ကျွန်တော်နှင့် နှစ်ဟောင်းကို နှုတ်ဆက်ခြင်း - ခေတ်စမ်း ( Henry Aung )

in #myanmar7 years ago

henry.jpg

နှစ်ဟောင်းကာ ကုန်တော့မည်။ ကုန်လွန်ပြီးသော အချိန်တို့ ကို စဉ်စားလိုက်လျင် ၂၀၁၇ တနှစ်လုံး မှာ Steemit ဖြစ်သာကုန်လွန်သွားကြောင်း တွေ့ရလေ၏။ June လ လောက်ခန့်မှ admin များ နှင့် တကွ အဆဲ ခံ ရန် မိမိထမင်း မိမိစား၍ ကိုယ်တိုင်မှ လက်မအား ရသည့် ကြားထဲ MSC ဟူသော ယားနာ ပေါက်ရန် အကြောင်းဖန်လာလေတော့၏။

အကြောင်း စုံ ရှင်းပြရသော် စေတနာ့ ဝန်ထမ်း ဟူလို။ ရှိစေတော့။ မိမိမှာ MSC ဖွဲ့ ပြီး ကတည်း နေ့ ကွန်ပြူတာ ည ကွန်ပြူတာဟူ၍ မထတမ်း ထိုင်လိုက်သည်မှာ ၆ လ ခန့်ကြာသော် ဂုတ်ပိုးများ ထူလာ၏။ ကခင် က တစ်ယရစ် ရှိသော လက်မောင်းသားတို့မှာ ဦးပေါင်းကြား နှင့် မြင်းကြားရှင် ကဲ့သို့ ဖြစ်လာချေပြီ။

ဝမ်းဗိုက်အဆီပြင် များကာ ယခင်က ကြည့် ပျော် ရှုပျော်ရှိသောလည်း ယခုမှာကာ လေးလခန့် လွယ်ထားသော ကိုယ်ဝန်ဆောင်ကဲ့သို့ စူပုံ့ ပုံ့ ဟူ သော အနေအထားထက်ကျော်လွန်၍ ဗိုက်ဖုံး အင်္ကျီ ဝတ်ရသော အနေအထားသို့ ရောက်ချေပြီ။ ရုံးတက်လျင် ဝတ်ရသော formal ဝတ်စုံ တို့မှာ အဝတ်ဗီရို ထဲတွင် ပပထူမှ ထမယ်လေး ဟူသော အနေအထားသို့ ရောက်သည်မှာ ကြာ ချေပြီ။

မိမိ၏ တနေ့တခြား ဝိတ်ပိ လာသော အနေအထားကို ကြည့် ၍ အစ်မဖြစ်သူမှ " မိန်းမဖြင့် မရသေးဘူး ၊ ငယ်ငယ် ရွယ်ရွယ် နဲ့ ဆီးချို သွေးချို သွေးတိုးတွေ ဖြစ်ပြီး မျိုးကန်း နေအုံးမယ် " ဟု ခြိမ်ခြောက် လေတော့သည်။

IMG_3529.jpg

ကျနုပ်မှာ ခြိမ်းခြောက်တိုင်း မကြောက်တတ်သော် လည်း တနေ့တခြား ပြောင်းလည်း လာသော အခြေအနေကို သတိထားမိသည်မှာ ကြာပြီ ဖြစ်၏။ ကိုယ်လက်လေ့ကျင့် ခန်း မှန်မှန်သာ မလုပ်ဖြစ်သော်လည်း ဝက်သား သုံးထပ်သား မြင်လျင် ငမ်းငမ်းတက် ဖြစ်၏။ ညနေစာ မစားခင်လည်း ဝီစကီလေး က ပက်လိုက်ချင်သေး၏။

