ကျွန်တော်နှင့် လွမ်းမောဖွယ်ကောင်းသော မန္တလေး ညများ - ( အပိုင်း - ၆ ) ( Henry Aung )

in #myanmar7 years ago

henry Aung.jpg

မင်္ဂလာပါ ခင်ဗျာ။ ကျွန်တော်ရဲ့ မပြီးပြတ်သေးသော မန္တလေး ခရီးစဉ်ကို ဆက်ပါရစေ။ ဤဆောင်းပါး တွင် အလှူအတန်း ပြီးနောက် မိမိတို့ admin များ 12 Pann Nar စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သော အစည်း အဝေးအား ဖေါ်ပြရန် ဖြစ်သော်လည်း ကျွန်တော်၏ ခရီးစဉ်အားသာ အလျင်ဖေါ်ပြပါမည်။ ထိုအစည်းအဝေး ဆုံးဖြတ်ချက်များကို နှောင် အလျင်သင့်လျင် ဆောင်းပါးရေး၍ ဖေါ်ပြပေးပါမည်။

အလှူအတန်းကာအောင်မြင်စွာပြီးလေပြီ။ ပြီးနောက် မိမိတို့ admin များကာ 12 Pann Nar တွင် အစည်းအဝေးလုပ်ကြ၏။ အစည်းအဝေးကာ မည်မျှ ညှိနှိုင်းရသည်မသိ ဘီယာ ၂၂ လုံးကုန်သောဟူ၏။ Admin တို့ကာ ရေငတ်နေကြပုံရ၏။ ဟုတ်သား ၊ နေကလည်း ပူသည်ကိုး။

အစည်းအဝေးပြီးသော် ဆရာတင်ကာ ကျွဲဆယ်ကန်သို့ တန်းသွား၍ အဝေးပြေးကားစီးပြီး ပြန်ရန် ပြင်၏။ ကျွနုပ်အပါအဝင် ကျန်သော admin များနှင့် တကွ ၊ အောင်ကြီး ၊ ကိုဟိန်း ၊ မြန်မာကိုကို ၊ သက်ကို ဇော် ၊ ဒိုမီလေ ၊ ကိုဒွန် ၊ ကို စိုး နှင့် ကို ရွှေဘို တို့ကာ အလှူ ဖြစ်မြောက်ကြောင်း အောင်ပွဲခံရန် ကျန်သေးသဖြင့် "ရထိုက်" စားသောက်ဆိုင်သို့ ရောက်ရပြန်၏။

ထိုစားသောက်ဆိုင်တွင် အမြည်းများ မှာ၍ ကျွနုပ် စင်္ကပူ မှ ယူလာသော Chivas Regal 12 year အား ဖန်ခွက် အသီးသီး တွင်ထည့် ၏။ မိမိတို့ Cheer ခေါ်သံမှာ အထက် ဘဝဠ်သို့ တိုင်လေတော့၏။ MSC ၏ သမိုင်းဝင် မှတ်တိုင်တခု စိုက်ထူနိုင်ခဲ့သော နေ့လည်း ဖြစ်၏။

ထို့နောက် စကားစမြည်း ပြောကြ၏။ မည်မျှ စကားပြောကောင်းသည်မသိ ၈ နာရီခွဲ ကြောင်းကို ဆိုင်ပိတ်မည့် အကြောင်း စားပွဲထိုး ပြောမှ သတိထားမိ၏။ ထို့နောက် ကျွန်တော်၏ tour guide သက်ကို ဇော်မှ မန္တလေး တောက်သို့ တက်ကြရန် အကြံပြု ၏။ မန္တလေး တောင်သို့ ရောက်ရလေပြီ။

mdy9.jpg

မန္တလေး တောင်သို့ သွားသော လမ်းခရီးကာ အလွန်သာယာ၏။ မိမိမှာ သက်ကို ဇော် ဆိုင်ကယ် နောက်မှ ထိုင်စီးရ၏။ သက်ကို ဇော်မှာ ကွမ်းတယာပြီး တယာ ထုတ်စားနေ၍ မိမိလည်း ၁၀ နှစ်ခန့် မစားရပြီ ဖြစ်သော ကွမ်းယာကို တောင်းစား၏။ မန္တလေး ကွမ်းမှာ အဘယ်သို့သော ဆေးထည့်ထားသည်မသိ စိမ့်၍ နေ၏။

