Poloniex Exchange အောက်မေ့ဖွယ် ( Henry Aung )
မင်္ဂလာပါ။ ယခုတလော Poloniex Exchange Site မှ Steem နှင့် SBD တို့အား ဖယ်ထုတ်လိုက်သည်မှာ အားလုံး အသိဖြစ်ပါသည်။ ကျွန်တော် cryptocurrency လောကသို့ စတင်ဝင်ရောက်ကာစတွင် Poloniex မှာ အတော်လေး အင်အားကြီးပါသည်။ အတော်လေး စျေးကစားလို့ ကောင်းသော နေရာဖြစ်ခဲ့ပါသည်။
ထိုအချိန်က Ethereum မှာ 4$ ဝန်းကျင်ခန့်သာရှိခဲ့ပါသည်။ ကျွန်တော် နေ့မအိပ် ည မအိပ် စျေးကွက် များအား ထိုင်ကြည့်ကာ coin များအား စိတ်အား ထက်သန်စွာ ဝယ်ရောင်းကစားခဲ့သော Exchange site ဖြစ်ပါသည်။ ယခင်ကတော့ coin , token များအား ဝယ်ရောင်း စာရင်းဇယားဖြင့် သေချာစွာ ကစားခဲ့၍ ယခု ပြန်တွေးကြည့်လိုက်တိုင်း လွမ်းမောစရာ ။
Steemit တွင် MSC အား အချိန်ပေးနေခဲ့ရသည်ကတကြောင်း Bittrex Exchange site က ပို၍ လွယ်ကူစွာ စျေးကစားနိုင်သည်က တကြောင်း Poloniex အား စွန့်ခွာသွားခဲ့ပါသည်။ အမှန်ဆိုရလျင် Ethereum ခေတ်ကောင်းစဉ်က Poloniex မှာ အတော်လေး ရေပန်းစားပါသည်။ Bittrex တွင် BCH နှင့် ခေတ်ကောင်းမှီခဲ့ပါသည်။
Bittrex မှာ အတော်လေး တည်ငြိမ်သော Exchange site အဖြစ်ယခုတိုင် တခါတရံဝင်ရောက်ကစားနေပါသေးသည်။ ထို အချိန်က cryptocurrency မှာ စင်္ကပူ ဒေါ်လာသို့ ထုတ်ယူနိုင်သော site မှာ Itbit ဟူသော Exchange site တခုတည်းသာ ရှိခဲ့ပါသည်။ ထို့နောက် ထို Exchange site အနေဖြင့် စင်္ကပူ ငွေကြေးဥပဒေဖြင့် ညှိစွန်မည် စိုးသောကြောင့် စင်္ကပူ ဒေါ်လာအား ဖြုတ်လိုက်ပါသည်။
ထို့နောက် တော့ စင်္ကပူ ဒေါ်လာဖြင့် cryptocurrency ဝယ်ရောင်း ပြုလုပ်နိုင်သော coinbase နှင့် Coinhako တို့ ထွက်ပေါ်လာပါတော့သည်။ Coinhako Exchange Site သည်လည်း အတော်လေး တည်ငြိမ် Exchange site ဖြစ်၍ ယခုတိုင် အတော်များများ အသုံးပြုနေကြပါသည်။ ထို့နောက်တော့ Binance ပေါ်လာသော အခါ ကျွန်တော့ အနေဖြင့် Binance တွင်သာ ဝယ်ရောင်း ကစား ဖြစ်ပါတော့သည်။
ကျွန်တော်သဘောကျသော အခြား Exchange site တခုမှာ Bitfinex ဖြစ်၍ ထို Exchange site တွင် EOS ဖြင့် အမြတ်အစွန် အတော်များ များ ရရှိခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် EOS အား ICO အချိန်တွင် ပြား ၅၀ ဖြင့် အများအပြား ဝယ်ယူနိုင်သော နေရာမှာ Bitfinex Exchange site ဖြစ်ပါသည်။
ကျွန်တော်သိသလောက် ကိုရီယား လူမျိုးအများအပြား EOS ဖြင့် သူဌေးဖြစ်သွားကြပါသည်။ ထိုအချိန်တုန်းက ကျွန်တော်သိသော cryptocurrency များအား အများအားဖြင့် သက်ကိုဇော် တယောက်တည်းကိုသာ အသိပေးခဲ့သလို တခါတရံမှသာ group chat ထဲတွင် ချပြခဲ့ပါသည်။ EOS ဖြင့် သက်ကိုဇော်မည်မျှရသွားသည်တော့ မသိပါ။ Bittrex တွင် BCH စျေးကွက်ဖွင့်သော အချိန်တွင် လည်း သူ့အားသာ ပထမဆုံး အသိပေးဖြစ်ခဲ့ပါသည်။
