Myanmar Steemit Community ကိုတည်ဆောက်ရာဝယ် ( Henry Aung )

in #myanmar6 years ago (edited)

henry Aung.jpg

မင်္ဂလာပါ။ ဤဆောင်းပါး မှာ Myanmar Steemit Community တွင် ဝင်ရောက်၍ ရသ၊ သုတ များ ဆောင်းပါးရေး ၍ SBD နှင့် Steem Power စုဆောင်း နေကြသော MSC members များအတွက် MSC အတွက် ကျွန်တော် နှင့် Admin Team တို့ ရည်ရွယ် ထားသော MSC ၏ ရှေ့ဆက်ရန် လမ်းခရီးကို အနည်းငယ် အကျယ်ချဲ့၍ ရှင်းပြလိုရင်း ဖြစ်ပါသည်။

ဤသို့ မရှင်းပြခင် တနေ့က admin များဖြင့် အစည်းအဝေးထိုင်၍ ဆွေးနွေးကြသော အကြောင်းအရာများ တွင် MSC promotion တွင် copy ကူးထားသော ဆောင်းပါးများ ဖြင့် promotion ယူနေကြသော အကောင့်များအား admin များမှ သက်သေ ပြနိုင်ရန် မည်သို့ မည်ပုံကြိုးစားခဲ့ရကြောင်း ၊ ထိုသူများအား အဖွဲ့ အတွင်းမှ ထုတ်ပယ်ခဲ့ရကြောင်း ပြောဆို ဆွေးနွေးဖြစ်ကြပါသည်။

ကျွန်တော်တို့ MSC တွင် အဓိကကျသော ပြသနာမှာ အကောင့်တုများဖြင့် ဝင်ရောက်လာခြင်း နှင့် ဤ copy post များတင်ခြင်း ဖြစ်ပါသည်။ admin များမှ အလုပ်ရှုပ်ရသလို တကယ်ကြိုးစားလို သောသူလည်း နေရာမရ နှင့် ပေးလိုက်ရသော promotion များလည်း ဆုံးရှုံး ရသလို မည်သူမျှလည်း အကျိုး မရှိပါ။ အားလုံးသိပြီး ဖြစ်သည့် အတိုင်း ကျွန်တော် တို့တွင် ကန့်သတ်ထားသော အကူအညီများ ရှိ၍ လူတိုင်း အကောင့် တိုင်းအား promotion ပေးရန် မဖြစ်နိုင်ပါ။

အလွန် ကံကောင်း၍ MSC တွင် copy ကူးမတင်ပါဟု ကတိပေးထားသူများသာ MSC မှ ရွေးချယ် ခဲ့ကြပါသည်။ သို့သော် MSC အတွင်းသို့ ရောက်လာပြီနောက် စည်းမျဉ်း စည်းကမ်း များကို သိသိ ကြီးနှင့် copy ကူးတင်ကြသောသူများကို ကျွန်တော့ အနေဖြင့် အလွန်အံ့သြပါသည်။

ဤ copy ကူးတင်ကြောင်း မိသည်နှင့် MSC မှ ထုတ်ပယ်ခံရမည် ဖြစ်သလို MSC မှ ပေးထားသော အခွင့်အရေးများအားလုံး ဆုံးရှုံး ရမည်ဖြစ်သလို ရာသက်ပန် MSC members ထပ်ဝင်ရန် မဖြစ်နိုင်တော့ပါ။ အများသိကြသည့် အတိုင်း Steemit တွင် မြန်မာစာ ရေးတင်၍ booster အားမကိုးပဲ $1 ရ ရန် အလွန်ပင် ခဲယျဉ်းပါသည်။

01.jpg

ကျွန်တော်၏ ဆောင်းပါးတွင် ဖေါ်ပြခဲ့ပြီး ဖြစ်သည့် အတိုင်း Steemit Platform ပေါ်တွင် လျှောက်လှမ်းရန် လမ်း ခရီးမှာ တရက် နှစ်ရက် မဟုတ် တလ နှစ်လ လည်း မဟုတ်သလို နှစ်ချီ ၍ လျှောက်လှမ်း ရမည် ဖြစ်သော ခရီး ဖြစ်ပါသည်။ လက်ရှိ အချိန်တွင် Steem နှင့် SBD ဈေး 3 $ 4 $ ခန့် တွင် ကျွန်တော်တို့ အနေဖြင့် အများကြီး လုပ်ဆောင်နိုင်ခြင်း မရှိသေးပါ။

