လူ့ဘုံခန်းဝါ ( Henry Aung )

in #myanmar5 years ago (edited)

henry Aung.jpg

မင်္ဂလာပါ။ လွန်ခဲ့သော ရက်အနည်းငယ် ခန့်မှစ၍ Exxon Mobile ဟူသော ရေနံချက်စက်ရုံတွင် Project ယူထားသဖြင့် နံနက်စောစော ထ၍ အလုပ်သွားရ၏။ နံနက်စောစောဟူရာတွင် သာမန်ရုံးချိန် မှာ နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ဖြစ်ရာ သာမန်အချိန်တွင် နံနက် ၇ နာရီခွဲခန့် ထလျင် အလုပ်သို့ အလျင်မှီအောင် ရောက်၏။

သို့သော် Project အလုပ်ချိန်မှာ ၇:၃၀ စသောကြောင့် နံနက် ၅ နာရီထ၍ အလုပ်သွားရသောဟူ၏။ နံနက် ၅ နာရီဟူသော အချိန်မှာ အိပ်ကောင်းသော အချိန်ဖြစ်၏။ သို့သော် တာဝန်ဟူသော ကြိမ်စ္စကြာ နှိုးစက်မှာ အချိန်တိကျလှ၏။ ၅ နာရီ မထိုးခင် ၁၀ မိနစ်အလိုခန့်တွင် မျက်လုံးပွင့်လာ၏။ အိပ်ချင်စိတ်ကာ တားမရ။

သို့သော် တာဝန် တည်း ဟူသော နှိုးစက်က အိပ်ရာထက်မှ မရမက ဆွဲထူလေတော့၏။ စည်းစိမ်ပျက်လှပါဘိ။ ထို့နောက် နံနက်ပိုင်း ပြုလုပ်ဆောင်တာများ ဖြစ်သော အပေါ့အပါးသွားခြင်း ၊ ရေချိုး သွားတိုက်ခြင်း အမှုကို ခပ်သွက်သွက် ပြုရ၏။ အကြောင်းမှာ နံနက် ၅:၄၅ ထိုးလျင် ရထားဘူတာရုံသို့ ရောက်ရန်လို သောကြောင့် ဖြစ်၏။

ယခင် အချိန်ဆိုလျင် ၅:၄၅ ဆိုသော အချိန်မှာ အိမ်မက်ထဲတွင်သာ ရှိနေသေးသော အချိန်ဖြစ်၏။ ရှိစေတော့။ တာဝန် ဟူသော အရာကာ စကားနှစ်လုံးသာ ဖြစ်သော်လည်း အဓိပ္ပါယ် ကျယ်ဝန်းလှ၏။ နံနက် အိမ်မှ ထွက်လိုက်သည်နှင့် စင်္ကပူ၏ နံနက်ခင်းကို နှုတ်ဆက်ရ၏။ နံနက် ၅:၃၀ သာ ရှိသေးသော်လည်း အလုပ်သွားသူတို့ ကသုတ်ကရုတ်သွားနေကြ၏။

01.jpg
Original Source
အချို့က ကျောင်းသား / သူများ ဖြစ်ကြ၏။ အချို့က အလုပ်သမား များ ဖြစ်ကြ၏။ သာမန်ရုံး ချိန်တွင် လုပ်ရသူတို့ကာ ဤ အချိန်တွင် မတွေ့နိုင်ပါ။ အချို့ကလည်း မိမိတို့ အချစ်တော် ခွေးများ ဆွဲကာ အေးအေးလူးလူး လမ်းလျှောက်နေကြ၏။ အချို့ကာ အားကစားလုပ်နေကြ၏။ သူတို့ကာ ချမ်းသာသူများ ဖြစ်ကြ၏။

