မိမိတို့ Steemit Account များကို တန်ဖိုးထားပါ ( Henry Aung )

in #myanmar7 years ago (edited)

STEMMIT-HENRY.jpg

မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် Steemit Platform အကြောင်းများကို မပြတ်ရေးသား လာခဲ့သည့် အတိုင်း လက်ရှိ အခြေအနေတွင် SBD ဈေးက 10$USD အနေအထားနှင့် Steem ဈေးကလည်း 3$ USD တွင် ငြိမ်သက်သေားအနေအထားတွင်ရှိနေပြီ ဖြစ်ပါသည်။ Steem ဈေးအတက်အကျသည် မိမိ wallet တန်ဖိုး အတက်အကျကို ဖြစ်ပေါ်စေသဖြင့် လက်ရှိ Steemit အကောင့် ပိုင်ဆိုင်ထားသူတိုင်း မိမိအကောင့်ကို မပျက်စီး password များ မပျောက်သွားစေရန် အထူးဂရုပြုရန်လိုအပ်လှပါသည်။

မိမိတို့ မြန်မာနိုင်ငံသားများ သည် အများအားဖြင့် Steemit အကောင့် အား လက်ကိုင် ဖုန်းများဖြင့် ဖွင့်ထားခြင်း ဖြစ်ရာ မိမိဖုန်း ပျောက်သွားလျင် သို့မဟုတ် ပျက်စီးသွားလျင် မိမိ၏ တန်ဖိုးရှိလှ သော Steemit အကောင့်အား မည်သို့ ပြန်လည်ရအောင်လုပ်ယူမည်ဟူသော ဟူသော back up plan ရှိထားသင့်လှပါသည်။

အဘယ့်ကြောင့်ဆိုသော် အချို့သော Steemit အကောင့်များသည် မိမိ ကိုင်နေသော လက်ကိုင်ဖုန်းထက်ပို၍ အဖိုးတန် နေသောကြောင့်ဖြစ်ပါသည်။ ယခင်က Steemit အကောင့် password မေ့သွား၍ ပြန်ဝင်မရ ဖြစ်နေလျင်လည်း ပြစ်ထားလိုက်ရုံသာ။ Steem ၏ တန်ကြေးသည် ဘာမျှ မရှိသောကြောင့် နှမျှော နေမည် မဟုတ်ပါ။

သို့ သော် ယခုလို အချိန် SP အတော်အသင့်ရှိနေသော အကောင့် အမျိုးမျိုးကြောင့် ပျက်စီးသွားလျင် မိမိ၏ ကြိုးစား အားထုတ်မှုများ နှမျှောဖို့ ကောင်းလှပါသည်။ ထို့ ကြောင့်မိမိတို့ Steemit အကောင့် password များကို လုံခြုံ စိတ်ချရသော နေရာတွင် သေချာမှတ်ထား၍ အကြောင်းအမျိုးမျိုးကြောင့် မိမိ အကောင့် ဝင်မရတော့လျင် အဘယ်သို့ ပြုလုပ်ရမည်ဟူသော back up plan ချထားသင့်ပါသည်။ သို့သော် မိမိ ၏ master key ၊ original key မပျောက်သွားသရွေ့မိမိ အကောင့် ပျက်စီး ပျောက်ပျက်သွားစရာ အကြောင်း မရှိပါ။

01.jpg

ထို့ ကြောင့် Steemit Platform ပေါ်တွင် လျှောက်လှမ်းနေသူတိုင်း အောက်ဖေါ်ပြပါ အချက် သုံး ချက်ကို လိုက်နာနိုင်ရန် လို အပ်ပါသည်။

(၁) မိမိ ၏ Steemit အကောင့် password မပျက်သွားအောင် ၊ မမေ့သွား အောင်သေချာ သိမ်းဆည်းထားပါ။

(၂) မိမိ၏ Steemit အကောင့်ကို တန်ဖိုးထားပါ။

(၃) အချက် ၁ နှင့် ၂ ကို အမြဲ တမ်းလိုက်နာပါ။

တော်ရုံ တန်ရုံဖြင့် Steemit Platform ပေါ်တွင် အောင်မြင်ရန် မလွယ်ကူပါ။ အများက ပိုက်ဆံ ရတယ်ဟူ၍ သာ စမ်းသပ်သော အနေဖြင့် ဝင်ရောက်လာသူများမှာ မကြာခင် လက်လျှော့သွားကြပါလိမ့်မည်။ Steemit Platform ပေါ်တွင် လျှောက်လှမ်းရန် ပထမဆုံး အနေဖြင့် ပြောရလျင် cryptocurrency ကို နားလည်ရပါမည်။