သို့ သော် Steem ဈေး 50$ ခန့် သို့ ရောက်လာလျင် ကျွန်တော်တို့ ၏ စွမ်းဆောင်နိုင်အား သည် ယခုထက် ၁၀ ဆ ခန့် မျှ တိုးတက်လာမည် ဖြစ်ပါသည်။ ဤတွင် Myanmar Steemit Community အား အဘယ့်ကြောင့် တရားဝင် အသင်း အဖြစ် မှတ်ပုံတင် နိုင်ရန် ကြိုးစား ရခြင်း ဆိုသည်ကို အနည်း ငယ်ရှင်းပြချင်ပါသည်။

MSC သည် ရေရှည်တွင် တိုးတက်ချင်သော၊ တနည်းအားဖြင့် ကြိုးစားလို သော မြန်မာလူ ငယ်များအား လက်တွဲ ခေါ်ရာ၌ ပရဟိတ လုပ်ငန်း များလည်း ပါဝင်လာမည် ဖြစ်သလို အခြားသော လုပ်ငန်း ဆောင်တာ အများအပြားလည်း ပါဝင်လာမည် ဖြစ်ပါသည်။ ( ထိုလုပ်ငန်းဆောင်တာ များကို နှောင်တွင် အကျယ်တဝင့်  ဖေါ်ပြပေးပါမည်)

ဤသို့ လုပ်ဆောင်ကြရာတွင် မိမိတို့မှာ စည်း စနစ်ကျ သော ၊ စည်းကမ်းရှိ သော ၊ တနည်းအားဖြင့် ရည်ရွယ်ချက်ရှိသော အဖွဲ့ အစည်း တခုအဖြစ် လက်ရှိ နိုင်ငံတော် အစိုးရမှ တရားဝင် အသိအမှတ်ပြုထားသော အသင်းအဖွဲ့ တခု အဖြစ် လုပ်ဆောင်ရခြင်း သည် ပို၍ စနစ်ကျသလို အဖွဲ့ အတွင်းမှ members များအားလည်း ဥပဒေဖြင့် ကာကွယ်ပေးထားလို ရင်း ဖြစ်ပါသည်။

ဤသို့ လုပ်ဆောင်ရာတွင် MSC အဖွဲ့ အတွင်း တိကျ သော စည်းမျည်း စည်းကမ်းများရေးဆွဲရခြင်း ၊ လုပ်ငန်း ဆောင်တာ မူများ ချမှတ် ရခြင်း ၊ နိုင်ငံ၏ တည်ဆဲ ဥပဒေများ ဖြင့် ညှိစွန်း မှု မရှိစေ ရန် ဥပဒေ ပညာရှင် များဖြင့် တိုင်ပင်ရခြင်း စသည် စသည် ဖြင့် အလွန် အလုပ်ရှုပ်ရမည်ကို admin များက သိကြပါသည်။ သို့ သော် အနာဂါတ် မြန်မာလူငယ်များ အား တွဲခေါ် နိုင်ရန် ကျွန်တော်တို့ ယခုကဲ့သို့ မပြုလုပ်ထားလျင် နှောင် တချိန် တွင် အလွန် နောက်ကျ သွား မည် ဖြစ်သော ကြောင့် MSC ၏ လမ်း ခရီး ကို တဆင့် ပြီး တဆင့် အကောင်ထည် ဖေါ်နေရခြင်း ဖြစ်ပါသည်။

