Myanmar Steemit Community ဆိုသည်မှာ- ( Henry Aung )

in #myanmar7 years ago

STEMMIT-HENRY.jpg

မင်္ဂလာပါ။ဤဆောင်းပါးမှာ promotion အဆင်ပြေစွာ ရယူနိုင်ရန် ဖွဲ့စည်းထားသော အဖွဲ့ ခေါင်းဆောင် တနည်းအားဖြင့် Sub-Group Leader များကို ရည်ရွယ်၍ ရေးသားပါသည်။ MSC ၏ ရည်ရွယ်ချက်နှင့် လုပ်ဆောင်မှုများကိုလည်း မသိသေးသူများအတွက် သိရှိသွားစေရန်လည်း ရွည်ရွယ်ပါသည်။

Steemit Platform ပေါ်သို့ ရောက်ရှိနေကြသော ကျွန်တော်တို့ MSC members များအနေဖြင့် ပြင်ပတွင် Steem ဈေးများတက်လာခြင်းကြောင့် promotion အတွက် SBD များ ပိုမိုရရှိလာကြပြီ ဖြစ်ပါသည်။ မိမိတို့ Admin များကလည်း အဖွဲ့ငယ်ကလေးများဖွဲ့ပေး၍ အားလုံး တန်းတူ ညီတူ ရရှိနိုင်စေရန် ကြိုးစား အားထုတ် ပေးနေကြပါသည်။

ဤတွင် ကျွန်တော့ အနေဖြင့် MSC members များအား မှာကြာလိုသည်မှာ မိမိတို့ မှာ MSC number များ ရပြီး ကြ၍ post promotion တွင် ပါဝင်နိုင်ကြပြီ ဖြစ်သော်လည်း ဤကဲ့သို့ အခွင့် အရေးရရန် စောင့် ဆိုင်း နေကြသူ အများအပြားပင်ရှိနေကြပါသေးသည်။ ဤသို့ သော အခွင့် အရေးကို လူတိုင်း လူတိုင်း လိုချင်ကြမည် ဖြစ်သော်လည်း အလျင် ဦး သူတို့မှ ဦးစွာ အခွင့် အရေး ရယူထားနိုင်ကြပြီဖြစ်၍ နောက်လူတို့ စောင့် ဆိုင်း ရန်သာရှိပါသည်။

လက်ရှိအနေဖြင့် မိမိတို့မှာ promotion group များကို အဖွဲ့ငယ်များဖွဲ့၍ promotion ရယူနိုင်ကြစေရန် စီစဉ်ထားပေးပါသည်။ဤတွင် MSC တွင် Admin များ ရှိနေပြီး ဖြစ်သော်လည်း အဘယ့်ကြောင့် ဤသို အဖွဲ့ခွဲများ ထပ်မံဖွဲ့ရပါသနည်း ဆိုလျင် အချက် ၂ ချက်ဖြင့် ရှင်းပြပါမည်။

01.png

၁- MSC တွင် နောက်ထပ်အရည်အချင်းရှိသော ခေါင်းဆောင်ကောင်းများ မွေးထုတ်ယူရန်

Myanmar Steemit community ဟုခေါ်သော ကျွန်တော်တို့ အဖွဲ့အစည်း၏ ရည်ရွယ်ချက်မှာ ဤSteemit Platform ပေါ်တွင် မြန်မာလူငယ်မောင်မယ်များ မြန်မာစာ ရေးသား၍ အကျိုး အမြတ်ရယူ နိုင်ကြစေရန် နှင့် မိမိတို့မှာ စွန့်ဦး တီထွင်သူများ ဦးဆုံး သိရှိသူများဖြစ်၍ မိမိတို့ SP များကို အတတ်နိုင်ဆုံး ဖြည့်၍ နှောင်လာနောက်သားများကို ဆင်းရဲတွင်းမှ ဆွဲတင်နိုင်ရန် ဖြစ်ပါသည်။

