ကျွန်တော်နှင့် လွမ်းမောဖွယ်ကောင်းသော မန္တလေး ညများ - ( အပိုင်း - ၁) ( Henry Aung )

in #myanmar6 years ago (edited)

henry.jpg

မင်္ဂလာပါခင်ဗျား။ ဤဆောင်းပါးပါ အကြောင်းအရာတို့မှာ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က Myanmar Steemit Community ၏ မန္တလေးတွင် ပြုလုပ်ခဲ့သော MSC အလှူအတန်း နှင့် Admin တို့၏ တွေ့စုံ စည်းဝေးပွဲကို ဖေါ်ပြလိုရင်းဖြစ်ပါသည်။ ဆောင်းပါး ပုံစံအတိုင်း ရေးရလျင် အနည်းငယ် ပျင်းရိဖွယ်ကောင်းမည်ဖြစ်သောကြောင့် ရေးသားဟန် သွက်လက်၍ ဟာသနှောထားသော ခေတ်စမ်းအရေးအသားများဖြင့် ရေးသားဖေါ်ပြပေးလိုက်ပါသည်။

လွန်ခဲ့သော ဖေဖါဝါရီ လကုန် တရုတ်နှစ်သစ်ကူး အကုန် ခန့်မှ စပြီး ကျွနုပ်မှာ မျောက် ငပိ ကိုင်မိသကဲ့သို့ နေမထိထိုင်မသာ ဖြစ်နေခဲ့၏။ အဘယ့်ကြောင့်နည်း။ အန်ပေါင်း ဒေါ်လာ များစွာရရှိသောကြောင့်လော။ မဟုတ်ပါ။ သို့မဟုတ်လျင် ချစ်သူမှ သီလရှင် ရာသက်ပန် ဝတ်သွားသောကြောင့်လော။ မဟုတ်ပါ။ ဤသို့ စိတ်ကူးနှင့်ရူး၍ မီးခဲ ဖင်ခုထိုင်ထားသကဲ့သို့ ဖြစ်နေရခြင်းမှာ မိမိတို့ တကြိမ်တခါ မှ မတွေ့ဘူးကြသော MSC admin များဖြင့် မန္တလေးမြို့တွင် တွေ့ဆုံရမည် ဖြစ်သောကြောင့် ဖြစ်၏။

တခါမှ မတခါဘူးသော FA တို့ ရင်ခုန် နေသကဲ့သို့ မိမိလည်း အသစ်စက်စက်ချစ်သူ ဖြစ်သော MSC Admin တို့အားတွေ့ဆုံရန် ရင်ခုန် နေချေတော့ တမုံ့။ ချစ်သူအား ချစ်ခွင့်ပန် ရမည့် FA တကောင် ၏ ရင်ခုန်သံများကို ရေတွက်ရင်း ထိုနေ့ရက်တို့ကာ ရောက်လာချေပြီ။ ကျွနုပ်ကာ မြန်မာပြည်တွင် တဦးတည်း ခရီးမသွားဘူးရကာ အဝေးပြေးကွင်းသို့ ကားဖြင့်လိုက်ပို့သော မွေးဖခင်ကာ သားလှလူချောအား အမှာပါးနေသည်မှာ နာရီဝက်ခန့်ကြာ၏။

အစားအသောက်ဆင်ခြင်ရန်လည်း ပါသလို Beer များအား နွားငတ်ရေကျ မသောက်ရန်လည်းပါ၏။ မိမိ၏ ဖုန်းနှင့် ပိုက်ဆံအိတ်များကို ဂရုစိုက်ရန်လည်း မှာကြာသလို မိမိမသိသော သူစိမ်းများ အားမယုံကြည်ရန်နှင့် မန္တလေး တွင် နေဧ တို့ ပေါများကြောင်းလည်း ပြောပြ၏။

အထူးသဖြင့် ယခုကဲ့သို့ အချိန်တွင် မိမိတို့ ၃၄ သိန်းတန် ပစ္စည်းများအား ခိုးယူဖြုတ်သွားကြသော ကိစ္စများ ရှိနေသဖြင့် အထူးဂရုပြုရန်လည်း မှာကြား၏။ မိမိကာ ၃၄သိန်း တန်ပစ္စည်း ဆိုသည်နှင့် ဂျင်းပန် နှစ်ထပ်ဝတ်သွားရန် စိတ်ကူးမိ၏။ ဟုတ်သား သက်ကိုဇော်တို မန္တလေး သားများ ကာ ယုံရသည်မဟုတ်။ တရုတ်နှင့် လည်း နီးသည်မဟုတ်လား။ ရှိစေတော့။