02.png

အခြား ဥပမာ တခု ပြပါမည်။ ကျွန်တော်တို့ လက်ရှိ အချိန်တွင် ကြိုးစားထား ၍ ၂၀၂၀ ခန့်တွင် MSC budget မှ ကိုယ်ပိုင် စာစောင်များ ၊ မဂ္ဂဇင်းများ ၊ ဂျာနယ် များ ထုတ်ဝေ နိုင်သော အခါ ယခု လက်ရည် သွေးနေကြ သော MSC members များမှ မိမိတို့ စာမူများကို ထည့် သွင်းဖေါ်ပြခွင့် ရနိုင်ကြပါလိမ့်မည်။

ဤသို့ မိမိ ကိုယ်တိုင်ရေးသားထားသော ဆောင်းပါးအား အခြားသူငှာများက မိမိအား ခွင့် မတောင်းပဲ အခြားသော Media များတွင် ကူးယူ ဖေါ်ပြကြလျင် MSC မှ တည်ဆဲ ဥပဒေဖြင့် ထိုသူများ အား တရားစွဲဆို အရေးယူနိုင်မည် ဖြစ်ပါသည်။ MSC members များ၏ စာ၊ ဆောင်းပါး များမှာ copyrights ဥပဒေဖြင့် အပြည့် အဝ ကာကွယ်ပေးနိုင်မည် ဖြစ်ပါသည်။

ထို့ အတူ MSC members များကလည်း အခြားသူ ၏ စာ၊ ဆောင်းပါး များကို ပိုင်ရှင် ခွင့်ပြုချက် မရရှိပဲ ကူးယူ ဖေါ်ပြလျင် MSC မှ ထို members အား စည်းကမ်း ဖေါက်ဖျက်မှုဖြင့် တရားဝင် တည်ဆဲ ဥပဒေ အတိုင်း အရေးယူ သွားမည် ဖြစ်ပါသည်။ ထို့ကြောင့် members များအနေဖြင့် ယခု မိမိတို့ ရေးသားထားသော ဆောင်းပါး များသည် မိမိ ကိုယ်တိုင် ရေး သည်လော ၊ ကူးယူ ထားသည် လော ဆိုသည်ကို စိတ်သန့် နိုင်ရန် လိုပါလိမ့်မည်။

ဤ copyrights ဥပဒေအား MSC ၏ စည်းမျဉ်း များတွင် မဖြစ်မနေ ပါဝင် ရေးဆွဲသွား မည် ဖြစ်ပါသည်။ ထို့ကြောင့် MSC တွင် ပိုက်ဆံရနိုင်သည် ဟူသော အတွေးတမျိုးတည်း ဖြင့် ဝင်ရောက်လာကြသူများအား အသိပေးလိုသည်မှာ MSC သည် ရေတို အကျိုး အတွက် လုပ်ဆောင် နေခြင်း မဟုတ်ပါ။

အချိန် အတိုင်း အတာ တခု ရောက်လျင် မိမိ တို့ အကူအညီ တန်းတူ ရကြသည် ခြင်း အတူတူ မတူညီ သော Steem Power များက မိမိသည် အဘယ့်သို့ သော သူ ဖြစ်သည်ကို သက်သေပြပါလိမ့်မည်။ ဤသည်မှာ Myanmar Steemit Community လျှောက်လျက် ရှိသော လမ်းခရီးမှ လုပ်ငန်း ဆောင်တာ တခုအား Members များအား အသိပေးရခြင်း ဖြစ်ပါသည်။

03.jpg

တရားဝင် အသင်းအဖွဲ့ ဖြစ်သွားလျင် နောက်တကြိမ် register လုပ်၍ ကိုယ်ပိုင် နံပါတ်ဖြင့် Members card များ ထုတ်ပေးခြင်း ၊ အသင်းအဖွဲ့ အလိုက် ပရဟိတ လုပ်ငန်း များလုပ်ဆောင် ခြင်း တို့ကို နှောင်တွင် အသေးစိတ် ဖေါ်ပြပေးပါမည်။ သို့ ဖြစ်၍ MSC members card ရသူတိုင်းသည် မိမိ အကျိုး အတွက် သာ မဟုတ် အများအကျိုးအတွက် လည်းဆောင်ရွက်ကြသူများ တနည်းအားဖြင့် စွန့်ဦး တီထွင်ကြသူများ ဟူသော ဂုဏ်ကို ပိုင်ဆိုင် နိုင်ကြမည်ဖြစ်ပါသည်။