မဖြစ်သေး။ ဤ အတိုင်းသာ နောက် ၆ လ ခန့် ဆက်သွားလျင် မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအန် နှင့် တဖြည်း ဖြည်း ဆင်တူ ဖြစ်လာလျင် အမေရိကန် CIA ၏ မှားယွင်း လုပ်ကြံခြင်း ခံရကိန်း ရှိ၏။ ဝိတ်လျော့ မှ ဖြစ်တော့မည်။ ဟုတ်မှန် ပေ၏။ ဝိတ်မလျှော့ လျင်လည်း ဆူမို နပန်းသမား ဖြစ်တော့ မည်မို့ ယနေ့ပင်လျင်စပြီး ဝိတ်လျှော့ တော့မည်ဟု အတွေးဆုံးသည်နှင့် လက်တို့ကာ အားကစား ဝတ်စုံ ကို လှမ်းယူလေတော့၏။

အဘယ့်ကြောင့် အားကစားဝတ်စုံကို ဤမျှ မြန်အောင် လှမ်းယူ နိုင်ရပါသနည်း ။ အကြောင်းမှာ ထိုအားကစားဝတ်စုံ မှာ လွန်ခဲ့ သော ၆ လ ခန့်က ချိတ်ထားခဲ့ သည့် အတိုင်း အဝတ် စင်ပေါ်တွင် ရှိနေသေးသောကြောင့် ဖြစ်ချေ၏။ အားကစားဝတ်စုံနှင့် အားကစားဖိနပ် ဝတ်ပြီးသော် လူမှာ ဇောင်းမှ လွတ်ခါ နီး မြင်းကဲ့သို့ တကြွကြွ ဖြစ်လာ၏။

အကြော အခြင် နည်း နည်း လျှော့ လိုက်သေး၏။ ခါးကုန်း၍ အကြောလျှော့ ၍ မရ။ အကြောင်းမှာ ဗိုက်ထောက်နေသောကြောင့် ဖြစ်၏။ ရှိစေတော့။ ထောက်နေသော ဗိုက်ကာ တလအတွင်းနှင့် ပြုတ်စေရမူဟု ကြုံးဝါး လေတော့သည်။
IMG_3528.jpg

စ၍ ပြေး လေပြီ။ ပြေးသည်နှင့် မိမိဗိုက်မှာ တလုပ်လုပ်။ အစတော့ ၅ ဖာလုံခန့်အား မရပ်မနား ပြေးလိုက်မည်ဟူ၍ ကြုံးဝါးမိ၏။ သို့သော် ကိုက် ၃၀၀ ခန့် ပြေးမိလျင် ရင်ဘတ် အတွင်းမှ အောင့်လာ၏။ ပြေးသော အရှိန်ကို အနည်း ငယ် လျှော့ လိုက်၏။ သို့ သော် ရင်ဘတ် အောင့် ခြင်းကာ သက်သာမသွား ၊ သာ၍ သာဆိုးလာ၏။

ထို့နောက် လည်ခြောင်း အတွင်းမှ တစ်ဆို့ ဆို့ ဖြစ်လာလေပြီ။ မဖြစ်တော့ပြီ။ လမ်းရေမြှောင်း ဘေး လက်ရမ်းကို မှီ၍ အမောဖြေနေရ၏။ အသက်ရှုသံတို့ကာ ဘူတာရုံအတွင်းသို့ အရှိန်လျှော့၍ ဝင်လာသော ရေနွးငွေ့ စက်ခေါင်း ရထားကဲ့သို့ ရှူးရှူးရှဲ ရှဲ နှင့် အသံမြည်နေတော့သည်။ ချောင်းဟန့် ကြည့် လိုက်သော် ခွေးအို ချောင်းဆိုးသံ ကဲ့ သို့ တခွပ်ခွပ်နှင့် ။

မိမိ ၆ လ ခန့် အလို လိုက်ထားသော ခန္ဓာကိုယ်ကာ သူ့အလိုသို့ မလိုက်သောအခါ ပညာပြလေပြီ။ မတတ်နိုင်။ ကျွနုပ်ကာ သူ့ကို နိုင်မှ ဖြစ်မည်ဟူ၍ ဖြေးဖြေးခြင်း ထပ်ပြေလေတော့၏။ ချွေးတို့ ကာ မြင်မကောင်းအောင်ကျ ချေပြီ။ နောက်ထပ် တဖာလုံ ခန့် ပြေးမိ လျင် အမောဖေါ်က်လာခြင်းနှင့် အတူ ဒူးတို့ပါ ချောင်လိုက်လာလေတော့သည်။

