Steem Engine နှင့် SMTs Wallet ( Henry Aung )

in #myanmar5 years ago

henry Aung.jpg

မင်္ဂလာပါ။ ကျွန်တော့အနေဖြင့် Steem Engine အကြောင်း ဆောင်းပါးရေးရန် စိတ်ကူးထားသည်မှာ အတော်ကြာပြီ ဖြစ်ပါသည်။ Steem Engine အကြောင်း အစကောက်ရလျင် steemit ၏ SMTs များမှ စရမည်ဟု ထင်ပါသည်။ steemit platform ၏ မျှော်လင့်ချက် ဖြစ်သော SMTs နည်းပညာ နောက်ကျ နေရခြင်း ကြောင့် အစားထိုးအနေဖြင့် Steem Engine ပေါ်လာခဲ့ရခြင်း ဖြစ်ပါသည်။

Steem Engine အကြောင်း မပြောမှီ SMTs များ အကြောင်း အလျင်လေ့လာကြပါစို့။ SMTs ဆိုသည်မှာ Steemit Blockchain အပေါ်တွင် အခြေခံထားသော အခြားသော Social media project များ ဖြစ်၍ ကိုယ်ပိုင် token များ ထုတ်ကာ ထို token များအား Steem Wallet တွင် တိုက်ရိုက် ဝယ်ရောင်း နိုင်သော နည်းပညာ ဖြစ်ပါသည်။

အလွယ်ကူဆုံးပြောရလျင် ယနေ့ ကျွန်တော်တို့ SBD နှင့် Steem trade လုပ်နိုင်သော Steem wallet တွင် SMTs များ ထွက်လာသောအခါ ထို token များအတွက် wallet များ တွဲပါလာမည်ဖြစ်၍ မိမိ ပိုင်ဆိုင်သော Smart Media Token များအား steem wallet တွင် တွေ့မြင်ရမည် ဖြစ်သလို မိမိ Post တင်လိုက်သော အခါတွင်လည်း Steem voting ပေးသကဲ့သို့ ဆိုင်ရာဆိုင်ရာ SMT post များ အတွက် voting ပေးနိုင်ရမည် ဖြစ်ပါသည်။ ဥပမာ ပြရလျင် Steem Hunt post များအား voting ပေးရန် Steem Hunt website သို့ ဝင်ရောက်ရန် မလိုပဲ မိမိ၏ steemit blog ရှိ Steem Hunt power ကို အသုံးပြု၍ vote ပေးနိုင်မည် ဖြစ်ပါသည်။

231.png

ယခု အချိန်တွင် steem hunt post များအား voting ပေးလိုလျင် သူ၏ website သို့ Steemconnect အသုံးပြု၍ ဝင်ရောက်နေရခြင်းမှာ မိမိ Steem wallet နှင့် Steem Hunt wallet တွဲမထားသော ကြောင့် ဖြစ်ပါသည်။ Steemit အနေဖြင့် Blog နှင့် wallet ခွဲထုတ်လိုက်ခြင်းမှာ ထို SMTs များ အတွက် နေရာပေးလိုသောကြောင့် ဖြစ်ပါသည်။

အခြား တခုမှာ မိမိတို့ ပိုင်ဆိုင်သော Steem နှင့် SBD တို့မှာ ပြင်ပ Exchange များ သို့ ပို့နိုင်သော နည်းပညာ တွဲထားသဖြင့် မိမိတို့ ၏ Smart Media Token များအား Steem wallet မှ ပြင်ပ Exchange သို့လည်း တိုက်ရိုက်လွဲပြောင်း နိုင်မည် ဖြစ်ပါသည်။ Steem Engine ကို ကြည့်ကြပါအုံးစို့။ Steem Engine သည် အပြည့်အဝထိန်းချုပ်ထားသော Token များ ဖြန့်ဖြူးနိုင်သည့် Internal Exchange Site တခုသာ ဖြစ်ပါသည်။ Steem Engine မှ ထုတ်သော token များအား SMT များဟု မခေါ်ပါ။

သီးခြား token များသာ ဖြစ်ပါသည်။ ထို့ အပြင် Steem Engine တွင်လည်း token ထုတ်လုပ်ရန် ဖြန့်ဖြူးပေးရန် ဆောင်ရွက် နေသော်လည်း ပြင်ပ Exchange Site များ တနည်းအား ဖြင့် BTC , ETH တို့ ဖြင့် trade ရန် နည်းပညာ ပါမလာသည့် အတွက် Steem Engine မှ ထုတ်သော token တို့သည် Steem Engine market တွင်သာ Steem နှင့် trade လုပ်ရမည် ဖြစ်ပါသည်။

ယခု လက်ရှိ Steem Engine မှ ထုတ်သော token တို့သည် ပြင်ပရှိ investor များအား ဆွဲဆောင်နိုင်ခြင်း မရှိပါ။ အဘယ်ကြောင့်ဆိုသော် အထက်တွင် ဖေါ်ပြခဲ့သည့် အတိုင်း ထို token များအား ပြင်ပ တွင် trade မလုပ်နိုင်၍ ဖြစ်ပါသည်။

