မိမိ တို့၏ quality post များနှင့် ဝင်ငွေ ပိုမို ရရှိနိုင်ကြစေရန်... ( Henry Aung )

in #myanmar7 years ago

HENRY.jpg

မြန်မာလူငယ်များ Steemit Platform ပေါ်တွင် အောင်မြင်ကြစေရန် အတွက် ကောင်းနိုးရာရာ သိမှတ်ဖွယ်ရာများကို ရေးသာဖေါ်ပြခဲ့ပြီး ဖြစ်ပါသည်။ ဤဆောင်းပါတွင် မိမိ post များကို လူသိများအောင် သို့ မဟုတ် social media relationships များကို Steemit Platform ပေါ်တွင် အလွယ်တကူ တည်ဆောက် ယူနိုင်သည်ကို ဖေါ်ပြပေးပါမည်။ ပထမဦးစွာ မိမိ voting power မည်မျှရှိသည် , မိမိ တင်လိုက်သော post သည် မည်သည့် အချိန်တွင် မည်မျှရမည်, အခြားသော မိမိ အားမည်သူက comment ပေး၍မည်မျှရရှိသည်။မိမိ account အကြောင်း မိမိ vote လုပ်ထား၍ မည်မျှပြန်ရသည်, မိမိ comment ပေးလိုက်၍ မည်မျှရသည်ကို steemstats.com တွင် မိမိ username ရိုက်ထည့်၍ ဝင်ကြည့်ပါလေ။အသေးစိတ်ကို မဖေါ်ပြတော့ ပါ မိမိ ကိုယ်တိုင် ဝင်ရောက် လေ့လာပါလေ....

000.png

ဤတွင် မိမိ post များကို လူ အများ ပိုမိုအာရုံစိုက်လာစေရန် မည်သို့ ပြုလုပ်ရမည်ကို ဖေါ်ပြပေးပါမည်။ ပထမဦးစွာ setting ထဲရှိ steemit chat တွင် ဝင်ရောက် register လုပ်ပါ။ register လုပ်ပြီ၍ chat box ပွင့်လာလျင်, search box ထဲတွင် click နိပ်လိုက်ပါက 100-vote-plus , 25-vote-plus ... စသည်တို့ကိုတွေ့ပါလိမ့်မည်။ ဤတွင်အရေးကြီးသည်ကို ပြောပါမည်။ သူတို့ ချမှတ်ထားသော rules ကို သေချာလိုက်နာရပါမည်။ 25-vote-plus ကို ရှင်းပြပါမည်။ 25-vote-plus အတွက် ချမှတ်ထားသော စည်းကမ်းမှာ ... သင့်post ကို လူ အနည်းဆုံး ၂၅ ယောက် vote လုပ်ထားသော်လည်း ရရှိငွေမှာ $၂၅ ထက်နည်းနေလျင် , ထိုနေရာတွင် promote လုပ်ခွင့်ရှိပါသည်။ promote လုပ်ရန်မှာ join ကို click နိပ်ပြီး message ဘောက်ထဲတွင် မိမိ post link ကို past လုပ်ပေးလိုက်ပါ။ မိမိသိထာရမည့် စည်းကမ်းမှာ မိမိpost ကို အနည်းဆုံး ၂၅ ရောက် vote ထားရမည်။ ၂၅ ထက်ကျော်လည်း ကိစ္စမရှိပါ။ သို့သော်မနည်းစေရ။ ရရှိထားသော ငွေမှာလည်း $၂၅ လောက်သာရရှိသေးရပါမည်။ $၂၅ ထက်နည်းလျင်ရပါသေးသည်, $၂၅ ထက်ကျော်နေလျင်တော့ promote လုပ်ခွင့်မရှိတော့ပါ။ မရှင်းသေးလျင် နောက်တခေါက်ထပ်ဖတ်ပါ။

1111111.png

22222.png

333333.png

ဆိုလိုရင်းမှာ လူ၅၀ လောက် ဝိုင်း vote ကြသော်လည်း ပိုက်ဆံမှာ $၂၀ လောက်သာရသောpost မျိုးအတွက် promote လုပ်ရန်ဖြစ်ပါသည်။ အလွယ်ကူဆုံးရှင်းပြလျင် မိမိ post မှာ လူကြိုက်များ၍ vote များရနေသော်လည်း ပိုက်ဆံတက်မလာဖြစ်နေသူ များအတွက် promote လုပ်ရန်နေရာဖြစ်ပါသည်။ 100-vote-plus စည်းကမ်းလည်း ဤအတိုင်သာ ဖြစ်ပါသည်။ လူ ၁၀၀ နှင့် အထက် vote ပေးထားသော်လည်း ပိုက်ဆံ $၁၀၀ မရသေးသော post များကို promote ပြုလုပ်ရန်ဖြစ်ပါသည်။ အထူးမှာလိုသည်မှာ တရက်ကို တကြိမ်တည်းသာ promote ပြုလုပ်နိုင်ပါသည်။ ဤတွင် မည်သည့် စည်းကမ်းမှ ဂရုမစိုက်ဘူးကွာ ငါpromote လုပ်ချင်တဲ့ နေရာလုပ်မည်ဆိုပြီး သတ်မှတ်ထားသော နေရာစည်းကမ်းမလိုက်နာပဲ တွေကရာ နေရာတွင် promote လုပ်နေ၍ မိမိ account အား lock ချလိုက်လျင်သော် လည်းကောင်း သို့မဟုတ် မိမိ post များအား promote လုပ်ခွင့် ပိတ်လိုက်လျင်သော် လည်းကောင်း ကိုယ့်ဒေါသနှင့် ကိုယ်သာဖြစ်ပါသည်။