မဖြစ်တော့ ပြီ။ အနားမယူလျင် နောက်တနေ့ နှစ်သစ်ကူး နေ့တွင် ဆေးရုံပေါ်မှ အိပ်ရာထရသည်ဆိုလျင် ကျော်မကောင်း ကြားမကောင်းဖြစ်ချေတော့မည်။ အနီးတွင် ရှိနေသော ထိုင်ခုံ ကလေးတွင် ထိုင်ရင်း အမောဖြေနေလေတော့၏။

IMG_3527.jpg

ငါ့ရံ့ ကိုယ်လုံးကဲ့သို့ သွယ်လျသော ပေါင်တံရှိ သည် မဒီပျိုလေးများကာ နားကြပ် တပ်၍ မိမိရှေ့မှ တယောက်ပြီး တယောက် ဖြတ်ပြေးပြနေလေတော့၏။ အနှီး မဒီပျိုလေးတို့မှာ မည်မျှ ကျန်းမာရေး လိုက်စား ထားသည်မသိ မြင်သမျှ တွေ့သမျှ လုလု အောင် နှင့် ခပ်ဆင်ဆင်ချည်း သာဖြစ်သော ဟူ၏။

မိမိမှာ လူကသာ မောပန်း နေသော်လည်း စက္ခု အာရုံတို့ မောပန်း ခြင်း မရှိရကာ ကောင်းကောင်းကြီး အမောဖြေနေတော့ ၏။ အင် " ငါ six packs ရှိတဲ့ နေ့ အင်္ကျီ ချွတ်ပြီး ပြေးပြမယ်" ဟူ၍ လည်း ကြုံဝါးမိလေတော့၏။ ဤနေ့အဖို့ တော့ တော်လောက်ပြီ ဟု ထင်၍ အိမ်ပြန်ရန် ပြင်ဆင်ရလေပြီ။

အပြန်လမ်းကာ မပြေးနိုင်တော့ သော်လည်း ခြေလှမ်း ခပ်သွက်သွက်လှမ်း၍ ချွေးစို့ နေသေး၏။ အိမ်ပြန်လမ်းကာ အတွေးတို့ ဖြင့် ပြည့် နှက် နေလေပြီ။ ဤသို့ နေ့တိုင်း ပြေးမည်။ အချိန်ရလျင် Gym ကစားမည်။ အစား လျှော့ စားမည်။ အရက်သေစာ ဖြတ်မည်။ Steemit သုံးချိန်လျှော့ မည်။

လိုအပ်လျင် Admin များအား အာဏာကုန်လွဲ၍ မိမိ အနားယူတော့မည်။ ဝက်သား ဖြတ်မည် စသည်စသည်ဖြင့်။ အတွေးများဖြင့် လူကာ ထပ်မံတက်ကြွလာလေပြီ။ သုံးလ အတွင်း ဖြင့် အောင်လ အင်ဆန် ၏ ကိုယ်လုံး မျိုး ဖြစ်စေရမည်။ အတွေးတို့ ကာ အဆက်မပြတ်။

aung la n sang.jpg

ဤသို့ တွေးရင်း အိမ်ရောက်လေပြီ။ အိမ်တခါး ဖွင့်၍ ဝင်လိုက်သည်နှင့် မြင်ရသည့် မြင်ကွင်းကာ။ နတ်ဆိုးကာ နှောက်ယျှက်လေပြီ။ ရှု့ လောမိတ်ဆွေ။ ဧည့် ခန်း၌ ပြင်ဆင်ထားသော စားသောက်စရာများမှာ မနည်းမနော။ ဟင်းခွက်သုံးရာ ပြည့် မှ ပွဲတော်တည်သော တရုတ်ပြေးမင်းဟု ခေါ်သော နရသီဟပတေ့ ၏ ဟင်းပွဲ တော်ကို နှောင်းလူတို့ အမှတ်ရစိမ့်သောငှာ ပြင်ဆင်ထားပုံရ၏။

