Steem အပင်စိုက် Steem အသီးဘယ်တော့စားရမယ် ( Henry Aung )

in #myanmar5 years ago

henry Aung.jpg

မင်္ဂလာပါ။ နှစ်စဉ်နှစ်တိုင်း August လ ရောက်သည်နှင့် Chemical plant project များ ရောက်လာလေ့ရှိရာ ယခု နှစ်တွင်လည်း Exxon Mobile ဟု ခေါ်သော ရေနံ ဓာတု စက်ရုံသို့ ဝင်ရောက်နေရသဖြင့် steemit ဖြင့်ကာလအတန်ကြာဝေးကွာနေခဲ့ပါသည်။ chemical plant ဖြစ်သဖြင့် လက်ကိုင်ဖုန်းများ ယူဆောင်ခွင့်မပြုပါ။

သို့သော် နေ့လည်ထမင်းစားချိန်နှင့် အားလပ်ချိန်များ တွင်တော့ steemit သို့ အရောက်ပြန်လာလေ့ရှိပါသည်။ Steem , Steemit ကျွန်တော်တို့ မျှော်လင့်နေသော အရာ။ လာမည် August 27 ရက်နေ့တွင် HF21 အား အဆင့်မြှင်တင်ကြတော့မည်။ ထိပ်ဆုံး ရှိ witness ၁၈ ယောက်က အတည်ပြုလိုက်ကြပြီ။ HF21 အဆင့်မြှင်တင်ပြီးနောက် မည်သို့ ပိုထူးခြားလာမည်နည်း။ မည်သူမျှ အတပ်မပြောနိုင်သေးပါ။

ကျွန်တော့ အတွက်တော့ HF21 ထက် September တွင် လွင့်တင်မည်ဟု ကတိပေးထားသော SMTs များအား ပိုစိတ်ဝင်စားပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော့ အနေဖြင့် Steemit အား တခုတည်းသော Social Media Blockchain အနေဖြင့် SMTs များတွင် အောင်မြင်လိမ့်မည်ဟု ယုံကြည်နေသောကြောင့် ဖြစ်ပါသည်။ SMTs တခု ဖြစ်လာမည် ဖြစ်သော Dtube ကလည်း DTC ဟူသော token များ ထုတ်ထားပြီး ဖြစ်ရာ လာမည့် September လတွင် ပထမ အကြိမ် IEO အဖြစ် ရောင်းချတော့မည် ဖြစ်ပါသည်။

Dtube အနေဖြင့် လက်ရှိအချိန်တွင် သီးသန့်ရပ်တည်နေသော်လည်း Dtube တွင်တင်ထားသော Video file များမှာ အများအားဖြင့် YouTube မှ ဖြစ်ပါသည်။ ကျွန်တော် တယောက်တည်း အမြင်ဖြင့်ပြောရလျင် Dtube အတွင်းရှိ Video များထက် Appics အတွင်းရှိ video များက ပို၍ သန့်သည်ဟု ထင်မြင်မိပါသည်။

01.png
Original Source

SMT ၏ အခြား တဘက်ဖြစ်သော Steem Engine တွင်လည်း token များက အမျိုးမျိုး ထွက်ပေါ်လာနေကြပါသည်။ အချို့ကလည်း သော့ခတ်ထား၍ ရသလို အချို့ကလည်း သော့မပါကြပါ။ သော့ပါခြင်း မပါခြင်းနှင့် ပါတ်သက်၍ အပျော်တမ်း ထုတ်သည်နှင့် သော့ခတ်ထားလျင် အကျိုးရှိသည်ဟု ထင်မိပါသည်။ ဟုတ်မဟုတ်တော့မသိ။ သော့ခတ်ထားသဖြင့် PAL နှင့် INT တို့ ပုံမှန်ဝင်ရောက်လာသည်တော့ တွေ့နေရပါသည်။ SMTs များနှင့်ပါတ်သက်၍ ကျွန်တော် စိတ်ဝင်စားသော အခြားတခုမှာ RC ( Resources Credit ) ဖြစ်ပါသည်။

အားလုံးသိကြသည့် အတိုင်း HF20 နောက်တွင် ပါဝင်လာသော ဤ RC ဟူသော အရာအား တိတိကျကျ အသုံးချရာနေရာ မရှိသေးပါ။ ကျွန်တော်သိရသလောက် SMTs များအတွက်ရည်ရွယ်သည်ဟု ဖတ်ရဘူးပါသည်။ ယခင်က project တခု ထွက်လာလျင် SP များ delegates လုပ်ပေးလျင် တလလျင် Steem မည်မျှ မည်ရွေ့ ရမည် သို့မဟုတ် ထုတ်လုပ်သော token မည်မျှ airdrop ရမည်ဟူ၍ SP delegates လုပ်ရန် တောင်းခံကြပါသည်။