01.jpg

မိမိလည်း ဖခင်၏ အမှာစကားအား နားထောင်ပြီးနောက် VIP class ဟုခေါ်သော အဝေးပြေးကားပေါ်သို့ တက်လေတော့၏။ အဝေးပြေးကားကြီးကာ နှံကောင် ကြီးတကောင်နှင့်ပင် တူသေးတော့၏။ မိမိလည်း ဤ တကြိမ်တော့ ကိုယ်ပိုင် ထိုင်ခုံနှင့် စီးရသော VIP ( very important person) ဖြစ်ရသည်ကို အနည်းငယ် ဂုဏ်ယူမိ၏။

မိမိကာ ခဏတာမျှ အရေးပါအရာရောက်သူ မဟုတ်လော။ မိမိ၏ တခုံကျော်ကို လှမ်းကြည့်သောအခါ မိမိမှာ အရေးပါသူ တယောက်မဟုတ်ကြောင်း သိတော့၏။ အကြောင်းမှာ ပန်ချာပီ ကုလားကြီး တယောက်ထိုင်နေသောကြောင့် ဖြစ်၏။ VIP ဆိုသည်မှာ ( very important panjapi ) လည်း ဖြစ်နိုင်သည်မဟုတ်လား။ ရှိစေတော့။

ထို့နောက် ည ၉ နာရီကွက်တိ တွင် ကားထွက်လေတော့၏။ မိမိလည်း မြန်မာတို့ အချိန်လေးစားလာကြသည်ကို ဝမ်းသာရ၏။ လေယျဉ် ပေါ်တွင် တာဝန်ထမ်းဆောင်သော အမျိုးသမီး များအား လေယျဉ်မယ်ဟု ခေါ်လျင် ကားပေါ်တွင် တာဝန်ထမ်းဆောင်သော အမျိုးသမီးအား အဝေးပြေးယျဉ်မယ် ဟု ခေါ်ရမည်လော။ မိမိလည်း မပြောတတ်။

အနှီး အဝေးပြေးယျဉ်မယ်ကာ မိမိအား ရေသန့်ဘူး ၊ အချိုရေ ၊ ကိတ်မုန့် တို့ ဖြင့် ဧည်ခံ၏။ အသံလေးကလည်း ချိုသာ၏။ အဝတ်အစားဝတ်ထားသည်မှာလည်း လေယျဉ်မယ်များကဲ့သို့သာ။ ထိုကားပေါ်တွင် ခြုံစရာစောင်လည်း ပေး၏။ ည ၁၁ နာရီခန့်တွင် ၁၂၅ မိုင် ယျဉ်ရပ်နားစခန်း တွင် ညစာစားရန် ခဏတာရပ်ပေး၏။

ထိုခဏတာ ယျဉ်ရပ်ခါနီး အနှီးချောမောလှပသော အဝေးပြေးယျဉ်မယ် ကြေညာလိုက်သည်မှာ မိမိတို့၏ အဖိုးတန်သော ပစ္စည်းများအား မိမိတို့ နှင့် တပါတည်း ယူဆောင်သွားကြပါရန် ပစ္စည်းပျောက်ပါက ယျဉ်လှိုင်းမှ တာဝန်မယူ ဟု ကြေညာလေတော့၏။

03.jpg

မိမိလည်း စိတ်ကူးမိသည်မှာ မိမိတို့ စီးသောကားမှာ VIP class ဖြစ်၏။ ဤကဲ့သို ကားပေါ်တွင် မိမိပစ္စည်းပျောက်လျင် မိမိတာဝန်သာ ဖြစ်သည် ဆိုခြင်းမှာ Servic provider ဟုခေါ်သော ဤကဲ့သို့ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းတွင် တာဝန်ယူမှု မရှိခြင်းမှာ နိုင်ငံခြားသားများအတွက် အနည်းငယ် ပျက်နှာ ပျက်စရာကောင်းသည်ဟု မြင်မိ၏။