ဝက်သားလုံး ကြော်ပါ၏။ ကြက်သား ကြော်ပါ၏။ အသီး အရွက် ကြော် နှင့် ပန်းသီး စိတ်တို့လည်း ပါသေး ၏။ အခြားစားစရာတို့ လည်း အလျံအပယ်။ ထိုစဉ် မီးဖို အတွင်းမှ မြန်မာ ပေါကားများတွင် ပြောနေကြအသံ ဖြစ်သော " ဟော , ပြောရင်းဆိုရင်း အစ်ကိုကြီးတောင်ရောက်လာပြီ " ဟူသော ညီမလေး၏ အသံထွက်လာ၏။

ကျွန်တော့ ညီမလေးနှင့် သူ့ သူငယ်ချင်း တသိုက်ကာ နှစ်သစ်ကူး party ပြင်ဆင်နေကြခြင်း ဖြစ်၏။ ကျွနုပ်အားလည်း "လာလာ အစ်ကို ကြီးက မီးဖို ဆောင်ကိုလာ" ဟူ၍ လည်း ဖိတ်ခေါ်လေတော့၏။ မီးဖို အတွင်းရှိ ထမင်းစားစာပွဲ၌ ကာ ကျွနုပ်အကြိုက်ဖြစ်သော ဝက်သားသုံးထပ်သားအပြားအား မှိုနှင့် လိပ်၍ ကြော်ထားသော ဝက်သားမှိုလိပ်ကြော်၊ broccoli ဟု ခေါ်သော ပန်းဂေါ်ဖီ အစိမ်း ၊ ဆော်လမွန်ငါးအား သံလွင်ဆီသုပ် ၍ ကင်ထားသော ငါးကင်နှင့် ကြည်ဥ မွေကြော် ၊ ဂျပန် အမဲသားတို့ အား အတုံး သေးသေးတုံး၍ ကျွပ်နေအောင် ကြော်ထား သော အမဲကြော်တုံး လေးများမှာ ကျွနုပ်အား ကောက်ယူ စားလဲ့ပါဟု ဖိတ်ခေါ်နေသယောင်။

IMG_3533.jpg

ခံတွင်း ရှင်း ကြက်ရိုး တုံယမ် ဟင်းချို ကလည်း မွေးလှပါဘိတောင်း။ ကျွနုပ်၏ ဝိတ်လျှော့ မည် ဟူသော အကြံ အစီတို့ကာ ထန်းလျက်ခဲ ခွေး လျက် သကဲ့သို့ လုံးပါး ပါးလာချေပြီ။ သို့ရာတွင် ချက်ချင်း ပေါ်လာသော အကြံကာ ဒီနေ့တော့ နည်းနည်း စားလိုက်အုံးမယ် မနက်ဖြန်ကစပြီး ဝိတ်လျှော့ တော့မယ်ဟူလို။

အသီးအရွက်များများစားမယ် အသားလျှော့စားမယ်ဟူ၍ ပထမဆုံး ပန်းဂေါ်ဖီစိမ်းကို လက်နိုက်လေတော့၏။ အဘယ်သို့ ဖြစ်သည်မသိ ကျွနုပ်လက်ကာ အကြောလွဲရော့ထင့်။ လက်ညိုးနှင့် လက်မ ကြားထဲ ပါလာသည်က ဝက်သားမှိုလုံးကြော်။ ကြည့် နေစဉ်မှာပင် တစ္စကန့် ၏ သုံးပုံ တပုံခန့် အတွင်း အနှီး ဝက်သားမှိုလုံး ကြော်မှာ အချဉ် ရေ အတွင်းသို့ နှစ်ပြီးသကာလ ကျွနုပ် ရုပ်နှင့် နာမ် ပြန်လည် ကပ်မိသော အချိန်တွင် ပါးစပ်အတွင်းမှ ဝက်သား၏ ချိုမွေးသော အရသာနှင့်အတူ မကျီး သီ အချဉ်ရေ၏ ရှောက်ရွက်နံ့တို့ကာ လျှာပေါ်သို့ ရောက်နေလေပြီ။

