ကျွန်တော်တို့ ဘယ်လောက်ပြင်ဆင်ထားပြီလဲ ( Henry Aung )

in #myanmar6 years ago

henry Aung.jpg

မင်္ဂလာပါ။ လွန်ခဲ့သော ရက်အနည်းငယ်က Steemit CEO @ned ၏ ICO ( Initial Community Offering) ဟူသော post တခုအားတွေ့မိပါသည်။ ထို့နောက် ဆက်လက်၍ သူနှင့် သူ့အပေါင်းအပါများ ကြိုးစား၍ အကောင်အထည်ဖေါ်နေသော Steem - based application တခုအကြောင်းအား အရိပ်အမြွတ် ဖေါ်ပြပေးခဲ့ပါသည်။ မည်သည့် အချိန်ထွက်လာမည် ၊ မည်ကဲ့သို့သော Apps ဖြစ်သည်ကိုတော့ ဖေါ်ပြထားခြင်း မရှိသေးပါ။

သို့သော် သူသုံးနှုန်းသွားသော စကားလုံးတွင် Destiny ( ကံကြမ္မာ ) ဟူ၍ တင်စားသုံးနှုန်း သွားသဖြင့် steemit ၏ ကံကြမ္မာ အလှည့် အပြောင်း ဖြစ်စေနိုင်သော App တခု ဖြစ်မည်ဟု ယုံကြည်ပါသည်။ ထို App အသစ်မှာ အဖွဲ့အစည်း ဖြင့် လုပ်ဆောင်ရသော ၊ တနည်းအားဖြင့် Community နှင့် စည်းချက်ညီညီ လုပ်ဆောင်အောင်မြင်နိုင်သော App ဟုဆိုထားပါသည်။

Social Media သာမန်အသုံးပြုသူများ အဖြစ်မှ cryptocurrency အရူးအမူးလိုချင်သူများ အဖြစ်သို့ ပြောင်းလည်း ပေးနိုင်သော App ဖြစ်ကြောင်း သူ၏ ဆောင်းပါး နောက်ဆုံးစာကြောင်းတွင် ဖေါ်ပြထားပါသည်။ ဆောင်းပါး အပြည့် အစုံအား အောက်ပါ link တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ steemit platform သည် လျို့ဝှက်ချက်များ ဖြင့် ပြည့်နေပါသည်။

New behind-the-scenes project

ဤ platform အား လူကြိုက်များ ရေပန်းစားလာစေရန် ပြုလုပ်ရန် လိုအပ်နေကြောင်း အားလုံးအသိဖြစ်ပါသည်။ ယခု CEO အရိပ်အမြွှတ်မျှ ဖေါ်ပြပေးလိုက်သော ၊ တနည်းအားဖြင့် သူအများကြီး မျှော်လင့်ထားသော App များမကြာမှီ ထွက်လာပါလိမ့်မည်။ ထို့နောက် steemit blockchain အား အမှီပြု၍ ထွက်လာကြမည် ဖြစ်သော Apps များ ၊ နည်းပညာများ ဖြစ်ကြသည့် SMTs များ ။

၂၀၁၉ သည် steemit platform အသုံးပြုသူများ၏ နှစ် ဖြစ်မည်ဟုထင်ပါသည်။ ပြောင်းလည်း မှုကတော့ တခုပြီး တခု ထွက်ပေါ်လာပါတော့မည်။ ပြောင်းလည်း မှုအတိုင်း လိုက်ပါ မစီးမျှော နိုင်သူတို့ ကျန်ခဲ့ပါလိမ့်မည်။ လတ်တလော ကျွန်တော်တို့ အတွက် အရေးကြီးဆုံး အရာမှာ ပြောင်းလည်းမှု အတိုင်း အံဝင် ခွင်ကျ လိုက်ပါစီးမျှော နိုင်ရန်အတွက် ပြင်ဆင်ထားရန်သာ လိုပါတော့သည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Author : Henry Aung ( Kachin )
MSC : 001

Sort:  

ကံကောင်းတယ် ဆိုတာ အခွင့်အလမ်းနှင့် ပြင်ဆင်ထားမှုတို့ ပေါင်းဆုံတဲ့အရာ ဆိုတော့ကာ SMTs and Dapp က ရလာမယ့် အခွင့်အလမ်းတွေကို SP စုလို့ တတ်နိုင်သမျှ ပြင်ဆင်ထားပါမယ်...အကောင်းဘက်ကို မျှော်လင်လျက်...

Posted using Partiko Android

ခရီးသိပ်မဝေးတော့ပါဘူး။ လမ်းကောင်း ပေါ်ကို ရောက်လာပါတော့မယ်။

မျှော်လင့်နေမယ်

အများကြီး မျှော်လင့်ထားပါတယ်

Beta version ကနေ final Launch လုပ်ပီးတော့မှ app ထုတ်မယ်ထင်တာပဲ bro

SMTs တွေ ထွက်မလာခင် beta version ဖြုတ်မယ်လို့ အစ်ကိုလည်းထင်ပါတယ်။

အမြဲတမ်း အသင့်ဖြစ်ပြီး steemitတွင် စာများရေးသားလျက်ပါအကို

Posted using Partiko Android

အကောင်းဆုံးပါ။

မျှော်လင့်လျက်ပါရှင့်

Posted using Partiko Android

အကောင်းဆုံးပါ။

အံဝင် ခွင်ကျ လိုက်နိုင်အောင် ကြိုးစားလျှက်ပါဗျာ

Posted using Partiko iOS

အကောင်းဆုံးပါ။

Harmony ဖြစ်ဖို့ပဲ။
ရေဆန်မှ မဟုတ်တာ အဆုန်ဆိုတော့ သူ့ flow လေးကို ကိုယ်တွေ လိုက် မျောနေနိုင်ဖို့လိုတယ်။
Can't wait. Wana reach 2019.

Steemit ဟာ မကြာခင် လမ်းကောင်းတဲ့ အမြန်လမ်းမကြီး ပေါ်ကို ရောက်လာပါတော့မယ်။

မောင်းကြတာပေါ့ဗျာ

ပိုမို​ကောင်းမွန်​​သော​ပြောင်းလဲမူများနဲ့ လိုက်​​လျှောညီ​ထွေ​စေဖို့ ကြိုးစားလျှက်​ပါ အကိုဟင်​ ခင်​ဗျာ 😊

Posted using Partiko Android

အကောင်းဆုံးပါ။

ဟုတ်​ ကိုဟင်​ 😊

Posted using Partiko Android

This is very good information. Which has the presentation of the ICO. The app is a good idea.

ကြိုးစား‌နေပါတယ်‌အစ်‌ကို ၊ဒိထက်‌မြန်‌တဲ့စံချိန်‌နဲ့ေ ပြးချင်‌ပါတယ်‌ဗျာ။

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 63885.30
ETH 3142.94
USDT 1.00
SBD 3.86