ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း-( ၁၅ )( Henry Aung )

in #myanmar6 years ago (edited)

STEMMIT-HENRY.jpg

မင်္ဂလာပါ။ ပြီးခဲ့သော ဆောင်းပါးတွင် ကျွန်တော်တို့ အဖွဲ့ Keppel Hitachi တွင် အလုပ်စ ဆင်း ကြောင်း ဖေါ်ပြခဲ့ပြီး ဖြစ်ပါသည်။ ထို့ နောက် ထို သင်္ဘောကျင်း မှ ကျွန်တော်တို့ လူသစ်များအား အလုပ်ပေးရန် မရှိဆို၍ ကျွန်တော်တို့ အဖွဲ့အား အခြားသင်္ဘောကျင်းသို့ ပြောင်း၍ ပို့လိုက်ပါသည်။ ဒုတိယ သွားရသော သင်္ဘောကျင်း မှာ Keppel Tuas ဟု ခေါ်သော သင်္ဘောကျင်း ဖြစ်ပါသည်။

ဤ Keppel Tuas သင်္ဘောကျင်းမှာ FPSO ခေါ် ရေနံတင် သင်္ဘော အကြီး များ NLG ခေါ် ဓါတ်ငွေ့ရည် တင်သော အကြီးစား သင်္ဘောများ ပြုပြင်သော သင်္ဘောကျင်း ဖြစ်ပါသည်။ FPSO ဟူသော အဓိပ္ပါယ်မှာ Floating , Production , Storage and Offloading ဖြစ်ပါသည်။ ထို FPSO သင်္ဘောကြီးမှာ အလွန်ကြီးမားပြီး သင်္ဘော ပေါ်တွင် ရေနံချက် စက်ရုံ ပါရှိပြီး ဖြစ်ပါသည်။ ကမ်းလွန် ရေနံတူး စင်များမှ ရေနံစိမ်းများကို သယ်ယူ၍ လမ်းခရီမှာပင် ရေနံချက်လုပ်ပြီး သန့်စင်လိုက်ပါသည်။

လိုအပ်သောနေရာဌာန ရောက်လျင် သန့်စင်သော ရေနံများကို အသင့် ရောင်းချရုံသာ ဖြစ်ပါသည်။ အချို့သော FPSO များမှာ ရေနံတူးစင်ပါ ပါရှိပြီး တူယူရရှိသော ရေနံများကို တခါတည်း ချက်၍ သန့်စင်သော ရေနံများကို သိုလှောင်ထားနိုင်ပါသည်။ ထို့နောက် oil tanker ဟုခေါ်သော ရေနံ သယ်ယူပို့ဆောင်သော အလွန်ကြီးမားသည့် သင်္ဘောပေါ်သို့ ပြောင်းရွှေ့ တင်ယူကြပါသည်။

LNG သင်္ဘောဟူ သည်မှာ သဘာဝဓါတ်ငွေ့ရည်များ တင်ဆောင်သော tank အလုံးကြီးများပါသော သင်္ဘော ကြီးများ ဖြစ်ပါသည်။ မိမိတို့မှာ ထိုသို့သော သင်္ဘောကြီး ပေါ်တွင် ငြမ်းဆင်ရမည် ဖြစ်၍ အလွန် စိတ်လုပ်ရှားနေခဲ့ပါသည်။ ဆိုခဲ့သည့်အတိုင်း မိမိတို့အား supervisor မှ FPSO သင်္ဘောပေါ်သို့ ခေါ်တက်သွားပါသည်။

Tower Gangway ဟုခေါ်သော လှေကား ပါသော တာဝါ စင်ပေါ်မှ သင်္ဘော ပေါ်သို့ ကူးရခြင်း ဖြစ်ပါသည်။ ဤ ၈ ထပ်တိုက် နီးပါးမြင့် သော သင်္ဘောပေါ်သို့ ၂ ခေါက်ခန့် အတက်အဆင်း လုပ်လိုက်လျင် လူမှာ ဟောဟဲ ဆိုက်နေပြီ ဖြစ်ပါသည်။

