၌ လည်ပတ်ရန် လုံလောက်သော SBD များလည်း မရှိသေးပါ။

များမကြာမှီ အချိန်တွင် steemit Platform အားလူသိများလာသည့် အပြင် ဤ Platform မှ ထွက် ပေါ်လာသော SMT နည်းပညာ အသစ်များကြောင့် SBD အား ငွေကြေးတရပ် အဖြစ် အသုံးပြုရန် တနည်းအားဖြင့် BTC ကဲ့သို့ on line market များတွင် အသုံးပြုနိုင်သော အချိန်တချိန်သို့ ရောက်ရှိလာပါလိမ့်မည်။

ထိုအခြေအနေသို့ ရောက်ရှိစေရန်လည်း steemit အဖွဲ့သားများမှ ဝိုင်းဝန်းလုပ်ဆောင်လျက်ရှိပါသည်။ များစွာမဝေးလှသော အနာဂါတ် ( ၂၀၂၀ ခန့်တွင် ) SBD အားကျယ်ကျယ် ပြန့်ပြန့် အသုံးပြု နိုင်ကြလိမ့်မည်ဟု ထင်ပါသည်။ ယနေ့ ကျွန်တော်တို့ လက်ဝယ်သိမ်းထား ကြသော Steem Power များမှာ ထိုအချိန်ရောက်လာလျင် SBD ရိုက်နှိပ်သော စက်များ အဖြစ် ပြောင်းလည်း လာပါလိမ့်မည်။

ဤတွင် ဤကဲ့သို့ steemit အကောင့်များ များပြားလာ၍ SBD များ အများအပြား ထွက်ပေါ်လာလျင် SBD များ ဖေါင်းပွ လာလိမ့်မည်ဟူသော မေးခွန်းထွက်ပေါ်လာပါသည်။ငွကြေးတရပ် ၏ တန်ဖိုးမှာ အရေအတွက် ပေါ်တွင် မူတည်မနေပဲ ထိုငွေကြေး၏ အရာ ရောက်မှု ၊ အများလက်ခံ နိုင်မှု နှင့် ထိုငွေကြေး၏ ခိုင်မာမှုများအပေါ်တွင်သာ မှီခို နေပါသည်။

ဥပမာ ပြရလျင် အမေရိကန် ဒေါ်လာမှာ သန်းပေါင်း ထောင်သောင်းချီ ၍ ရိုက်နှိပ်ပြီး အသုံးပြုနေကြသော်လည်း ပြင်ပ တွင် ဒေါ်လာများ ဖေါင်းပွသွားသည်ဟူ၍ မရှိပါ။ တန်ဖိုးရှိမြဲ ခိုင်မာမြဲဖြစ်ပါသည်။ ကျွန်တော့ အနေဖြင့် ငွေကြေးပညာရပ် ဆိုင်ရာ ကျွမ်းကျင်သူမဟုတ်၍ အများနားလည် အောင် မရှင်းပြတတ်သည်ကို တောင်းပန်ပါသည်။

ကျွန်တော့ ဆိုလိုရင်းမှာ SBD အား USD ကဲ့သို့ ခိုင်မာသော ၊ အများ လက်ခံ နိုင်သော ၊ အရာရောက်သော ငွေ ကြေးတရပ် ဖြစ်ပေါ်လာစေရန် steemit အဖွဲ့သားများက ဝိုင်းဝန်း ပုံဖေါ်နေကြသည်ကို ဆိုလိုရင်းဖြစ်ပါသည်။

02.jpg

ထို့ကြောင့် ဤ အချိန်သည် steemit Platform ၏ နုနယ်သေးသော အချိန်ဖြစ်၍ အမှား များစွာရှိနိုင်ပါသည်။ သို့သော် ကျွန်တော်တို့ ပြင်ဆင်ထားရမည်မှာ ဤ platform အဆင်သင့် ဖြစ်ချိန် SBD ကို လူအများ လက်ခံလာချိန်တွင် ဤ Platform မှ မည်သို့ အကျိုးအမြတ်ထုတ်ယူရမည်ကို ဖြစ်ပါသည်။

ကုန်စုံ ဆိုင်ဖွင့်၍ SBD ဖြင့် ငွေပေးချေ နိုင်ပါသည် လုပ်မလား..? မိမိစုထားသော Steem Power ဖြင့် vote ရောင်းစားမည်လား..? သို့ မဟုတ် ဆောင်းပါးများ ပုံမှန်ရေး ၍ SBD ရယူနေမည်လား ..? သို့ မဟုတ် မိမိ စုထားသော Steem Power အား ငွေတိုး ချေးစားသကဲ့ သို့ delegate လုပ်၍ ပုံ မှန် SBD ယူမည်လား..? စသည်စသည် တို့မှာ မဝေးလှ သော အနာဂါတ်တွင် ကျွန်တော်တို့ အနေဖြင့် ကြုံကြရတော့မည် ဖြစ်ပါသည်။

