ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း-( ၁၁ )( Henry Aung )steemCreated with Sketch.

in #myanmar7 years ago

henry.jpg

ထိုနေ့က လောက် အရှက်တကွဲဖြစ်ရသော ဖြစ်ရပ်မျိုး တခါ မှမကြုံဘူးပါ။ ကျွန်တော်လည်းဘာဆက်လုပ်ရ မှန်း မသိတော့။ ငမူး အန်လိုက်သည့် အသံနှင့် အနံ့များကြောင်း လူများ ဝေးရာသို့ ဖယ်ရှား သွားကြပါသည်။ရထားမှာ မြေအောက်ရထားဖြစ်သည့် အပြင် အလုံပိတ် aircon ရထားဖြစ်သဖြင့် ချဉ်စုပ်စုပ် အနံ့မှာ ရထားတခုလုံး နံဟောင်နေပါသည်။

နာက်ထပ် မူးနေသော နှစ်ကောင်လည်း အခြားသူများနှင့် အတူ ခပ်ဝေးဝေးမှ ရပ်ကြည့်နေပါသည်။ ထိုရထားတတွဲလုံး မိမိ နှင့် ငမူး နှစ်ယောက်တည်းသာ မတ်တပ်ရပ်လျက်သား ။ နောက်ဘူတာ ရောက်သောအခါ သန့်ရှင်းရေးလုပ်သူ အန်တီကြီး ရောက်လာ၍ ပေပွနေသော ကြမ်းပြင်အား သန့်ရှင်းရေးလုပ်ပါသည်။

အခြားသူများမှ မိမိ တို့အားဝိုင်းကြည့် နေသည်မှာ မခံစားနိုင်ပါ။ ထိုအချိန်တုန်းက ကျွှန်တော့ အတွေး တွင် နောက်တနေ့ထုတ် သတင်းစားတွင် သေချာပေါက် မိမိ မျက်နှာဖြင့် ရထားပေါ်မှ ငမူးများအကြောင်း ဖေါ်ပြခံရတော့ မည်ဟု ထင်နေခဲ့ပါသည်။ ယခုခေတ် ကဲ့သို့ လူတိုင်း စမတ်ဖုန်း နှင့် Facebook ကဲ့သို့သော social media များရှိပါက သေချာပေါက် နာမည်ကြီးမည့် ကိန်းဖြစ်ပါသည်။ Facebook cele ကြီးများ၏ လှော်ခံရမည် မှာ သေချာသလောက်ပင်။

ကံကောင်းသွားသည်မှာ သတင်းစာတွင် ကျွန်တော်တို့ အကြောင်း ပါမလာခဲ့ပါ။ ထိုသန့်ရှင်း ရေး လုပ်သော အန်တီကြီး ကလည်း မိမိ တို့ နှင့် အတူ ရထားဘူတာဆုံးသည် အထိ လိုက်လာပါသည်။ ထို့ နောက် ထိုအန်တီက ကျွန်တော်ကို ဂရုနာသက်သော အကြည့် လော ၊ ရှုပ်ချ သော အကြည့် လော မဝေခွဲတတ်သည့် အကြည့် ဖြင့် ကြည့် နေပါသည်။ ကျွန်တော့ အားလည်း ကျွတ်ကျွတ်အိတ် နှစ်အိတ် ပေးပါသည်။ ထိုငမူး ထပ်အန်ပါက အသုံးပြုရန်။

01.jpg

ထို့နောက် မိမိတို့ ဆင်းရမည့် ဘူတာရောက်သောအခါ ငမူးအားတခါ ဘူတာအပြင်ရောက်အောင် တွဲထုတ်ရပြန်ပါသည်။ ဘူတာ အပြင်ဘက်ရောက်သောအခါ အခြားသော ငမူး နှစ်ကောင် လည်း ပြန်ပေါ်လာပါသည်။ အတော်အားကိုးရသူများ ဖြစ်ပါသည်။ ကျွန်တော်လည်း တွဲထားသောငမူးအား ထိုနှစ်ယောက်လက်သို့ အပ်၍ ဘူတာ အိမ်သာသို့ သွား၍ သန့်ရှင်းရေး အရင်လုပ်ရပါသည်။

