ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း-( ၁၂ )( Henry Aung )steemCreated with Sketch.

in #myanmar7 years ago (edited)

STEMMIT-HENRY.jpg

ကျွန်တော့်အနေဖြင့် ငြမ်းသင်တန်း ပြီးသွားသည်နှင့် သင်္ဘောကျင်း လုပ်ငန်းခွင်အကြောင်း ဖေါ်ပြရန် ဖြစ်သော်လည်း စင်္ကပူတွင် ကျွန်တော် ကြုံဆုံ ခဲ့ ရသော လူ့သဘော လူ့ မနောများကို အရင် ဖေါ်ပြပေးခဲ့ သဖြင့် ယခု သင်္ဘောကျင်း လုပ်ငန်းများဖြင့် အဆက်အစပ် မိစေရန် ကျွန်တော်ရေးသားထားသော ငြမ်းသင်တန်း အကြောင်းကို အောက်တွင် ဖေါ်ပြထားသော link တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း-( ၇ )

ဆိုခဲ့ပြီးသည့် အတိုင်း ကျွန်တော်တို့ အားလုံး ငြမ်းသင်တန်း ကို အောင်မြင်စွာ ပြီး ဆုံး ပြီး နောက်တနေ့တွင် သင်္ဘောကျင်းသို့ လုပ်ငန်းခွင်ဝင်ရန် ပြင်ဆင်ရပါတော့သည်။ ငြမ်းဆင် အလုပ်သမားတယောက်အတွက် မဖြစ်မနေ လိုအပ်သော ပစ္စည်းများမှာ Body harness ခေါ် ကိုယ်သိုင်းကြိုး ၊ Scaffold spanner ခေါ် အလွယ်တကူ လှည့် နိုင်သော ဂွတချောင်း ၊ ပေကြိုး တဘူး၊ water level ခေါ်ရေချိန်နှင့် wire cutter ခေါ် နန်းကြိုး ဖြတ် ကတ်ကြေးကြီး တလက်ဖြစ်ပါသည်။

bodyharness မှာ အမြင့် မှ ပြုတ်မကျရန် မိမိ အသက် အသက် အန္တရာယ် ကာကွယ်ရန် ဝတ်ဆင်ထားရခြင်း ဖြစ်ပြီး spanner ကတော့ ငြမ်း ကလစ် များ တပ်ဆင်ရန် ဖြုတ် ရန် အတွက် အသုံးပြုရပါသည်။ ပေကြိုးဘူးမှာ မှာ ငြမ်း စ မဆောက်ခင် လိုအပ်သော အကွာ အဝေး တိုင်းတာရ၍ ငြမ်းတခု အတွက် လိုအပ်သော ပစ္စည်း များတွက်ချက်န်ုင်ရန် ဖြစ်သည်။

water level ခေါ် ရေချိန်မှာ မရှိမဖြစ် ဖြစ်ပါသည်။ ငြမ်းတိုင် စထောင်သည်နှင့် ထို တိုင် အရွဲ့ အစောင်း အတိမ်း အစောင်း မရှိစေရန် ရေချိန်ဖြင့် တည့် မှတ်ရခြင်းဖြစ်ပါသည်။ သို့သော် ငြမ်းဆင်သော သက်တမ်းကြာလာသည်နှင့် အမျှ ကျွှမ်းကျင် အဆင့်သို့ ရောက်လာသောအခါ ပေကြိုးနှင့် ရေချိန်မှာ မလိုအပ်တော့ပါ။ သာမန်မျက်စိဖြင့် ချိန်ကိုက် နိုင်၍ ဖြစ်ပါသည်။ wire cutter မှာ ငြမ်းပေါ်တွင်ခင်းထားသော ပျဉ်ပြားကို သွပ်နန်းကြိုးဖြင့် တုပ်နှောင်ထားခြင်း ဖြစ်ပြီး ထိုသွပ်နန်းကြိုး ဖြတ်တောက်ရန် အတွက်ဖြစ်ပါသည်။

ttt-page-001.jpg

ထိုကဲ့သို့ ငြမ်းဆင်ရာ အတွက် လိုအပ်သော ပစ္စည်းများကို ပီနံအိတ် အဖြူအတွင်းသို့ ထည့် ၍ သွားလေရာ သယ်သွားရပါသည်။ ထို့ ကြောင့် ငြမ်းဆင် အလုပ်သမားတိုင်းတွင် ပီနံအိတ်အဖြူ တလုံး စီရှိရပါသည်။ မိမိတို့ ပထမ ဦးဆုံး အလုပ်ဆင်းရသော သင်္ဘောကျင်းမှာ Jurong Shipyard ဖြစ်ပါသည်။