ကွမ်းကလေး မြုံ့၍ မန္တလေးကျုံး ဘေး တွင် ညချမ်း အချိန် ဆိုင်ကယ်စီးရသည်မှာ အလွန် ကြည်နူးဖွယ်ကောင်း၏။ မီးရောင်များ နှင့် ရောင်ပြန်ဟပ်နေသော ကျုံးရေပြင်တို့မှာ မန္တလေးသူများကဲ့သို့ ကျော့ကျော့မော့ မော့ ရှိနေလေ၏။ လေပြေညှင်းတို့ကလည်း တိုက်ခတ်လျက်ရှိ၏။မန္တလေးကျုံး အား အားကစားလုပ်နေသူ ၊ လမ်းလျှောက်နေသူ ၊ ထိုင်နေသူများက မတူညီသော ဝတ်စုံများဖြင့် အလှဆင်လျက်ရှိ၏။

တနေရာ အရောက်တွင် အရှေ့တွင် မောင်းနေသော ဆိုင်ကယ်မှ လမ်းမပေါ်သို့ ပြစ်ကနဲ ကွမ်းတံတွေး ထွေးလိုက်၏။ မည်သူမျှ ဂရုမစိုက် ။ လွတ်လပ်သော မြန်မာပြည်မဟုတ်လော။ စင်္ကပူ တွင် ဤကဲ့သို့ လမ်းမပေါ်သို့ တံတွေး ထွေးလိုက်လျင် ဒါဏ်ရိုက်ခံရမည်က နောက်မှ အရင်ဆုံး ဘေးဘီဝဲယာ၏ အထင်သေးသော အကြည့်များကို ရင်ဆိုင်ရမည် ဖြစ်၏။

ဤသို့ ဆိုင်ကယ်စီး၍ နာရီဝက်ခန့်ကြာသော် မန္တလေး တောင်ခြေသို့ ရောက်လေ၏။ ခြင်္သေ့ကြီးနှစ်ကောင် ခန့်ခန့်ကြီး ထိုင်နေ၏။

02.jpg

မန္တလေး တောင်ပေါ်သို့ ဆိုင်ကယ်ဖြင့် တက်ရသည်မှာ အသည်းယားဖွယ်ကောင်း၏။ မတ်စောက်သော တောင်တက်လမ်းတွင် အကွေ့အကောက်များကလည်း ရှိသေး၏။ များမကြာမှီ ရင်ပြင်သို့ တက်သော နေရာ အောက်ခြေသို့ ရောက်လေတော့၏။ ဘုရားပေါ်သို့ တက်ကြပါလေပြီ။

ညခင်း အချိန်ဖြစ်၍ ဘုရားဖူးသူတို့ နည်းပါးနေချိန်ဖြစ်သောကြောင့် အေးအေးချမ်းချမ်း ရှိ၏။ သက်ကိုဇော်မှ အန္တလေးတောင် ဘုရားသမိုင်း ကြောင်းများကို လိုက်လံရှင်ပြ၏။ ကျန်စစ်သားမင်း လှံထောက်၍ ခုန်သောနေရာ လည်း တွေ့၏။ ကျန်စစ်သားခြေရာလည်းတွေ့ရ၏။

ကျန်စစ်သား ခြေရာ အောက်ဘက်တွင် ကြာပန်းများ ပွင့်နေသော ရေအိုင်ရှိ၏။ ဖားများကာ ကွပ်ကွပ် ကွပ်ကွပ် အော်မြည်လျက်ရှိ၏။ သက်ကို ဇော်အား ထို ရေအိုင်အကြောင်း မေးသောအခါ ကျန်စစ်သားမင်း လှံထောက်၍ မခုန်ခင် ခြေဆေးသော ရေအိုင် ဖြစ်ပါလိမ့်မည်ဟု မရုတ် မလွန်ဖြေ၏။

ဟုတ်သည်မဟုတ်သည်အသာထား သက်ကိုဇော်ကာ tour guide လုပ်စားလျင် ကြီးပွားနိုင်ပါလိမ့်မည်။ ထို့နောက် မိမိတို့ အဖွဲ့သားများ ဘုရားကန်တော့ ချိန်တွင် မိမိလည်း ဘုရားပန်း ကပ်လှူ၍ MSC members များ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိပါစေကြောင်း တောင်းဆုပြုခဲ့၏။