ထို့ နောက် ထို ငမူးသုံး ယောက်အား အဆောင်သို့ bus ကားဖြင့် ခေါ်လာခဲ့ပါသည်။ ကျွန်တော်လည်းစိတ်ဆိုးလွန်း၍ စကားပင် မပြောပါ။ အဆောင်သို့ ရောက်သောအခါ ငမူးအား သူ့သူငယ်ချင်းများ လက်သို့ အပ်၍ ကျွန်တော်လည်း ရေးမိုးချိုးရန် ထွက်သွားပါတော့သည်။ ကျွန်တော့ စိတ်ထဲတွင် နောက် တနေ့ ကျွန်တော် အလုပ်မှ ပြန်လာသောအခါ သူတို့လည်း အမူး ပြေချိန်တွင် ခေါ်၍ ကြိမ်းမောင်းမည်ဟု တေးထားလိုက်ပါသည်။

နောက်တနေ့ ကျွန်တော် အလုပ်မှ ပြန်ရောက်သောအခါ အတော်အတန် ဒေါသပြေနေပြီ ဖြစ်သော်လည်း ကြိမ်းမောင်း သတိပေးသင့် သည်ဟု ထင်၍ သူတို့ အခန်း သွားသောအခါ သကောင့်သား သုံးယောက်မှာ ကျွန်တော့ဝင်လာသည် မြင်သည်နှင့် ဆီးကြို ထိုင်ကန်တော့ပါသည်။ မိမိလည်း ကြိမ်း မောင်းရန် အသာထား ထိုသကောင့်သား များ၏ ဇီးရွက်ခန့် ရှိသော မျက်နှာများမြင်သည်နှင့် ကိုယ်ချင်းစာ ဂရုဏာတက်၍ ရပ်ဝေမြေခြား မိဘမောင်ဘွား မျက်ကွယ်တွင် မိမိ ကိုယ်ကိုယ် အတတ်နိုင်ဆုံး ထိန်းသိမ်း ဆင်ခြင်ကြပါရန်သာ ပြောဆိုခဲ့ပါသည်။

02.jpg

ဤသည်မှာ ကျွန်တော်ကြုံဆုံခဲ့ရသော အရက် နှင့် ပါတ်သက်သော မမေ့နိုင်စရာ အဖြစ်အပျက်တခုဖြစ်ပါသည်။ အမှန်တော့ အရက်နှင့် ပါတ်သက်ပြီး ကျွန်တော့ တွင် ရေးပြစရာ အတော်များများပင်ရှိပါသည်။ အရက်သောက်ပြီး ရန်ဖြစ်ကြသူများ၊ အရက်သောက်ထားပြီး တောအုပ် အတွင်းရှိ နတ်မိမယ်များကို လက်သွားကမြင်းသဖြင့် ယိုးဒယား ပြည့်တန်ဆာ ခေါင်းများက ရိုက်လွတ်၍ ခေါင်းကွဲလာသူများ၊ အရက်သောက် အတူ သောက်နေရင်းက ရှိုက်ကြီး တငင် ငိုကြွေး ကြသူများ စသည်ဖြင့် မျိုးစုံအောင် တွေ့ကြုံဖူးပါသည်။

ထိုအကြောင်း အရာများတို့ တွင် ဗဟုသုတ ရစရာ များများစားစား မပါဝင်သည့် အပြင် ကိုယ့် ပေါင်ကိုယ်လှန် ထောင်းနေသကဲ့ သို့ ခံစားရသဖြင့် အရက်သောက်တတ်သော (ဝါ) ယမကာဖြင့် ပါတ်သက်သော သူအကြောင်းအရာတို့ကို ဤမျှသာ ဖေါ်ပြလိုက်ပါသည်။ အရက် အကြောင်းနှင့် ပါတ်သက်၍ အမြဲတမ်း ပြသနာများ ဖြင့် ချည်း ပြီးဆုံး သွားကြသည်တော့ မဟုတ်ပါ။