ပင်လယ်ကူး ရေနံတင် သင်္ဘောကြီးများ ပြင်ဆင်သောနေရာဖြစ်ပါသည်။ မိမိတို့ လူသစ်များအား နံနက်စောစော သင်္ဘောကျင်းသို့ ခေါ်သွားသော်လည်း မိမိတို့ မှာ အထဲသို့ ဝင်ခွင့် မရသေးပါ။ အကြောင်းမှာ မိမိတို့ ထို သင်္ဘောကျင်း၏ in-house rules ဟုခေါ်သော သူတို့ သင်္ဘောကျင်း ၏စည်းကမ်းချက်များကို မသင်ကြားရသေး၍ ဖြစ်ပါသည်။

သင်္ဘောကျင်း အတွင်း လိုက်နာရန်စည်းကမ်းချက်များစွာရှိပါသည်။ နံနက် ၉ နာရီခန့်လောက်မှ မိမိတို့ကို ရုံး အဆောက်အဦး အတွင်းသို့ ခေါ်သွား၍ Safety induction ဟု ခေါ်သော သင်္ဘောကျင်းဆိုင်ရာ လိုက်နာရမည့် စည်းကမ်းများကို သင်ကြားပေးပါသည်။ ထိုသင်တန်းမှာ နေ့တဝက် သာဖြစ်၍ ကျန်သော နေ့တဝက်မှာ မိမိတို့ ငြမ်း store ဧရိယာထဲတွင်သာ သန့်ရှင်းရေး လုပ်ခိုင်း၍ ညနေ ၄ နာရီထိုးသည်နှင့် ပြန်လွတ်လိုက်ပါသည်။ ေ

နာက်တနေ့ တွင် ငြမ်းဆင်ပြစ္စည်း များ ယူလာစရာ မလိုပါဟူ၍ လည်း မှာ လိုက်ပါသည်။ မိမိတို့ သင်္ဘောကျင်းထဲသို့ ရောက်သွားသော အခါ အရာရာမှာ ပြောင်းလဲသွားပါသည်။ ကရိန်းကြီးများ ၊ forklift ကြီးများ နှင့် အလုပ်သမားများ၏ အလုပ်လုပ်နေသံများ သံပြားများ ထုနှက်ရိုက်သံများ ဖြင့် အရာရာမှာ သက်ဝင်လှုပ်ရှားလျက်ရှိပါသည်။ ကျွန်တော့ အနေဖြင့် ဧရာဝတီ မြစ်ကူး သင်္ဘောကို သာ စီးဖူးပြီး ထိုရေနံတင် သင်္ဘောကြီးများကိုတော့ ရုပ်ရှင်ထဲတွင်သာ တွေ့ဖူးပါသည်။

4444.jpg

FPSO သင်္ဘောကဲ့သို့သော ဘောလုံး ကွင်း တကွင်းစာမျှရှိ၍ ငါးထပ်တိုက် တလုံး နီးပါး မြှင့် သော ထိုသင်္ဘောများကို အနီးကပ် တွေ့လိုက်ရသော အခါ ကျွန်တော် စီးဖူးသော ဧရာဝတီ မြစ်ကူး သင်္ဘောမှာ ကလေးကစားစရာ သာသာဖြစ်ပါသည်။ အံ့သြမှင် တက်ခြင်းနှင့် အတူ ဝမ်းနည်းမှုကိုလည်း ခံစားလိုက်ရပါသည်။

အဘယ့်ကြောင့် ဝမ်းနည်း ရပါသနည်း ဟု ဆိုသော် မြန်မာတနိုင်ငံလုံး၏ ရန်ကုန်တိုင်း တတိုင်း စာခန့်သာရှိသော ဤ စင်္ကပူ နိုင်ငံငယ်လေးသည် ထို့ကဲ့သို့ ကြီးမားသော ပင်လယ်ကူး သင်္ဘောကြီးများကို တည်ဆောက်တပ်ဆင် ပြုပြင်နိုင်သဖြင့် မိမိတို့ မြန်မာနိုင်ငံမှာ စက်မှုလက်မှုတွင် များစွာ ခေတ်နောက်ကျ ကျန်နေခဲ့ပြီကို သိရ၍ ဖြစ်ပါသည်။ နောက်တနေ့တွင် ထို Jurong shipyard သို့ ကျွန်တော်တို့ ၉ ယောက်တဖွဲ့သာ သွားရ၍ အခြားသော အဖွဲ့ များမှာ အခြားသင်္ဘောကျင်းသို့ လိုက်သွားရပါသည်။