လူသစ်များ အနေဖြင့် ဤအကြောင်းကို သိမည်မထင် သော်လည်း ယခင်ရှိပြီးသား လူဟောင်းများကတော့ ကောင်းကောင်းသိပြီးဖြစ်ပါသည်။ လိုအပ်လျင် ကျွန်တော်တို့ အကောင့်များကို မိမိတို့ သားသမီး များကို အမွေပေးခဲ့နိုင်ရန် ဖြစ်ပါသည်။ မိမိတို့ သားသမီး များ မပူပင် မကြောင့်ကြပဲ ပညာသင်ကြားနိုင်ရန် ငွေကြေးဟူသောအရာလိုအပ်ပါသည်။

အနာဂါတ်မျိုးဆက်အတွက် ထိုသို့ လူတန်းစေ့ နေထိုင်နိုင်ရန် ပညာသင်ကြားနိုင်ရန် Steemit Platform က ဖြည့်ဆည်းပေးနိုင်ပါသည်။ မယုံမရှိပါနှင့်။ သို့သော် ကျွန်တော်တို့၏ ရည်ရွယ်ချက်ကို သိ၍ အနာဂါတ်မျိုးဆက်အတွက် အနစ်နာခံ၍ SP များကို ကျားကုတ်ကျားခဲ စုနေသူဟူ၍ လက် ဆယ်ချောင်းပင်မပြည့်ပါ။

ခေါင်းဆောင်အကြောင်းကို ဆက်ပါမည်။ ကျွန်တော့ အနေဖြင့် MSC ကို ဖွဲ့စည်းထားပြီး Leader ဟူသော နေရာကို တသက်လုံး စွဲယူထားရန် စိတ်ကူးမရှိပါ။ ဤSteemit Platform ပေါ်တွင် မိမိထက်ပိုတော်သော မိမိထက် ပိုသိ ပိုတတ်၍ မိမိထက်ပို၍ လည်း အနစ်နာခံနိုင်သူ ဖြစ်ပါက ထိုသူ၏ ဦးဆောင်မှု နောက်သို့ လိုက်ရန် အသင့် ရှိပါသည်။

ထို့ကြောင့် Leader ဟူသော ခေါင်းဆောင် ၏ တာဝန်တရပ်မှာ မိမိထက်ပိုတော်သော နောက်ထပ်ခေါင်းဆောင် ရွေးထုတ် နိုင်ရန်၊ မွေးထုတ် နိုင်ရန် လိုအပ်ပါသည်။ သို့မှသာ နောက်ခေါင်းဆောင်က မိမိ ထက်တော်သည် ထို့ နောက်ခေါင်းဆောင်က ထိုသူထက်ပို တော်နေပါမှ အဖွဲ့အစည်းမှာ မြင့်တက်သွားမည် ဖြစ်ပါသည်။

02.jpg

ယခုအချိန်တွင် MSC မှာ foundation ဟူသော အခြေခံ အုတ်မြစ်ကို ချနိုင်ခဲ့ပြီ ဖြစ်ပါသည်။ လက်ရှိ အဖွဲ့ ၄ ဖွဲ့မှ promotion ရယူနေသူ MSC members များသည် Steemit Platform ၏ အခြေခံလုပ်ဆောင်မှု ကိုသိရှိနေကြပြီ ဖြစ်၍ နောက်ထပ် နောက်ထပ်သော လူသစ်များဝင်လာလျင် Admin များကို သာ အားကိုးရန် မလိုအပ်တော့ပြီ။

အချင်းချင်းတွဲ ခေါ်နိုင် ကြပါပြီ။ ဤတွင် Group Leader များကို မှာကြားလိုပါသည်။ မိမိ မှာ မတူညီသော လူ အယောက် ၃၀ ခန့် ပါသော အဖွဲ့ အစည်း ကို ဦးဆောင်သူ ဖြစ်သဖြင့် သီးခံနိုင်ရန် အလွန်လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် မိမိဦးဆောင်နေသောအဖွဲ့အစည်းမှာ မြန်မာလူမျိုးများဖြစ်နေသောကြောင့် ဖြစ်ပါသည်။

အဖွဲ့အစည်းငယ်တခု ဖြစ်သော်လည်း မိမိတို့ ကိုယ်ပိုင် Admin Team များ ဖွဲ့ထားကြစေလိုပါသည်။ ခေါင်းဆောင်ဆိုသည့် အတိုင်း ထို admin team ကို ကိုယ်တိုင်ဦးဆောင်ဖွဲ့စည်းပါ။ တာဝန်များ ခွဲဝေချထားပေးပါ။ အဖွဲ့အစည်း တခုတွင် Leader တဦးတည်း သိမ်းကျုံး လုပ်နေလျင် ထိုအဖွဲ့ အစည်း ရေရှည်မရပ်တည်နိုင်ပါ။