ပျော်စရာ စုစု ဝေးဝေးဖြင့် အဖွဲ့လိုက် ဂီတာတီး သီချင်းဆိုကြခြင်း တခါတရံ ပေါက်ကရများ ပြော၍ တဝါးဝါး ပွဲကျခြင်း စသည့် ပျော်စရာကောင်းသော အခိုက်အတန့်များလည်း ရှိခဲ့ပါသည်။ အထူးသဖြင့် ဂီတာတီးသော အသောက်ဝိုင်းများတွင် မပါမဖြစ် သီဆိုရသည်မှာ မြနန္ဒာ သီချင်းဖြစ်ပြီး ကွေးနေအောင်ကကြပါသည်။ ပျော်စရာလည်း ကောင်းခဲ့ပါသည်။

03.jpg

နောက်ထပ် ကျွန်တော်တွေကြုံဆုံ ခဲ့ရသော သူများမှာ ထူးခြားသူများဖြစ်ပါသည်။ ကျွန်တော်တို့ စင်္ကပူ တွင် အလုပ်လာလုပ်ကြသူတို့ တွင် လူတန်းစား ပေါင်းစုံ ပါဝင်ကြောင်းသိစေလိုရင်းဖြင့် ဖေါ်ပြပေးရခြင်း ဖြစ်ပါသည်။ ကျွန်တော် ထို အဆောင်တွင် နေ၍ တစ်နှစ်ခန့်အကြာတွင် သတိထားမိလာခြင်းဖြစ်သည်။

သောကြာနေ့ ညနေ သို့ မဟုတ် စနေနေ့ ညနေခန့် မှောင်ရီ ပျို ညနေ ၇ နာရီခန့် ဆိုလျင် ကျွန်တော်တို့ နေသော အဆောင် မလှမ်းမကမ်း တွင် နောက်ဆုံး ပေါ် BMW ကားအဖြူ ကလေး အမြဲတမ်း ရောက်လာ၍ ယောက်ျားလေးများကို တင်ခေါ်သွားလေ့ရှိပါသည်။ ထို BMW မောင်းသူမှာ လူရည်သန့် ဖြစ်ပါသည်။ အစပိုင်း တော့ အလုပ်ရှင် သူဌေးမှ အလုပ်သမားများကို ညစာကျွေးရန် လာခေါ်သည်ဟု သာ ထင်မိပါသည်။

သို့ သော်မြင်ဖန်များလာ၍ စပ်စုကြည့် သောအခါ ၊ ထိုအမျိုးသားမှာ လိင်တူ ချစ်သူ ဖြစ်ကြောင်း သိရ၍ မြန်မာ တို့ကိုသာ သီးသန့် ရွေးခေါ်သူ ဖြစ်ကြောင်းလည်း သိရပါသည်။ တရက်တွင် ကျွန်တော့ လက်အောက်တွင် လုပ်နေသော အလုပ်သမားတယောက် ထို ကားပေါ်ပါသွား သည်ကို တွေ့လိုက်မိ၍ နောက်တနေ့ ကျွန်တော်ခေါ်၍ စပ်စု သောအခါ " ကို ကချင်ကလည်း , ကောင်းကောင်းလည်း သောက်ရတယ် ကောင်း ကောင်းလည်း စားရတယ် ကောင်းကောင်း လည်း ကောင်း ရတယ် ပိုက်ဆံလည်း ရသေးတယ် အရှုံး မှ မရှိတာ။ သူများတွေ လိုက်ချင်လွန်းလို့ သူက လူရွေးပြီး ခေါ်တာ" ဟူ၍ ပြောပြပါသည်။ တခါ ခေါ်သွားလျင် အနည်း ဆုံး သုံးယောက်ခန့် ခေါ်သွား ကြောင်းလည်း သိရပါသည်။