ထို့ ကြောင့် steemit Account တခုစီ ပိုင်ဆိုင်ထားကြသော MSC members တို့မှာ မိမိ တို့ ရှေ့ရေး မိမိတို့ အနာဂါတ်အား ဤ steemit Platform ဖြင့် မည်သို့ ပုံဖေါ်ရမည်ကို တွေးကြည့်စေချင်ပါသည်။ မိမိတို့ အနာဂါတ်အား မိမိတို့ စိတ်ကြိုက် ပုံဖေါ်ခွင် ရနိုင်သော အချိန်ရောက်လာပါလိမ့်မည်။

ဤအချိန်တွင် " on line platform ( တနည်းအားဖြင့် cryptocurrency ဖြင့် အခြေခံသော ) တခုပေါ်မှ မိမိကိုယ်ပိုင်အလုပ် တခုလုပ်နိုင်ရန် ဟူသည်မှာ စိတ်ကူးယျဉ် ဆန်လွန်းသည်ဟု ထင်ကောင်း ထင်ပါလိမ့်မည်။

03.jpg

အကယ်၍ တစုံတယောက်မှ ကျွန်တော့အား steemit Platform ကဲ့သို့သော on line ငွေရှာ site မှ ကိုယ်ပိုင် အလုပ်လုပ်သကဲ့သို့ ငွေရရှိနိုင်ပါမည်လောဟု မေးလာလျင် .... ဇူကာဘတ် ၏ Facebook သည် on line ပေါ်တွင် အလုပ်လုပ်ခြင်း ဖြစ်ပါသည်။ ဂျက်မာ ၏ အာလီဘာဘာသည် on line ပေါ်မှ အလုပ်လုပ်ခြင်း ဖြစ်ပါသည်။

ဂျက်ဖရီ ပီတာဆန် ၏ Amazon သည်လည်း on line ပေါ်မှ အလုပ်လုပ်ခြင်း ဖြစ်ပါသည်။ စိတ်ကူး ယျဉ်နေသူနှင့် စိတ်ကူးကို အကောင်ထည် ဖေါ်သူ သာ ကွာခြားပါသည်။ ထို့ကြောင့် မိမိ စိတ်ကူးကို အကောင်အထည် ဖေါ်ရန် တန်ဆာပလာ ဖြစ်သော steemit Platform သည် မိမိတို့ လက်ဝယ်သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။

လက်ရှိအချိန်မှ စ၍ ၂၀၂၀ ရောက်လျင် မိမိ ဘယ်အခြေအနေရောက်နေသည် ဆိုသည်မှာ မိမိ၏ စိတ်ကူး အကောင်ထည် ဖေါ် မှုပေါ် မူတည်နေပါလိမ့်မည်။ steemit Platform သည် လူတိုင်း အတွက်ဖြစ်ပါသည်။ အပင်စိုက်စော သူတို့ အသီးစောစော စားရပါလိမ့်မည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit :Original source

Author : Henry Aung ( Kachin )
MSC : 001

Sort:  

ဒီလထဲမှာ SP 100 ထပ်တိုးပါလိမ့်မယ်၊ ဒါဆိုရင် SP 700 ဖြစ်သွားပြီ မှန်းထားတာထက် ပိုမြန်လာတယ်၊ လူဦးရေက(၆) ဘီလီယံကျော်လာပြီဆိုတော့ ဈေးကွက်အတွက်ရင်မောစရာတော့သိပ်မရှိပါဘူး၊ ဘာသာစကားကျွမ်းကျင်အောင်လေ့လာထားကြဖို့ပဲလိုပါတယ်။

အမှန်ပဲ ဆရာ... steemit ထဲကို လူတွေ ပိုရောက်လာဖို့ပဲ ရှိတယ်။ လျော့သွားမယ်တော့မဟုတ်ဘူး။

ကိုဟင်ရေ ဖတ်ရင်းနဲ့ကို အားရှိလာပါပီ၊ နောက်လာမည့် 2020 မှာ ကျွန်တော်တို့တစ်တွေရဲ့ wallet လေးတွေလှပနေပီး ငွေထုတ်စက်အသေးစားလေးတွေဖြစ်လာမယ်ဆို ပျော်ရပါပီဗျာ။ ကျွန်တော်တို့စိုက်ထားတဲ့ sbd မျိုးစေ့လေး အပင်ပေါက်ကာ ရှုင်သန်ကြီးထွားလာမှာ မြင်နေရပီဗျာ။

အမှန်ပဲ ကိုရွှေဘို.... ကျွန်တော်တို့ တယောက်စီရဲ့အိမ်မက်က မဝေးတော့တဲ့ အနာဂါတ်မှာ ငွေထုတ်စက်အသေးစားလေးတွေ ပိုင်ဆိုင်နိုင်ကြဖို့ပဲ။