အဘယ့်ကြောင့်ဆိုသော် Steemit Platform ပေါ်မှ ရရှိသော အကျိုး အမြတ်သည် cryptocurrency ခေါ် အနာဂါတ်ငွေကြေး အဖြစ်ရရှိနေသောကြောင့် ဖြစ်ပါသည်။ ထို့ နောက် ဤ cryptocurrency ကို မိမိတို့ လက်ရှိသုံး နေကြသော ကိုင်တွယ်၍ ရသော ငွေကြေးအဖြစ် ပြောင်းလည်း တတ်ရပါမည်။ ဤအဆင့် တွင် ရေးပြသည် မှာ လွယ်ကူ သလောက် တကယ် ပြုလုပ်လျင် အနုစိတ် ပါသည်။

အကြောင်းမှာ လေ့လာစရာ များလွန်း လှသောကြောင့် ဖြစ်ပါသည်။ အမှန်ကို ပြောပါမည်။ မိမိတို့ မြန်မာလူမျိုး အများစုသည် ဘေးမှ တယောက်ယောက်က ထိုင်၍ ဒါကို ဒီလို လုပ် ၊ ဟိုဟာကို ဟိုလို လုပ်ဟူ ၍ spoon feed ဟုခေါ်သော ဤသည်မရွေးအစအဆုံး သင်ပေးသည်ကိုသာ လိုချင်ပါသည်။ မိမိဖာသာ လေ့လာယူပါ ဟု ပြောလျင် ၁၀၀ တွင် ၉၀ ခန့်မှာ ခေါင်းစားမခံနိုင်ဘူး ဟူ၍ ပြန်ဖြေပါလိမ့်မည်။

02.png

ထို့ ကြောင့် လေ့လာ ဆည်းပူး မှု မပြတ် ပြုလုပ်နေကြသူများသာ Steemit Platform ပေါ်တွင် ရေရှည် ရပ်တည် နိုင်ကြပါလိမ့်မည်။ အကြောင်းမှာ လက်ရှိအချိန်တွင် Steemit မှာ blogging နှင့် cryptocurrency အပိုင်းသာ လေ့လာနေကြရသော်လည်း များမကြာမှီ ဝင်ရောက်လာကြတော့ မည့် SMT project တခုချင်းစီကို လေ့လာကြရပါတော့မည်။

ယခုပင်လျင် E Steem ၊ Utopian.IO ၊ APPICS တို့ကို လေ့လာနေကြရပြီ ဖြစ်ပါသည်။ ထို project များတွင် Steemit ၏ SMT encoded လုပ်လိုက်လျင် ဖြစ်ပေါ်လာမည့် အကျိုးဆက် ကို ခန့်မှန်းကြည့် နိုင်ပါ။ cryptocurrency ကို နားလည်ကြသူတိုင်း Ethereum ၏ ERC-20 project ကို သိပါလိမ့်မည်။ Ethereum ကို 5$ ခန့်မှ ဆွဲခေါ်တက်သွား လိုက်သည်မှာ တနှစ် အတွင်း လက်ရှိ အချိန်တွင် 1 Ethereum မှာ USD 765$ သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။

ထို့ ကြောင့် လက်ရှိ အချိန်တွင် Steemit Platform ပေါ်သို့ ရောက်ရှိနေကြသူများသည် အတော်လေးကံကောင်းနေကြသူများ ဖြစ်သည်ဟု ပြောနိုင်ပါသည်။ စေတနာ့ ဝန်ထမ်း၍ သင်ကြားပြသပေးနေကြသော admin များရှိသလို အကူအညီ ပေးနေသော အဖွဲ့ အစည်း နှင့်လည်း ကြုံတွေ့ ရသောကြောင့် ဖြစ်ပါသည်။

ကျွန်တော့ အနေဖြင့် Steem နှင့် SBD သည်လည်း ထိုကဲ့သို့ ထိုးတက်သွားလိမ့်မည်ဟု အတပ်မပြောနိုင်ပါ။ သို့ သော် လက်ရှိ အနေအထားထက် သာမည်ကတော့ သေချာပါသည်။ ဤ cryptocurrency ဈေးကွက် အနေအထားမှာ အပြောင်း အလည်း မြန်လွန်းလှပါသည်။ သည် နေ့ ဒီဈေးနှင့် ရနိုင်သော်လည်း မနက်ဖြန် သုံးဆခန့် ဖြစ်ချင်ဖြစ်သွားတတ်ပါသည်။

