ကျွန်တော်နှင့် ရပ်ကွက်ဈေး ( Henry Aung )steemCreated with Sketch.

in #myanmar7 years ago

STEMMIT-HENRY.jpg

မနက်စောစော ဘေးအိမ်မှ ကြေးစည်သံနှင့်အတူ အဖွား ၏ အမျှ ဝေသံ က ကျွန်တော့အတွက်တော့ နိုးစက်တခုလို ဖြစ်နေပါပြီ။ ဆောင်းတွင်း၏ အရသာက ရန် ကုန်မြို့ အတွက်တော့ မနက်ပိုင်း ခဏလေးသာခံစား၍ ရနိုင်ပါသည်။ ခရစ်စမတ် သီးချင်း ဖြစ်သော " အေးချမ်းလှ တဲ့ ဒီဇင်ဘာ၊ ဆောင်းနှင်း ဖွေးဖွေး ဒီဇင်ဘာ" ဟူသော သီးချင်းကို ဆို၍ ယပ်တောင် တဖျပ်ဖျပ် ခတ်နေရသော ရန် ကုန်ဆောင်း ရာသီပါ။

မျက်နှာသစ်ပြီး ရပ်ကွက် ဈေး အတွင်းသို့ စနည်းနာရန် ပြင်ဆင်နေပါတော့သည်။ ကျွန်တော်ထို ဈေးသို့ ရောက်ရှိသောအခါ နံနက် ၆ နာရီခွဲခန့် ရှိပါပြီ။ ရပ်ကွက်တွင် သတ်မှတ်ထားသော ဈေးရှိပါသည်။ သို့သော် ဈေး ဖြစ်မလာသေးပါ။ ကွင်းပြင်အဖြစ်သာရှိသေးသည်။ မိုးရာသီတွင် ရေအိုင်၍ နွေရာသီတွင် ကလေးများ ဘောလုံးကစားသော ကွင်းအဖြစ်သာ။

ဤ ကွန်ကရစ် လမ်းသွယ်လေးမှာ မည်သူ ဈေးစရောင်းလိုက်သည်မသိ အခုတော့ ဈေးတန်းမှာ အတော်ပင်ရှည်လျားနေပါပြီ။ ဈေးတန်းကလေးမှာ စနစ်တကျတော့ မရှိပါ။ သားငါးတန်းကြားတွင် ကုန်စုံ ဆိုင် များ ရှိသလို ကုန်စိမ်းသယ် ဘေးတွင် အထည် ဆိုင်များရှိပါသည်။

03.jpg

လမ်းသွယ်လေးမှ ဈေးတန်းကို ချိုးဝင်လိုက်သောအခါ အမဲသား ရောင်းသည့် မာမွတ်ကို တွေ့ရလေသည်။ အမဲ ပေါင်တခြမ်းမှ အမဲသားများကို ကျွမ်းကျင်စွာ လှီးဖြတ်နေသည်မှာ ဓားသိုင်းကစားနေသည်နှင့်ပင်တူသေးတော့သည်။ မလှမ်းမကမ်းတွင် ခွေးလေ ခွေးလင့် နှစ်ကောင်က အမဲသားများကို အသာငမ်းငမ်းကြည့်လျက်။

တဆက်တည်း တွေးမိတာကတော့ " မျိုရက်ပေ့ သူ့ခံတွင်း " ဆိုသည် လယ်တီနွားမေတ္တာစာကို မြင်ယောင်နေမိသည်။ အမဲသား သည် ဘေးတွင်တော့ ကုန်စိမ်းများကို ခတ်သုပ်သုပ် ခင်းနေသည့် ကုန်စိမ်းသည် လင်မယား။ ကုန်စိမ်းတို့ ကာ လတ်လတ်ဆတ်ဆတ်။ ဝယ်သူများကလည်း အုံခဲနေကြသည်။