220.png

Eppics , Steem Hunt ကဲ့သို့သော SMTs များက မိမိတို့ token အား ပြင်ပတွင် ဈေးကွက် ဖေါက်နိုင်သော တနည်းအားဖြင့် ပြင်ပရှိ investor များအား ဆွဲဆောင် နိုင်စွမ်းရှိသောကြောင့် Steem Engine သို့ ဝင်မလာကြခြင်း ဖြစ်ပါသည်။ လက်ရှိ Steem Engine တွင်လည်ပတ်နေသော Steem များမှာ steemit platform တွင်ရောက်ရှိနေပြီးသော သူများ၏ Steem ဖြင့်သာ လည်ပါတ်နေကြခြင်း ဖြစ်၍ ဤ token များ ရယူနေကြသူများကလည်း steemit platform အသုံးပြုသူ အသိုင်း အဝိုင်းမှ လူများသာ ဖြစ်ပါသည်။

ထို့ အတူ steemit ၏ SMTs များ ထွက်လာသောအခါ ထို Steem Engine ရှိ token များအား မိမိ Steem wallet သို့ SMTs များ အဖြစ် လွဲပြောင်းယူနိုင်သည်ဟု အာမခံထားခြင်း မရှိပါ။ Steem Engine token များသည် သီးသန့်ဖြစ်၍ SMTs များက Smart Media token အဖြစ် Steem wallet သို့ ရောက်ရှိလာပါလိမ့်မည်။ ဤ အကြောင်း ကြောင့် ကျွန်တော့ အနေဖြင့် Steem Engine ရှိ token များအား ဝယ်ယူရင်းနှီးမြုပ်နှံရန် စိတ်မဝင်စားရခြင်း ဖြစ်ပါသည်။

အကယ်၍ ကျွန်တော်တို့ ရယူနေကြသော PAL token များအား SMT wallet သို့ ပြောင်းယူ နိုင်သည် ဆိုအုံးတော့ PAL token များအား Steem Wallet တွင် အခြား token ဖြင့် trade လုပ်နိုင်သောကြောင့် Steem Engine market မှာ အပိုသက်သက်သာ ဖြစ်၍ အဓိပ္ပါယ် မရှိတော့ပါ။

ထို့ကြောင့် Steem Engine ရှိ token တို့မှာ သီးသန့် token များသာဖြစ်၍ Steem Engine တွင်သာ ရှိနေပါလိမ့်မည်။ သို့သော် နည်းပညာ ဟူသည်မှာ အမြဲတမ်း ပြောင်းလည်း တိုးတက်နေသည် ဖြစ်၍ steemit ၏ SMTs wallet များ ထွက်လာသော အခါ တနှီးတဖုံ ပြောင်းလည်းကောင်း ပြောင်းလည်းလာပါလိမ့်မည်။

325.png

ယမန်နေ့ညက steemit blog ၏ ကြေညာချက်အရ HF21 အား August 27 ရက်နေ့တွင် လွင့်တင်ရန် သတ်မှတ်ထားပြီး SMTs များအား လွင်တင်ရန် September 20 ရက်နေ့တွင် သတ်မှတ်ထားပါသည်။ မည်သို့ပင် ဆိုစေ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် Steemit platform ၏ အပြောင်းအလည်း ပုံစံသစ်ကို မြင်တွေ့ရတော့မည် ဖြစ်ပါသည်။

ထို့အတူ July 31 ရက်နေ့ , ယနေ့ညတွင် Steem Hunt ၏ review hunt platform အား လွင့်တင်မည် ဖြစ်သည့် အပြင် ယခု လွင့်တင်မည့် Review Hunt မှာ product ထုတ်လုပ်သော ကုမ္ပဏီများအား ရည်ရွယ်ထား သဖြင့် လက်ရှိ ကုမ္ပဏီ ပေါင်း ၁၁၇ ခုက လစဉ် Steem Hunt token တန်ဖိုး USD 727,036$ အသုံးပြုရန် ရည်ရွယ်ထားကြပြီ ဖြစ်ပါသည်။ ထို့ အတူ Appics ကလည်း SMTs လွင့်သည်နှင့် တခါတည်း ဝင်ရောက်နိုင်ရန် ပြင်ပ တွင် ကြေညာအား ကောင်းကောင်း ဖြင့် ပြင်ဆင်နေပြီ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png
Author : Henry Aung ( Kachin )
MSC : 001

Sort:  

အိမ်း.. အလုပ်တွေတော့ ရှုတ်ရချည်သေးရဲ့...
Steem-engine နဲ့တောင် လက်ညောင်း မျက်စိနာချင်နေပြီ။ SMTs ထွက်လာရင်တော့ အိပ်ရေးပါ ပျက်တော့မည်။ မလွယ်ပါလား Steem အိပ်မက် ရူးချက်ပါကွယ်😁😁😁

Posted using Partiko Android

ဟုတ်တယ် steem engine က internal သီးသန့်ဖြစ်နေတယ်နော်။ကောင်းမွန်သော အပြောင်းအလဲများအား မျှော်လင့်ရင်း ကြိုးစားနေပါ့မယ်အစ်ကို။အစ်ကိုရေးပြထားတဲ့ အခြေအနေလေးတွေဟာ ကျွန်တော်တို့အတွက် နားလည်လွယ်ပြီး အသိတိုးစေပါတယ်ခင်ဗျာ။

ကြာလာရင်ရူးရတော့မှာဘဲ ခ်ခ်

သတင်းကောင်းပိုစ့်ကို အခုမှ ဖတ်လိုက်ရတယ်
နောက်ကျပြီးမှဖတ်ရလဲ ဝမ်းသာတယ်ဗျာ ဒီလိုမင်္ဂလာရှိတဲ့ပိုစ့်လေးကိုဖတ်ရတာ အားရတယ်
အားတက်တယ် ကျေးဇူးပါ ခေါင်ဆောင်ကြီး။

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 61651.16
ETH 2369.36
USDT 1.00
SBD 2.50