အခန့်မသင့်လျင်လည်း ဈေးထိုးကျသွားတတ်၍ တက်ဈေးနှင့်ဝယ်ထားသူတို့ ဒုက္ခနှင့် တွေ့တတ်ပါသည်။ သို့ သော် Steemit Platform ပေါ်တွင် ဆောင်းပါးများရေး၍ SBD ရယူနေကြသူများမှာ အရှုံးမရှိပါ။ မိမိတို့၏ အရင်းမှာ ဝရိယ သာဖြစ်ပါသည်။

03.jpg

အခြားတဖက်က ကြည့်လျင်လည်း မိမိတို့ ကြိုးစားမှုအလျောက် ရရှိလာသော SBD များကို SP အဖြစ် ပြောင်း၍ မိမိ wallet တန်ဖိုး မြှင့်တက်လာသည်ကို စောင့်ကြည့်ရသည်မှာ ကြည်နူးစရာကောင်းပါသည်။ မိမိတို့ လိုချင်သော အရာများကို ပိုက်ဆံပေး၍ ဝယ်ယူ နိုင်ကြသောအခါ ဝမ်းသာရသလို မိမိတွင် ဤရွေ့ဤမျှ သော ငွေပမာဏ စုထားနိုင်သည် ၊ ထို ငွေများသည်လည်း ဆက်လက်၍ တိုးပွားနေသည်ကို မြင်ရသည်မှာ သာ၍ ကြည်နူးစရာကောင်းပါသည်။

မိမိ၏ ပိုင်ဆိုင်မှု အနေဖြင့် ပြနိုင်ပြီ ဖြစ်၍ မိမိကိုယ်ကိုလည်း ယုံကြည်မှု မြင့်တက်လာစေပါသည်။ ထို့ ကြောင့် Steemit Platform ပေါ်သို့ လျှောက်လှမ်း နေကြပြီ ဖြစ် သော မြန်မာ လူငယ် မောင်မယ် များ မိမိတို့ Steemit အကောင့် များကို တန်ဖိုးထားကြပါရန် နှင့် မပျောက်၊ မပျက်စီး စေရန် ထိန်း သိမ်း ကြပါမည့် အကြောင်း သတိပေးလိုက်ရပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Photos credit; Google Image

Author : Henry Aung ( Kachin )
MSC : 001

Sort:  

အကို ရဲ့ စေတနာတရားတေကိုမြင်ရတာ ဝမ်းသာမိပါတယ်။ ကျနော် အကြောင်းအမျိုးမျိုးကြောင့် steemit လမ်းဘေးခဏဆင်းနေတာပါ။ Steemit ပလက်ဖောင်းကြီး တိုးတက်စည်ကားလာတာတွေ့မြင်ရလို့ အတိုင်းမသိ ဝမ်းသာနေရပါတယ်။ တနေ့နေ့ ကိနော် ပြန်လာပါမယ်။

ဘယ်သွားနေလဲမောင်ရေခဲ

We waiting and missing you, Bro Nyin Nyin Win

တစ်နေ့သော်ကိုယ်ပြန်လာမည်.... သို့သော်ဘယ်နေ့မှန်းမသိ...လွမ်းမိရက်သာကြာတောင့်ကြာရှည်.......

ဟုတ်တယ်ကို ရွှေဘို ရေ.. အရမ်း နောက်မကျခင် ပြန်လာခဲ့ပါအုံး

ေ ရွှဘိုမြို့သားလားဗျ
ကျွန်​​တော်​က ​ရွှေဘို အ​နောက်​ဖက်​က တပင်​​ကောင်းရွာသားပါ

ကိုလေးဖြူ သီချင်းလိုဆိုလိုက်ရရင်....
ပြန်လာပါတော့...
ပြန်လာပါတော့....ကွီးရွှေ

အမြဲတမ်း တန်ဖိုးထားလေးစားပါတယ်ဗျာ နဲနဲလောက်နေမကောင်းဖြစ်နေတာနဲ့ လိုင်းပေါ်ကိုကောင်းကောင်းမတက်ဖြစ်ပါ

ကျန်းမာရေးက ပို အရေးကြီးပါတယ်။

That is why I love steemit.
Steemit makes me happy and exciting.
Now my daily life is so busy with steemit but I like this situation.
May be one day my steem power 100000 and I also believe this dream come true.
Thank a lot Bro Henry for your supporting, guiding and leading us.

steemit is the best social media platform that i have ever seen

Sorry friend. I want to read it. but I can not translate it. this might be a useful post. Thank you.

