ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း-( ၆ )( Henry Aung )

in #myanmar3 years ago (edited)

HENRY.jpg

ကျွန်တော်တို့ ပထမ ၂၈ယောက် မှာ work permit card ရပြီဖြစ်သဖြင့် ကျွန်တော်တို့ ကုမ္ပဏီ ရုံးချုပ်တွင် ငြမ်းသင်တန်းကို တက်ရောက်ကြရပါသည်။ ရုံးချုပ်အဆောက် အဦးမှာ ၅ ထပ် ဖြစ်ပြီး နဘေးတွင် workshop အဆောက် အဦး ကြီး ရှိပါသည်။ ကျွန်တော်တို့ ငြမ်းသင်တန်းမှာ ထို workshop ၏ နဘေးတွင်ရှိပါသည်။ ထို ငြမ်းသင်တန်း စတက်သောနေ့တွင် ကျွန်တော်တို့ အား group များဖွဲ့ စေပါသည်။

အကြောင်းမှာ ငြမ်းဆင်ခြင်းအလုပ်သည် အဖွဲ့လိုက်ညီညီ ညာညာလုပ်ရသောကြောင့် ဖြစ်သည်။ ကျွန်တော်တို့ အယောက် ၃၀ မှာ ၂ ယောက်ပြန်သွားပြီ ဖြစ်သဖြင့် ၁၀ ယောက်တဖွဲ့၊ ၉ ယောက် ၂ ဖွဲ့ဖြင့် ဖွဲ့စည်းကြရပါသည်။ ထိုသင်တန်း တက်သော ပထမနေ့မှာပင် အန္ဒိယကုလား လူသစ် ၁၀ ယောက်လည်း ပါလာပါသည်။ အစပထမတွင် အဖွဲ့ဖြစ်လျင်ပြီးရော ကြုံသလို ဖွဲ့ခဲ့ကြခြင်းသည် နှောင် အလုပ် တကယ်လုပ်ရသောအခါ များစွာ အခက်အခဲဖြစ်စေပါသည်။

ထိုပထမနေ့တော့ ငြမ်းဆင်နည်း သီအိုရီဖြင့် သာပြီးခဲ့ရပါသည်။ ဒုတိယနေ့မှ စပြီး အဖွဲ့ ၄ ဖွဲ့ကို ဆရာတယောက်တည်းက တပြိုင်တည်း သင်ပေးပါသည်။ ဆရာမှ မိမိတို့ မြန်မာ ၂ ဖွဲ့ကို အခြေခံငြမ်း ပုံစံ drawing ပြ၍ ထို အတိုင်းကို လက်တွေ့ပြ၍ သင်ပေးပါသည်။ ကျန်သောအဖွဲ့သားများက လိုက်ကြည့် ရပါသည်။ ဆရာမှာ မလေးလူမျိုး ဖြစ်၍ သူပြောသော အင်္ဂလိပ် စကားအားနာမလည် သောကြောင့် မကြာခဏ အော်ငေါက်ခံရပါသည်။

သူလည် နေပူထဲတွင် ကြိုးစားပမ်းစားသင်ပေး ကျွန်တော်တို့ သင်တန်း သားများလည်း ချွေးပြန် နေသော်လည်း နားခွင့်မရှိပါ။ ထိုအချိန် က ကျွန်တော်တို့ အလုပ်သမား ဝတ်စုံ uniform ရရှိနေပြီဖြစ်သည်။