ကုန်စိမ်းသည် လင်မယားကာ ပါးစပ်မှ လည်း အော် လက်ကလည်း ပိုက်ဆံ ယူ အမ်း အလုပ်ရှုပ်နေကြသည်။ လင်ဖြစ်သူကလည်း " မုန်ညှင်းဖူးတွေ ကောင်းတယ်နော် မကုန်ခင် ဝယ်ထားကြ" ဟူ၍ အော်ရောင်းနေပါသည်။ ဈေးဆိုင် ခုံပေါ်တွင်တော့ နှပ်ချီးတွဲ လောင်းနှင့် ခလေးလေး တယောက်မှာ ပေါင်တဖက် မရှိသော အရုပ်ကလေးနှင့် ကစားနေပါသည်။ ထို ခလေး ဘေးတွင်တော့ စားလက်စ မုန့်ဟင်းခါ ပန်းကန်မှာ ယင် တလောင်းလောင်းနှင့် ။

မုန်ညှင်းဖူးများမှာ တကယ်ပင် လတ်ဆတ်ပါသည်။ တဆက်တည်း ခေါင်းထဲရောက်လာသည်ကတော့ မနေ့က ဟင်းချို ထဲတွင် မုန်ညှင်းရွက်ခပ် လိုက်သောအခါ ဟင်းချို တအိုးလုံး သွန်ပစ်လိုက်ရသည်။ အကြောင်းမှာ ဟင်းချို ခပ်သောက်လိုက်တိုင်း ပိုးသတ် ဆေးနံ့ ထွက်လာ၍ ဖြစ်သည်။ ကျွန်တော်လည်း ဈေး ဝယ်ရန် ထွေထွေထူး ထူး မရှိ၍ ဈေးဆိုင်များတခုပြီး တခု ငြေးကြည့် နေပါတော့သည်။

04.jpg

တနေရာတွင်တော့ မီးသွေး ရောင်းနေသည့် မီးသွေး သည်ကို တွေ့ရပါသည်။ သူ့ မီးသွေးပုံ ကို ရေဖြန်းနေပါသည်။ ကျွန်တော့ကို မြင်သည်နှင့် ဦးလေး လာ မီးသွေးတွေ ကောင်းတယ် မီးမပေါက်ဘူး ၊ ထင်းကုလားတွေလည်း ပါတယ် ဟု ကြေညာနေပါတော့သည်။ ထင်းကုလား ဆိုသည့် အမည်ကို ဘာမှန်း မသိ၍ မေးကြည့် သောအခါ ထင်းလည်း မဟုတ် တော့ မီးသွေးလည်း မဖြစ်သေးသော မီးသွေးကို ထင်းကလားဟု ခေါ်ကြောင်း သိရပါတော့သည်။

မီးသွေးသည်ကာ တကိုယ်လုံး မီးသွေး မှုန့် များဖြင့် ပေတူး နေသော်လည်း အပြုံးကတော့ ချိုလှသည်။ ဘေးတွင်တော့ ပန်းရောင်းသည့် အသည်။ ပန်းတို့ကာ မျိုးစုံ လှသည်။ နှင်းဆီပန်း နီနီရဲရဲ များ ပန်းရောင်များ အဖြူ ရောင်များ ။ အမည် မခေါ်တတ်သော အခြား ရောင်စုံ ပန်းများကိုလည်း တွေ့ရပါသည်။

နှင်းဆီပန်းများ လှ ၍ ကြည့်နေစဉ် တလောက ရွှေတိဂုံဘုရား စနေထောင့်တွင် လှူခဲ့ သော နှင်းဆီနီ ကိုးပွင့် ကို သတိရ၍ ပြုံးမိလေတော့သည်။ တဆက်တည်း " မျှော်သာမျှော်သည် မယုံ ကြည် ၊ ရင်မှာ ဝေဒနာ ပွင့်ခက် အဝါ အနီ " ဟူသော မြန်မာပြည်သိန်းတန် ၏ " စနေထောင့် ပန်းလှူ မယ် " သီချင်းက ရင်ထဲရောက်လာလေတော့သည်။ သက်ပြင်းကလေး ခိုးချ ကာ ပန်းဆိုင်ကို ကျော်ဖြတ်ခဲ့ပါတော့သည်။