ရှိစေတော့ ဒီတလုပ်။ ဤသို့ ဟိုနည်းနည်း ဒီနည်းနည်း ကောက်စားပြီးသော် တခုခုလိုနေပြီကို သိ၏။ ဘာလိုပါသနည်း။ @thetkozaw တော့ ကောင်းကောင်း သိပါလိမ့်မည်။ ထိုစဉ်ညီမလေး ထံမှ သာယာသော အသံနှင့်အတူ ချစ်ဖွယ်သော စကားလုံးများ ထွက်ပေါ်လာ၏ ။အဘယ်သို့သာယာ သော စကားနည်း။ " အစ်ကို့ အတွက် ညီမလေး သူငယ်ချင်းတွေက Gold Label whiskey တလုံး လက်ဆောင်ယူလာပေးတယ်, အိမ်ရှေ့က ဗီရို ထဲမှာ " ဟူသတတ်။

IMG_3534.jpg

ကျွနုပ်ညီမလေးသာ ချစ်ဖွယ် ကောင်းသည်မဟုတ် သူ့သူငယ်ချင်းများကလည်း ချစ်စရာကောင်းကြသည်ကိုး။ ရှိစေတော့။ ရုတ်တရက် အောင်လ အင်ဆန် ပေါ်လာ၍ " ဟေ့ကောင် , မင်း ဝိတ်လျှော့ မှာဆို " ဟူ၍ မေးနေသေး၏။ ကျွှနုပ်လည်း မသိချင် ယောင်ဆောင်နေရလေ၏။

ဝီစကီ သုံးခွက်ခန့် ဝင်သွားပြီးလျင် အရာရာ ပေါ့ပါးလန်းဆန်းသွားလေတော့၏။ အဘယ်သို့ သော ပေါ့ပါးလန်းဆန်းခြင်းနည်း။ ဥပမာပြပါမည်။ အတန်းတင် စာမေးပွဲဖြေနေသော ကျောင်းသား နောက်ဆုံး နေ့ စာမေးပွဲကို ကောင်းမွန်စွာ ဖြေဆိုပြီး စာမေးပွဲ ခန်းထဲမှ ထွက်လာရသော ခံစားမှုနှင့် တူ မည် ဟု ထင်ပါသည်။ အချုပ်အနှောင်မရှိတော့ အရာရာပေါ့ပါး လွတ်လပ်သွားလေတော့၏။

ကျွနုပ်၏ နှစ်သစ် စိတ်ကူး ထဲတွင်ကာ ၂၀၁၈ တွင် Steem ဈေး ၂၅၀ ခန့် ဖြစ်နေလေတော့၏။ SBD မှာလည်း ၁၀၀ ကျော်ဝန်းကျင်။ ဝယ်စုထားသော coin တို့ မှာ လည်း ဈေးတက်လိုက်သည်မှာ တရိပ်ရိပ်။ ထိုစဉ် မိမိ ကိုယ်ကို ပြန်ကြည့် လိုက်သောအခါ ဖြစ်ပေါ်လာသော အတွေးမှာ

“ ငါ သည်လောက်လဲ ပုံဆိုးပန်းဆိုး မဝသေးပါဘူး " ဟူလို။

အဟောသုခံ .... နှစ်သစ်စိတ်ကူးကာ.. ချမ်းသာလေစွကောင်းလေစွ။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

steemit logo.png

Author : Henry Aung ( Kachin )
MSC : 001

Sort:  

Happy new year!

I wish you all the best " Happy new year "

ဆရာရေ .....တစ်ရက်ဆယ့်ငါးမိနစ်လောက်တော့
ကိုယ်လက်လှုပ်ရှားမှုအတွက် အချိန်လေးပေးပေါ့
msc အတွက် ဆရာလုပ်ပေးစရာတွေများစွာကျန်ပါသေးတယ်
ဆရာကျန်းမာချမ်းသာနေမှဖြစ်ပါလိမ့်မယ်
ကျမ်းမာချမ်းသာစေဖို့လည်းဆုမွန်ကောင်းတောင်ပါတယ်

