Hard Fork 21 အပိုင်း ( ၂ ) ( Henry Aung )

in #myanmar5 years ago

henry Aung.jpg

မင်္ဂလာပါ။ ယခင်ဆောင်းပါးတွင် HF21 အဆင့်မြှင့်တင်ခြင်းနှင့်ပါတ်သက်၍ SPS ခေါ် Steem Proposal System အကြောင်း ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။ SPS သည် အလွန်ကောင်းမွန်သော စနစ်ဖြစ်သော်လည်း အဘယ်ကြောင့် ဆွေးနွေးငြင်းခုံနေကြရသနည်း ဟူသော မေးခွန်း အတွက် အဖြေမှာ ထုတ်ပေးမည် ဖြစ်သော Fund ၏ လားရာနှင့်ပါတ်သက်သောကြောင့် ဖြစ်ပါသည်။

အကယ်၍ တင်ပြလာသော Project များ ကောင်းမွန်၍ SPS ကအတည်ပြုပြီးသောအခါ Steem ၂ သိန်းအား မတည်ငွေအဖြစ် ထုတ်ပေးမည့်အကြောင်း ယခင်ဆောင်းပါးတွင်ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။ ထို Fund မှာ steemit inc ခေါ် steemit company ၏ Budget များထဲမှ ထုတ်ပေးမည် မဟုတ်ပါ။ မိမိတို့ Steemit platform အသုံးပြုသူများ၏ ဝင်ငွေများထဲမှ အချိုးကျ စုငွေထည့်ဝင်၍ ရလာသော ဝင်ငွေအား Fund အဖြစ် အသုံးချရန် စီစဉ်နေကြခြင်း ဖြစ်ပါသည်။

အသေးစိတ်ရှင်းပြပါမည်။ ယခု ကျွန်တော်တို့ ဆောင်းပါး ရေး၍ Post တင်လိုက်သော အခါ ရရှိလာသော SBD အား ၇ ရက်ပြည့်လျင် post ပိုင်ရှင်မှ ၇၅% vote ပေးသူများက ၂၅ % အချိုးကျ ခွဲဝေယူကြပါသည်။ ဤနေရာတွင် စကားကြုံ၍ အကြောင်းအရာတခုအား ဗဟုသုတအနေဖြင့် ဖေါ်ပြပေးလိုပါသည်။ ယခင်က ကျွန်တော်ကိုယ်တိုင်လည်း vote ပေးသူ များ ၂၅% ခွဲဝေယူကြသည်ဟု ထင်နေခဲ့သော်လည်း တကယ်တမ်း Vote ပေးသူတို့ ခွဲဝေယူကြရသော ပမာဏမှာ ၁၅ % သာ ဖြစ်၍ ကျန် ၁၀% မှာ witness များအတွက် ဖြစ်ပါသည်။

ဤအကြောင်းအရာအား ကျွန်တော့အနေဖြင့် ယခုမှ သိခြင်း ဖြစ်ပါသည်။ ကိစ္စမရှိပါ။ vote ပေးသူနှင့် witness များအား ၂၅% ပေးရ၍ ပြသနာမရှိ။ ဤ steemit platform အား witness များက မောင်းနှင်နေကြသည် မဟုတ်လား။ ပြသနာမှာ ယခု SPS အတွက် Fund ရရှိရန် Post တင်သူ ပိုင်ရှင်၏ ရပိုင်ခွင် ၇၅% မှ ၁၀ % ဖြတ်တောက်ရန် ပြင်ဆင်နေကြခြင်း ဖြစ်ပါသည်။

အပြည့်အစုံ ရေး ပြရလျင် Post တခု တင်လိုက်တိုင်း ရရှိလာသော SBD အား အချိုးကျ ခွဲဝေရာတွင် ပိုင်ရှင် ၆၅% ၊ SPS fund ၁၀% ၊ witness ၁၀% ၊ vote ပေးသူများ ခွဲဝေယူရန် ၁၅ % ဟူ၍ ဖြစ် လာပါသည်။ လက်ရှိ ငြင်းခုံနေကြသော အကြောင်းအရင်းမှာ post ပိုင်ရှင် ၏ ရပိုင်ခွင့်ထံမှ ၁၀ % ဖြတ်တောက်၍ Fund အဖြစ်အသုံးချခြင်း ကြောင့် ဖြစ်ပါသည်။