01.jpg

02.jpg

ထို့ကြောင့် သင်္ဘောပေါ်တွင် အလုပ်လုပ်ကြသူများမှာ မနက်တက်သွား နေ့လည်စာ စားချိန် ပြန်ဆင်း ၊ နေ့လည် အလုပ်ပြန်တက်လျင် တခေါက် တက်၍ ညနေ ပြန်ချိန် တွင် တခေါက်ဆင်း အလွန်ဆုံး ၄ ကြိမ် သာ အတက်အဆင်း လုပ်ကြပါသည်။ သင်္ဘောပေါ်ရောက်ပြီး မှ ပစ္စည်း မေ့ကျန်နေ၍ ပြန်သွားယူလျင် အနည်း ဆုံး နာရီဝက်ခန့် ကြာမှ သင်္ဘောပေါ်ပြန်ရောက်နိုင်ပါသည်။

ဆိုခဲ့သည့် အတိုင်း ကျွန်တော်တို့လည်း သင်္ဘောပေါ်ရှိ ရေနံချက် စက်ရုံ တွင် ငြမ်း အငယ်စားများ ဆင်လိုက် ဖြုတ် လိုက် ဖြင့် ထိုသင်္ဘောကျင်း တွင် ၂ ပါတ်ခန့် အလုပ်လုပ်နေခဲ့ပါသည်။ တရက်တွင် Supervisor မှ ကျွန်တော်တို့ အဖွဲ့အား ငြမ်းဆင်သည့် အတွေ့အကြုံ တလခွဲ ခန့် ရှိလာပြီ ဖြစ်သဖြင့် ကျွန်တော်တို့အား သင်္ဘော tank အတွင်းသို့ ငြမ်းဆင် ခိုင်းပါတော့သည်။

ထို FPSO သင်္ဘောကြီးများတွင် ballast tank ဟုခေါ်သော သင်္ဘော အလေးချိန်အား ရေဖြည့်၍ ထိန်းညှိပေးသော tank များ ပါရှိပါသည်။ သင်္ဘော ဘေးပါတ်ပါတ်လည်မှာ ထိုကဲသို့ ရေဖြည့် ၍ ထိန်းညှိနိုင်သော ballast tank များဖြင့် ကာထားပြီး အလယ်တွင် ပစ္စည်များ ထည့်သွင်းသော တနည်း အားဖြင့် ကုန်ထားသို သော storage tank , cargo tank များ ရှိပါသည်။ အောက်ဖေါ်ပြပါပုံကို ကြည့်လျင် နားလည် နိုင်ပါလိမ့်မည်။ ထို ballast tank များမှာ သင်္ဘော ကြီးလျင်ကြီးသလို tank အကန့်များကလည်း အလွန်ကြီးပါသည်။

05.gif

ဆိုခဲ့သည့် အတိုင်း supervisor မှ ကျွန်တော်တို့အား ထို 10 မီတာ ပါတ်လည် ရှိသော ballast tank တခုအား ငြမ်းဆင်ခိုင်ပါသည်။ ထိုကဲ့သို့ Ballast tank အတွင်းသို့ ဆင်းသော အပေါက် မှာ manhole ဟု ခေါ်သော လူတကိုယ်စာသာ ခက်ခက်ခဲခဲ ဝင်ရောက် ရသော အပေါက် ဖြစ်ပါသည်။ အချို့ tank များမှာ တနေရာမှ ဝင်သွားပြီး အကန့် တကန့် ပြီး တကန့် ဖြတ် ကျော် ဝင် ရောက် ရသော ballast tank များလည်း ရှိပါသည်။

ဤသို့ တကန့်ပြီး တကန့် ဝင်ရောက်ရာတွင်လည်း manhole ဟု ခေါ်သော ၁ မီတာပင် မပြည့် သည့် အပေါက် ကလေးမှ ဝင်ရောက်ရသလို ငြမ်း ပစ္စည်းများကိုလည်း ထို အပေါက်လေး မှ ပင် ခက်ခက်ခဲခဲ သယ်ယူ ပို့ဆောင်ရပါသည်။ တခါတရံ သေးငယ်ကျဉ်းမြောင်းသော tank ဖြစ်ပါက လေးလံသော ငြမ်းပစ္စည်းများအား ခက်ခက်ခဲခဲ ကုန်းကွ၍ သယ်ယူရပါသည်။

ဆိုခဲ့သည့်အတိုင်း ကျွန်တော်တ်ု့လည်း ထို tank အတွင်း သို့ ငြမ်းဆင်မည့် ပစ္စည်း များ manhole ပေါက်မှ ကြိုး ဖြင့် ချ ပြီး tank အတွင်းသို့ standard tower ငြမ်း စဆင်ပါသည်။ လုပ်ငန်းအတွေ့အကြုံ ရှိလာပြီ ဖြစ်၍ ဘယ်အဆင့် ပြီးလျင် ဘာလုပ်ရမည် ကို သိ နေကြပြီ ဖြစ်၍ ယခင်ကကဲ့သို့ ရန်ဖြစ်စရာတော့ မလို တော့ပါ။