လေ့ကျင့်ခန်းကတော့ ပြန်စလုပ်နေပါပြီ။ ခုလို ဆုတောင်းပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။

Happy new year my friend @kachinhenry

အဲ့လောက်လည်းမဝသလို အဲ့လောက်လည်းမပိန်ပါဘူး။ still handsome like before not that much different.
အနေတော်ပါပဲ bro။happy new year ပါ
2018 နှစ်သစ်မှာ msc အတွက် ကူညီမှုအများကြီးပေးနိုက်ပြီး msc ကိုမြန်မာနိုက်ငံသားသူတွေကြားမှာ အပြောဆုံးစကား ဆွေးနွေးမှုအများဆုံးအကြောင်း အဖြစ် မကပက ပိုပြီးအောင်မြင်နိုင်ပါစေ။
ဒါနဲ့စကားမစပ် msc က registration reply မလာသေးဘူးနော်။
[email protected] ပါ

Admin များ အစွမ်းကုန်ကြိုးစားပေးနေပါတယ်။ admin တွေခမျာ ကိုယ်ပိုင် post ရေးဖို့ တောင်အချိန်မရှိဘူး ဖြစ်နေကြတယ်။

ကိုဟင်​နရီ​အောင်​ပုံ ခုမှ​သေချာမြင်​ဖူးတယ်​ဗျာ။
ကျွန်​​တော်​ထင်​တာက ဆရာတင်​လှိုင်​ဦးတို့နဲ့ မတိမ်းမယိမ်း ထင်​​နေတာ။
Happy New Year ပါ ။

အဲတာ လွန်ခဲ့ တဲ့ ၄ နှစ်တုန်းက ပုံတွေပါ။... Same to you.... happy new year

ဟင်းပွဲ​တွေပြင်​ဆင်​ထားပုံက စားချင်​စရာကြီး 😋

အမုန်း ဆွဲတာလေ...

နှစ်သစ်မှာပျော်ရွှင်ပါစေခင်မျာ

လုလုအောင်လိုစော်လေးတွေ
ငရံကိုယ်လုံးလေးနဲ့ကောင်မလေးတွေဝိုင်းဝိုင်းလည်နေပါစေဗျာ

ဟင်း တွေအမြည်းတွေကလည်း စားချင်စရာတွေချည်းပဲ
ဒါနဲ့ဆရာ့ညီမလေးနေ ကောင်းလားဗျ
ဟဲဟဲ နောက် တာ

6packs ကြီးနဲ့ဆို
ဆရာ အတော်လေး ခန့်နေမှာဗျ

ဟုတ်ကဲ့ ဆရာ ဟင်နရီအောင်မြင်မှုတွေ
နဲ့ အတူ ပန်းတိုင်သို့ အမြန်ဆုံးရောက်ရှိပါစေခင်မျာ

ခုလို ဆုတောင်းပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။

Wow the foof looks soo delicious and specially the wine bottle. I need this bottle man. Enjoy it on new year eve. Happy New year to you and your family.

Happy New Year ပါ ဆရာ
ဆရာ့လည်း ခုမှ သေချာ မြင်ဖူးတယ်
MSC logo လည်း အရမ်း သဘောကျပါတယ် ခင်ဗျာ

Same to you...

အစ်ကို တို့ ကချင်မြေက အဖိုးတန်တွေ ထွက်တာဗျ

ထွင်းထွက်ဆို ကျောက်စိမ်း ထွက်တယ်
(စကားမစပ် အောင်ဇော်ထွေး မတွေ့တာကြာပေါ့ အစ်ကို)

MMA ဆို အောင်လ N ဆိုင်း ရှိတယ်
Model ထဲမှာဆို လုလုအောင်
ပြီးတော့ ဗိုလ်ချုပ် ဂွမ်းမော် လည်း ရှိတယ်
ပြီးတော့ steemit မှာဆို အစ်ကိုဟင်ရှိတယ်ဗျာ

တကယ့်  ဆရာကြီးတွေချည်းပဲ

Happy New Year ပါ

Same to you , Bro

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62014.91
ETH 2410.27
USDT 1.00
SBD 2.50