04.png

ဤသည်မှာ စင်္ကပူ တွင် ကျွန်တော် ကြုံဆုံခဲ့ ရသော လူ့သဘော လူ့ မနော တို့ ကို ဖေါ်ပြခြင်း ဖြစ်၍ နောက်ဆောင်းပါးမှ စ၍ ကျွန်တော် သင်္ဘော ကျင်းတွင် အလုပ်လုပ်ရသော အတွေ့အကြုံ တို့ကို ဖေါ်ပြပေးပါမည်။

ဆက်လက်ဖေါ်ပြပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Photos credit; Google Image

Author : Henry Aung ( Kachin )
MSC : 001

Sort:  

wow you have wonderful experiences

unforgettable experience....

ဟုတ်ကဲ့အကိုကြီး
ခေါင်းထဲမှာအတွေးတစ်ခုရခဲ့မိပါတယ်
အရက်နဲ့ပတ်သက်တဲ့အကြောင်းကိုရေးချစရာတွေများပါသော်လည်း ဗဟုသုတများများပါမှကောင်းသည်ဆိုတဲ့သဘောကို
သတိထားဖတ်ရှုမိခဲ့ပါတယ်။အသိတစ်ခုကတော့
ဗဟုသုတရရှိနိုင်မည့်စာတွေဖတ်ဖို့ ရေးသားနိုင်ဖို့အသိတခုရခဲ့ပါတယ်ဗျ

သောက်ရင်းငိုတက်ကြတဲ့သူတွေက တကယ်တော့ စိတ်နှလုံးသိမ်မွေ့တယ်ပြောရမလား
အသည်းငယ်တယ်ဆိုရမလားမသိဘူး တစ်ခါတစ်ခါအဲလိုလူနဲ့ဆုံရရင် အဲ့ဒီညအတွက်
တော့ သောက်ရတာအရသာမရှိတော့ဘူး သူ့ဘ၀ဆိုးပုံတွေ ကြေကွဲဖွယ်တွေနားထောင်ရတာ
နဲ့တင်ပြီးရောဗျ
ဒါနဲ့စကားမစပ် တူးဝေးတွေကတော့ နေရာတိုင်းလိုပါလားဗျ

အဲဒီလိုပဲ ပြောရမလား... တခါ တွေ့ဘူးသူတယောက်ကတော့ ငိုတာမှ လွမ်းလွမ်းဆွေးဆွေး ရှိုက်ကြီး တငင်ကို ငို တာ.. ကိုယ်တွေလည်း ဘာကို ဘယ်လို ပြောပြီး ချော့ရမှန်းမသိ။

ကိုဟင်​ မသိလို့​မေးတာ မြန်​မာ ပဲ မူးပြီအန်​လား သူတို့နိုင်​ငံသားများ​ရောမူး အန်​တာ​တွေ့ဖူးလာြး​​ပီ​တော့ အဲလိုအန်​ရင်
သတင်​စာမှာပါတယ်​လား