သို့သော် အချောင်ခို တတ်သူများကတော့ အချောင်ခို မြဲသာ ဖြစ်ပါသည်။ ဤ tank အတွင်း ၌ ငြမ်း ဆင်ရသည်မှာ နံနက်ပိုင်း တွင် ကိစ္စမရှိသော်လည်း ညနေပိုင်း ၂ နာရီထိုးခန့်တွင် tank မှာ အလွန် လှောင်ပါသည်။ တနေ့ခင်းလုံးပူထားသောနေမှာ သင်္ဘော ကိုယ်ထည် သံသားကို ပို၍ ပူစေပြီး ညနေ ၃ နာရီခန့် ဆိုလျင် tank အတွင်း သင်္ဘောနံရံအား လက်ဖြင့် ထိ၍ မရတော့ ပါ။ ပူကျက်နေပါတော့သည်။

မိမိတို့လည်း ဤပူ လှောင် အိုက်စပ်နေသော tank အတွင်း ၌ နာရီဝက်ထက် ပို၍ အလုပ်မလုပ်နိုင်ပါ။ အလှည့် ကြ ၄ ယောက်တတွဲ တလှည့် စီ ဆင်း၍ လုပ်ရပါသည်။ နာရီဝက်ခန့် လုပ်ပြီးလျင် အပေါ်ပြန်တက် အနားယူ ရပါသည်။

03.jpg

ဤ tank အတွင်း ၌ လုပ်ရသည်မှာ မိမိတို့ ဝတ်ထားသော အဝတ်အစား ၊ ဂျင်း pant များ မှာ ချွေးတို့ ဖြင့် ရွှဲ၍ ထို ချွေးတို့မှာ ကိုယ်ခံန္ဓာ အပေါ်ပိုင်းမှ အောက်သို့ ခြေထောက် တလျှောက်စီး ကျ ပြီး မိမိ တို့ ဝတ်ထားသော Safety Shoe အတွင်းသို့ စီးဝင်၍ အိုင်ထွန်း နေပါတော့သည်။

မခံနိုင်လွန်း၍ အပေါ်တက်ပြီး မိမိ စီးထားသော Safety shoes ကို ချွတ်၍ မှောက်ချ လိုက်လျင် ချွေးရည်တို့ မှာ ဖန် ခွက်ထဲမှ ရေသွန်လိုက်သကဲ့သို့ ထွက်ကျလာလေ့ရှိပါသည်။ ဤ ပင်ပန်း ခါး သီးလွန်း သော ငြမ်းလုပ်သား ဘဝ အတွေ့အကြုံ များကို တသက် မေ့နိုင်တော့မည် မဟုတ်ပါ။

နဖူးမှ ချွေး ခြေမ ထိအောင်ကျ တယ် ဟူသော မြန်မာတို့ ပြောလေ့ရှိသည့် ပင်ပန်းခြင်းကို ပြောသော စကားမှာ ကျွန်တော်တို့ အတွက် တော့ ရယ်မောစရာသာ။ ကျွန်တော်တို့ ဖြတ်သန်း ခဲ့ရသော စင်္ကပူ သင်္ဘောကျင်း ငြမ်း လုပ်သား များမှာ မိမိ တို့ချွေး ဖြင့် ရေချိုး ခဲ့ကြရခြင်းဖြစ်ပါသည်။ နဖူး မှ ချွေး ခြေမ ထိ ရုံ မက စီးထားသော ဖိနပ် အတွင်း ထဲတွင်ပင် အိုင်ထွန်းနေပါတော့ သည်။ လောက ငရဲ ဆိုသော စကားကို ထိုအခါမှ ပို၍ သဘောပေါက်မိပါတော့သည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photos credit; Google Image

Author : Henry Aung ( Kachin )
MSC : 001

Sort:  

AGLအတွေ့ အကြုံလေးရေးပါအုံး😁

လာမယ်လေ... AGL က အပိုင်း ၁၀၀ လောက် ရေးရမှာ ။ ညည်းသူဌေး အကြောင်း ကိုပဲ အပိုင်း ၁၀၀ လောက် ရေးရမှာ။