steem.png

ဤတွင် မိမိ post မှာ မည်သည့် စည်းကမ်းနှင့်မျှ ကိုက်ညီမှုမရှိသေး , voting လည်းမရသေး ပိုက်ဆံလည်း ထင်သလောက် မရသေး၍ အားငယ်နေစရာမလိုပါ။ postpromotion ဟူသောနေရာတွင် promote ပြုလုပ်နိုင်ပါသည်။ ဤနေရာအတွက် စည်းကမ်းမှာ ၂ နာရီခြား တကြိမ်သာ မိမိ post ကို promote ပြလုပ်ခွင့်ပေးပါသည်။ promote ပြုလုပ်ပုံမှာ message box ထဲသို့ မိမိ post link ချ ပေးလိုက်ရုံသာဖြစ်ပါသည်။ အခြား တခုမှာ general ဖြစ်ပါသည်။ general တွင် တကမ္ဘာလုံးရှိ steemit များ chatting ပြုလုပ်ကြပါသည်။ ပြောဆိုညှိနိုင်ကြပါသည်။ မိမိ မှာ coin trader တယောက်ဖြစ်ပါက ထိုgeneral chat group တွင် ဝင်ရောက် စနည်းနာနိုင်ပါသည်။ ပြောနေကြသော အကြောင်းအရာစုံပါသည်။ အရေးကြီးသည်မှာ ထို general chat group ထဲတွင် မိမိ post ကို promote လုပ်ခွင့်မရှိပါ။ အများသူငှာ chatting ထိုင်နေကြသော နေရာတွင် မိမိ post ကို promote ပြုလုပ်ခြင်းမှာ အလွန်ရိုင်းသော အပြုအမှူ ဖြစ်ပါသည်။ ထို chat group ထဲတွင် အများနှင့် ဝင်ရောက် chatting မလုပ်ချင်ပါက , မိမိ chat ချင်သူ တဦးဦး ၏ user name ကို click နှစ်ချက်ခေါက်လိုက်လျင် ထိုသူနှင့် chat ရန် သီးသန့် chat box ပေါ်လာပါလိမ့်မည်။ မိမိ၏ chatting skill ကို အသုံးပြု၍ မိတ်ဖွဲ့ပါလေ... အထူးမှာလိုသည်မှာ chat box တွင်ရိုင်းစိုင်းစွာရေးသားခြင်း မဖွယ်မရာ ပုံများပြခြင်း များအတွက် မိမိ အရေးအသားများကို screen shot များဖြင့် steemit website ပေါ်တက်လာလျင် မိမိ သာမက မိမိနှင့် ဆက်နွယ်သော community ပါ အရှက်ကွဲမည်ဖြစ်သဖြင့် သတိထားစေလိုပါသည်။

444.png

နောက်တခုနားလည် ထားရန်မှာ မိမိ promote ပြုလုပ်လိုက်တိုင်း ပိုက်ဆံပိုရလာမည်ဟု အာမမခံနိုင်ပါ။ မိမိ အရေးအသား post quality ပေါ်မူတည်၍ ထပ်မံ vote ပေးကြမည်သာဖြစ်ပါသည်။ ကျွှန်နော့အတွက်ဆိုရင်နော့ ၁၀ ပြားရလည်း မဆိုးပါဘူးဟုသာ...

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Henry Aung ( Kachin )

Sort:  

Hey @Kachinhenry

I am still trying to help all my Burmese friends get into steem it.
Win/win! 😉😏😎

There is some language barrier on specifics that I can only explain in my native languages.

What post do you have that I could forward to my Burmese friends that will give them clear understanding from one of their own native speakers?

Do you have something like this or know anyone that may?
Take care!

Well, itsmein3d, thanks you very much for your support.. appreciate that. actually all the posts in my blog writing with Myanmar alphabet are useful for Myanmar newbie.... you can share them all... thanks

Thanks Thanks bro:)

i hope you will like it

ဆာ တစ်ခုလောက်မေးခွင့်ပြုပါ steemit ကို ဘယ်အချိန်လောက်က စဝင်ဖြစ်တာလဲ

ကျွှန်တော့ ရဲ့introducing post ကို ကြည့်ရင်သိပါလိမ့်မယ်

ဟုတ် ကျေးဇူး ဆာ မေ့သွားလို့

Thank xo much .. bro
this is very useful for myanmar newbie :)
နောက်ထပ်post တွေလည်း sharing လုပ်ပေးပါရှင့်

ကောင်းပါပြီခင်များ... ပိုပြီး ပြည့်ပြည့် စုံစုံ သိချင်ရင်တော့ အရင်ကျွှန်တော်တင်ထားတဲ့ post တွေကို ကျွှန်တော့ blog မှာ သွားဖတ်နိုင်ပါတယ်။ အကျိုးရှိပါလိမ့်မယ်

Thx brother

I hope it will help you

အတိုင်းမသိ ဝမ်းသာ ​ကျေနပ်​ရပါသည်

Post တွေကို promotion လုပ်ပြီး ပိုက်ဆံတွေ အများကြီးရပါစေ....😀😀😀

Very useful bro.

Thanks for support

What kind language was that?

actually, it is "Burmese" language, in Myanmar we have many languages.

Well, which language do you prefer ..?

Rea

Thanks for support

Thankyou.

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.030
BTC 59111.01
ETH 2441.11
USDT 1.00
SBD 2.45