ယခုတော့ သက်ကိုဇော်လည်း ပျောက်ချက်သားကောင်းနေပါတော့သည်။ သူပြောပြချက်အရ scam ဖြစ်သွားသော Bitconnect နှင့် DGTX များတွင် အမြတ်ရခဲ့ကြောင်း သိရပါသည်။ မြန်မာနိုင်ငံ တွင်လည်း ထိုအချိန်က cryptocurrency ကစားကြသော အဖွဲ့အစည်းများ ရှိကြောင်းသိရပါသည်။ ယခုအထိ ရှိသေးလားတော့မသိပါ။
ကျွန်တော့ အနေဖြင့်တော့ cryptocurrency ဝယ်ရောင်းပြုလုပ်ရာတွင် ကိုယ်တိုင်လေ့လာ ၊ စိတ်ကြိုက် လေ့လာ ၊ မိမိသဘောကျ မှ ဝယ်ယူ စျေးကစားပါသည်။ DGTX, ETN , Hydro စသည်ဖြင့် မိမိကစားခဲ့သော coin များအား မမှတ်မိတော့ပါ။ ယခုတော့ coin ဝယ်ရောင်းကစားခြင်းထက် stack လုပ်ထားခြင်းကို ပိုသဘောကျလာသော ကြောင့် သိပ်မကစားဖြစ်တော့ပါ။
XLM , TRX , NEO စသည်တို့အားသာ Stack လုပ်ထား၍ လစဉ် ပုံမှန် အမြတ်နည်းနည်း ယူနေရသည်ကို ပိုသဘောကျပါသည်။ အထူးသဖြင့် Binance Exchange site ထွက်ပေါ်လာပြီးနောက် cryptocurrency လောကတမျိုးတဖုံ ပြောင်းလည်းသွားခဲ့ပါသည်။ ထို့နောက်တော့ Steemit ၏ SMT များအား မျှော်လင့်နေသောကြောင့် စျေးကစားခြင်းထက် Steem power စုရန်သာ ပို၍ အားသန်နေခဲ့ပါသည်။
Ethereum အား 4$ တွင် သိခဲ့ပြီး သူ၏ ERC20 project ကြောင့် Eth စျေး 100$ ကျော် သွားသည်ကို မြင်တွေ့ခဲ့ရပြီးနောက် Steemit ၏ SMT project အား ပို၍ စိတ်အားထက်သန်လာမိပါသည်။ အကယ်၍ SMT project များ အောင်မြင်သွားခဲ့သော် Steem စျေးလည်း သိသိသာသာ ပြောင်းလည်းသွားမည်ကို ကြိုတင် မြင်ယောင်နေမိ၍ စိတ်အားထက်သန်နေခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
သို့သော် နည်းပညာပိုင်ဆိုင်ရာ ပြောင်းလည်း တိုးတက်နေမှုတို့မှာ ရပ်တန့်မနေပဲ အစဉ်အမြဲ ပြောင်းလည်း တိုးတက်နေသောကြောင့် တချိန်က ထိပ်တန်း Exchange site အဖြစ် နေရာယူခဲ့သော Poloniex သည် ယခု အခါ ထိပ်တန်း အဆင့် ၈၀ မျှသော နေရာသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါသည်။ တချိန်က Steem နှင့် SBD တို့အား စျေးကွက် စတင်ဖွင့်ရာ နေရာ ဖြစ်သော Poloniex မှာ ယနေ့အချိန်တွင်တော့ Steem နှင့် SBD အား Poloniex စျေးကွက် အတွင်းမှ ဖယ်ထုတ်လိုက်ပြီ ဖြစ်ပါသည်။
ကျွန်တော်သိရသလောက် Poloniex ပိုင်ရှင်မှာ Poloniex အား အခြားသူ တယောက်ထံသို့ ရောင်းချလိုက်ကြောင်းသိရပြီ ပိုင်ရှင် အသစ်ကလည်း Poloniex Exchange အား အမေရိကန် စျေးကွက်ထက် အာရှ စျေးကွက်အား ထိုးဖေါက်ရန် ကြိုးစားမည်ဟုသိရပါသည်။ တချိန်က နာမည်ကြီးခဲ့သော Poloniex Exchange အား အပြောင်းအလည်း အသစ်နှင့်အတူ အာရှစျေးကွက်တွင် တွေ့ရမည်ဟု မျှော်လင့်မိပါသည်။
Author : Henry Aung ( Kachin )
MSC : 001
အချိန်အခါကောင်း မမှီလိုက်တော့ ဘာမှ သိလိုက် ရလိုက်ပါဘူးဗျာ။
Steem လေးသာ မဲစုနေရတာ။
Posted using Partiko Android
အခုလည်း Steem power စုဖို့ အချိန်အခါ ကောင်းပါ။ အကျိုးမယုတ်ပါဘူး။
SMTသာ အောင်မြင်ခဲ့လို့ကတော့
ပျော်ရွှင်ဖွယ်ရာကောင်းသော အနာဂတ်ပိုင်ရှင်များပေါ့ဗျာ။
SMT သာ အောင်မြင်သွားရင် ကျွန်တော့တို့ Steemit ပေါ်ကြိုရောက်နေသူတို့ရဲ့ ဘဝတွေ တနည်းတဖုံပြောင်းလည်း သွားနိုင်တယ် ကိုထွေး..