03.png

ဤမျှလောက်ရှင်းပြရလျင် Steem Proposal System ခေါ် SPS ၏ funding ကြောင့် ပြသနာ တက်နေကြခြင်းကို နားလည်နိုင်လောက်မည်ဟု ယူဆပါသည်။ ကောင်းပြီ ၊ ဤ SPS အား လက်ခံလိုသူများ ပြောသော ကောင်းကွက်များ နှင့် SPS အား သဘောမကျသူတို့ ပြောသော ဆိုးကွက်များအား လေ့လာကြည့်ကြပါစို့။ SPS ၏ ကောင်းကွက် မှာ ယခင်ဆောင်းပါးတွင် ကျွန်တော် ဖေါ်ပြခဲ့သည့်အတိုင်း စီးပွားရေးများ ၊ ဂိမ်းများ ၊ social များသာမက လက်ရှိ ကျွန်တော်တို့ MSC promotion ပေးနေသကဲ့သို့လည်း လုပ်ဆောင်နိုင်ပါသည်။

steemit platform ၏ အဓိက အခက်အခဲမှာ တကယ်ကောင်းသော စာ ၊ ဆောင်းပါးများ Vote မရကြခြင်း ဖြစ်ပါသည်။ ယခင် က Curie သည် အင်္ဂလိပ်စာ ရေးသော ဆောင်းပါးများအား အပြည့်အဝ vote ပေးသောအခါ အင်္ဂလိပ်စာ ဆောင်းပါး ကောင်း တပုဒ်လျင် SBD 30$ , 40$ စသည် ဖြင့် ရရှိခဲ့ဘူးပါသည်။

နောက်ပိုင်း Non English speaker ဟု ခေါ်သော အခြားသော အင်္ဂလိပ်စာ မဟုတ်သည့် စာပေ များအား ပါ ထောက်ပံ့လာရသော အခါ Voting power မလောက်တော့ပါ။ ထို့ အပြင် curie အနေဖြင့် အင်္ဂလိပ်စာ တွင် quality ရွေးချယ်ပေးနိုင်သော်လည်း အခြားသော လူမျိုးဘာသာတို့၏ စာတွင် အခက်အခဲရှိနေပါသည်။ ထို့ ကြောင့် တကယ်ကောင်းသော စာများ တကယ် vote ရကြစေရန် ယခု SPS ကလုပ်ဆောင်နိုင်ပါသည်။

မိမိတို့ ဘာသာစကားဖြင့်ရေးသော စာများအား အပြည့်အဝ ထောက်ပံ့မှု ပေးနိုင်ရန် Fund လျှောက်ထားနိုင်ပါသည်။ မည်သည့်မည်ပုံ အသုံးချမည်ကတော့ မိမိတို့ အစီအမံ ကောင်းရန်သာလိုပါသည်။ အခြား တဖက်ကကြည့်လျင်လည်း ဤ ကဲ့သို့ Project များ ၊ ဂိမ်းများ ၊ social activities များကြောင့် steemit အား လူပိုသိလာမည်။ လူသစ်များ ပို၍ ဝင်ရောက်လာမည်ဟု အကောင်းမြင်သူများက ထင်မြင်ယူဆနေကြပါသည်။

SPS ကြောင့် SMTs များလည်း ပိုမိုများပြားလာနိုင်ကြောင်း သုံးသပ်ကြပါသည်။ ယခင်က Project တခုလုပ်လျင် SP delegate လုပ်ရန် လိုက်လံ ဆော်သြရပါသည်။ ယခု Steem ၂ သိန်းဖြင့် Project တခု စတင်နိုင်ပါပြီ။ Project ကြီးများအတွက် Steem ၂ သိန်းသည် လောက်ငမည် မဟုတ်သော်လည်း ဘားမှ မရှိသည် ထက် Steem ၂ သိန်းသည် တစုံတခုတော့ လုပ်နိုင်ပါသေးသည်။ ဤ သည် မှာ SPS ၏ ကောင်းကွက်။

02.jpg

SPS အား လက်မခံလိုသူတို့ ခါးခါးသီးသီး ငြင်းဆိုနေသော အချက်မှာ SPS သည် ကောင်းပါသည်။ သို့သော် မူရင်း Post ပိုင်ရှင် ရပိုင်ခွင့် မှ ၁၀ % အား ဖြတ်တောက်ရန် လက်မခံနိုင် ကြခြင်း ဖြစ်ပါသည်။ သူတို့ အနေဖြင့် ထောက်ပြကြသည်မှာ steemit platform သည် voting မညီမျှ မှုကြောင့် အချို့ကလည်း bit bot အသုံးပြု၍ ပိုက်ဆံရှာသူများ ရှိသောကြောင့် လက်ရှိအချိန်တွင် လူသစ်များ ဝင်မလာကြတော့ပါ။