မိမိဦးဆောင်သော အဖွဲ့အစည်းတွင် လိုက်နာရန် စည်းကမ်း ချမှတ်ထားပါ။ မိမိတို့ promotion မရှိသောရက်များတွင်လည်း မိမိတို့တင်သော post များကို အချင်းချင်း vote ပေးနိုင်ရန် စီစဉ်နိုင်ပါသည်။ အဖွဲ့ အစည်း တခုဖြစ်လာလျင် အရေးကြီးဆုံးမှာ Objective & Target ဟုခေါ်သော မိမိတို့ အဖွဲ့အစည်း ၏ ဦးတည်ချက် ရည်ရွယ်ချက်ဖြစ်ပါသည်။

မိမိတို့ အဖွဲ့ အစည်း၏ စည်းကမ်း နှင့် ဦးတည်ချက်ကို မိမိတို့ ကြိုက်သလို ရေးဆွဲနိုင်ပါသည်။ သို့သော် MSC ၏ ရည်ရွယ်ချက်နှင့် စည်းကမ်း ၁၁ ချက် နှင့် သွေဖည်သော စည်း ကမ်းချက်များ မဖြစ်ဖို့လိုပါသည်။ ထို့ကြောင့် မိမိတို့ ၏ admin team , စည်းကမ်းချက် နှင့် ရည်ရွယ်ချက်ကို MSC admin team ထံသို့ တင်ပြကြပါရန် တိုက်တွန်းလိုပါသည်။ ထို့ကြောင့် Sub-Group Leader များကို လုပ်ပိုင်ခွင့် အပြည့်အဝပေးပါသည်။ လိုအပ်ချက်များ နှင့် ဖြစ်ပေါ်လာသော ပြသနာများကို MSC admin များအား တင်ပြဆွေးနွေ အကြံအညာဏ်ရယူနိုင်ပါသည်။

03.jpg

၂- Myanmar Steemit Community ပိုမိုကြီးထွားလာစေရန်

MSC တခုရှိနေပြီ ဖြစ်၍ အဖွဲ့ငယ်များ ထပ်ခွဲဖို့ လိုအပ်ပါသလားမေးလျင် MSC သည် လက်ရှိအနေအထားထက် ပိုမိုကြီးထွားလာရန်သာရှိပါသည်။ ပိုမိုကြီးထွားလာအောင်လည်း လုပ်ဆောင်နေပါသည်။ ယခုအချိန်တွင် MSC registration number များ ထုတ်မပေးနိုင်သေးခြင်းမှာ မိမိတို့ လက်ရှိရနေသော အကူအညီမှ ဤ members 100 ကျော်ခန့်ကိုသာ အထောက်အပံ့ပေးနိုင်၍ ဖြစ်ပါသည်။

ထိုပြသနာကို ဆက်၍ အဖြေရှာ နေရပါသည်။ မကြာခင် လုံလောက်သော အကူအညီများ ထပ်မံရရှိအောင်လည်း ဆောင်ရွက်နေပါသည်။ မိမိတို့ MSC numbers ရရှိပြီသူများကလည်း MSC number မရကြသေးသူများကို လက်တွဲခေါ်စေလိုပါသည်။ voting ပေးခြင်း ၊ comment ပေးခြင်းဖြင့် စိတ်ဓါတ်မကျ ပါမည့် အကြောင်း အားပေးစေလိုပါသည်။ အဘယ်ကြောင့် ဆိုသော် Steemit Platform သည် တဦးတယောက်တည်းဖြင့် ရှေ့ဆက်၍ မရပါ။

အဖွဲ့အစည်းဖြင့် လူအများ ဟန်ချက်ညီညီ လျှောက်လှမ်းရသော Platform ဖြစ်ပါသည်။ ထို့ကြောင့် အရင်ရောက်နှင့်သူများက နောက်ရောက်လာသော လူသစ်များကို လမ်းညွန် မှုများပေးစေချင်ပါသည်။ မိမိကို MSC admin များက စိတ်ရှည် လက်ရှည် တွဲခေါ်ယူခဲ့သလို မိမိကလည်း အခြားသူများကို တွဲခေါ်စေချင်ပါသည်။