023.jpg

ထို့နောက် ငါးခြောက်ရောင်သော ဆိုင်တွင် လူတို့ အုံခဲ နေသည်ကို တွေ့ရသည်။ ဘိတ်မှ ယူလာသော ငါးခြောက်များ ဖြစ်ကြောင်း ငါးခြောက် မည်သို့ မည်ပုံ ကောင်းကြောင်းလည်း ရှင်းပြနေသေးသည်။ ဟုတ်ပါ့။ ဈေးရောင်းသည် ဆိုသည်မှာ ငုတ်တုတ်ထိုင် ရောင်း နေ၍ ဖြစ်သည် မဟုတ် အာပေါင်အာရင်းကလည်း သန်မှ ဖြစ်မည်ကိုး။

ဘေးတွင်တော့ ကြက်သားသည် ကုလားမ။ ကြက်သားသည်ကတော့ ဈေးဝယ်သူကို ကြက်သား ခုတ်ပေးနေပါသည်။ ခုတ်လိုက်တိုင်း ရွှေလက်ကောက် တို့ကာ တချွင် ချွင်။ ကြက်သားသည်ဘေးတွင်တော့ အဖွားအို တဦး ဈေး ထိုင်ရောင်းနေပါသည်။ အတော်ကလေး အိုစာနေပါပြီ။ မည်သို့သော ကံတရားက နှိပ်စက်လေသည်မသိ အဖွားအိုကာ သည်အရွယ်အထိ ဈေးရောင်းနေရတုန်း။ အဖွားအို ရောင်းနေသည်က ဖီးကြမ်း ငှက်ပျောသီး လေးဖီး မျှသာ။

ဈေးတန်းကလေးကာ ဈေးဝယ်သူ များဖြင့် စည်ကားနေပါတော့သည်။ အချို့ကာ စက်ဘီးနှင့် အချို့က ဆိုင်ကယ်ဖြင့်။ ရုတ်တရက် ထူးထူး ဆန်းဆန်း " နောက်မယား တွေ ရမယ်၊ နောက်မယား တွေရမယ်" ဟူ၍ အော်ရောင်း နေသော လမ်းလျှောက် ဈေးသည်ကို တွေ့၍ လှမ်းကြည့် သောအခါ ၊ သူ လွယ်ထားသော ဗန်းထဲတွင် စုံစီနဖာ ၊ ကလစ် ၊ တွယ်ချိတ်၊ ပရုပ်လုံးများ ကျောကုန်း ကုတ်သော ကုတ်တံ လေးများ အခြားသော တိုလီမိုလီ များလည်း ပါသေးသည်။ ကျောကုန်း ကုတ်သော ကုတ်တံ လေးအား နောက်မယားတဲ့။ ဟုတ်သား နောက်ယားရင် ကုတ်တံလေးနှင့် ကုတ်ရုံသာ။

05.jpg

တနေရာတွင်တော့ ငါးရောင်းနေသော ငါးစိမ်းသည် ။ သူ့ ဈေးဗန်းထဲတွင် ကာ ငါးမျိုးစုံ။ ပါးစပ်ကလည်း " ငါးတွေ လတ်တယ်နော် ငါးလတ်လတ် ဆတ်ဆတ် တွေ " ဟူ၍ အော်နေသလို လက်ကလည်း ယင်ကောင်များကို မောင်းနေပါသည်။ အထည်ဆိုင်မှ အန်တီကြီးကတော့ အော်ရောင်းစရာမလို။ စာအုပ်ကြီးနှင့် စာရင်း ထိုင်မှတ် နေသည်ကို တွေ့ရသည်။