staging 2.jpg

မိမိတို့မှာ ငြမ်း မဆင်ခင် PPE( Personal Protective Equipment ) ဟု ခေါ်သော မိမိကိုယ်ကို အန္ဓရာယ်ကင်းအောင်ကာကွယ်ထားသော ပြစ္စည်းများ ဝတ်ဆင်ရပါသည်။ ထို PPE မှာ ကုမ္ပဏီမှ အလုပ်သမားများအတွက် မဖြစ်မနေထုတ်ပေးရပါသည်။ ထိုပစ္စည်း များမှာ Safety hamlet ခေါ် မိမိဦးခေါင်းအား ကာကွယ်ပေး သော ဦးထုပ်၊ မိမိမျက်လုံး ကို ကာကွယ်ပေးထားသော Safety glass ခေါ် ကွဲ ကြေခြင်းမရှိသော မျက်မှန် ၊ body harness & double lanyard ခါ် အမြင့်မှ ရုတ်တရက် ပြုတ် မကျစေရန် ကိုယ်ကို သိုင်းချုပ်ထားသော ဝတ်စုံ ခေါ် သိုင်းကြိုး ( ထို သိုင်းကြိုးမှာ လေထီးခုန် စစ်သည်များဝတ်ရသော သိုင်းကြိုးနှင့် အတူတူဖြစ်ပါသည်။

ထို သိုင်းကြိုး ဝတ်ဆင်နည်းမှာ သီးသန့်ရှိသော်လည်း စာလေးမည်စိုး၍ မဖေါ်ပြတော့ပါ) မိမိခြေထောက်ထိခိုက်ခြင်းမှ ကာကွယ်ရန် Safety shoe ခေါ်လည်ရှည် သရေဖိနပ် နှင့် မိမိ လက်ကို မထိခိုက်နိုင်စေရန် glove ခေါ် သာရေလက်အိတ်ကို ဝတ်ဆင်ရပါသည်။ ရိုရိုသာမန် ချည်သားလက်အိပ်မှာ တရက်ပင်အသုံးမခံပါ။

ဤသို့ မိမိကိုယ်ကို PPE ဝတ်ဆင်ပြီးပါက အလွန်သိသာပါသည်။ မိမိတို့ မှာ အလုပ်ပင်မလုပ်ရသေး ထို body harness ကို နည်းစနစ်မှန်ကန်စွာ ဝတ်ဆင်တတ်ရန် လေ့ကျင့်ရင်းကပင် ချွေးပြန်နေကြပါသည်။ ထို body harness ဟု ခေါ်သော သိုင်းကြိုးမှာ ဝတ်ဆင်နည်း မမှန်လျင် lanyard ၏ ချိပ်ဆက်ထားမှုကြောင့် အောက်အထိ ပြုတ်မကျနိုင်သော်လည်း မိမိ ကိုယ်အလေးချိန်ကြောင့် ခါးကျိုးတတ်ပါသည်။

ppe.jpg

harness.png

ထို့ နောက်သင်တန်းဆရာက အဖွဲ့ နှစ်ဖွဲ့က်ု ဦးစွာ ငြမ်းဆင်စေပါသည်။ ငြမ်းမဆင်ခင် လို အပ်သော ငြမ်းပစ္စည်များကို လိုအပ်သလို သယ်ယူကြရပါသည်။ မိမိတို့ မှာ ဝတ်ထားသော PPE အလေးချိန်နှင့် ငြမ်းပစ္စည်းများလို သလောက်သယ်ယူ ပြီ ငြမ်းဆင်ရန် အဆင်သင့် ပြု လုပ်ထားစဉ်မှာပင် အားလုံး ချွေးများဖြင့် နစ်နေကြပါပြီ။

မိမိ နဖူးမှ ကျလာသော ချွေးများမှာ မျက်ခုံးပေါ်မှ စီး၍ မျက်မှန်ပေါ်သို့ ကျသဖြင့် အမြင်မှုန်ဝါး သွားပါက မျက်မှန်ကို ချွတ်ထား၍ မရပါ။ သန့်ရှင်းရေး လုပ်ပြီး ပြန်တပ်ထားရပါသည်။ မိမိတို့ မှာ ပစ္စည်း တခါသယ်လိုက် မျက်မှန်သန့်ရှင်းရေး လုပ်လိုက်ဖြင့် ဗျာများနေရပါသည်။ နောင်မှ အခြားငြမ်းသမားများပြောပြကြသဖြင့် ထို နဖူးချွေးပြန်ခြင်းကို ခေါင်းစွပ်ခေါ် အဝတ် စွပ်ခြင်းဖြင့် ဖြေရှင်းခဲ့ရပါသည်။