04.jpg

အချုပ်ဆိုရသော် မိမိတို့ MSC သည် ယခု မှ အခြေခံအုတ်မြစ်ချထားသော အဆင့်ဖြစ်ပါသည်။ ဤကဲ့သို့ အခြေခံအုတ်မြစ်ချနိုင်ရန် ၅ လကျော် ၆ လနီးပါးကြာမြင့်ခဲ့ပါသည်။ ယခုမှ စတင်၍ အဆောက်အဦးတခု ဖြစ်ပေါ်လာစေရန် ပုံဖေါ်ရပါတော့မည်။

ဤသို့ အခက်အလက် ဖြင့် MSC ကြီးထွားလာစေရန် လုပ်ဆောင်ရာတွင် မိမိတို့ အဆင့်ပေါင်းများစွာ အခက်ခဲပေါင်းများစွာ ကျော်ဖြတ်ရန်လိုနေပါသေးသည်။ ထို့ကြောင့် ဤ Steemit Platform တည်ရှိနေသရွေ့ Myanmar Steemit Community တည်ရှိနိုင်စေရန် MSC members အားလုံး တွင် တာဝန်ရှိကြောင်း အသိပေးနှိုးဆော်လိုက်ရပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

steemit logo.png

Photos credit; Google Image
Author : Henry Aung ( Kachin )
MSC : 001

Sort:  

ကျနော် မောင်သာအေး ပြည်ပရပ်ခြားမှာ အင်တာနက်အချိန်ပြည့်ရရှိနေခြင်းကြောင့် တာဝန်တစ်ခုခု ထမ်းဆောင်ရန်အသင့်ရှိနေပါ၏ ခင်ဗျ စတီးမစ်၏ စည်းကမ်း များတစ်ကြိမ်တစ်ခါမျှပင် မချိုးဖောက်ဖူးပါ ခင်ဗျ

ကိုသာအေး အားလို့ ရှိရင် အစ်ကို့ CB ကို ခနလောက်လာခဲ့ပါ။

ဟုတ်အကို

မှန်ပါတယ် bro
တာဝန်ပေးခြင်းခံရဒါထက် တာဝန်ယူဒါက ပိုသင့်တော်ပါတယ်။
ဘယ်လိုဖြစ်ဖြစ်နောင်လာနောက်သား အရေးအတွက်ထားရှိထဲ ရင်ထဲက စေတနာကို လိုက်လိုက်လှဲလှဲ ရင်ထဲကအစဉ်လေးစားမိခြင်းက ငြင်းရက်စရာမရှိကြောင်းပါ။ ဒီထက်မက msc အောင်မြင်ပါစေ။
Bro Henry လည်း အစားအသောက် သတိထား ဆင်ခြင်စားသောက်ပါ။ အရမ်းဝလာမှာစိုး

အခုလို သတိပေးတာ ကျေးဇူး အများကြီး တင်ပါတယ်။

အကိုရဲ့ကျေးဇူးကြောင်း ကျနော်ရည်ရွယ်ချက်တစ်ခုကိုဖြည့်ဆည်းခဲ့နိုင်ခဲ့ပါတယ် အကိုဟင်ရဲ့ စည်းကမ်းချက်တွေလိုက်နာဖို့အမြဲအသင့်ရှိနေပါတယ်

အခုလို ကြားရတာ ဝမ်းသာပါတယ်။

ကျေးဇူးအထူးပါကိုကြီးရေ…

ကျေးဇူးတင်ပါတယ်

တာဝန်​ယူမှုတာဝန်​ခံမှုကို ဘန်​​ကောက်​သွားတဲ့အချိန်​ ​တေ​ကော
ပြန်​လာပီး အေ​နေ​ကောင့်း သွားပြုစုရတာ​ကော
အခုမှုံရွာ​ရောက ရက်​ကြာ​နေတာ အားနာပါတယ်
နေရာတစ်​ခုယူထားပီး စိတ်​မနစ်​နိုင်​ မကူညီနိုင်​တာ
အစ်​ကို့လို မိတ်​​ဆွေမျိုးကျ​နော်​ ဘယ်​​တော့မှအဆုံးရှုံးမခံရဲပါ
အစ်​ကိုလို leader ​နောက်​က လိုက်​ချင်​ပါတယ်