လက်ရှိလည်ပါတ်နေသော steemit platform သည် SP အတန်အသင့် ရှိနေပြီးသော သူများ အရှိန်မပျက် တပြားရရ နှစ်ပြားရရ ရလျင် ပြီးရောဟူ၍ Post တင်နေကြသူများ ဖြင့် အသက်ဆက်နေရခြင်း ဖြစ်ပါသည်။ ဤ အခြေအနေမျိုးမှ လက်ရှိ စာရေးနေသူတို့ ၏ ဝင်ငွေ မှ ၁၀ % ထပ်မံ ဖြတ်တောက်ခြင်း သည် လူသစ် ဝင်မလာရသည့်အထဲ ရှိသည့် လူဟောင်းများအား မောင်းထုတ်သည် နှင့် တူကြောင်း ရှင်းပြကြပါသည်။

ထို့ အတူ steemit အနေဖြင့် ဤ Platform အသုံးပြုသူတို့ မည်သည့် မည်ပုံ ပိုက်ဆံရနိုင်ကြောင်း ယခင်ကထက် ပိုမို ရနိုင်ရန် လမ်းကြောင်းများ ဖြင့် လူဟောင်း ရော လူသစ်ပါ ဆွဲဆောင် ရမည် ဖြစ်သော်လည်း ရှိပြီးသော သူများ ၏ ဝင်ငွေ ၁၀ % ထပ်မံ ဖြတ်တောက်ရန် အကြံအစည် မှာ ရူးနှမ်းနေသူတို့သာ လုပ်လေ့ရှိကြောင်း ဖြင့် ပြစ်ပြစ်ခါခါ ဝေဖန်ပြောဆိုနေကြပါသည်။

အချို့ကလည်း Steemit အနေဖြင့် SMTs များ အမြန်ထွက်လာရန် လုပ်ဆောင်သင့်သော်လည်း ဘာမဟုတ်သည့် ကိစ္စများ ဖြင့် သက်သက် အချိန်ဖြုန်းနေသည်နှင့် တူကြောင်း ထောက်ပြကြပါသည်။ Steemit ၏ beta version ပြုတ်သွားသော်လည်း လောက်လောက်လားလား ကောင်းကွက်ဟူ၍ ထောက်ပြစရာ ဘားမှမရှိ။ steemit သည် လည်း ကောင်း Steem ဈေးသည် လည်ကောင်း အကျဘက်တို့သာ ဦးတည် ၍ တဖြည်း ဖြည်း 0$ value သို့ ရောက်သွားတော့မည် ဖြစ်ကြောင်း ထောက်ပြကြပါသည်။

ထို့ကြောင့် ဤ HF21 အား မလွင့်တင်နိုင်ရန် ထပ်တန်း witness အယောက်၂၀ အား ဝိုင်းဝန်း ဖိအားပေးနေကြပါသည်။ အချို့ကလည်း steemit သည် HF21 တွင် အဆုံးသတ်ပါလိမ့်မည်ဟု ထင်ကြေးပေးနေကြပါသည်။

01.jpg

မည်သို့ပင်ဆိုစေSPS ၏ ကောင်းခြင်း ဆိုးခြင်းအား ဖေါ်ပြခဲ့ပြီး ဖြစ်သည့်အတိုင်း စာဖတ်သူ မိတ်ဆွေ အနေဖြင့် မိမိထင်မြင်ယူဆသည့်အတိုင်း ဝေဖန်နိုင်ပါသည်။ ဤ HF21 ၏ ဂယက်ကြောင့် အချို့က Power Down နေကြသလို အချို့ကလည်း Steemit ၏ သမိုင်း ဆိုင်ရာ အပြောင်းအလည်း တခု ကြုံရတော့မည်ဟု မျှော်လင့်နေကြပါသည်။ နောက်ဆောင်းပါးတွင် Steemit ၏ Economic Improvement Proposal ( EIP) အကြောင်း ဖေါ်ပြပေးပါမည်။

ဆက်လက်ဖေါ်ပြပေးပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

001.png
Author : Henry Aung ( Kachin )
MSC : 001

Sort:  

ကိစ္စရပ်တိုင်းမှာ အကောင်းအဆိုးကတော့ ဒွန်တွဲနေမှာပါ။အခု hf21 ၏အသစ်ပြောင်းမဲ့ author တွေဆီက 10% နုတ်ပြီးပေးတဲ့အတွက် member အသစ်တိုးဖို့အတွက်တော့ အားနည်းသွားနိုင်ပါတယ်။အဲဒီလိုအားနည်းသွားတဲ့အချက်အတွက် plan ဘယ်လိုချထားသလဲ။ဒါမှမဟုတ် 10% အစား 5%သို့ လျော့ချရင်ရော စသည်ဖြင့် တနည်းနည်းတော့ planလေးတွေနဲ့ လူသိပိုများလာပြီး ပိုမိုတိုးတက်အောင်မြင်ဖို့ လုပ်ထားတဲ့ အစီအစဉ်တော့ ချမှတ်ထားသင့်ပါတယ်ခင်ဗျာ။မိမိတို့က ဘာမှမတတ်နိုင်တော့ waiting... welcome any ideas!
Hoping for the best!