သဘောင်္ကျင်း အလုပ်သမားလောကတွင် အလုပ်မျိုးစုံရှိသည့် အနက် ငြမ်းအလုပ် မှာ အန္တရာယ် အများဆုံး ထိခိုက်ဒါဏ်ရာရသူ အများဆုံး ၊ လူအများမလုပ်ချင်ဆုံးသော အလုပ်ဖြစ်ပါသည်။ အန္တရာယ်ရှိသော နေရာသို့ ငြမ်းသမားများ အရင်သွားရောက်အလုပ်လုပ်ကြရပါသည်။ ဥပမာ အခြားသူများ အမြင့် တွင် သက်တောင့် သက်သာ အလုပ်လုပ်နိုင်ရန် အတွက် မိမိတို့ ငြမ်းသမားများမှာ အမြင့် တက်၍ ငြမ်းဆင်ပေးရပါသည်။

နံဟောင် ညစ်ပတ်နေသော သင်္ဘော tank အတွင်းသို့ အခြားသူများ သန့်ရှင်းရေး လုပ်နိုင်ရန် ငြမ်းသမားများက ထိုအနံ့အသက်များရှူ၍ ငြမ်းအရင်ဆင်ရပါသည်။မတတ်နိုင်ပါ မိမိမှာ စင်္ကပူတို့ စွန့်စားထွက်လာပြီဖြစ်၍ အဆိုးဆုံးသော အလုပ်ကို လုပ်ဖူးလျင် ထိုထက်ဆိုးဝါးသော အလုပ်မရှိတော့ပြီဖြစ်၍ နောက်ထပ်ကြောက်စရာမလိုတော့ဟူ၍သာအားတင်းရပါသည်။

001.jpg

Metal Scaffolding ဟု ခေါ်သောသံပိုက်လုံးများ သံ ကလစ်များကို အခြေခံထား၍ ပြုလုပ်ရသောငြမ်းမှာ တကယ်တမ်း အသုံပြုသူအတွက် အကျိုးရှိသလောက် ဆောက်လုပ်ရသူတို့မှာ အင်မတန်ပင်ပန်းပါသည်။ နေပူထဲတွင်ထားထားသော သံပိုက်လုံးများကို လက်အိပ်မပါပဲ ကိုင်၍ မရပါ။ ထို့ အပြင် ငြမ်း ပေါ်တွင် Platform အဖြစ်ခင်းသော ၁ လက်မ အထူရှိပြီး ဗျက် ၆ လက်မ ခန့် ကျယ် ပြီး အရှည်မှာ ဆိုဒ်စုံ ရှိပါသည်။ ၁မီတာရှည်သော ပျဉ်ပြားမှ ၃ မီတာအထိ အရှည်ရှိ သော ပျဉ်ပြားဆိုဒ်စုံ ရှိပါသည်။

ထို့ အတူ သံပိုက်လုံးများမှာလည်း ၁ မီတာမှ ၆ မီတာ အရှည် အထိ ဆိုဒ်စုံရှိသော ပိုက်လုံးများကို အသုံးပြု၍ ငြမ်းဆင်ရခြင်းဖြစ်ပါသည်။ ဆိုလိုသည်မှာ ပေါ့ပါးသော ပစ္စည်း တခုမှမပါပါ။ ၆ မီတာ အရှည် ရှိသော သံပိုက်လုံး အလေးချိန်မှာ အနည်း ဆုံး ကီလို ၃၀ ရှိသလို ၃ မီတာ အရှည် ရှိသော ပျဉ်ပြား၏ အလေးချိန်မှာလည်း အနည်းဆုံး ကီလို ၂၀ အထက်ရှိပါသည်။ ထိုပထမ ငြမ်း ပုံစံမှာ တထပ်ငြမ်း ဖြစ်ပါသည်။ ပုံမှန် ၂.၅ မီတာ အမြင့် သာ ဖြစ်၍ လွယ်ပါသည်။ သို့ သော်လူသစ်များအဖို့ မသက်သာပါ။