သင်္ဘောကျင်း၏ တနေ့တာ လုပ်ငန်းခွင်မှာ မနက် ၇ နာရီခွဲခန့် အရောက်သွားရပါသည်။ နံနက် ၈ နာရီထိုးသည်နှင့် ဥသြဆွဲပါသည်။ ဥသြဆွဲသံကြားသည်နှင့် မိမိ တို့ ဆိုင်ရာ ဆိုင်ရာ တာဝန်ကျ supervisor များမှ အလုပ်သမားများကို တန်းစီ ခိုင်း၍ ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ရပါသည်။

၁၀ မိနစ်ခန့် လေ့ကျင့် ခန်း ပြီး လျင် Manager မှ Safety briefing ဟု ခေါ်သော လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်း ရေးကို ပြောပါသည်။ စည်းမျဉ်းစည်းကမ်း များ သို့ မဟုတ် အခြား သင်္ဘောကျင်း များတွင် ဖြစ်ပျက် သွားသော လုပ်ငန်းခွင် ထိခိုက် ဒါဏ်ရာရမှုများ အဘယ့် ကြောင့် ထိုသို့ ဖြစ်ရသည် မိမိ တို့ လုပ်ငန်ခွင်တွင် ထိုကဲ့သို့သော ထိခိုက်ဒါဏ်ရာရမှုများမဖြစ်စေရန် မည်သို့ ကာကွယ်ရမည်အကြောင်းကို ပြောပြပါသည်။ ထို့ နောက် ဆိုင်ရာ supervisor များက လုပ်ငန်းခွင် တာဝန် ခွဲဝေ ပေးရပါသည်။

၈:၃၀ ခန့်တွင် အားလုံး လုပ်ငန်းခွင်သို့ ရောက်နေကြပြီ ဖြစ်ပါသည်။ ကျွန်တော်တို့ အတွက် မှာတော့ လောလောဆယ် ငြမ်းမဆင်ရသေးပါ။ ငြမ်းပစ္စည်းများဖြင့် ထိတွေ့ကိုင်တွယ် ရင်းနှီးမှုရစေရန် ငြမ်း စတို တွင် ငြမ်းပစ္စည်များကို သန့်ရှင်းရေးလုပ်ရပါသည်။

6666.jpg

သန့်ရှင်းရေးလုပ်သည်ဆိုသည်မှာ သင်္ဘောပေါ်မှ မလို အပ်၍ ဖျက်လိုက်သော ငြမ်း ပစ္စည်များမှာ ဆိုဒ်စုံ ရောထွေး၍ စတိုသို့ ရောက်လာပါသည်။ ငြမ်းပိုက် ဆိုလျင်လည်း ၁မီတာ၊ ၂ မီတာ၊ ၃ မီတာ စသည်ဖြင့် ပျဉ်ပြားလည်း ထို အတိုင်း ။ ဤကဲ့သို့ ရောထွေးနေသော ပစ္စည်းတို့ကို မိမိတို့ က တူရာတူရာ စနစ်တကျ ပြန်လည်ထားသိုရပါသည်။

ဤသည်မှာ store keeper များ၏ အလုပ်ဖြစ်သော်လည်း မိမိတို့ ငြမ်းဆင် အလုပ်သမား အသစ်များ ငြမ်းပစ္စည်း များဖြင့် ထိတွေ့နားလည်နေစေရန် လုပ်ခိုင်းထားခြင်းဖြစ်ပါသည်။ ဤသို့ လုပ်ရခြင်းမှာ အရိပ်ထဲတွင် လုပ်ရခြင်း မဟုတ်ပါ ။ ငြမ်းစတို မှာ ကွင်းပြင် ထဲ နေပူ ထဲတွင် လုပ်ရခြင်း ဖြစ်ပါသည်။ စတို မန်နေဂျာ နှင့် အခြားသော စာရေးများမှာ aircon တပ်ထားသော ကွန်တိန်နာ ထဲတွင် ရုံးအလုပ်လုပ်ရပါသည်။