Blackjack အကြောင်းတော့ထည့်မရေးနဲ့ နော်😂😂😂

အကို့ အတွေ့အကြုံများဖတ်ရတာ ဗဟုသုတများ ရရှိပါတယ်ဗျာ။ ခါးသည်းတဲ့ ဘဝအတွေ့အကြုံများလို့ပင် ပြောမလားပင်။

ကိုရွှေဘိုရေ... အဲလို ခါးခဲ့ လို့ပဲ အခုလို ရေးပြနိုင်တာပေါ့ဗျာ။

ဟုတ်တယ်ဗျ ခါးတဲ့ဘ၀ တွေ့ဘူးသူတွေဟာ အရာရာရင်ဆိုင်ရဲသွားပီ။ ဘ၀အကြောင်း ကောင်းကောင်းနားလည်သွားပီ။ အကိုဟင်ဖြတ်သန်းခဲ့ရတဲ့ ဘ၀ကို အကုန်အစုံမသိသော်လည်း အခုလောက်ဥပမာနဲ့တင် ရိပ်စားမိပါတယ်။ ဘ၀ကို ဖြတ်သန်းလာတဲ့ စိတ်ဓါတ်လေးကို လေးစားပါတယ်ဗျာ။

သဘောင်္ကြီးတွေအကြောင်း ဖတ်ရတာ စိတ်ဝင်စားလှပါတယ် အစ်ကို ပြည်တွင်းမှာလည်းအဲလိုကြီးမားတဲ့ ယာဉ်မျိုးဖြင့်ရေကြောင်းခရီးသွားရင် အတော်ပျော်စရာကောင်းမှာဘဲဗျာsafe ဖြစ်မယ်ထင်တယ်နော် အစ်ကို

မြန်မာ five stars သင်္ဘော တွေအကြောင်း ဖေါ်ပြပေးပါ့မယ်။

မြန်မာပြည်မှာလည်း အဲလိုသဘောင်္ကြီးတွေရှိတာဘဲလား အစ်ကို တကယ်မသိခဲ့ရိုးအမှန်ပါ လေ့လာမှုအားနည်းတာလဲ ပါတာပေါ့အစ်ကိုရယ်

I am so proud of you to come this far. At least now I will not move away much or try to grab the seat fast if I see those workers in mrt in the future.

Are you serious, i really wanna bring you there those ballast tanks.... free SONA

hehe.. no thanks I don't like sona. :D

So be it... sometime you have to pay for SONA during traveling ....

အကိုဟင်ရေးတဲ့ ဘ၀အတွေ့အကြုံတွေက ကျနော်တခါတလေ ပြင်းရိမိတဲ့ စိတ်ကို လ၃်းဆန်းနိုးကြွစေတယ် ဘာလို့လဲဆိုတော့ နေရိပ်ထဲမှာ အေးအေးဆေးဆေး ဈေးရောင်းရတာ ပင်ပန်းလှပီထင်နေလို့အကို ခါးတော့ညောင်းတာပေါ့ တခါတလေပါ ဒါပေမယ့် အကိုဖော်ပြတဲ့အတွ့ကြုံထက်စာရင်အများကြီးသက်သာတယ်
ပျင်းရိတဲ့စိတ်ကလေးဘဲတခါတလေဖြစ်မိတာပါအကိုရာ အလုပ်နားရက်မရှိဘဲနေ့တိုင်းအလုပ်သွားနေတာ ခုဆို ၈ ထဲရောက်လာပီ တစ်ရက်မှ မနားတော့ တခါတလေ နားချင်တဲ့စိတ်ကလေးပေါ့အကိုရယ်

အဲဒီ အနားယူတဲ့ အကြောင်းလည်း အစ်ကို ထည့်ရေးပေးပါအုံးမယ်။

ဟုတ်ကဲ့အကို

ကိုဟင်ရဲ့စာတွေ ဖတ်ရတာ ဗဟုသုတ ရစေပါတယ်ဗျား

ကျေးဇူး အများကြီးတင်ပါတယ်

စင်္ကာပူသွားပြီးအလုပ်​လုပ်​တဲ့သူ​တွေကို လစာ​ကောင်းတာ​လောက်​ပဲ သိကြတယ်​....။
ဒီလိုစိတ်​ပင်ပန်း လူပင်​ပန်းနဲ့လုပ်​ခဲ့ရတယ်​ဆိုတာ သိတဲ့သူအ​တော်​နည်းတယ်​....။