အားလုံးဝ်ုင်းလုပ်ရသဖြင့် အားလုံး၏ အင်္ကျီတို့ မှာ ချွေးများဖြင့် နစ်နေပါသည်။ ဤသို့ ပထမ ငြမ်း ပုံစံကို နှစ် ဖွဲ့ တကြိမ် စီ တပ်ဆင်ကြ ဖြုတ်ကြရပါသည်။ ပထမ နှစ်ဖွဲ့ ဆင်ထားသော ငြမ်းကို ဒုတိယ နှစ်ဖွဲ့ က ဖျက်၍ အစမှ ပြန် ဆင်။

ဤ သို့ ငြမ်း ဆင်ပြီးလျင် ဆရာမှ ငြမ်းကို ဆွဲလှုပ်ပါသည်။သာမန်လှုပ်ခြင်းမဟုတ် ငြမ်းတိုင်အား လက်နှစ်ဖက်ဖြင့် ဆွဲကိုင်ပြီးအားဖြင့် ဆောင့် ဆွဲ လှုပ်ရမ်းခြင်းဖြစ်သည်။ ကလစ်များ သေချာ ကြပ်မထားသော ငြမ်းများ သို့ မဟုတ် အချုပ်တန်းများဖြင့် သေချာ ချုပ်မထား သော ငြမ်းဖြစ်ပါက ထို ငြမ်းမှာ ရွဲ့စောင်း သွားတတ်သည်။

ထို အခါ ဆရာက မိမိ တို့ ငြမ်းသင်တန်းသားအားလုံး အားခေါ်၍ မိမိ တို့ မှာ အခြားသူငှာများ အသုံးပြုရန်အတွက် ငြမ်းဆင်နေခြင်းဖြစ်ကြောင်း ထောက်ချောက် ဆင်နေခြင်း မဟုတ်ကြောင်း ၊ ငြမ်း မခိုင်ခံ၍ ပြို ကျလျင် မိမိတို့ ငြမ် ကုမ္ပဏီ လည်း နာမည် ပျက်နိုင်ကြောင်း ဒေါနှင့် မောနှင့် ရှင်းပြပါသည်။ မိမိ တို့ ဆင်ထားသော ငြမ်း ထိုသို့ အပြောခံရပါက အဖွဲ့သားများအားလုံး မျက်နှာ ပျက်ရပါသည်။

staging.jpg

ထိုတထပ်ငြမ်းလေးကို ၃ ရက်ခန့် နေ့စဉ်ရက်ဆက် ဖြုတ်လိုက် ဆင်လိုက်လုပ်ကြရပါသည်။ ထို့ နောက် ၂ ထပ်ငြမ်း သင်ခန်းစာတို့ တက်ပါပြီ။ ထို ပထမငြမ်း သင်ခန်းစာမှာ တထပ်ငြမ်း သာ ဖြစ်၍ ငြမ်းပေါ်မှ ပစ္စည် လို အပ်လျင် လက်တကမ်းဖြင့် ပေးနိုင်ပါသည်။ ဒုတိယနှစ်ထပ်ငြမ်းမှာ ၆ မီတာအမြင့် ဖြစ်လာပြီ ဖြစ်သဖြင့် ပို ဂရုစိုက်ရပါသည်။

ဤတွင် ဆရာက ၂ ထပ်ငြမ်း drawing ပေး၍ လိုအပ်သလို ပစ္စည်းများကို အသင့်ပြင်စေပါသည်။ မိမိတို့ အဖွဲ့ မှာ ငြမ်းပုံ စံအသစ်ကို ဆင်ရသဖြင့် အထူးသတိထား၍ ဆင်ကြပါသည်။ ပထမ တထပ်တွင် ပြသနာမရှိသော်လည်း ဒုတိယထပ်ဆင်သောအခါ ပြသနာတက်ပါတော့သည်။