ထို့ကြောင့် အခွင့် အရေးဟူသည် မှာ မိမိထံ သို့ နှစ်ခေါက် ရောက်ရန် အလွန်ပင် ခဲယျဉ်းပါသည်။ အခွင့်အရေး မှန်းလည်း သိရမည် ၊ မည်သို့ ယူရမည် ဟူသော ဗဟုသုတ လည်း ရှိရမည် ၊ ရရှိနေ သော အချိန်အတွင်း လည်း လွတ်မသွားစေရန် ကြိုးစားမှု ဟူသော လုံးလ လည်း ရှိရန် လိုအပ်ပါသေးသည်။

ထို့ကြောင့် MSC မှ အကြောင်း အမျိုးမျိုးကြောင့် ထွက်ခွာသွားခဲ့ရသူများအား စိတ် မကောင်း ဖြစ်မိ သလို လက်ရှိ ကျန်ရှိနေသော member များမှ လည်း မိမိတို့ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်မိကြစေရန် ကြိုးစားကြပါမည့် အကြောင်း တိုက်တွန်း လိုက်ရပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photos credit; Google Image

Author : Henry Aung ( Kachin )
MSC : 001

Sort:  

MSC ပရဟိတ အသင်းဖွဲ့ ကြီးမှာ တတ်စွမ်းသမျှ ပါဝင် ကြိုးစား သွားပါ့မယ်ဆရာ ။ ဆရာ ကျန်းမာ ချမ်းသာပါစေ ။ MSC အဓွန့်ရှည်ပါစေ ။ We r MSC.

နောက်ပိုင်းမှာ ညီလေး သီဟတို့လို နိုင်ငံခြား ဘာသာစကား ပြောနိုင်သူ တွေ အတွက် နေရာ တနေရာ ရှိလာပါလိမ့် မယ်။ ဥပမာ MSC travel ကနေ Team Korea ကအဖွဲ့ တွေ မြန်မာပြည် လာလည်မယ် ဆိုရင် ညီလေးတို့ပဲ အားကိုးရမှာပါ။

အသင့်ရှိနေပါ့မယ် ဆရာ

အမှန်ပါဘဲဗျာ ကော်ပီသမားတွေကို တကယ်အံ့သြမိပါတယ်ဗျာ ဟိုဦးဇင်းတစ်ပါးပြောသလို ရေးစရာမရှိရင် ဆွမ်းငတ်တဲ့အကြောင်းရေးမယ်တဲ့ တကယ်ဘဲသဘောကျမိပါတယ်ဗျာ

တကယ်ရေး မယ်ဆို ရေးစရာတွေအများကြီး ပါ။ ဘယ်သူမှ စာရေးဆရာ တွေ မဟုတ်ကြတော့ အစပိုင်းတော့ အခက်အခဲ ရှိကြပါတယ်။ ဆရာတင်လှိုင်ဦးတို့ကလည်း အတတ်နိုင်ဆုံး သင်ပြပေးနေကြပါတယ်။

mscရဲ့ ပန်းတိုင်က ထင်ထင်ရှားရှားပါဘဲ အသင်းဝင်တစ်ယောက်ဖြစ်ခွင့်ရတာ ဂုဏ်ယူမိသလို တစ်ဒေါင့်တစ်နေရာစာလေးအတွက် ကျေးဇူးအထူးတင်ပါတယ် mscနဲ့အတူ ဆက်လက်ကြိုးစားသွားပါ့မယ် အကိုဟင်

နည်းနည်း စိတ်ကူးယျဉ်ကြည့်တာပါ။ တချိန်က ရှုမဝ မဂ္ဂဇင်း လို့ထင်ပါတယ် အမျိုးသမီး စာရေး ဆရာမ တွေကို ယုဝတီ အမည် တွေနဲ့ မြှင့် တင်ပေးခဲ့တာ။ မဝေးတော့တဲ့ ကာလမှာ ဆုလှိုင်တို့ လည်း MSC ကနေ အရင်ဆုံး ထွက်ပေါ်လာကြမဲ့ အမျိုးသမီး စာရေးဆရာမတွေပါ။