အခြားသူငှာ များ အလုပ်လုပ်ရန် တာစူနေချိန်တွင် အေးအေးလူလူ နေနိုင်ကြသူများ ဖြစ်ကြ၏။ စင်္ကပူ ၏ နံနက်စောစောကာ လှုပ်ရှားသွားလာသူ များလှသော်လည်း အသံတို့ကာ တိတ်ဆိတ်နေ၏။ ပဲပြုတ် ရမယ် ပဲပြုတ် ဟူသော အသံလည်း မကြားရ။ နမောတသ အစချီလျက် ဆောင်းဘောက်များ ဖြင့် ဖွင့်သော ကြာနီကန် တရားသံလည်း မကြားရ။

စင်္ကပူနံနက်ခင်းတွင် အောင်ခြင်းရှစ်ပါးသံမကြားရ။ စင်္ကပူတွင် မနော ၏ တို့တောရွာ မရှိ။ အရာရာ တိတ်ဆိတ်လျက် ကိုယ့်အတွေးဖြင့်ကိုယ် လုပ်သွားရန် တာစူနေကြ၏။ စင်္ကပူနံနက်ခင်း နေရောင်ခြည် အောက်တွင်ကာ မတူညီသော ခေတ်ပေါ်အဝတ်အစားများ ဝတ်ဆင်ထားသော လူသားများအား မတူညီသော ပုံစံများ ဖြင့် ပြည့်နှက်နေတော့၏။

အချို့ကာ ပု၏ ။ အချို့ကာ ရှည်၏။ အချို့ကာ ကိုယ်လုံး လှကြ၏။ အချို့ကာ ဝ ၍ လှကြ၏။ အချို့ကာ ပိန်၍ ကြည့်ကောင်းကြ၏။ အချို့ကာ စကတ်တိုကြ၏။ အချို့ကာ ဂါဝန်ဖြင့်။ မတူညီသော ဝတ်စုံများ ဝတ်ထားသော ယောက်ျား သားများတွင် ကုလားလည်းပါ၏။ ဘင်္ဂလားလည်းပါ၏။ တရုတ်လည်းပါ၏။ မြန်မာ လည်းပါ၏။ ကျွန်တော်လည်း ထိုသူတို့နှင့်အတူ တူသာ ဖြစ်၏။

002.jpg
Original Source

ဤသို့ဖြင့် တွေးရင်း ငေးရင် လျှောက်ရင်း ဘူတာရုံသို့ ရောက်ရလေတော့၏။ ဘူတာရုံသို့ ဝင်လိုက်သည်နှင့် အေးမြသော Air con အရသာနှင့်ထိတွေ့ရ၏။ ဘူတာရုံ အဝင်လမ်း တောက်လျှောက်တွင် နံနက်စာရောင်းသော ဆိုင်တန်းများရှိ၏။ ပေါင်မုန့် ဆိုင်၊ ကြာဇံကြော် ခေါက်ဆွဲ ကြော်ဆိုင် ၊ ဟမ်ဘာဂါ ဆိုင် ၊ ထမင်းကြော်ဆိုင်စသည်ဖြင့် စုံလင်လှ၏။

ဆိုင်တိုင်းတွင် တန်းစီဝယ်ယူသူတို့ဖြင့် ပြည့်နေ၏။ လာပါ ဝယ်ပါ တကြော်ကြော် ဟစ်အော်ရောင်းသူတို့မရှိ။ တိတ်တဆိတ် တန်းစီဝယ်ယူနေကြ၏။ မိမိလည်း ကြာဇံကြော် ဆိုင်တွင် ဝင်ရောက်တန်းစီ၏။ မိမိရှေ့တွင်ကာ တန်းစီးနေသူ ၁၀ ယောက်ခန့်ရှိ၏။ ၃ မိနစ်ခန့် စောင့်လိုက်လျင် မိမိအလှည့်ရောက်လာ၏။ မိမိဝယ်ယူလိုသော အရာအား လက်ညှိုးထိုးပြရ၏။ ဖော့ဘူး အတွင်းထည့်ပေးသူတို့ကာ ကျွမ်းကျင်လှ၏။