ဒုတိယငြမ်း ပေါ်သို့ ပျဉ်ပြား ခင်း ရန် ငြမ်းပျဉ်ပြားကို လက်ဆင့်ကမ်းသယ်သောအခါ အပေါ်မှ လက်ခံယူသူက လက်မမြဲ၍ ထို ပျဉ်ပြား လွတ်ကျပါတော့ သည်။ ကံကောင်းစွာ ထိုပျဉ်ပြားမှာ မည်သူ့ကိုမျှခိုက်မိခြင်းတော့ မရှိပါ။ ထိုပျဉ်ပြားလွတ်ကျခြင်းနှင့် ပါတ်သက်ပြီးထိုနေ့ကတော့ မျက်ရည်ဝဲ သွားအောင် အဖွဲ့လိုက် အဆဲခံခဲ့ရပါသည်။

ဆက်လက်ဖေါ်ပြပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Photos credit; Google Image

Author : Henry Aung ( Kachin )

Sort:  

မလွယ်ပါလား ဆရာ ရယ်။
လုပ်ရကိုင်ရတာ တွေက။ အန္တရာယ်ကလည်း များပါ ဘိ။

ဘဝတွေလေ... အဲအချိန်တုန်းကတော့ နောင်တချိန် Steemit ပေါ်ဆောင်းပါးရေးနိုင်အောင်ကုန်ကြမ်းတေရနေတယ်ဆိုတာ ယောင်လို့ တောင်မတွေးမိဘူး။

There is no accident, but only ignorance...thank you for the post.

Yes, it is true only ignorance ... but sometime we are force to be ignorance ... there is a word in shipyard " i don't want to know how you complete the job but i want the job complete".

ကျေးဇူးပါ ဗဟုသုတ များစွာရသလို
မြန်မာလူမျိုးတစ် ယောက် အနေနဲ့ ပြောရရင်
ဘယ်လောက်ဘဲ တိုးတက်တဲ့ နိုင်ငံ ဖြစပါစေ
ကိုယ့် နိုင်ငံ လောက် လုံခြုံ နွေးထွေးမှု့ မပေးနိုင် ဘူးလို့ 
မြင် မိပါတယ်

အဲဒါကတော့ အမှန်ပေါ့ မမမြန်မာ... ဒါပေမယ့် ပျော်ရာမှာမနေ တော်ရာမှာ နေရတဲ့ ဘဝတွေကိုး။ ပျံသန်းရင်း ဘဝကုန်ကြရတဲ့ ငှက်တွေလိုပေါ့။

အော် ရေခြားမြေခြား အလုပ်သမားတွေရဲ့ ဘဝကလည်း အတော်ကြမ်းတမ်းခက်ခဲတာပါလား။ ဒီထက်ဆိုးတာတွေလည်း ရှိဦးမယ်ထင်တယ် ဆာ။ အတော်လေးကို ပင်ပန်းဆင်းရဲတာပဲဗျ။ ဒီကလူတွေကတော့ ပိုက်ဆံရတာ တစ်ခုတည်းမြင်ကြတာ ဆာရေ။ လက်တွေ့ရင်ဆိုင်ကြုံတွေ့ရတာတွေ သူတို့မခန်းမှန်းမိကြဘူး ဆာ။ ပန်ကန်ဆေးရတာလောက်၊ စားပွဲထိုးလုပ်ရတာလောက်ပဲ သိကြတာ။ ဗဟုသုတများစွာရသလို အတွေးတွေလည်း များရပါတယ်။ ကျေးဇူးပါ ဆာ။ နောက်ထပ်လည်း ဖတ်ချင်ပါတယ်ခင်ဗျာ။