ညပိုင်း night club ဝန်းကျင်မှာတော့ မူးနေသူ ယောက်ျား မိန်းမ များကို တွေ့န်ုင်ပါတယ်။ ကျွန်တော် တွေ့ဘူး သလောက်တော့ public area မှာ ရုပ်ပျက်ဆင်းပျက် မူးရူး နေသူဆိုလို့ မြန်မာနဲ့ ကုလားတွေပဲ တွေ့ဘူးတယ်။ အရင်တုန်းက မြန်မာတွေ ဆုံရပ်ဖြစ်တဲ့ မြို့လယ်ခေါ်င် peninsula plaza က အမိုက်ပုံးတွေ ကွမ်းတံတွေး တွေနဲ့ မြင်မကောင်းဘူး။ ခုနောက်ပိုင်းမှ လူငယ်တွေ campaign တွေလုပ်ပြီး သတိပေး ပညာပေးနဲ့ လုပ်လာကြတာ။ ဒါပေသိ မူးတဲ့ ပြသနာက တော့ ရှိဆဲပါ။ ခုနောက်ပိုင်း မြန်မာမိန်းခလေးတွေပါ ရုပ်ပျက်ဆင်းပျက်မူးလာနေကြတယ်။ ရထားပေါ်မှာ မူးရူး အော့အန်တိုင်း သတင်းစားပေါ်ပါလာသည်တော့ မဟုတ်ပါဘူး။ အထင်ကရ သတင်းစာတွေမှာတော့ မဖေါ်ပြကြပါ။ အထူးသဖြင့် ညနေပိုင်း ထုတ်တဲ့ ညနေခင်း သတင်း ( တရုတ်လိုထုတ်ဝေသည်) မှာတော့ ပါလာတတ်တယ်။ အထူးသဖြင့် အတင်း အဖျင်း တွေပေါ့။ ဘယ်နားမှာ ဘယ်သူ တွေ ရန်ဖြစ်ကြတယ်၊ ဘယ်ဝါရဲ့ ကားနံပါတ်က ၄ လုံးထီဆုကြီး ပေါက်တာ် အဲဒီလို သတင်းမျိုးတွေပါတဲ့ သတင်းစာ။

ဟုတ်ကဲ့အကိုကြီး
မြန်မာတွေကနေရာတိုင်းမှာသတင်းမွှေးနေပလားနော်
ကျွန်နော်တို့နယ်စပ်မှာလည်းမွှေးနေစဲပါဗျာ
အရက်သောက်ပြီးရင်လည်းစည်းကမ်းမဲ့စွာမူးတယ်
ကွမ်းစားရင်လည်းစည်းကမ်းမဲ့စွာစားတယ်
ဘယ်တော့များပြင်နိုင်ကြပမလဲနော်

ဗဟုသုတ​ပေါ့ ​ကျေဇူးးပါ ကိုယ်​​ရွှေမြန်​မာများ
ကိုယ့်နိုင်​ငံမှာလဲ ဒုံရင်း သူများနိုင်​ငံလဲ ဒုံရင်းပါလား

အခုလက်ရှိအခြေအနေသာဆိုရင်တော့ အကိုဟင်လည်း Fb cele ဖြစ်ပီ...hee.
ကံကောင်းလို့

သေချာတယ် မလွတ်လောက်ဘူး

အကိုဟင် ထို အမျိုးသားဆိုတဲ့ သူက လေ မြန်မာတွေကိုမှ ဘာလို့ ရွှေးခေါ်တာလဲအကို မြန်မာတွေ အတော်စွမ်းလို့များလား

အေးကွ Domelay, အစ်ကိုတော့ အသိအကျ တော့ မသိဘူး။ သူတို့ပြောပြသလောက်တော့ ယိုဒယား ကောင်တွေက မူးလာရင် သွေးဆိုးကြတယ်၊ ကုလားကို တော့ မသုံးဘူး ဆိုတော့ မြန်မာပဲ ကျန်တော့တာလေ။

မူးရင် ရစ်တဲ့လူလောက်တော့မဆိုးဘူးထင်တယ်။

I have read you post. i like it the your post

အရက်က လူရဲ့စိတ်တွေကို ကစဥ့်ကလျား ဖြစ်စေတတ်တယ်ထင်ပါတယ်ဗျာ ရီသူကရီ သလို ငိုသူကလည်းငိုကြတယ် စိတ်ကိုမထိန်းချုပ်နိုင်ရင် မလွယ်ဖူးပဲ

အစ်ကို ဟင် မူးရင် တစ်မျိုး
4 sbd နဲ့ကို ထီလက်မှတ် နှစ်စောင် ပေးတာဗျ

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 60122.55
ETH 3199.29
USDT 1.00
SBD 2.43