အစ်​ကို့ရဲ့လမ်းပြမှူMSCနဲ့အညီ အတတ်​နိုင်​ဆုံးကြိုးစားသွားပါ့မယ်​။
အစ်​ကို100%့ရဲ့လမ်LIKEြးANDပRESTEEMမှူနဲ့အညီ အတတ်​နိုင်​ဆုံးကြိုးစားသွားပါ့မယ်​။

ကျေးဇူးတင်ပါတယ်

ပိုမိုကြီးSteemit ပိုမိုကြီး
ပိုမိုကြီးCommunity ပိုမိုကြီးOFပိုမိုကြီးMSCပိုမိုကြီး
Henry AungပိုမိုကြီးIs ပိုမိုကြီးGreat ပိုမိုကြီး
ပိုမိုကြီးTopicပိုမိုကြီး

မြန်မာစာရေးသားပီး Onlineကနေ အကျိုးအမြတ် ရယူနိုင်တယ်ပြောရင် လူအချို့ ရယ်ကြလိမ်မည်ဆရာ။ အဲ့ထဲမှာ ကျနော်လဲ ပါခဲ့ဖူးပါတယ် ။ တကယ့်လက်တွေ့မှာ မြန်မာစာတွေရေးပီး လက်စွမ်းပြလို့ရသည့် MSC ဆိုတဲ့ အနာဂတ်ဆီသို့ ရည်မှန်းချက်များဖြင့် စည်းလုံးစွာလျောက်လှမ်းနေသည့် အဖွဲ့အစည်းကြီး ရှိနေပါပြီ။ အဲ့ဒီ MSC Teemကြီးကို ဆရာ ဟင်နရီနှင့် admin ခေါင်းဆောင်များက အတော်လေးကို စိတ်ရှည်သည်းခံပြီး ဖွဲ့ စည်း တည်ထောင်ခဲ့သည်ဆိုတာ ကျနော်တို့Memberများအားလုံးအ မြင်အတွေ့ပါပဲ။ ခေါင်းဆောင်ကောင်းများ ရှိနေသလို နောက်လိုက်များကလည်း စည်းကမ်းရှိဖို့လိုပါသည်။ MSC ရဲ့စည်းကမ်းချက် PDF fileကိုလည်း ဖတ်ရှုပြီး လိုက်နာဆောင်ရွက်လိုအပ်ပါသည်။ လိုက်လည်းလိုက်နာပါသည် ခင်မျာ။ Newbies ဖြစ်သည်အတွက် လိုအပ်ချက်ရှိအူးမည်ထင်ပါသည်။ လိုအပ်တာများရှိရင် သင်ပြပေးပါအုံးဟု လေးစားစွာ တောင်းဆိုပါရစေလားခင်မျာ...

ကောင်းပါပြီ။ MSC admin များနှင့် sub group leader များက ဦးဆာင်ပြီး သင်ကြားပေးနေကြပါတယ်။ ဆရာတင်လှိုင်ဦး ကိုယ်တိုင်ကလည်း အပင်ပန်းခံသင်ကြား ပေးနေပါတယ်။

ဟုတ်ကဲ့ပါဆရာ.ဆရာပြောတာတွေမှတ်ထားပီးအကောင်းဆုံးကြိုးစားသွားပါ့မယ်.ကျွန်တော်ကိုယ်တိုင်ကလည်း sbdများလာတာထက် Spများလာတာကိုပဲသဘောကျတဲ့သူပါ.Spများအောင်ပဲကိုးစားသွားပါ့မယ်ဆရာ.

နောက်ဆောင်းပါးတွေမှာ SP ရဲ့ အကြောင်း ဖေါ်ပြပေးပါ့မယ်။

အစ်​ကို့ရဲ့လမ်းပြမှူနဲ့အညီ အတတ်​နိုင်​ဆုံးကြိုးစားသွားပါ့မယ်​။

ကျေးဇူးတင်ပါတယ်

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62685.52
ETH 2436.42
USDT 1.00
SBD 2.51