မတတ်နိုင် မိမိလည်း မြန်မာပြည် ရောက်နေသည် မဟုတ်လား။ သွား၍ လျှာရှည် မိလျင် ကားခ ပြန် အန်း၍ " ဒီကနေ လမ်းလျှောက်သွားတော့ " ဟုဆိုလာလျင် ခက်ချေတော့မည်။ ယျဉ်ရပ်နားစခန် ရှိ Pioneer စားသောက်ဆိုင်ကြီးထဲတွင်ကာ စာသောက်သူများအား အလှူပေးသကဲ့သို့ ရှိနေ၏။

အစားအသောက်မှာ ယူသံ ၊ စားပွဲထိုးကလေးများ၏ အသံတို့ကာ ပွက်လောရိုက်၍ နေတော့၏။ မိမိလည်း အပေါ့အပါးသွား၍ ဟိုဟို သည်သည် ငေးနေတော့၏။ တနေရာတွင်ကာ အတန်ငယ်နွမ်းပါးဟန်ရှိသော ခရီးသွား မိသားစု တစုထိုင်နေ၏။ ဘေးတွင်ကာ ၅ နှစ်ခန့်ရှိသော ကလေးမှာ ဗိုက်ဆာ၍ ထင့် တဂျီဂျီပူနေ၏။

မိခင်ကလည်း စိတ်မရှည် ၍ " သေချင်းဆိုးလေး ညနေကမှ ကျွေးထားတာ ငတ်နာ အဲသလောက်ကျ ရသလား " ပြော၍ ထရိုက်လေတော့၏။ ကလေးငိုသံမှာ ပတ်ဝန်းကျင်တွင် ဖုံးလွမ်းသွား၏။ ထိုကလေး ငိုသံနှင့် အတူ ကားထွက်တော့မည် ဖြစ်၍ တကြော် ကြော် ခေါ်နေသော မိုက်ခွက်မှ အသံတို့ကာ ပတ်ဝန်းကျင်တွင်ဆူညံနေတော့၏။

အေးချမ်းတိတ်ဆိတ်သော ညချမ်းမှာ ထိုယျဉ်ရပ်နားစခန်းတွင်တော့ ပွက်လောရိုက်လျက်ရှိ၏။ ကျွနုပ်လည်း ထိုအသံတို့နှင့် ဝေးရာသို့ လမ်းလျှောက်ထွက်ခဲ့လေတော့၏။ အကြောင်းမှာ နာရီဝက်ခန့် အချိန်ရှိနေသေးသောကြောင့် ဟိုဟိုဒီဒီ စပ်စုရန် ထွက်လာခဲ့ခြင်းသာဖြစ်၏။

04.jpg

ဈေးတန်း တနရာ ရောက်လျင် လူငယ်လေး နှစ်ယောက်ချဉ်းကပ်လာ၍ " အစ်ကို ဘာရှာ နေတာလဲ... ညီလေးတို့ကို ပြောလေ .. အစ်ကိုလိုချင်တာ အကုန် ရတယ် " ဟု ပြောလာ၏။ မိမိမှာ ကိုယ်တိုင်ပင် ဘာလိုချင်မှန်း မသိ၍ လျှောက် ငေးနေရာ ထိုလူငယ်လေး နှစ်ယောက် မှာ မိမိလိုချင်သည်ကို သိနေသည်မှာ အံ့သြဘနန်းရှိပေစွ။

ဤတွင် အခြားလူငယ်လေး တယောက်ကလည်း " အစ်ကို ၅၀၀၀ ပဲရှိတယ် အစ်ကို လိုချင်ရင် လျှော့ ပေးမယ်လေ " ဟု ပြောလာသဖြင့် ဤသည်မှာ မသမာသော ရောင်းဝယ်မှု သို့ မဟုတ် မူးယစ်ဆေး ရောင်းဝယ်မှု တခုခု ဖြစ်ကြောင်း တော့ သိနိုင်ပါ၏။ ကျွနုပ်လည်း စိတ်ပေါက်ပေါက်ရှိလာ၍ " ဟေ့ကောင်တွေ ငါမျက်နှာ သေချာကြည့်စမ်း " ဟူ၍ ငေါက်လိုက်၏။