များသောအားဖြင့် မြန်မာတွေက ကိုယ်ဘယ်လို လုပ်ခဲ့ ရတယ်ဆိုတာ မပြောကြဘူးလေ... ကိုယ် ဘယ်လောက်ရခဲ့တယ် ဆိုတာပဲ ပြောကြတာ

အဲ့တာ​တော့ အမှန်​ပဲ....။
ရန်ဖြစ်​ပြီးပြန်​လာတဲ့​ ​ကောင်​ကို​ပြန်​​မေးကြည့်​ရင်​ သူဘယ်​လို​ဆော်​ခဲ့လဲဆိုတာပဲ​ပြောတယ်
"သူဘယ်​လိုခံခဲ့ရတယ်​ဆိုတာ ဘယ်​​တော့မှ မ​ပြောဘူး"

နိုင်ငံခြားမှာ အလုပ်လုပ်တယ်ဆိုတာ တကယ်ကျတော့ ပင်ပန်းဆင်းရဲခံနိုင်ရတယ်နော်

ပင်ပန်းဆင်းရဲတာများ... အနေဆင်းရဲ ၊ အစား ဆင်းရဲ ၊ အလုပ်ဆင်းရဲ... သူများနိုင်ငံဆိုတော့ အားလုံး ဆင်းရဲတာပါပဲ။ ဒါပေမယ့် အားလုံးကို သိမ်းကြုံး ပြီးတော့ ပြောတာမဟုတ်ပါ။ စင်္ကပူ မယ် အဆင်ပြေနေတဲ့ မြန်မာတွေလည်း ရှိခဲ့ပါတယ်။ ကျွန်တော်တို့ က General worker မို့လို့ပါ။

ကျနော်သင်္ဘောကျင်းမှာ လုပ်တဲ့အချိန်က သင်္ဘောရေချချိန်ဆိုအပျော်ဆုံးပဲ သင်္ဘောရေချတာ အောင်မြင်တဲ့အတွက် အလုပ်သမားတွေကို ကုမ္မဏီကနေ ဘောက်ဆူးတွေပေးတယ် ပြီးတော့ သဘောင်္ရေချတာ အောင်မြင်ဖို့ အတွက် နတ်တင်တဲ့အခါ စားပွဲသောက်တွေကလည်းအလျံပန်ဘဲ စားလို့တောင်မနိုင်ဘူး အဲ ဒါမယ့် သဘောင်္တစ်စီး ကမ်းတင်တော့မယ်ဆိုရင် အရမ်းပင်ပန်းတာ သင်္ဘောတွေကို ဝမ်းဗိုက် အောက်ပိုင်းတွေကို ချေးချွဖာထေးလုပ်ရတော့မယ်ဆိုရင် သင်္ဘော ဂျိုင့်ထောက်ချိန် အပင်ပန်းဆုံးပဲ ဘာလို့ဆို ဂျိုင့်တစ်လုံး တစ်လုံးက လူခြောက်ယောက်လောက်ထမ်းယူရတာဗျ😁

ဟုတ်လိမ့်မယ် ကိုလင်း။ ဒီမှာ ကတော့ dry dock လို့ ခေါ်တဲ့ ရေသွင်း ရေထုတ် လုပ်နိုင်တဲ့ လွန်းကျင်း တွေဆိုတော့ ... ကိုလင်းတို့လို ဂျိုင့်ထောက်တွေမစရာမလိုပါဘူး။ ဒါပေမယ့် ငြမ်းသမား ဆိုတော့ သူများ အလုပ်လုပ်ဖို့ အတွက် ငြမ်းဆင်ပေးရတာလေ။ သင်္ဘော လွန်း တင်ရင် ဘယ်လောက် နံတယ်ဆိုတာ ကိုလင်းသိမှာပါ။

sg သဘောင်္ကျင်းက ၀င်ငွေကောင်းတယ်ပဲကြားဖူးတာ။ ခုလိုဖတ်ရတော့လည်း ပုံမှန်ထက်ပိုပြီးပင်ပန်းကြရတာကို။

ဝင်ငွေကောင်းတာတော့ မှန်ပါတယ်။ ဒါပေမယ့် ချွေးနဲ့ ရင်းတဲ့ ဝင်ငွေတွေပါ။

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 60122.55
ETH 3199.29
USDT 1.00
SBD 2.43