လောလောဆယ်အထိတော့ steemit မှာဘားမှ ပြောလို့ မရသေးဘူး။ HF21 အောင်မြင်သွားရင်တော့ အရမ်း ကောင်း သွာမှာ ဖြစ်သလို မအောင်ရင် လည်း လူဟောင်းတွေ တော်တော်များများ ပျောက်သွားလိမ့်မယ်။

SPS က မတည်ငွေပေးတဲ့ steem 2 သိန်းက. ဈေးကွက်ထဲ မရောက်ဘူးလို့ မပြောနိုင်ပါဘူး။ဒါဆို steem ဈေးထပ်ကျဖို့ များသွားပါပြီဗျ။
ပြီးတော့ ၁၀ % ကများလွန်းတယ် ၃ % လောက်ဆို မဆိုးလောက်ပါဘူး။ ဒီပုံအရဆို SPS ဟာ သာမန် user တွေအတွက် သိပ်အကျိုးမရှိလောက်ဘူးလို့ ထင်မိပါတယ်ဗျ။

Posted using Partiko Android

SPS က အစ်ကို ပြောသလို သာမန် user တွေအတွက် အကျိုး မရှိတာတော့ အသေအချာပဲ။ ဘာဖြစ်လို့ ဆိုတော့ အသစ်ဝင်လာတဲ့ သူတွေကို ပိုပေးမယ် မပြောပဲ ဖြတ်တောက်မယ် ဆိုတော့....

HF20 တုန်းကလည်း အကျိုးအမြတ်ခံစားရတာ ထူးမရှိသည်တွင် HF21 reward 10% ပါ ထပ်လျော့ရရင်တော့ ရွှေမြန်မာတို့အတွက် ရစရာ မကျန်တော့ပါဘူး...STU မှ 1$ မတတ်လေသောအခါ..

Posted using Partiko Android

ဟုတ်တယ် ကိုဟိန်း HF20 တုန်းက RC system တွေပါလာတာ ခုထိ ဘယ်နား သုံးရမှန်း မသိသေးဘူး။

ခုလို​လေး ရ​နေတာ​တောင်​ steemit မှာ မြန်​မာလူငယ်​​တွေ ရှားပါး​နေတာ ​နောက်​ထပ်​ပြုပြင်​​ပြောင်းလဲမူ​တွေမှာ ဘာ​တွေဆက်​ဖြစ်​မလဲ ​စောင့်​ကြည့်​​နေရုံပဲ​လေ 😊

Posted using Partiko Android

အမှန်တော့ platform ကြီးတခုလုံးအနေနဲ့ ဆိုရင် မြန်မာ တွေ လက်ချိုးရေလို့ ရပါတယ်။

ဆာဟင် အရေးအသားတွေဖက်ရတာ ဗားရှင်းမြင့်ခဲ့ရင်တော့ ဘားဖြစ်မယ်မသိ ခုတော့ဖက်ရင်းဖက်ရင်း ကျနော်ဖြင့် အူကိုလိမ့်လိမ့်းသွားတယ်…-)))

Version မြှင့် မမြှင့်တော့ မသိဘူး။ HF21 ခွင့်ပြုလိုက်ပြီဆိုတာနဲ့ ထွက်သွားမဲ့သူကတော့ အများသား

ပြောင်းလဲမှုတိုင်းမှာ ပြသနာကရှိမြဲပါပဲ ကိုယ်ကတော့ ဘာမှမတတ်နိုင်လေတော့ အားလုံးကောင်းပါသည်လို့အော်နေရုံပေါ့

ဟုတ်တယ် ကိုစိုး... steemit အနေနဲ့ အမှားတွေ အများကြီး လုပ်ခဲ့ပြီး ပြီ။ တချို့ အမှားတွေက ပြန်ပြင်ဖို့ မလွယ်ဘူး။

ဟူး ရင်ခုန် ရင်တုန်စရာတော့ကောင်းနေပါပြီ ဘာမှမလုပ်တာနဲ့စာရင်
တစ်ခုခုလုပ်လိုက်တာက ကောင်းမှာလား ဆိုးမှာလား သိရတာပလေ

ကိုထွေးပြောသလိုပဲ အချို့ကလည်း အရင်လုပ်ကြည့် ကောင်းမကောင်း ကြည့်ရအောင်တဲ့။

သိဝူး 0 မဖြစ်နိုင်ပါ လို့တော့ ထင်တာပါဘဲ ။

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63700.12
ETH 3136.09
USDT 1.00
SBD 3.83