ထိုအချိန်မှ ထိုသကောင့်သားတို့ကာ " ဟာ ... ဟုတ်ကဲ့ ဗိုလ်ကြီး ၊ စိတ်မရှိပါနဲ့ ဗိုလ်ကြီး ၊ သားတို့ မသိလို့ပါ" ဟူ၍ မိမိရှေ့မှ ပျောက်ကွယ် သွားကြကုန်၏။ အဟောသုခံ .... ဆံပင်တိုတို ညှပ်ထားခြင်း အကျိုးကာ ကြီးမားလှပေစွ။ မိမိလည်း ဗိုလ်ကြီး အထင်ခံရသည် အသာထား ရိုက်လုလျင် ဗိုလ်ကြီးလည်း တတ်နိုင်မည် မဟုတ်သဖြင့် မိမိစီးသော ကားဆီသို့သာ ပြန်လာခဲ့ရ၏။

မကြာမှီအချိန်တွင်လူ စုံ ပြီ ဖြစ်သဖြင့် ထိုအဝေးပြေး ကားကြီးမှာ ကျွနုပ်တို့အား မန္တလေး ရွှေ မြို့ တော်သို့ ခေါ်ဆောင် သွားလေတော့၏။

ဆက်လက်ဖေါ်ပြပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photos credit; Google Image

Author : Henry Aung ( Kachin )
MSC : 001

Sort:  

မြန်​မာ​ပြည်​ပြန်​တုန်းက
အ​ကြောင်း​လေး​ရေးထား​တော့
ဖက်​လို့​တောင်​မဝဘူးအစ်​ကို အဆက်​ကို ​စောင့်​​မျှော်​​နေပါ့မယ်​ခင်​ဗျာ၊ တစ်​ကယ်​လည်း အစ်​ကို့ပုံစံက ဗိုလ်​ကြီးနဲ့တူတာဗျ အခုလည်း mscမှာ ဗိုလ်​ကြီးပဲဟာအစ်​ကို ခိခိ😀

ဗိုလ်ကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဗိုလ်ကြီးနဲ့ မှားကြတာတော့ အကြိမ်ကြိမ်ပါပဲ။ မန္တလေး အကြောင်းတွေ ဆက်ရေးပေးပါ့မယ်။ အခုတလာ post မရေးရလို့ နေမထိထိုင်မသာ ဖြစ်နေတာရယ်။

Steemit ပွဲမှာ ဆုံမယ်လေ အကို ဘာဘဲဖြစ်ဖြစ်ခနလေး vdcall ခေါ်လိုက်လို့ မြင်ရတာဝမ်းသာတယ် ခေါင်ဆောင်ကို
မြင်ရတော့အားတက်ပီးအားရှိတာပေါ့အကိုရ လူကြီးကရှက်သေးတယ်နော် ခ်ခ်ခ်ခအယ်လယ်

ညီလေးသာအေး တို့နဲ့ လည်း အေးဆေး တွေ့ချင်သေးတယ်.... မန္တလေး မှာ admin တွေနှင့် တွေ့ရတာ ခဏလေးရယ်

အကို MSC ပွဲကြီးကို ခမ်းခမ်းနားနားလုပ်ပီး MSC အဖွဲ့ဝင်တွေ တစ်စုတစည်းတည်း ဆုံတွေ့ရမှာကိုရင်ခုန်နေမိတယ်အကိုဟင်ရေ

တွေ့ရမှာပေါ့ ညီလေးရာ။ အခုကတည်း က admin ကို ဒွန် ဦးဆောင်ပြီး အဲဒီကိစ္စအတွက် အကောင်အထည် ဖေါ်နေပါတယ်။

အကိုရယ် ဒါဆိုလည်းအစီအစဉ်လေးကိုချပြပါတော့လား ကြိုရင်ခုန်ချင်မိလို့ပါအကိုဟင်ရေ...i love MSC my number is MSC 019

@donjaun ... အစ်ကို ဒွန်က အဲသလို ရင်ခုန်အောင် အရမ်းလုပ်တတ်တာ။ အခုလည်း MSC gathering တခုလုံး ပိုပြီး ရင်ခုန်ရအောင် သူ့ကို တာဝန်ပေးထားတာပါ။

မြန်မာမှာတော့ ကျယ်ကျယ်ဝန်းဝန်းကားစီးရတာကပဲ VIP Service ပေးတာလို့ ထင်နေရတာပါ ရိုးရိုးကားဆိုရင် ခြေလက်မဆန့်သာပါဘူး

အရင်တုန်းကထက်တော့ အများကြီးပိုကောင်းလာပါတယ်။ Servic ပိုင်းမှာရော comfort ပိုင်းမှာ ရောပေါ့။အခြားအဝေးပြေးကားတွေတော့ မသိပါဘူး။ အစ်ကို စီးခဲ့တဲ့ မန္တလေး ရန်ကုန် အဝေးပြေးကားကို ပြောတာပါ။