မိမိဝယ်ယူထားသော ကြာဇံကြော် ဘူးအား ကိုင်ကာ ကောင်တာတွင် ငွေရှင်းရ၏။ တန်းစီသူတို့ကာ အဆက်မပြတ်။ အခြား သော ဆိုင်များတွင်လည်း ထိုနည်းလည်းကောင်း သာဖြစ်၏။ လူတို့ကာ ထွက်သွားလိုက် ၊ အခြားသူတို့ ဝင်လာလိုက်။ စနစ်တကျ ပုံသွင်းထားသော စက်ရုပ်များလှုပ်ရှားနေသကဲ့သို့သာ။ ရထား ဘူတာရုံ အတွင်၌လည်း ရထား စီးလိုသူတို့ ဝင်ပေါက်များ တဖက်တချက်စီတွင်တန်းစီနေကြ၏။

ရထားတို့ကာ ၃ မိနစ်တကြိမ် ဆိုက်လာလိုက် ၊ ဆင်းသွားသူတို့အားထားခဲ့ကာ အခြားသူတို့အား တင်ဆောင်သွားကြ၏။ ရထား သုံးစီးခန့် ဆိုက်လျင် မိမိ အလှည့် ရောက်ပြီ ဖြစ်၍ ရထားအတွင်းသို့ ဝင်ရောက်ရလေတော့၏။ ရထား အတွင်း၌ကာ ထိုင်စရာနေရာမရှိ။ ခုံပြည့် သည့်အပြင် မတ်တပ်ရပ်နေသူ တို့ဖြင့် ပြည့်ကျပ်နေ၏။ လက်တဖက်က လက်ကိုင်ကွင်းကို ကိုင်၍ အခြားတဖက်ဖြင့် ဖုန်းပွတ်နေသူတို့ကာ ဒုနှင့်ဒေး။

003.jpg
Original Source

ထိုင်ခုံရသူတို့ကာ နားကျပ်တပ်ကာ ဖုန်းပွတ်နေကြ၏။ အချို့ကာ မျက်လုံးမှိတ်လျက်။ အချို့ကာ ငိုက်လျက်။ အချို့ကာ စာဖတ်လျက်။ အချို့ကာ တီးတိုးစကားပြောလျက်။ ဤ သို့ဖြင့် ဘူတာတခု ရောက်လိုက် လူများ ဆင်းသွားလိုက် တက်လာလိုက်။ ယခုမြင်ရသူသည် ခဏကြာလျင်မရှိတော့။ သံဝေဂ ယူမည်ဆိုလျင် ယူနိုင်၏။

ဖြစ်ခြင်း ပျက်ခြင်းတို့အား မိမိမျက်စိရှေ့တွင်ပြင်မြင်ရ၏။ ကျောပိုးအိတ်ကြီးငယ် လွယ်ထားသော ကျောင်းသူ / သားတို့ကာ လူငယ်သဘာဝ စကားအား အနည်းငယ် ကျယ်ကျယ်လောင်လောင်ပြောကြ၏။ ထို ကျောင်းသား / သူ တို့ ဆင်းသွားလျင် တဖန် တိတ်ဆိတ်သွားပြန်၏။

နံနက် ၆:၃၀ ခန့်တွင် မိမိဆင်းရမည် ဖြစ်သော ဘူတာသို့ ရောက်ပြီဖြစ်၍ ရထားပေါ်မှ ဆင်းရလေတော့၏။ ထွက်သူနှင့် ဝင်သူ တွန်းတွန်းတိုက်တိုက်မရှိ။ ဝင်သူက ထွက်သူကို ဦးစားပေးကြ၏။ အထွက်ကုန်မှ အဝင် ပြုကြ၏။ MRT ခေါ်အမြန်ရထားကလည်း ဘူတာတွင်မိမိအား ထားခဲ့ကာ ထွက်ခွာသွားလေတော့၏။