သိပ်မှန်ပါတယ် bro
Account တန်ဖိုးလေးမြင့်တက်လာတာ ကြည်နူးစရာကောင်းသလို အောင်မြင်ချင်ရင် ထပ်လေ့လာ ရမယ် ဆပြီး အားတက်လာတယ်။
Anyway ပုံမှန်လေး အသိပညာတွေ ဒီလိုပဲမျှဝေပေးပါ bro။
အမှန်ပဲလေးစားမိပါတယ်။
လူနေချုံကြား စိတ်နေဘုံဖျားပါ
Normal living high thinking.
သာမာန်နေထိုင်းခြင်း မြင့်မားသောတွေးခေါ်ခြင်း
လိုမျိုး ပပဲါ။
As for me I am just a general worker but after using steem platform gotta feel like more than get confident level myself bot meant like overwhelmed.
All thank. Keep helping keep learning keep rewarding and don't forget to powering up SP

ကျွန်တော်တော့ password ကိုအလွတ်ကျက်လိုက်တယ်ဗျာ

ကောင်းပါလေ့

အစ်ကိုဟင်ရေ
Passwortအလွတ်ကျတ်လို့ရတာ
တော်ရုံ မှက်ဥာဏ်တော့ ဟုတ်ဘူးနော်😁

ထားပါတယ် ကိုဟင် ခဏလာကြည့်သွာပါတယ်

မအားတဲ့ကြားက ခဏ လာကြည့် တဲ့ အတွက် ကျေးဇူးတင်ပါတယ်

အကိုဒီတစ်ခှါေူးသားထားတာအတော်လေးကိုပြည့်စုံပါတယ်
ဒါပေမယ့်စိတ်မကောင်းစရာက မိမိကြိုးစားမှု့တွေကိုမဖြစ်စလောက်ဈေးနဲ့ ဖြူန်းပစ်နေကြတာတော့အဆင်သိပ်မပြေလှပါဘူး
ဥပမာ trade ဆိုတာလေ့လာပီးတခြားတခုခုကိုပြောင်းလဲရင်နှီးတာမျိုးမဟုတ်ဘဲ ဈေးပေါပေါရောင်းနေကြတာကိုပါ အလကားရတာ အလကားဖြူန်းပစ်နေသလို့မင်မိပါတယ် အင်တာနက်ငွေရှာနည်းလမ်းပေါင်ုစုံလေ့လာခဲ့ပေမယ့် ဒီလိုရွှေတွင်းတခါမှမမြင်ဘူးမတွေ့ဘူးပါဘူး အင်တာနက်မှာ ဒေါ်လာတစ်ဒေါ်လာအလကားပေးတာမမြင်ဘူးဘူးအကိုရယ် ရင်နှီးစရာက မိမိဝရိယနဲ့လုံလလေးဘဲလိုတာပေါ့ဗျာ ကျေးဇူးတင်လျက်ပါအကိုဟင်

SP သာစုထားပါ ညီလေးရေ.. စုဘူးလို့သာ သဘောထား

passward ကို သေချာ ရေးမှတ်ပြီး
သိမ်းထားပါတယ် အစ်ကိုဟင်

လုပ်ထားရမယ်.. ကျွန်တော်ကတော့ မှတ်ရမယ့် password တွေများလွန်းတာမို့ hard drive ထဲ ထည့်ထားတယ်

မန့်တော့ပါဘူးဗျာ။

မန့်ပါ ဆရာကလည်း..

၃ ချက်လုံးကို သေချာလိုက်နာပါမယ်။ passwordကို ဖုန်းထဲမှရော စာအုပ်ထဲမှ ပါ မှတ်ထားတာပါ ။ ဖုန်းက ဘယ်အချိန် စုတ်မယ်မသိတော့ တန်ဖိုးရှိ တဲ့ steemit account လေးပျက်သွားမှ ဆိုးလို့ ပါ ဖုန်းတန်ဖိုး ထက် password ကပိုတန်ဖိုး ရှိလာပါပြီ။

အကောင်းဆုံးပါ။

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 63597.74
ETH 2476.06
USDT 1.00
SBD 2.53