ဟုတ်ကဲ့ အစ်ကို ကားလိုင်းချင်းလည်း ကွာပါတယ် ဘာပဲပြောပြော ခရီးစဉ်မှာအဆင်ပြေတာ ဝမ်းသာစရာပါ နောက်ပိုင်း အပြိုင်အဆိုင်များလာရင် ဒီထက်ပိုကောင်းလာပါဦးမယ်

အိုးး ဗိုလ်​ ကြီး ရယ်​ ​ရေးတတ်​တာ
မန္တ​လေး သား​တွေက ပစ္စည်း အစုံနဲ့ ကချင်​​မြေကို
ပြန်​ပို့လိုက်​ကြပါတယ်​​နော့

ကချင်မြေကို ပြန်ပို့တာမဟုတ်ဘူး... ရေ မီး အစုံနဲ့ ရန်ကုန်ကို ပြန်ပို့ တာ ... ကံကောင်းလို့ ကားနောက်မကျတာ... မန္တလေး သားတွေ ဧည့်ဝတ်ကျေချက်တော့ ...

ဟားဟား အတအကျရောက်တာကို သူ့ကစောတာပါ ဟိဟိ

ရန်​ကုန်​မှာလုပ်​ရင်​​တော့ကျိမ်း​သေ​ရောက်​ဖြစ်​မှာ မန်း​လေးက​တော့ ​တော်​​တော်​​လေး​ဝေးလို့

ရန်ကုန်မှာ လုပ်ဖြစ်အောင်လည်း ကြိုးစားနေပါတယ်။ အဓိကတော့ organizer လိုတာပါ။ မန္တလေး မယ် အခုလို အလှူအတန်းနဲ့ အစည်းအဝေး ဖြစ်အောင် အဓိက organize လုပ်သွားတာ သက်ကိုဇော်ပါ။ @thatkozaw က အစကနေ အဆုံး ကျွန်တော် ကားပေါ်တက်သွားတဲ့အထိ အကုန် အပင်ပန်းခံလိုက်လုပ်ပေးခဲ့လို့ အခုလို admin တွေ အေးအေးဆေးဆေး တွေ့ခဲ့ကြရတာပါ။

အဟေး မန္တလေးမရောက်သေးဘူး ဇာတ်လမ်းက ကောင်းနေပီ ။ စောင့်မျော်နေကြပါတယ်ဗျို့။

အစပျိုးနေတာ ကိုရွှေဘိုရေ...
ဒီလိုပဲပေါ... ဝန်ထွက် တိုင်းပြည် အရင်တည်ရတာပေါ့။

ကိုဟင်ကိုတွေ့ဆုံလိုက်ရလို့ကျေးဇူးတင်ပါတယ်

ခဏလေး တွေ့ရတဲ့ အခိုက်မှာ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့် စကားအများကြီး မပြောလိုက်ရတာ ကျွန်တော်ကလည်း တောင်းပန်ပါတယ်။

ဟုတ်ကဲ့ဗိုလ်ကျိ ဟီးး

B ပြည့် တောင် RP-60 ရောက်သွားပြီပဲ... Happy go lucky

အကို​ရေ ဗိုလ်​ကြီးထင်​ခံရလို့​တော်​​သေးတယ်
တခြားထင်​ခံရရင်​ အကိုဟင်​မလွယ်​ဘူး ဟီးဟီး

မန္တလေးမှာ အကူအညီ အများကြီး ပေးခဲ့တဲ့ ကိုအောင်ကြီးကို အများကြီး ကျေးဇူးတင်ပါတယ်။

ခရီးသွားမှတ်တမ်းလေးကနေ အစည်းအဝေးမှတ်တမ်းအထိ ရေးတော့မလား ကိုဟင်

ခရီးသွား မှတ်တမ်း သက်သက်ပါ။ အစည်းအဝေးမှတ်တမ်းကို သီးသန့်ရေးပါ့မယ်။ အစည်းအဝေး မှတ်တမ်းက ဟသနှော ရင် ပေါ့ပျက်ပျက် ဖြစ်သွားမှာ စိုးလို့ ။

စောင့်မျှော်နေပါတယ် ဗိုလ်ကြီးဟင်

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60913.71
ETH 2919.21
USDT 1.00
SBD 3.71