ထို့နောက် မိမိတို့ နေ့လည်က ပြုခဲ့သော ကောင်းမှုအစုစုတို့အား ကြားသမျှ သတ္တဝါ အပေါင်းတို့ သာဓု ခေါ်၍ ကုသိုလ် ရနိုင်စေရန်အလို့ငှာ ခေါင်းလောင်းထိုး၍ အမျှဝေပေးခဲ့၏။ ခေါင်းလောင်းသံကာ သာယာလှပါဘိ။ ထို့နောက် သက်ကို ဇော်မှ မိမိတို့အား မန္တလေး တောင်ပေါ်မှ ညနေခင်း ဆည်းဆာ အလှကို ကြည့် သော ရင်ပြင် နေရာသို့ ခေါ်ဆောင်သွား၏။

03.jpg

မိမိတို့ ရောက်သော အချိန်မှာ ည ၉ နာရီခန့် ဖြစ် နေသော်လည်း မန္တလေး မြို့၏ ညရှုခင်းမှာ ရင်သပ် ရှုမောစရာကောင်း၏။ မန္တလေး ကျုံး မှာမီးရောင် လက်လက် များ အောက်တွင်အလွန် ခန့်ညားစွာ လဲလျောင်းနေ၏။ မိမိတို့ တိုင်းပြည် ၏ ညရှုခင်း ဖြစ်၍ ထင့် စင်္ကပူ မြို့ ၏ ည ရှုခင်းထက် ပိုမက်မော၏။

ထို့ နောက်မိမိတို့လည်း မြွေနှစ်ကောင် ရှေ့တွင် ထိုင်၍ အနားယူကြ၏။ တခုသတိထားမိသည်မှာ ဘုရားအတွင်းရှိ အလှူခံပုံးများအားလုံးနီးပါ ပြည့်လုပြည့် ခမန်းရှိ၏။ ထို့နောက် သက်ကိုဇော်မှ မြွေကြီးနှစ်ကောင် ရာဇဝင်တို့အား ပြောပြ၍ ပွဲတော်ရက်များတွင် ထိုမြွေနှစ်ကောင်ရှိသော ခြံဝင်းလေးထဲသို့ ပိုက်ဆံများ လှူဒါန်းကြသည်မှာ ထိုပိုက်ဆံများအား တံမျက်စည်းလှည်း၍ သိမ်းယူရသောဟူ၏။

မိမိမျက်လုံးထဲတွင်တော့ ပီနံအိတ်အတွင်းသို့ ထည့်နေသော ပိုက်ဆံများကို မြင်ယောင်နေမိ၏။ မိမိစိတ်ကူးထဲတွင်ကာ ထို မြွေကြီး နှစ်ကောင်အား ထုံးဘို ရှိ စိတ်ကျန်းမာရေး ဆေးရုံသို့သာ ပို့ထားချင်မိတော့၏။ သို့မှ သာ ထိုဆေးရုံလည်း မြွေကြီး နှစ်ကောင်ကြောင့် အလှူ အတန်းများရ၍ လူနာများအားလည်း ထိုထက်ကောင်းမွန်အောင်ပြုစုနိုင်လိမ့်မည်ဟု ထင်မိ၏။ ည ၁၀ နာရီ ထိုးသော် မိမိတို့လည်း ဘုရားပေါ်မှ ဆင်းခဲ့လေတော့၏။

ဆက်လက်ဖေါ်ပြပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Author : Henry Aung ( Kachin )
MSC : 001

Sort:  

မြွေကြီး နှစ်ကောင်အား ထုံးဘို ရှိ စိတ်ကျန်းမာရေး ဆေးရုံသို့သာ ပို့ထားချင်မိတော့၏။
ဟားဟား လုပ့်ြ်ပီကိုဟင်​တို့က​တော့

ဖြစ်ချင်တာကို ပြောရတာပေါ့.... ပိုကောင်းမယ်ထင်သလားလို့လေ..