ယခု ထွက်လာမည် ဖြစ်သော SMTs များအတွက်တော့ RC delegate လုပ်ရန် တောင်းခံကြပါလိမ့်မည်။ မိမိ RC delegates အပေါ်မူတည်၍ အကျိုးကျေးဇူး ခံစားကြရပါလိမ့်မည်။ ဤသို့ ဖြစ်လာလျင် အလွန် ကောင်းသည်ဟု ဆိုချင်ပါသည်။ အဘယ့် ကြောင့်ဆိုသော် မိမိတို့ SP အား မထိခိုက်သရွေ့ မိမိတို့ Vote အား အသုံးချ နိုင်ကြမည် ဖြစ်ပါသည်။

02.png
Original Source

မိမိ၏ RC အနည်း အများကလည်း မိမိတွင် SP မည်မျှ ပိုင်ဆိုင်ထားသည် ဆိုသည့် အပေါ် အချိုးကျ သည် ဖြစ်၍ ကျွန်တော်၏ ယခင် ဆောင်းပါးပေါင်း များစွာတွင် ဖေါ်ပြပေးခဲ့ပြီး ဖြစ်သည့် အလျောက် Steemit ၏ အသက်သည် Steem Power သာ ဖြစ်ပါသည်။ အပြောင်းအလည်း တော့ မကြာခင် ရောက်လာပါလိမ့်မည်။ အအကျိုးအမြတ် မည်မျှရမည်ကတော့ မိမိ အပေါ်တွင် မူတည်ပါသည်။ မိမိတွင် RC မည်မျှ ရှိကြောင်း သိလိုလျင် Steemnow.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png
Author : Henry Aung ( Kachin )
MSC : 001

Sort:  

အခုလို အကောင်းဘက် ဦးတည်မယ့် ပြောင်းလဲခြင်း တွေ ပြောင်းလဲမယ် ဆိုတာ လေး သိလိုက်ရတော့ မောနေတဲ့ အမောလေး ပြေသွားရပါတယ်ဗျ။ ဆက်လျှောက်ဖို့လည်း အားရှိသွားတာပေါ့ bro ရာ။ Thz u so much! 😊

အစ်ကိုလည်း HF21 ကို အကောင်းဘက်က မျှော်လင့်ထားပါတယ်။ SMT ကိုလည်း အောင်မြင်လိမ့်မယ်လို့ မျှော်လင့်နေဆဲပါ။ Project အားလုံးမဟုတ်တောင် တချို့ တလေတော့ ဖေါက်ထွက်လာကြပါလိမ့်မယ်။

ယုံကြည်စွာ လျှောက်လှမ်းလို့ ရောက်သွားမလား
ရူးသွပ်စွာ ရမ်းပြေးလို့ ရောက်သွားမလား
သိဘူး သိဘူး မရပ်တန့်ဘဲ ဆက်သွားနေမိတာတော့ အမှန်ပဲ။
အကောင်းဆုံးတော့ မျှော်လင့်နေလျက်ပါဗျာ

Posted using Partiko Android

အဓိက ကိုယ်ယုံကြည်ရာကို လက်မလျှော့ဖို့ပဲ အရေးကြီးတယ် ကိုဟိန်းရေ...

SMT တွေရောက်လာမှဘဲ ဈေးလှုတ်လာမလား မျော်ရမှာဘဲ

ဈေးကတော့ အများကြီး တက်လာမယ်လို့မထင်ဘူး။ တကယ်လို့ SMT ထဲက project တခုခု အောင်မြင်သွားရင်တောင် SMT token တွေကိုပဲ ဦးစားပေးကြပါလိမ့်မယ်။ တနည်းပြောမယ်ဆိုရင် SMT အောင်မြင်တာ steemit ရဲ့ အောင်မြင်မှု လို့လည်း ပြောလို့ရတာပေါ့။

အပင်တော့ စိုက်ထားပြီးပြီပဲ အသီးသီးမည့်အချိန် တဖြည်းဖြည်းချင်း
စောင့်ရတာပ တစ်နေ့တော့ သီးလာမှာပဲလေ အသီးမသီးတောင် အပွင့်တွေတော့ ပွင့်လာမှာပါ စောင့်ရကျိုးနပ်မှာပါ။

တကယ်ဆိုရင် အခုထက်ထိ အရှုံးမရှိသေးပါဘူး။ အကြီးကြီး မအောင်မြင်သေးတာပါ။

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62025.78
ETH 2417.09
USDT 1.00
SBD 2.49