2020 မှာ B Pyae တို့  power 3000 အနဲဆုံးဖြစ်ရမည် 5tin ကိုကြီးရေ

We love MSC

Power 3000 ပဲလား..? 30000 လောက်တော့လုပ်လိုက်ပါ။

i trying to get more power ! promise bro

2020 မှာ ထိုက်သင့်တာတော့ ရမှာပါ ။ ရည်မှန်းချက်သာခိုင်မာပြီး လက်တွေ့စုသွားမယ် သားရေ ။
အန်တိသားငယ်လေးကို ၂၀၂၀ဆို လက်ဆင့်ကမ်းနိုင်ပြီမို့  အန်တီတော့ အားတက်သရောစုမှာဘဲကွယ် ။
သားလဲ MSC နဲ့အတူအောင်မြင်မှုတွေရပါစေ ။

လောဘကြီးနက်လေ မာမီ ဟီးး

Steem and SBD $ တို့ဖြင့် ကုန်ပစ္စည်းများ ရောင်းဝယ်နိုင်သော
အခြေအနေတစ်ခုကို မြန်မာနိုင်ငံတွင် တွေ့မြင်ချင်လှပါပြီ။
SMT project သည် မည်သို့ ထူးခြားလာမည်ကို မသိရသေး
သော်လည်း လောလောဆယ်တွင် super8ball ကစား၍လည်း
SBD $ ရယူနိုင်နေပါပြီ။ Steem and SBD $ ကို ကိုင်တွယ်၍
ရသော ငွေကြေးဖြင့် အရောင်းအဝယ်လုပ်နိုင်သော Steempay လည်း ပေါ်နေသည်ကို သိရပါသည်။ Steem အနေဖြင့်
Exchange site များစွာတွင် trade လုပ်၍ ရသောအခါ
ပိုမိုခိုင်မာလာမည်၊ Steemit user များ အနေဖြင့်လည်း
ဂုဏ်သရေ ရှိစွာကြိုးစားရပ်တည်နေသူများ များပြားလာပါက
လည်း ပိုမိုခိုင်မာ တန်ဖိုးရှိလာမည် ဟု ယုံကြည်ရင်း လောလော
ဆယ် မိမိလုပ်တတ်၊ လုပ်နိုင်သည်ကို လုပ်၍ မျှော်လင့်နေပါမည်။

အကောင်းဆုံးက steemit Platform နဲ့ အဆက်မပြတ်သွားဖို့ရယ် SP ပုံမှန် စုနေဖို့ရယ်ပါ။ အချိန်တခုရောက်ရင် စကားပြောလာပါလိမ့်မယ်။

အရင်တစ်ချိန်တုန်းကတော့ steemit မှာ ရေးစရာတွေများ ကုန်သွားမလားလို့ တွေးပူခဲ့ဖူးတယ် 😁😁

ရေးရင်း ရေးရင်းနဲ့ တဖြေးဖြေး ကိုယ့်ကိုယ်ကိုယ် အံ့သြလာလိမ့်မယ်။ ငါ ဒီလောက်စာတွေ အများကြီး ရေးနိုင်မယ်လို့ ထင်မထားဘူး ဆိုပြီး။

မျှော်လင့်ချက်နဲ့ အသက်ရှင်နေရတာကိုက ဘဝ ပါ
steemit ဆိုတဲ့အဲ့ဒီ မျှော်လက့်ချက် မှာ အတွေးအမြင်တွေ ဗဟုသုတတွေ
မိတ်ဆွေကောင်းတွေ နဲ့ တွေ့ဆုံစေတာကိုက နေထိုင်မှု့ ဘဝ အတွက် ခွန်အားတွေ တ်ုးလာစေပါတယ်

Steemit မှာ တခုကောင်းတာက စာ ရေး စာဖတ် ဝါသနာပါသူတွေကို စုပေးသလို ဖြစ်နေတာပါ။ အရင်က စာမရေးသူတွေကပါ အခု နောက်ပိုင်း ကြိုးစားပြီး ရေးနေကြတာတွေ့တော့ ဝမ်းသာမိတယ်။

၂၀၂၀မရောက်ခင် ကိုယ့်ဘက်က အကောင်းပြင်ဆင်ထားမှသာ နောင်တစ်ချိန်အသီးအပွင့်တွေကို ခံစားရမှာပါ ကိုဟင်ပြေသလိုလဲဖြစ်ပါစေဗျာ

ကျွန်တော်လည်း အကောင်းဆုံးကို မျှော်လင့်ထားပါတယ်။ steemit Platform ကနေအခွင့်အလမ်း တခုခု တော့ ရမှာပါ။

အမျိုးတွေရဲ့ SP ကို လိုက်မှီဖို့ ပြန်ကြိုးပမ်း ရတော့မယ် အစ်ကို

ရွှေရောင်လင်းရဲ့ ဘာသာပြန် ဆောင်းပါးတွေ မဖတ်ရတာကြာပြီ။ အရမ်းနောက်မကျခင် ပြန်လာခဲ့ပါ။

ကျွန်တော်ကတော့ အကိုဟင်ရေ စာပဲပုံမှန်ရေးပြီး
ရသလောက် စုဆောင်းထားမယ်ဗျာ

အကောင်းဆုံးပါ.... အောင်မြင်ပါစေ..

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62227.11
ETH 2400.78
USDT 1.00
SBD 2.50