ဒီအပိုင်းမှာ
ကျတော့် အတွက် tour guideကြီးက ဗီလိန်ပဲ။
အဲ့ဘဲကြီးကို ချစ်တယ်။ ဒါပေမယ့် အဲ့တရက်ရဲ့ အဲ့အချိန်လေးမှာ မုန်းလိုက်ပြီ။
Mdy hill ပေါ် တက်တာ မခေါ်လို့။
ကိုဒွန်ကို ပြန်ပို့လိုက် ညီလေး ... ဆိုတဲ့ စကားလေး ခုထိ နားထဲကြားနေသေးတယ်။

အေးဗျာ... ကသက်က အစက အစီအစဉ် မရှိဘူးနဲ့တူပါတယ်... ကိုဒွန်ပြန်သွားပြီးမှ သူလည်း အကြံထွက်လာပုံရတယ်။

အစက ဘယ်မှမသွားတော့ဘူးလုပ်ရင်းကနေ တတ်ဖြစ်သွားတာ ပီး အစ်ကိုဒွန်နေရာက အရမ်းဝေးနေမှာစိုးလို့ sorry ကိုဒွန်

ဟုတ် ကိုဟင်။
ရပါတယ် ကိုသက်ရယ်
ကျတော်က စတာပါ။

အစ်ကိုပြောသော မန္တလေးကွမ်းအား နောက်နောင်ကြုံကြိုက်ရင် ဝါးကြည့်ဦးမယ်ဗျာ

သက်ကိုဇော်ကိုသာ ဝယ်ခိုင်းပေတော့... မန္တလေး တောင်ခြေနားက ဆိုင်လည်း ကောင်းတယ်လို့ ပြောတာပဲ။

3.8.2018မှာ အစ်‌ကိုနဲ့ cheer လုပ်‌ပြီး ‌သောက်‌ချင်‌တယ်‌ဗျာ။ပြီးရင်‌ ခွက်‌ကို သိမ်းထားမယ်‌။ကျွန်‌‌တော့်‌နာမည်‌ မှတ်‌ထား‌ပေးပါ ၊မ‌ဟော်‌ပါ အစ်‌ကို။

ကောင်းပါပြီ ညီလေးရေ... တွေ့ကြတာပေါ့။

ကျန်စစ်သား လှံထောက်မခုံခင်ခြေဆေးတဲ့ရေအိုင်တဲ့လား မန်းလေးသားကိုသက်က အဲ့လိုရွီးတယ် အဲ ပြောတယ်ပေါ့လေ။

အဲလို ပြောသာပဲ အထွေးရေ....

ကိုဟင်နရီအောင်တို့နှင့် အပျော်ကောင်းနေလို့ ကိုဟိန်း အိမ်ပြန်မအိပ်တာတဲ့။ အောင်မြင်ပါစေရှင်။

မန္တလေးကိုတော့ရောက်ဖူးတယ်အကို့ခရီးသွားမှတ်တမ်းကိုဖတ်မှအတော်စုံသွားတယ်ကျေးဇူးပါ

ဟုတ်ကဲ့ , မြင်မြင်သမျှတော့ ရေးထားတာပဲ....

ဗဟုသုတ တော်တော် စုံသွားမှာဘဲ နော်
singapore မှာ ဒီလို မျိုး မရှိဘူး … ဟုတ်

မန်းလေး ၃ ရက်နေတာ သွားစရာ မကုန်ခဲ့ဘူး.... နောက်တခေါက်ပြန်သွားမယ် စိတ်ကူးတယ်....

ကိုသက်ကို နောက်ထပ် နိပ်စက်ရဦးမှာပါ

သက်ကိုဇော် ကောင်းမှုကြောင့်သာ ကျွန်တော်လည်း မန္တလေးတောင် ညရှုခင်းကို မြင်ဖူးတော့၏။ အမှတ်တရညချမ်းလေး ဖြစ်ခဲ့ပါတယ် ကိုဟင်ရေ။
IMG_20180309_193319.jpg

နောက်တခေါက်ပြန်သွားကြသေးတာပေါ့

အာ့ဘာကြိတုန်းဟင်

ဟုတ်တယ်ဗျ လူတွေက မြွေတွေကိုတော့လှုကြတယ်ဗျ ပလိပ်ကမြွေဘုရားလဲဒီအတိုင်းဘဲ လိုအပ်တဲ့နေရာတွေမှာ လှုသင့်ပါတယ်ဗျာ

ကျွန်တော်ကတော့ ဖြစ်စေချင်တာလေးပဲ ဖေါ်ပြရတာပေါ့။

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 64036.76
ETH 2647.26
USDT 1.00
SBD 2.78