စင်္ကပူ သင်္ဘောကျင်းတွင် sub - contractor ဟု ခေါ်သောလက်အောက်ခံ ( ဝါ ) တဆင့်ခံ အလုပ်လုပ်သူတို့၏ office မှာ အထက်ဖေါ်ပြပါ အတိုင်း ကွန်တိန်နာ office များသာဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Photos credit; Google Image

Author : Henry Aung ( Kachin )
MSC : 001

Sort:  

တော်သေးတာပေါ့ဗျာ၊ မြန်မာနိုင်ငံမှာလို ဝါးနဲ့သာငြမ်းဆင်ရရင် ဝါးလုံးသယ်ရတာနဲ့ တင်မချောင်ဘူးဖြစ်သွားမယ်။ ဒီနိုင်ငံမှာလည်းတဖြည့်းဖြည်း ခေတ်မီ ငြမ်းဆင်ပစ္စည်းတွေ အသုံးပြုလာကြပါပြီ။

မြန်မာနိုင်ငံမှာလည်း metal scaffolding ကို သုံးလာကြပါပြီ ဒါပေမယ့် စနစ်တကျတော့ မဟုတ်သေးပါ။ Safety standard နဲ့ ပါတ်သက်ပြီး အများကြီး လိုအပ်ပါသေးတယ်။ လုပ်ငန်းခွင် ဆိုင်ရာ အသီးသီး လိုက်နာရမဲ့ ဥပဒေ ရေးဆွဲနေကြတုန်းလို့ ကြားပါတယ် ဆရာ။

မြန်မာနိုင်ငံမှာ Three Star Project ကိုအကောင်အထည်ဖေါ်ဖြစ်ရင် စင်္ကပူတော့ငုတ်ပြီ။ သင်္ဘောတွေက ထားဝယ်မှာ တင် လွန်းတင်တော့မှာ၊ ဒါပေမယ့် ဒီ project ကို နိုင်ငံရေး ကျားကွက်အဖြစ်ပဲ ကစားနေတော့ လုပ်ဖြစ်မှာမဟုတ်ဘူး၊ ဒီproject မှာ ၇၀% အကျိုးခံစားခွင့်က ထိုင်း ဆိုတော့ ထိုင်းမြန်မာနိုင်ငံရေးလုပ်စားဖို့ ဘန်းပြပရောဂျက်ဖြစ်နေတယ်၊ မြန်မာထိုင်း၊ ဗီယက်နမ် ဟိုင်းဝေး လမ်းနှင့် ထားဝယ် ရေပေါ်မြို့ စီမံကိန်းလေ။

မှန်ပါတယ်ဆရာ... စင်္ကပူ ကလည်း အဲတာတွေကို ကြို မြင်နေပုံရပါတယ်။ အခုပဲ မလေးရှား နဲ့ တရုတ်ပေါင်း ပြီး မလေးရှားမှာ ရေနံဓာတု စက်ရုံတွေ ၊ သင်္ဘောကျင်းတွေ ၊ အိမ်ယာ စီမံကိန်း တွေ ဆောက်လုပ်နေကြပါတယ်။ စင်္ကပူ မှာ စီးပွားရေး တုန့်နှေး သွားလည်း မလေးရှားမှာ တော့ တိုးတက်နေဆဲပါ။ ဒါပေမယ့် စင်္ကပူကလည်း သူ့ စီးပွားရေး ပုံစံ ပြောင်းလာနေပါတယ်။ အခုနောက်ပိုင်း logistic warehouse တွေ အများအပြား ဆောက်လုပ်နေကြပါတယ်

ကောင်းမွန်တဲ့ အလုပ်ခွင်နဲ့ပတ်သက်တဲ့စည်းကမ်းကျနတဲ့ ဗဟုသုတလေးတွေကို ဝေမျှပေးနေတာ ကောင်းပါတယ်ဆရာဟင်

