ကျွန်တော်နှင့် ဧရာဝတီအတွေးများ - အပိုင်း(၂) ( Henry Aung )

in #myanmar6 years ago

henry Aung.jpg

မင်္ဂလာပါ။ ကျွန်တော်၏ ငယ်ပေါင်းကြီးဖေါ်ဖြစ်သော ဧရာဝတီမြစ်အကြောင်း ဆက်ပါအုံးမည်။ ဧရာဝတီမြစ်ရေနှင့် ပါတ်သက်၍ ငါးဖမ်းခြင်းမှာ ကျွန်တော့ငယ်ဘဝ၏ မပါမဖြစ်သော အကြောင်းအရာဖြစ်ပါသည်။ ရေကျချိန်လည်း ငါးဖမ်း နိုင်သလို မြစ်ရေကြီးချိန် တွင်လည်း ငါးဖမ်းနိုင်ပါသည်။

ကျွန်တော်သတိထားမိသလောက် ဧရာဝတီ မြစ်မှာ ဇွန်လ ၊ ဇွန်လိုင်လ မိုးရာသီကာလတွင် ရေကြီးပါသည် ထို့နောက် အောက်တိုဘာ ၊ နိုဝင်ဘာလလောက်တွင် ရေကျသွား၍ ပြန်လည် ကြည်လင်လာပါသည်။ မတ်လ ၊ ဧပရယ် လလောက်တွင် ရေတခေါက်ထပ်ကြီးပါသည်။ ထိုရေကြီးခြင်းမှာ မိုးရွာသောကြောင့် မဟုတ်ပါ။

မြန်မာပြည်အထက်ပိုင်း ဧရာဝတီ မြစ်၏ မြစ်ဖျားခံရာ တောင်ပေါ်ဒေသမှ ရေခဲများ ၊ နှင်းများ အပူချိန်ကြောင့် အရည်ပျော်ကျလာရာမှ ရေကြီး ခြင်း ဖြစ်ပါသည်။ ထိုရေကြီးသောအချိန်မှာ ဧရာဝတီ မြစ်ရေသည် ရေခဲရေတမျှ အေးစက်နေလေ့ရှိပါသည်။ ဆိုခဲ့သည့် အတိုင်း ငါးဖမ်းခြင်း အကြောင်း ဆက်ပါအုံးမည်။

ရေကျချိန်ငါးဖမ်းနည်းမှာ ပိုက်တန်း ၊ မိုင်းခွဲ ၊ ပုဇွန်ထိုး အကုန်ဖမ်းလို့ရပါသည်။ အများအား ဖြင့် ပိုက်တန်း၍ ဖမ်းကြသော်လည်း ကျွန်တော်တို့ကတော့ ငါးမိုင်းခွဲ၍ ဖမ်းပါသည်။ ဤ ငါးမိုင်း ပြုလုပ်ပုံ အဆင့်ဆင့်မှာ အန္တရာယ်များလှသည့် အပြင် အတုယူထိုက်သော ပညာရပ် မဟုတ်သဖြင့် မဖေါ်ပြတော့ပါ။

အဘယ့်ကြောင့်ဆိုသော ကျွန်တော်တို့ ပြုလုပ်သော မိုင်းမှာ ယမ်းမီးခြစ်ဆံဖြင့် ပြုလုပ်ကြသဖြင့် အတုယူမှားလျင် အကျိုးနည်းဖို့သာရှိပါသည်။ ဧရာဝတီမြစ်ရေကျချိန်တွင် ကျွန်တော်တို့ အများဆုံး ဖမ်းသောငါးမှာ ရင်ပေါင်စာ ငါး ဟုခေါ်ပါသည်။ ကျွန်တော်ယခင်က ထိုငါးနာမည်အား မသိပါ။ ရှမ်းငါးဖမ်းသမားတို့က ရင်ပေါင်စာ ဟုခေါ်သောကြောင့်သာသိရခြင်း ဖြစ်ပါသည်။

03.jpg
ရင်ပေါင်စာ Original Source

ကျွန်တော်တို့ကတော့ စပင် ဟုခေါ်ပါသည်။ စပင် ဟူသည်မှာ ကချင်စကားမဟုတ်ပါ ။ မည်သူက ထွင်၍ ခေါ်ခဲ့မှန်းမသိ ကျွန်တော်တို့ကလည်း ထိုငါးအား စပင် ဟူ၍သာခေါ်ပါသည်။ ထို ရင်ပေါင်စာ ငါးမှာ အကောင်မကြီးပါ။ လက်ညှိုးခန့် အရွယ်မှ အကြီးဆုံး လက်နှစ်လုံးခန့်သာရှိပါသည်။