မိမိလည်း Project ရှိရာသို့ သွားရန် Bus ကား စီးရန် လိုအပ်ရသေးကာ လူအုပ်ကြီးနှင့် အတူ ကားဂိတ်ရှိရာသို့ ထွက်လာခဲ့၏။ နံပါတ်မတူသော Bus ကားများ တစီးပြီးတစီး ထိုးဆိုက်လာကြ၏။ လိုအပ်သူတို့ တက်သွားကြ၍ ကျန်နေသူတို့က နောက်ကားကို မျှော်နေကြ၏။ မိမိစီးရမည် ဖြစ်သော Bus ကားဆိုက်ရောက်လာလေပြီ။

ခရီးသည်တို့ကာ ပြည့်ကျပ်လျက်။ Bus ကားအတွင်းသို့ ဝင်လိုက်သောအခါ တနေရာစာ အတွက် နေရာဖယ်ပေးကြ၏။ နံနက်စောစော ဝမ်းစာရှာဖွေကြသူချင်း အတူတူ ဖြစ်၍ ကိုယ်ချင်းစားကြသည်လည်း ဖြစ်နိုင်၏။ နေရောင်ထွက်လာပြီ ဖြစ်၍ သြကာသလောကတခုလုံး လင်းထိန်လာပြီ ဖြစ်၏။

004.jpg
Original Source

ကားလမ်းပေါ်တွင်ကာ အိမ်စီးကား ၊ Bus ကား ၊ Truck ကား အစရှိသော ကားကြီးကားငယ်သို့ လုပ်ငန်းခွင်သို့ ဦးတည်နေကြ၏။ မိမိလည်း မြန်မာပြည်ကို လွမ်းလာတော့၏။ နံနက်စောစော လဖက်ရည်ဆိုင်မှ ဖွင့်သော တရားသံကို လွမ်း၏။ ဈေးသည်တို့၏ အော်ဟစ်ရောင်းဝယ်သံကိုလွမ်း၏။

" ဆွမ်းတော်ဗျို့" ဟူ၍ ကိုရင် ကျောင်းသာ တို့ တီးလိုက်သော ကြေးစည်သံကို လွမ်းမိ၏။ ဆူညံနေသော ကားဟွမ်းသံများ အားလွမ်း၏။ ဤသို့ အလွမ်း ရေယျဉ်ကြော၌ မျှောနေစဉ် မိမိလုပ်ငန်းခွင် ဝင်ရမည် ဖြစ်သော Project သို့ ရောက်ရလေတော့၏။ နံနက် ၇ နာရီ ထိုးပေပြီ။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png
Author : Henry Aung ( Kachin )
MSC : 001

Sort:  

ကိုယ်တိုင်ခရီးသွားနေရသလိုပါပဲလေ…တခါလောက်ရောက်ချင်မိပါဘိ ကိုဟင်ရေ

Steem ဈေးတက်ရင် အလည်အပါတ်လာကြတာပေါ့။

နိစ္စဓူဝ လူ့ဘဝကား ထွေလီရှုတ်ရှက် မနားရပေတကား

Posted using Partiko Android

ရှုပ်ထွေးပွေလီ ဤ လောကီ သားပေမို့......

စင်္ကပူ နံနက် ၅နာရီ ဆို အတော်စောမှာပဲ မြန်မာပြည်ရဲ့ မနက် ၄နာရီရှိမယ်ထင်တယ် ဘာလိုလဲဆိုတော့ စင်္ကပူက အချိန်နာရီကို
ဟောင်ကောင်နဲ့တူအောင် စောထားတာတဲ့ကြားဖူးတာပဲဗျ

ကိုထွေးပြောမှပဲ ကြည့်မိတော့တယ်... ဟုတ်သား ဟောင်ကောင်နဲ့ စင်္ကပူ အချိန်တချိန်တည်းရယ်...

Congratulations @kachinhenry! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published more than 300 posts. Your next target is to reach 350 posts.

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62702.02
ETH 2572.25
USDT 1.00
SBD 2.75