အရမ်း အားရှိသွားပြီ အကိုဟင်

MSC တရားဝင်​ မှတ်​ပုံတင်​မယ်​ကြားရ​တော့ အင်​မတန်​မှ ဝမ်းသာဂုဏ်​ယူပီတိဖြစ်​မိပါတယ်​ အရမ်းကို​ကောင်းတဲ့ လုပ်​​ဆောင်​ချက်​ပါ အမြန်​ဆုံးအ​ကောင်​ထည်​​ဖော်​နိုင်​ပါ​စေအစ်​ကို

Admin တို့ ကြိုးစားနေကြပါတယ်။ လောလောဆယ်တော့ အသင်းပိုင် ဘဏ်အကောင့် တော့ ဖွင့် ပြီး သွားပါပြီ။ အသင်းရဲ့ စည်းမျည်း စည်းကမ်း ၊ ဖွဲ့စည်းပုံတွေ ရေးဖို့က အချိန်ယူ ရအုံးမှာပါ။

လမ်းမှားမလိုက်မိစေရန်ကြိုးစားသင့်လှပါတယ် ငွေတစ်ခုသာကြည့်မိလျင်သေချာပေါက်အမှားလုပ်မိကြမှာပါဆာဟင်

မှန်တာပေါ့ကို စိုး , MSC ကိုသာမန် online ငွေရှာနေတဲ့ အဖွဲ့ လို့သဘောထားပြီး ပိုက်ဆံရ ပြီးရော ဝင်လာသူတို့ အတွက်တော့ MSC စည်းကမ်းက တင်းကျပ်နေမှာပါ။

ဆရာ့ရဲ့ MSC အနာဂတ် အစီစဉ်တွေ အမြန်ဆုံး အထမြောက်အောင်မြင်ပါစေရှင့် ။ဆရာရဲ့ ဖြူစင်တဲ့ စေတနာတွေကို လေ့စားစွာဖြင့် Poe

ကျေးဇူးအများကြီး တင်ပါတယ်။

မဝေးတော့ပါဘူးလေ။
အဲ့ မဝေးတော့တဲ့ အနာဂတ်လေးကို
စိတ်ရှည် လက်ရှည်နဲ့ တညီတညွတ်တည်း ချီတက်ကြပါစို့ဗျ။

တလ နှစ်လ ဆိုတဲ့ အချိန်ဟာ အရမ်း မြန်ပါတယ်။ မဝေးတော့ပါဘူး။

သား.ဟင်နရီ.
မင်္ဂလာပါ။အန်တီကmemberအသစ်ပါ။လိုအပ်တာတွေကို
ညွန်ပြပေးပါ။အန်တီစာတွေဖတ်ပီးဝေဖန်အကြံပြုပေးပါ။
စာရေးနေရရင်..ပျော်တဲ့သူပါ။ငွေဆိုတာလိုအပ်ပေမဲ့..
ငွေအတွက်တော့..မသမာမှူ့နဲ့ဘယ်တော့မှအလဲအလှယ်
မလုပ်ဘူးဆိုတဲ့.သစ္စာတရားကိုလက်ကိုင်ထားတယ်လို့
ကတိပေးပါတယ်။

ဟုတ်ကဲ့ပါ အန်တီ။ အန်တီ က ဂျာနယ်တွေမယ် ဆောင်းပါးတွေ ရေးဖူးတော့ MSC မှာ အခက်အခဲ ရှိမှာ မဟုတ်ပါဘူး။ အသင်းဝင် ဖို့ အတွက် MSC ရဲ့ စည်းကမ်းအတိုင်း MSC admin တွေဖြစ်တဲ့ @Don Jaun , @domelay , @ansoe , @nyinyiwin @thatkozaw , @tinhlaingoo တို့ကို chat box ကနေ ဆက်သွယ် အကူအညီ တောင်းနိုင်ပါတယ်။