ရင်ပေါင်စာ ငါးများမှာ အုပ်စုလိုက်နေတတ်သဖြင့် ငါးမိုင်းခွဲလျင် အများအပြားရတတ်ပါသည်။ သို့သော် ဟင်းစားငါးသာ ဖြစ်၍ ရောင်းတန်းမဝင်ပါ။ အဘယ့်ကြောင့် ရောင်းတန်းမဝင်ရသနည်းဆိုသော် ပုပ်လွယ်သောကြောင့် ဖြစ်ပါသည်။ မနက်ခင်း မိုင်းခွဲ၍ ငါးများကောက်ယူထားလျင် ညနေဘက်ရောက်လျင် အနံ့ထွက်ချင်နေပါသည်။

ထို့ကြောင့် ဟင်းစားငါးအဖြစ်သာ ဖမ်းကြပါသည်။ ခုဖမ်း ခုချက်စား ပါက အလွန်အရသာရှိပါသည်။ ကြေးခွံရှိ၍ ငါးကိုယ်ပေါ်တွင် အပြာရောင် အစင်းများ ပါရှိပါသည်။ ဆိုခဲ့သည့်အတိုင်း ထိုရင်ပေါင်စာငါးမှာ အုပ်စုလိုက်ရှိသဖြင့် မိုင်းခွဲဖမ်းလျင် အများအပြားရပါသည်။ ငါးမိုင်းခွဲရာတွင် ၂ မျိုး ရှိပါသည်။ အပျော်တမ်း ဟင်းစားရှာသူနှင့် စီးပွာဖြစ် ငါးမိုင်းခွဲသူဟူ၍ ရှိပါသည်။

ကျွန်တော်တို့ကတော့ အပျော်တမ်း ဟင်းစားရှာ ငါးမိုင်းခွဲသူဖြစ်သဖြင့် ငါးမကြည့်ပါ။ ငါးရှိလျင် မိုင်းခွဲမည်၊ ငါးမရှိလျင် ငါးလာအောင် လုပ်၍ မိုင်းခွဲမည်။ အဓိကအရေးကြီးသည်မှာ ငါးဖမ်း ငါးငုပ်နေရဖို့ပင်ဖြစ်ပါသည်။ စီးပွားဖြစ် ငါးမိုင်းခွဲသူများမှာ ငါးကြည့်ပါသည်။ ရင်ပေါင်စာ ခေါ် ရေပေါ်ငါးအား ဘယ်တော့မှ မခွဲပါ။

ငါးလူး အရွယ်ကောင်း( တကောင်လျင် ၅၀ သားခန့်အကောင် ) ၊ ရွှေဝါငါးကြင်း ၊ ငါးပတ် အကောင်ကြီး ( တကောင်လျင် အနည်းဆုံး ၁ ပိသာ ) စသည်ဖြင့် ငါးကိုကြည့်၍ မိုင်းခွဲပါသည်။ ငါးလူး အရွယ်ကောင်းဆိုလျင် အုပ်စုလိုက် နေတတ်သဖြစ် ငါးအုပ်ကောင်း လျင် မိုင်းတခါခွဲ လျင် ပိသာ ၂၀ ၊ ၃၀ ဖြင့်ရတတ်သောကြောင့် ရောင်းစားနိုင်ပါသည်။ ငါးပါတ်ဆိုလျင်တော့ တကောင်တည်းရတတ်ပါသည်။ အကောင်ကိုကြည့်၍ တပိသာ နှစ်ပိသာ စသည်ဖြင့် ။

04.jpg

ရွှေဝါငါးကြင်း Original Source

ရွှေဝါငါးကြင်း ဆိုလျင် အကောင်ကြီး ၂ ကောင်ရတတ်ပါသည်။ အထီးနှင့်အမ။ ငါးကြည့်၍ မိုင်ခွဲသည် ဆိုရာ၌ ရေထဲကငါးအား ကြည့်၍ မိုင်းခွဲခြင်း မဟုတ်ပါ။ ရေပြင်တွင် ပွက်သွားသော ငါးပွက်ရာ အားကြည့်၍ ဤငါးသည် ရွှေဝါငါးကြင်း ၊ ဤငါးသည် ငါလူး ၊ ဤငါးသည် ငါးပတ် စသည်ဖြင့် ခွဲခြားသိကြခြင်း ဖြစ်ပါသည်။

မယုံမရှိပါနှင့် ၊ ကျွန်တော်နှင့် အတူ ဧရာဝတီ မြစ်နှင့် ဖက်၍ ကြီးလာသူတိုင်း ငါးပွက်ရာ မြင်သည်နှင့် ဤသည်က ဘာငါးအမျိုးအစား ဖြစ်သည်ကို ပြောနိုင်ပါသည်။ ယခင်တုန်းက ဖြစ်ပါသည်။ ယခုအချိန်လာမေးလျင်တော့ ကျွန်တော် အတပ်မပြောနိုင်တော့ပါ။ ကျွန်တော်တို့ ငါးမိုင်းခွဲ ကြသော အကြောင်းဆက်ပါအုံးမည်။