ကြိုးစားပြီးတော့ ရေးနေပါတယ်ဆရာ... အမှန်ကတော့ ကျွန်တော်တို့ အားလုံး အဲဒီလောက် ဆင်းရဲ ပင်ပန်းလိမ့် မယ်လို့ ဘယ်သူမှ ထင်မထားဘူး... သင်တန်းပြီးတဲ့ နောက် လက်လျှော့ သွားသူတွေ ရှိတယ် .. ဆက်ပြီး ဖေါ်ပြပေးပါ့မယ်ဆရာ

အရေးအသားပိုင်းအတော်ကောင်းမွန်သည့်အတွက် မိမိပေးလိုသည့် သုတရသကို စာဖတ်သူများအပြည့်အဝရစေသော ဆောင်းပါးကောင်းတစ်ပုဒ်ဖြစ်ပါသည်။

ကြိုးစားနေဆဲပါဆရာ... အကြောင်းအရာတွေကတော့ ရေးရင်းရေးရင်းနဲ့ တခုပြီးတခု ပေါ်လာတာပဲ။

မလွယ်ပါလားအကိုရေ ကွကိုယ် မြန်မာနိုင်ငံမှာ မငတ်ရုံလေး နေတော့်မှပါ

ဒီလိုပဲပေါ့ကွာ... အခက်အခဲဆိုတာ ကြုံတွေ့တုန်းတော့ အင်မတန်စိတ်ညစ်ရတာ.. အခုပြန်တွေးကြည့်တော့ လည်း လွမ်းစရာတွေပေါ့။ အတူ ရုန်းခဲ့ကြတဲ့ သူငယ်ချင်းတွေ စလုံးမှာ တယောက်မှ မကျန်တော့ဘူး။ကိုယ်သာ မိုက်လုံးကြီးပြီး စလုံးမှာ သောင်တင်နေတာ။

အတော်လေးကိုအန္တရယ်များသည့်အလုပ်ပါ့လားအကို ကျွန်တော်တို့ပင်ပန်းတယ်ဆိုတာ အသေးအမွှားတွေတောင်ဖြစ်သွားပါပီအကိုရာ

ကိုသားအေးရေ... ပင်ပန်းတာကတော့ ယောက်ျားတန်မဲ့ မျက်ရည်ကျသူတွေရှိတယ်။ နောက်တော့ ဖေါ်ပြပေးပါ့မယ်။

စိတ်ဖိစီးမှု့ အလုပ်ဝန်ပိလာတဲ့အခါကျ ယောင်္ကျားလဲ ငိုတက်တယ်ဆိုတာကျွန်တော်သပီးသားပါအကိုရယ် ဒါပေမယ့် နောက်လာမယ့် အကို့ပိုစ်တွေကိုတော့စိတ်ဝင်တစားစောင့်မျှော်နေတယ်ဆိုတာအကိုသိပါစေ

ဦးလေးလည်းစလုံးမှာလုပ်ခဲ့ဖူးတော့ရေခြားမြေခြားမှာလုပ်နေသူတွေကိုကိုယ်ချင်းစာနားလည်ပါတယ်အားလုံးfightingပါလို့

ဟုတ်ကဲ့ , ကျေးဇူပါ အေးမိုရေ .. ကျွန်တော်ကတော့ အခု ထိ အိမ်မပြန်နိုင်သေးပဲ ဖိုက်နေရတုန်းပါ။

အမြန်ဆုံးပြန်နိုင်ပါစေနော်

ကျေးဇူးပါဆရာ

be careful, thanks for sharing

okey bro.!!!!
Experience

This is very useful for construction site workers.

Thanks for the fantastic write-up! @kachinhenry

Great post thank you for the insight. I'm looking forward to this event great!!!

Your company is very good. He helps people. Some posts have a great write in your post.

အားကျမိပါတယ် အောင်မြင်ပါစေဗျာ

ဆရာတွေအများကြီးပြောသွားကြပီဆိုတော့ ကျနော်မပြောတော့ပါဆရာဟင်ခင်ဗျား

actually this job is team work as you said, if you not secure properly, all can die at same time.

ဗဟုသုတ ရပါတယ်။ကျေးဇူးပါ ဆရာ