Internet နှင့် ကျွန်တော်တို့ အနာဂါတ် ( Henry Aung )

in #myanmar5 years ago

henry Aung.jpg

မင်္ဂလာပါ။ ၂၁ ရာစု၏ အကြီးကျယ်ဆုံးနှင့် ယနေ့ခေတ်လူနေမှုစနစ်အား အကြီးမားဆုံးရိုက်ခတ်မှု တခုအား ပြောရလျင် Internet ပေါ်ပေါက်လာခြင်းကို ညွန်းဆိုပြရမည် ပင်ဖြစ်ပါသည်။ ဤ Internet ကြောင့်ပင် ပိုမိုကောင်းမွန်လာသော စနစ်များ ရှိသလို ပို၍ ဆိုးဝါးသွားသော အခြေအနေများကိုလည်း တွေ့ရမည် ဖြစ်ပါသည်။

ကျွန်တော်တို့ ခေတ်တွင် Internet ကြောင့် သတင်းနှင့် နည်းပညာခေတ် ပြောင်းလည်းသွားသလို ဤ ပြောင်းလည်းသွားမှုကြောင့်လည်း ကျွန်တော်တို့၏ နေ့စဉ်အသက်သာ ရှင်သန်မှုသည်လည်း ပြောင်းလည်းသွားကြပြီဖြစ်ပါသည်။ လွန်ခဲ့သော အနှစ် ၂၀ က ကျွန်တော်တို့သည် သတင်း နှင့် နည်းပညာအတွက် သတင်းစာနှင့် စာအုပ်စာတမ်းများအား အားကိုးခဲ့ရသော်လည်း ယနေ့ခေတ်တွင် လက်တဝါး ခန့်သာရှိသော ဖန်သာပြင်တွင် မိမိလိုချင်သော သတင်း နှင့် နည်းပညာများ အားလုံး ရရှိနိုင်ပြီ ဖြစ်ပါသည်။

ထို့ အပြင် ယခင်က သတင်းစာများက ပြောသော သတင်းများအား သာယုံကြည်နေခဲ့ရသော်လည်း ယနေ့ခေတ်တွင် နာရီ မိနစ် မခြားပဲ သတင်း အခြေအနေများအား သိရှိနေနိုင်ပြီ ဖြစ်သလို အမှန် အမှား အား ချက်ချင်း သိရှိနေနိုင်သော အခြေအနေသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ပါသည်။ အကောင်း အနေဖြင့်ကြည့်လျင် ပွင့်လင်းမြင်သာ သော အခြေအနေသို့ ရောက်လာသည် မှန်သော်လည်း အဆိုးအနေဖြင့်ကြည့်လျင် အမုန်းတရာများ ပွားများရာတွင်လည်း ပိုမိုမြန်ဆန်လာသည်ကို တွေ့ရမည် ဖြစ်ပါသည်။

01.jpg
Original Source
ဤသည်တို့မှာ Internet နှင့်ပါတ်သက်၍ သတင်း နှင့် နည်းပညာ အခြေအနေတခုသာရှိပါသေးသည်။ ယနေ့ လုပ်ငန်းကိုင်တာ တို့တွင် Internet ကို အသုံးပြု၍ ပိုမိုမြန်ဆန်သော ၊ ပိုမိုလွယ်ကူရိုးရှင်းသော ၊ ပိုမိုသက်သာသော ၊ ပိုမို လုံခြုံမှုရှိသော အစရှိသည့် နည်းပညာတို့ပြောင်းလည်းလာနေပြီ ဖြစ်ရာ ထိုအရာတို့က ကျွန်တော်တို့၏ နေ့စဉ် လုပ်ငန်းများအား ခြိမ်းခြောက် လာနေကြပြီ ဖြစ်ပါသည်။