ဘေးတွင်တော့ သနပ်ခါး သည်။ သနပ်ခါးတုံးများ အစီအရီ။ သနပ်ခါးတုံးများ ဘေးတွင် အမွေးတိုင်လည်း ထွန်းထားသေးသည်။ သနပ်ခါး နတ်ကို ပူဇော်ထားဟန်တူပါသည်။ မိမိလည်း ညာဏ်မမှီပါ။ ဝက်သားသည်ကတော့ ကွမ်းကို ပလုပ်ပလောင်းစား၍ ဝက်သားခုတ်နေပါသည်။ ရွှေဆွဲကြိုး ဆွဲထားသော အန်တီကြီးက ဝက်သားများကို ဟိုလှန် ဒီလှန် လုပ်နေပါတော့သည်။ ဘေးတွင်တော့ အီကြာကွေး ပဲပလာတာ ရောင်းသော ဆိုင်။

လက်ညှိုးခန့်သာ ရှိသော အီကြာကွေး မှုန့်နှစ် အချောင်း ကလေးကို မဲညစ် နေသော ဆီပူ ထဲသို့ ထည့် လိုက်သော အခါ တတောင်ခန့် ရှိသော ဝါကျင့် ကျင့် အရောင်ရှိသည် စားချင်စဖွယ် အီကြာကွေးများ ဖြစ်လာပါတော့သည်။ တန်းစီဝယ်ယူ နေသူတို့ကာ များလှ၍ အီကြာကွေးမှာ ကြော်သမျှ ရောင်းမလောက်။

06.jpg

လမ်းလယ်ခေါင်တည့်တည့်တွင် ဇလားကြီး ဖြင့် ထိုင်ရောင်း နေသည်က ငပိ ကောင် ရောင်းသည့် အသည်။ ရေကြို ငပိ ကာ အပုံ လိုက်။ မေးသူမရှိသော်လည်း ငပိကောင်များကို ကိုယ်တိုင်လုပ်ထား ကြောင်းလည်း ရှင်းပြနေသေးသည်။ ဓာတ်မြေသြဇာ လုံးဝ မပါကြောင်းလည်း အာမခံနေသေးသည်။

ငပိ နံ့တို့ကာ ဈေး အတွင်သို့ ပျံ့နှံ့လျက်။ အာလူး ကြက်သွန်များ ရောင်းသော ကုန်စုံ ဆိုင်ကလေးက သူ့ ဆိုင်ရှေ့တွင် စက်ဘီးရပ်ထား၍ အခြားဆိုင်တွင် ဝယ်နေသည့် ဈေးဝယ်သူကို စက်ဘီး ဖယ်ပေးရန် အော်ပြောနေပါသည်။ ဈေးဝယ်သူကလည်း ပွစိပွစိ။

လမ်းနဘေး နားတွင် ကန်စွန်း ရွက် ၁၀ စည်းခန့်အား ထိုင်ရောင်းနေသော ခလေးမလေး နှစ်ယောက်မှာ အလွန်ဆုံးရှိ ၉ နှစ်ခန့်သာ။ ဝတ်ထားသော ဘောင်ဘီတို မှာ ရေစို လျက်သား ။ ယခု နံနက်မှ ဘယ်ရေအိုင်ထဲမှ ဆင်းခူးလာသည်မသိ။ မြန်မာပြည် ၏ ဝမ်းစာ ရှာ ဖွေ မှုတွင် အသက်အရွယ် အပိုင်းအခြားမရှိပါလား။

08.jpg

မြန်မာတို့ ၏ ဈေး ဆိုသည့် အတိုင်း ခွေးဝဲစားများကာ ဟိုသည်သွားလာလျက်၊ တောင်းစားသူ ၊အလှူခံသူ၊ ဈေး အမှိုက်ပုံနား ရောက်လာလျင် အနံ့မှာ အော်ဂလီဆန်စရာ။ ထို အမှိုက်ပုံ ဘေး တွင် ဆိုင်ဖွင့်၍ ရောင်းနေသည်က သစ်သီး သည်။ အသီးတို့ ကာ စားချင်စရာ။