ရှေ့သို့လှမ်းချီ MSC
လှေကားတထစ်​ခြင်းတတ်​​နေပီ ဒူး​တွေမ​ခွေကြနဲ့
ကြိုးစား​​လျောက်​ကြ ​ရောက်​ကို​ရောက်​မယ်

You will be among the earliest members of the Steem community and Myanamr Steemit community လိုပဲ။

ပြိုင်တူ တွန်းလျင် ရွေ့နိုင်ပါသည်။

မင်္ဂလာပါ
ကျွန်တော့် အနေဖြင့် MSC ဖြင့် ရေရှည် လက်တွဲသွားလိုပါသည်။
စာများကိုလည်း ပိုမိုကောင်းမွန်အောင် ကြိုးစားရေးသားသွားဖို့ ရည်မှန်းထားပါသည်။ ဤသည်မှာ Steemit နှင့် တွေ့ရ၍ မဟုတ်၊ စာရေး ဝါသနာ ပါ၍သာ ဖြစ်သည်။ ယခုလောလောတယ်တွင် အောင်မြင်ရေးစာပေများ ရေးတင်နေပါသည်။ ထိုစာများမှာ ကျွန်တော် ဖတ်ခဲ့ဖူးသော တတ်ကျမ်းစာပေများမှ မှတ်စုရေးမှတာထားသည်များကို ပြုစုပြင်ဆင် ပြန်လည် ရေးသားခြင်းဖြစ်ပါသည်။ စာကြောင်းလိုက် ကူးထည့်ထားသည်များကိုလည်း မည့်သည့်စာအုပ် ၊ မည်သည့်စာရေးဆရာ အမည်တပ်၍ တပါတည်း ရေးသားဖော်ပြလေ့ရှိပါသည်။ မိမိအာဘော်မဟုတ်သည်များကို ရည်ညွှန်းတခါတည်း တန်းထည့်ပါသည်။ စာပိုဒ်လိုက် ကူးယူဖော်ပြခြင်းတော့ လုံးဝ မရှိပါ။ တချို့ ပုံတိုပတ်စများကိုတော့ နားကြားဖြစ်၍ နားလည်မှတ်မိသလို ပြန်လည်ရေးသားခဲ့ပါသည်။ အောင်မြင်ရေးစာပေများ ပြန်လည်မျှဝေရခြင်း ရည်ရွယ်ချက်မှာ မြန်မာလူငယ်များ စိတ်ဓာတ်၊စာရိတ္တနှင့် လူမှုဆက်ဆံရေးတွင် အောင်မြင်စေလို၍ ဖြစ်ပါသည်။ယခုတင်နေသော စာများကို လွန်ခဲ့သောနှစ်များစွာမှ ပြုစုရေးသားခဲ့ခြင်းများဖြစ်ပါသည်။ မိမိအနေဖြင့်ရော MSCအနေဖြင့်ရောမြန်မာ့ဥပဒေနှင့် အညီ၊ Steemit law နှင့်အညီ အသင်းအဖွဲ့ ဖြစ်လာသောအခါ မြန်မာစာနှင့်ရော English language နှင့်ပါ Quality blog များရေးသားနိုင်ဖို့ ကြိုးစားသွားပါမည်။ မိမိ၏ ကိုယ်ပိုင် creation များဖြစ်ဖို့ အထူးဂရုစိုက် ဆောင်ရွက်သွားပါမည်။ တချိန်ချိန်၊ တနေရာရာတွင် တတ်နိုင်သည့်ဘက်မှ MSC ခိုင်မာဖွံဖြိုးရေးနှင့် ပရဟိတအတွက် ပါဝင်ဆောင်ရွက်သွားမည်ဟု ကတိပြုပါသည်။ ပါဝင်ခွင့်ရဖို့လည်း မျှော်လင့်မိပါသည်။ အားလုံးကို ကျေးဇူးတင်လျက် @billionairehein

အစ်ကို ရေးတဲ့စာတွေဟာ MSC members များအတွက် အများကြီး အကျိုးရှိပါတယ်။ ဆက်လက်ပြီး ရေးသားဖေါ်ပြပေးပါ။

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.029
BTC 64725.57
ETH 3184.85
USDT 1.00
SBD 2.54