များမကြာခင် ပိုမိုမြန်ဆန်သော Internet 5 G စနစ် ပေါ်ထွက်လာသော အခါ မောင်းသူမဲ့ကား များထွက်ပေါ်လာကြတော့မည် ဖြစ်ပါသည်။ လက်ရှိစင်္ကပူရှိ မြေအောက်ရထားများမှာ System control မောင်းသူမဲ့ ရထားများ ဖြစ်ကြပါသည်။ ထို့ကြောင့် ဤ မောင်းသူမဲ့ကားများ အောင်မြင်လာသော အခါ သယ်ယူပို့ဆောင်ပေးမည့် ယဉ်မောင်းများအလုပ်လက်မဲ့ ဖြစ်လာကြမည် ဖြစ်ပါသည်။

အထူးသဖြင့် Taxi ယဉ်များ ဖြစ်ပါသည်။ အခြား တခုမှာ သာမန် အလုပ်သမားများ ၏ နေရာတွင် စက်ရုပ်များ အစားထိုး ဝင်ရောက်နေရာယူလာကြခြင်း ဖြစ်ပါသည်။ သန့်ရှင်းရေး စက်ရုပ် ၊ အစားအသောက်ချက်ပြုတ်သော စက်ရုပ် ၊ စက်ရုပ်ရဲသား ၊ စက်ရုပ် လယ်သမား များ စသည်ဖြင့် ကောင်းမွန်သော Internet စနစ်က ဤ Artificial Intelligent ဟုခေါ်သော Program များ သွင်းထားသည် စက်ရုပ်များအား လုပ်ငန်းခွင်သို့ ပို့ဆောင်ပေးကြတော့မည် ဖြစ်ပါသည်။

02.jpg
Original Source
ဤ အခြေအနေတွင် ချမ်းသာသူတို့ အတွက် အရေးမကြီးသော်လည်း ဆင်းရဲသူတို့ အတွက် လုပ်ငန်းကိုင်ငန်း ပိုမိုရှားပါးလာနိုင်သော အခြေအနေကို ဖြစ်ပေါ်စေနိုင်ပါသည်။ အရေးကြီးဆုံး အချက် မှာ လက်ရှိ လုပ်ငန်းခွင်တွင် 3 D အလုပ်များဟု ခေါ်သော Dirty , Dangerous and Difficult အလုပ်များအား တတိယနိုင်ငံ ၊ ဆင်းရဲသော နိုင်ငံများမှ အလုပ်သမားများ ခေါ်ယူသွင်း ၍ လုပ်ကိုင်ခိုင်းကြသော်လည်း Artificial Intelligence ဟုခေါ်သော စက်ရုပ်များ ဝင်ရောက်လာသောအခါ ထို တတိယနိုင်ငံများ ရှိ အလုပ်သမားတို့ ၏ ဘဝများ ထိခိုက်လာကြရတော့မည် ဖြစ်ပါသည်။

အဘယ်ကြောင့် ဆိုသော် လူသားအလုပ်သမားများအား ခိုင်စေရာတွင် အစားအသောက်၊ ကျန်းမာရေး ၊ နေထိုင်ရေး မှအစ စီစဉ်ပေးရန် လိုအပ်သလို ခိုင်းစေရာတွင်လည်း အချိန်အကန့်အသတ်ရှိပါသည်။ စက်ရုပ်တို့ဝင်ရောက်လာသော အခါ ထိုပြသနာများ အားအလိုလို ဖြေရှင်း ပြီးသွားမည့် အပြင် စက်ရုပ်များအတွက်လိုအပ်သည်မှာ လျပ်စစ်မီးနှင့် ကောင်းမွန်သော Internet သာလိုအပ်ပါသည်။

ယခင်က လူ ၁၀ ယောက်လုပ်ရသော အလုပ်အား Computer တလုံးရှိရုံဖြင့် ပြီးနိုင်သော အခြေအနေသို့ ရောက်ခဲ့ရသလို မနက်ဖြန် လူ အယောက် ၁၀၀ လုပ်ရသော အလုပ်အား စက်ရုပ် တရုပ် ကလုပ်ဆောင် ပေးနိုင်သော အခြေအနေသို့ မကြာမှီရောက်ရှိလာကြတော့မည် ဖြစ်ပါသည်။