ကျွန်တော်တို့ကတော့ ဟင်းစားအနေဖြင့် ငါးမိုင်းခွဲကြသူများ ဖြစ်သောကြောင့် ငါးမစောင့်ပါ။ ငါးရှိလျင် ခွဲမည် ၊ ငါးမရှိလျင် ငါးလာအောင်လုပ်မည်။ ငါးလာအောင်လုပ်သည်ဟု ဆိုရာတွင် ရင်ပေါင်စာငါးအား ဆိုလိုပါသည်။ ရင်ပေါင်စားငါးမှာ ရေပေါ်ငါး ဖြစ်၍ ငါးအုပ်စုရ အလွန်လွယ်ကူပါသည်။

နီးစပ်ရာ သစ်ပင်ပေါ်မှာ ခါချဉ်အုံ တက်ခုတ်၍ ခါချဉ်ကောင်တို့အား ဆုပ်ယူကာ ရေပေါ်ဖြန့်ကျဲလိုက်လျင် ရင်ပေါင်စာငါးတို့ ရောက်လာပါပြီ။ သို့မဟုတ် ဖွဲနု ဖြန့်ကျဲလျင်လည်း ရပါသည်။ ငါးမိုင်းခွဲ၍ ရရှိလာသော ငါးများ အိမ်သို့ ဟင်းစားအဖြစ်ပါသွားသည်လည်း ရှိသလို တခါတရံ ဧရာဝတီမြစ်ဘေး မီးပုံဖို၍ ချက်စား ကင်စား ဖုတ်စား ပြစ်သည်က ပိုများပါသည်။

ရင်ပေါင်စာငါးအပြင် အခြားငါးမိုင်းခွဲ၍ ဖမ်းနိုင်သော ငါးများမှာ စပင်ချော ၊ ငါးလဝါ တို့ ဖြစ်ပါသည်။ စပင်ချောမှာ ရင်ပေါင်စာ ငါးအမျိုးအစားသာ ဖြစ်၍ ကြေးခွံချောပါသည်။ ငါးလဝါမှာ ငါးကြီး အမျိုးအစား ဖြစ်၍ တခါတရံ လက်ဖျံလောက် အကောင် ကြီးများ ရတတ်ပါသည်။ သို့သော် အလွန်လျင်ပါသည်။ ရေထဲသို့ မိုင်းကျသည်နှင့် အဝေးသို့ ထွက်ပြေးသွားတတ်ပါသည်။

ဆက်လက်ဖေါ်ပြပေးပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png
Author : Henry Aung ( Kachin )
MSC : 001

Sort:  

ငယ်ငယ်က ငါးဖမ်း အတော်ကျွမ်းခဲ့ပုံပဲ ရေကြိုက်သူကြီးက

Posted using Partiko Android

ကံကောင်းလို့ steemit ပေါ်ရောက်လာတာပေါ့။ မဟုတ်ရင် ခုလောက်ဆို တံငါသည် ဖြစ်နေလောက်ပြီ

ငါးဖမ်း ဝါသနာက အဲ့ကတည်းက စနေတာကိုး။
ဒါကြောင့် စလုံးမှာလည်း အားလပ်ချိန်ကို တခါတလေ ငါးဖမ်းနေတာကိုး။

မွေးရာပါပေါ့.... ရေတွေ့ရင်ကို ငါးရှိမရှိကြည့်ချင်နေတာရယ်။

ကျွန်တော်လည်း ငါးကင် စားချင်တယ်ဗျာ။ လတ်လတ် ဆတ်ဆတ် တစ်ခါမှ မစားဖူးဘူး။ ငါးမိုင်းခွဲ ဖမ်းနည်းတော့ သဘောမကျပါဘူးဗျ။ အလေအလွင့် များလောက်မယ် ထင်တယ်။

Posted using Partiko Android

ငါးမိုင်းခွဲတဲ့အလုပ်က နည်းနည်းလေးမှ မကောင်းပါဘူး။ အန္တရာယ်လည်းများသလို ဂေဟ စနစ်လည်း အရမ်းပျက်စီးတယ်။

ခါချဉ်ကောင်နဲ့ ငါးမျှားတာလာွးကျွန်တော်တို့တော့ တီကောင်၊ ပုရစ်နဲ့သာမျှားဘူးတာ ဖတ်ကောင်းတယ် ကိုဟင် နောက်အပိုင်လေးမျော်နေပါမည်

ခါချဉ်ကောင်နဲ့ မျှားတာမဟုတ်ဘူး ကိုထွေး ၊ အစာကျွေးတဲ့ သဘောပေါ့။ ခါချဉ်တွေကို ငါးတွေကလာစားတော့ ငါးအုပ်စု တဲ့ သဘောပေါ့။

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63248.94
ETH 2576.33
USDT 1.00
SBD 2.85