You are viewing a single comment's thread from:

RE: ကိုဟင် post ကို ment ခြင်း

in #myanmar5 years ago

မိုက်သဟ.... ကော်မန့်နဲ့လည်း post တခု ရသဟ။

မှန်တယ် ကိုရှိန်းသူ... လက်ရှိ blockchain တွေရဲ့ Project တွေကို ကြည့်လိုက်ရင် အဓိကအား ဖြင့် ဝင်ငွေ တခု အနေဖြင့် သို့ မဟုတ် ငွေကြေး တခု အနေဖြင့် သာ အသက်သွင်း နေတဲ့ Project တွေသာ များနေတာ.... မက်လုံး တွေ အိမ်မက်တွေ နဲ့... Project တွေဟာ ဘယ်လောက်ကောင်း ကြောင်း ဘယ်လို ကြီးကျယ်နိုင် ကြောင်း စသည်ဖြင့် ပေါ့။

လက်ရှိ အသုံးပြုသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆီး ပေးနေတဲ့ blockchain မရှိသလောက်ပဲ။ လူတွေ အသုံးပြုသူတွေ မိမိဆီ ကို ရောက်လာဖို့ပဲ ဂရုစိုက်အာရုံထား နေကြတာ။ ဒါကြောင့် blockchain လောကသားတွေကလည်း killer app တခုကို စောင့်နေကြတာ ။ Developers တွေလည်း ကြိတ်လုပ်နေကြလောက်တယ်။ အခုလက်ရှိ မှာ Blockchain & bitcoin ဆိုတာက လူတွေ စိတ်ဝင်စားမှုတဖြည်းဖြည်း နည်းလာပြီ။

ဆိုလို တာ Killer App အနေနဲ့ လူတွေ မသုံးရမနေနိုင် မဖြစ်မနေသုံးနေရတာမျိုးပေါ့ ။ ဒါမှလည်း blockchain ကို လူပိုသိလာမယ် တခြား Blockchain တွေကိုလည်း သဘောပေါက်လာမယ်။ အဲဒီ Killer App က Social Media ကနေလည်း ဖြစ်နိုင်သလို Websit အနေနဲ့ လည်း ဖြစ်နိုင်တယ်။ အဓိက အရေးကြီးတာ လူတွေ Blockchain ကို အုံနဲ့ကျင်းနဲ့ ရောက်လာနိုင်တဲ့ App ပေါ့။

အခု ဥပမာ ပြရရင် Website အနေနဲ့ Google .... သူ့ကို အမှီပြုပြီး မရေတွက်နိုင်တဲ့ အခြား website တွေ ထွက်လာတယ်။ ဒီနေ့ Google ဟာ မရှိမဖြစ်။ ဖုန်း Application အနေနဲ့ ပြောရရင်..... IOS platform နဲ့ Android Platform..... အဲဒီ နည်းပညာတွေကနေ ထွက်လာလိုက်တဲ့ App တွေ..... အခု Steemit က လုပ်နေတာ Blockchain နည်းပညာ ကို အခြေခံထားတဲ့ Smart Media Token နည်းပညာ..... တနည်းအား ဖြင့် platform ပေါ့။

အဲဒီအပေါ်မှာ Blockchain Developers တွေက ဘယ်လို ညဏ် ၊ စိတ်ကူးစိတ်သန်း ၊ တီထွင်မှု တွေနဲ့ Tokenism Community ဖြစ်အောင် လုပ်ဆောင်ကြမလဲ။ စိတ်ဝင်စားစရာပေါ့။ ကျွန်တော့ ဆောင်းပါးမှာ ရေးထားသလို Power စု Voting ပေး ဆိုလျင်တော့ မဖြစ်နိုင်လောက်သေးဘူး။

ဒါပေမယ့် IOS နဲ့ Android အပေါ်မှာ အခြေခံကြတဲ့ App တိုင်းလည်း မအောင်မြင်ကြပါဘူး။ တချို့တလေပဲ ပေါက်ထွက်သွားကြတာပါ။ ဒီလိုပဲပေါ့.... Steemit platform က ထွက်လာမဲ့ SMT တိုင်းလည်း အောင်မြင်မှာမဟုတ်ပါဘူး။ တချို့ ပေါက်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ လိုနေတာ တော်ရုံ အောင်မြင်မှုမျိုး မဟုတ်ဘူး။

Killer App... တနည်းအား ဖြင့် ပြည်တန်ကျောက်ပေါ့။ ရတနာမြေ အားလုံးမှာ အဖိုးတန်ကျောက် ထွက်ကြတာကြီးပဲ။ ဒါပေမယ့် ပြည်တန်ကျောက်ကတော့ ရတနာမြေတိုင်းမှာ မရှိဘူး။ SMT ကနေပြည်တန်ကျောက် ထွက်စေချင်နေတာ။

Sort:  

ပြည်တန်ကျောက် ထက်ပိုပီးတန်ဖိုးမဖြတ်နိုင်တဲ့ ကျောက်ကောင်းတစ်လုံး ဖြစ်လာပါစေ ဆုတောင်းမိပါ့ ကိုဟင်ရေ...killer app တွေ အများကြီးလည်းထွက်လာပီး တရုတ်ကြီးရဲ့ cryptocurrency တစ်ခုအဖြစ် အဓိကထိုးဖောက်ဝင်ရောက်ီုင်ရင်မဆိုးဘူး..
အဲ့ဒီနိုင်ငံအတွက်..ပို၍သင့်တော်တဲ့ ဟာမျိုး developer တွေက target ထား killer app တစ်ခုကို အရင်ထိုးဖောက်သင့်တယ်..၃

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 61497.04
ETH 2478.29
USDT 1.00
SBD 2.66