03.jpg
Original Source
ယနေ့ခေတ် တိုင်းနိုင်ငံ အစိုးရတို့ ခေါင်းစားနေရသော ပြသနာများတွင် အလုပ်လက်မဲ့ဦးရေ မြင့်တက်လာမှုကလည်း တခုအပါအဝင် ဖြစ်ပါသည်။ နည်းပညာ အဆင့်မြှင့်လာတိုင်း အလုပ်လက်မဲ့ဦးရေ ပို၍ ပို၍ တိုးပွားလာနေပါသည်။ ထို့ကြောင့် စင်္ကပူကဲ့သို့သော တိုးတက်ပြီး နိုင်ငံများက နည်းပညာ တိုးတက်လာမှု အပေါ်လိုက်၍ သူတို့၏ ပညာရေး စနစ်တွင်လည်း လိုက်ပါ ပြောင်းလည်း ခြင်း ဖြင့်ဤ အလုပ်လက်မဲ့ ဖြစ်မည့် အခြေအနေကို ပြောင်းလည်း ပေးနေကြပါသည်။

ဥပမာ ပြရလျင် များမကြာမှီတွင် blockchain နည်းပညာ ထွန်းကာလာတော့မည် ဖြစ်ရာ လက်ရှိ စင်္ကပူ တက္ကသိုလ် ၊ နည်းပညာ တက္ကသိုလ် တို့တွင် Blockchain ပညာရပ်အား စတင်သင်ကြားပေးနေပြီ ဖြစ်ပါသည်။ ကျွန်တော်တို့ အနေဖြင့်လည်း Internet တွင့် ဆော့ကစားရသော Game များကဲ့သို့ အဆင့်တခုပြီးတခု ပိုမို ကောင်းမွန်ရန် Upgrade လုပ်ပေးရသလို မိမိတို့ ဘဝတိုက်ပွဲ ဆင်နွဲနေရသော လုပ်ငန်းခွင်များ အတွက် ဦးနှောက်အား Upgrade လုပ်ပေးနိုင်ရန် အလွန်အရေးကြီးလှပါသည်။

Internet သည် ကျွန်တော်တို့ အတွက် အကောင်းနှင့် အဆိုးကို ဒွန်တွဲ ယူဆောင်လာပေးပါသည်။ မိမိတို့ အနေဖြင့် Internet ကို အသုံးချ၍ အနာဂါတ်မိမိတို့ လုပ်ငန်းခွင် အတွက် ကြိုတင်လေ့လာ စီမံ နိုင်ကြပါမည့် အကြောင်း အသိပေးလိုက်ရပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png
Author : Henry Aung ( Kachin )
MSC : 001

Sort:  

$trendotoken

Congratulations @goldcoin, you are successfuly trended the post that shared by @kachinhenry!
@kachinhenry got 6 TRDO & @goldcoin got 4 TRDO!

"Call TRDO, Your Comment Worth Something!"

To view or trade TRDO go to steem-engine.com
Join TRDO Discord Channel or Join TRDO Web Site

Internet ကြီးကတော့ စိတ်ထဲက မထွက်တော့ပါ
Blockchain ဘယ်ကစ သင်ရပါ့မလဲ
ကယ်ပါ ကယ်ပါ ရွှေမြန်မာတို့ကို😁😁😁

Posted using Partiko Android

ဗဟုသုတရတယ်ဗျွာကျွန်တော်တို့ ဆင်းရဲတဲ့နိုင်ငံက
အလုပ်သမားတွေတော့ ဒုက္ခကြီးကြီးလာတော့မယ့်သဘောပေါ့

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 61726.60
ETH 3041.60
USDT 1.00
SBD 3.86