အကောင်းဆုံးဖြစ်အောင် ကြိုးစားနေဆဲပါ။

အကြီးကြီးတွေ မိုက်ထှာ အဲ့သင်္ဘော တစ်စီးလောက်ရရင် ဝင်ငွေ အတော်ကောင်းလောက်ပြီ

Domelay ရေး လောလောဆယ်တော့ ရေနံတူးဖေါ်ရေး သင်္ဘောတွေနဲ့ shipping လို့ ခေါ်တဲ့ ကွန်တိန်နာသင်္ဘောတွေ ဘဝပျက်နေကြပါတယ်။ စင်္ကပူ သင်္ဘောကျင်း တော်တော်များများ ပိတ်ထားနေရပါတယ်။

FPSO သင်္ဘောကဲ့သို့သော ဘောလုံး ကွင်း တကွင်းစာမျှရှိ၍ ငါးထပ်တိုက် တလုံး နီးပါး မြှင့် သော ထိုသင်္ဘောများကို အနီးကပ် တွေ့လိုက်ရသော အခါ ကျွန်တော် စီးဖူးသော ဧရာဝတီ မြစ်ကူး သင်္ဘောမှာ ကလေးကစားစရာ သာသာဖြစ်ပါသည်။ အံ့သြမှင် တက်ခြင်းနှင့် အတူ ဝမ်းနည်းမှုကိုလည်း ခံစားလိုက်ရပါသည်။
ကျွန်​​တော်​​တောင်​ဝမ်းနည်းမိ

နောက်ကျ တာကတော့ စက်မှုလက်မှု မှ မဟုတ် အရာရာ မှာ နောက်ကျ နေကြတယ်။ ကိုယ်တွေကတော့ အချင်းချင်း ရန်ဖြစ်လို့ ကောင်းတုန်း။လာအို လိုကုန်းတွင်းပိတ် နိုင်ငံက ကိုယ်တွေကို ကျော်တက်တော့မယ်။

ဗဟုသုတ ဖြစ်စရာ ဖတ်ရပါတယ် အစ်ကို ဟင်
စာလုံးပေါင်းသတ်ပုံ ပြင်ပေးပါရစေ ခင်ဗျာ

စင်္ကပူတွင် - စင်္ကာပူ တွင်
အသက် အန္ဒရာယ် - အသက် အန္တရာယ်
ပြောင်းလည်းသွားပါသည် - ပြောင်းလဲသွားပါသည်
စည်မျည်းစည်းကမ်း များ - စည်းမျဉ်းစည်းကမ်း များ

ကျွန်တော့်သတ်ပုံ မှားနေသေးရင် ထပ်ပြင်ပေးကြ ပါ ခင်ဗျာ

ကျေးဇူးအများကြီးတင် ပါတယ်။ စာလုံးပေါင်း မှားနေတာတွေကို ပြင်လိုက်ပါပြီ။

ဖတ်ခဲ့သာ၂ခေါက်ရှိသွားပါပြီအကိုကြီး
မန့်စရာစကာလုံးရှာမရပါဘူး။
မသိတော့သိခြင်းကိုဖြစ်စေတယ်။
နားမလည်တော့လည်းနားလည်အောင်လေ့လာရပါတယ်
မန့်စရာစကားလုံးရှာမတွေ့တော့လည်းစာဖတ်ပြီးအဆင်ပြေသင့်တော်သလိုမန့်ခဲ့ပါတယ်

ထိတွေ့ဖူးခြင်းမရှိတဲ့လုပ်ငန်းပညာာရပ်ပါဗျ
ဗဟုသုတများတိုးပွားလာစေပါတယ်လို့
ပြောချင်သာတွေပြောသွားမိရင်း
လေးစားလျက်@thura

ကျေးဇူးအများကြီးတင် ပါတယ်။

ဟုတ်ကဲ့ပါအကိုကြီး
ကျွန်နော်ကသာအကိုကြီးပေးခဲ့သော
အားတခုကအစပြု၍ စာတွေဆက်ရေးသားလာနိုင်ခဲ့သာပါဗျ
အကိုကြီးကိုအထူးကျေးဇူးတင်နေရသူကကျွန်နော်ပါအကိုကြီး@thura

thanks for nice information! life experience

Sip.!!!
:)

အာ့​လောက်​ သ​င်္ဘောကြီး​တွေ မ​တွေ့ဖူးဘူး ကိုယ်​​တေမြင်​ဖူးတာက မြစ်​ထဲ ကူးတဲ့ ဇက်​ သ​င်္ဘော​လောက်​😃😃

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 60122.55
ETH 3199.29
USDT 1.00
SBD 2.43