ဒီဇင်ဘာ ရက်တရက်၏ နံနက်ခင်း နေရောင်အောက်တွင် ထို ရပ်ကွက်ဈေး လေးမှာ ရောင်စုံ ပန်းချီကား တချပ်ပမာ။ ဈေး သည်တို့ ၏ ဈေးခေါ်သံ၊ ဆိုင်ကယ် ဟွန်းသံ၊ ဆဲဆို သံ များကြားတွင် ထို ရပ်ကွက် ဈေးမှာ အသက်ဝင်လွန်းလှသည်။ ၉ နာရီ ခွဲ လာလျင်တော့ ဈေးကွဲစ ပြုပြီ။ နောက်တနေ့လည်း ထိုကဲ့သို့ စည်ကားနေအုံးမည်သာ။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Photos credit; Google Image

Author : Henry Aung ( Kachin )
MSC : 001

Sort:  

ဈေးကလေး ကို မြင်သာစေလိုက်တာ အကွက်လိုက်ပါဘဲ မီးသွေးက အချိန်နဲ့ ရောင်းရတာမို့ ရေဆွပ်တာလားအကို

သူကတော့ မီးသွေး မှုန့်တွေ မထွက်အောင်ရေဖြန်း ပေးရတယ်ပြောတာပဲ။

ပန်းဆိုင်ရှေ့ မှာ
သက်ပြင်းလေး ခိုးချခဲ့တယ် တဲ့လား ဆရာရယ်

နှင်းဆီပန်းလေးတွေက လှ တာကိုး

အစ်ကိုဟင်ကတော့ ရောက်တဲ့နေရာ၊ရောက်တဲ့ဒေသမှာ
ဖြစ်ပေါ်နေတာတွေကို မျက်စိထဲမြင်လာသည်အထိ ရေးသားဖော်ပြနိုင်သလို မှက်သားမှုလည်း ကောင်းလှတယ်။
လေးစားပါတယ်အစ်ကို။
ကလေးပုံလေးက လူ့သဘာဝရဲ့ အစိတ်အပိုင်းတစ်ခုကိုပြသနေသလိုပဲနော်။
ကြောကုတ်တံလည်း နောက်မယားဖြစ်ရရှာလေတယ်😁😁
အစားအသောက်တွေကတော့ ရောင်းချသူက
ဆေးမသုံးပါဘူး၊ဓာတ်ဆား၊ဘိလပ်မြေ ငပိထဲမှာမပါပါဘူးဆိုပြီး ဘယ်လိုပင်ပြောပေမယ့် သူတို့လုပ်တာ ကိုယ်တွေ့ရတာမဟုတ်တော့ ယုံကြည်လို့မရပါဘူးအစ်ကိုရာ။
ဟိုတစ်လောက နံနံပင်တို့စားမိပြီးကတည်းကလန့်သွားတာ
ပိုးသတ်ဆေးတွေဝါးမိတော့ ခါးလည်းခါး အနံ့ကလည်းထောင်းကနည်းပဲ မလွယ်ဘူး
ကြာရင်ရောဂါတွေတိုးလာတော့မယ့် မြန်မာပြည်ဖြစ်တော့မယ် အစ်ကိုရေ။

အမှန်ပဲ ကိုမိုးဇော်ရေ .. အရွက် မှန်သမျှ ဆားရည် စိမ်ပြီး မှ ချက်ရတယ်။

အရေးအသားက သိပ္ပံမောင်ဝ အသက်ပြန်ဝင်လာသလိုပဲ။ မောင်လူအေးကို အသက်ပြန်သွင်းပေတော့။

ကြိုးစားပြီး တော့ ရေးနေတာဆရာ။ ခေတ်စမ်းကို လက်မလွတ်နိုင်သေးဘူး။

ြ​မန်မာပြည်​က ​ဈေးတိုင်း အဲ့ စတိုင်​အတိုင်းပဲ ကိုဟင်
လုံးဝကွက်​တိ ​ဈေးဝယ်​ရင်​ ​ဈေးခြင်း​တောင်း
မကိုင်​ကြ​တော့ဘူး ကျွတ်​ကျွတ်​အိ​တ်​ကိုင်​တာ
စတိုင်​ဖြစ်​​နေပြီ

ရပ်ကွက် ဈေးကို မြင်တဲ့ အတိုင်း ရေးထားတာဆို တော့ ရပ်ကွက်တိုင်း အဲဒီ အတိုင်းပဲလို့ ထင်ပါတယ်။

ရန်ကုန်ရောက်တုန်းဈေးလည်းဝယ် အကြိုက်တွေလည်း
ချက်စားမယ်ပေါ့

မချက်ဖြစ်ပါဘူး မမမြန်မာရယ်။ ရန်ကုန် ခဏပြန်တာ အပူ မိနေလို့ ။

မင်္ဂလာနေ့လည်ခင်းလေးပါအကိုကြီး
ရန်ကုန်မရောက်ဖူးသေးသောကျွန်နော်အတွက်
ရန်ကုန်မြို့ရဲ့သဘာဝပုံရိပ်တွေနဲ့
အကိုကြီးရဲ့တွေ့မြင်သမျှလေးတွေကိုရေးချတင်ပြလာ
တဲ့အတွက်သဘာဝဓလေ့စရိုက်လေးတွေကိုသိရှိမြင်တွေ့ကာဗဟုသုတအနေဖြင့်ဖတ်ရှုခွင့်လေးရရှိခဲ့ပါတယ်ဗျ…………
ဘုရားမှာဓါတ်ပုံလေးရိုက်ထားတဲ့ပုံလေးကိုတော့
ကူးယူထားလိုက်ပြီနော်…အကိုကြီး
ဈေးသို့သွားသောအကိုကြီးတစ်ယောက်.…ရန်ကုန်
မြို့ရဲ့ဈေးပတ်ဝန်းကျင် တစ်ခုလုံး၏ နေ့စဉ် လှုပ်ရှား
ရုန်းကန်နေကြသော ချစ်စရာကောင်းသော ဈေးသူဈေးသားများ၏ ဖြတ်သန်းနေရသော သဘာဝစရိုက်တို့ကို ပေါ်လွန်ပြီပြင်စွာရေးဖွဲ့ထားသောဤpostလေးအား
ကျွန်နော်ဖတ်ရှုခွင့်ရခဲ့လို့
ကျေးဇူးလဲတင်…ဂုဏ်လည်ယူမိပါတယ်လို့
ပြောကြားရင်း………
ခင်မင်လေးစားစွာဖြင့်@thura

ဈေး အကြောင်း အတတ်နိုင်ဆုံးအဆင်ပြေအောင်တော့ ရေးထားတာပဲ။ ဈေးသည်အား လုံးတော့ မပါသေးဘူး။

ဟုတ်ကဲ့အကိုကြီး
အခုလို ညီကို ပြန်ကြားပေးလို့
ဂုဏ်ယူဝမ်းမြောက်မိပါတယ်အကိုကြီး
မိနစ်ပိုင်းအတွင်းဆုံလိုက်ရလို့လည်း
ကျေးဇူးတင်မိပါတယ်
လေးစားခင်မင်နေတဲ့(သူရ)

It is very good to buy a vegetable in the morning. In this we get fresh vegetables. and we can buy our favorite vegetable. Hello to grandmother. You are glad to roam with your grandmother.

Best bro

Best bro

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63004.58
ETH 2548.62
USDT 1.00
SBD 2.81