ခေတ်သစ်ကို တည်ဆောက်ကြသူများ - အပိုင်း ( ၃ ) ( Henry Aung )

in #myanmar6 years ago

henry Aung.jpg

မင်္ဂလာပါ။ ကျွန်တော်ရေးသားနေသော Freemason တို့ အကြောင်းဆက်ပါအုံးမည်။ Freemason ( လွတ်လပ်စွာ တည်ဆောက်ကြသူများ ) ဤ လွတ်လပ်စွာတည်ဆောက်ကြသူများ ဟူသော အမည် မှာ ကျွန်တော့်ဖာသာ လျှာရှည် ၍ ပေးထားခြင်း ဖြစ်ပါသည်။ အမှန်မှာ လွတ်လပ်သော ပန်းရန် ဆရာများဟု ဘာသာပြန်သင့်ပါသည်။ အဘယ့်ကြောင့်ဆိုသော် Mason ၏ အဓိပ္ပာယ်မှာ ပန်းရန် ဆရာ ဖြစ်ပါသည်။

သို့သော် Freemason ဟု ရိုက်ရှာ လိုက်လျင် မြန်မာ အဘိဓါန်တို့က ပသျူး ခေါင်းဖြတ်အသင်း ဟု ဘာသာပြန်ကြပါသည်။ အဘယ့်သို့သော အကြောင်းကြောင့် ပသျူး ခေါင်းဖြတ် အသင်း ဖြစ်သွားသည်တော့ ကျွန်တော်လည်း မသိပါ။ Freemason ဟူ၍ တရားဝင်ဖွဲ့ ခဲ့သော အချိန်မှာ ၁၇ ရာစုနှစ်တွင် ဖြစ်ပါသည်။

အတိအကျ ဆိုရလျင် ၁၇၁၇ ဇွန်လ ၂၄ ရက်တွင် ဤအသင်းအဖွဲ့အား Freemason ( လွတ်လပ်စွာ တည်ဆောက်ကြသူများ ) ဟူ၍ အမည် ပေးခဲ့ကြပါသည်။ ထို မတိုင်ခင်ကတော့ Babylon brotherhood ဟု ခေါ်ခဲ့ကြပါသည်။ ဤ Freemason တို့အသုံးပြုသော သင်္ကေတ symbol မှာ အများအပြားရှိပါသည်။

သူတို့ အနေဖြင့် သူတို့၏ လျို့ဝှက်ချက်များအား ဤ သင်္ကေတများ ဖြင့် ပုံဖေါ်ကြခြင်း ဖြစ်ပါသည်။ အများဆုံး အသုံးပြုသော သင်္ကေတမှာ ကျင်တွယ် နှင့် ကွန်ပါ တို့၏ ကြားတွင် အင်္ဂလိပ် စာလုံး G ပါ ဝင်သော သင်္ကေတ နှင့် ကွန်ပါ နှင့် ကျင်တွယ်ကြားတွင် တြိဂံအတွင်းရှိ မျက်လုံး သင်္ကေတ များ ဖြစ်ပါသည်။

ဤသင်္ကေတ များအား အဓိပ္ပာယ် ဖွင့်ဆိုချက် အမျိုးမျိုးရှိရာ ထင်ရှားသော အဓိပ္ပါယ် ဖွင့်ဆိုချက်မှာ စကြဝဠာ အားတည်ဆောက်သူများ အဖြစ် အဓိပ္ပာယ် ဖွင့်ဆိုပါသည်။ ကွန်ပါ နှင့် ကျင်တွယ်မှာ တွက်ချက် တိုင်းတာမှု သင်္ချာ ပညာတွင် မရှိမဖြစ် အရေးပါ သောအရာများ ဖြစ်သလို တည်ဆောက်ရေး တွင် မရှိမဖြစ်လိုအပ်သော အရာများ ဖြစ်ပါသည်။

01.jpg
Original Source

အင်္ဂလိပ် စာလုံး G မှာ အချို့က God ကို ကိုယ်စားပြုသည် အချို့ကလည်း Great ကို ကိုယ်စားပြုသည်ဟု ဆိုကြပါသည်။ အကျယ်ချဲ့ရလျင် ကျွန်တော်တို့၏ နေ့စဉ် အသက်တာ နေထိုင်မှု အသက်ရှင်သန် မှုတို့တွင် သင်္ချာ နှင့် လွတ်ကင်းသည်ဟူ၍ မရှိပါ။ ဤ စကြဝဠာ သည် သင်္ချာ နှင့် ပြည့် နှက်လျက်ရှိပါသည်။

ကျွန်တော်တို့ အသက် ဘယ်လောက်ရှိပြီလည်း သင်္ချာ ဖြင့် ပြောရပါသည်။ နံနက် အိပ်ရာထသည် နှင့် ဘယ်နှစ်နာရီ ရှိပြီလဲ သင်္ချာ ဖြင့်ကြည့်ရပါသည်။ ထို့အတူ သွားလာလုပ်ရှား မှု ပြုမှု ဆောင်ရွက် မှု အားလုံးတို့ တွင် သင်္ချာ ကိန်းဂဏန်း များ ပါဝင်နေပြီး ဖြစ်ပါသည်။ ထမင်း တစ်ပန်ကန် စားသည်။ စကား ၁၅ မိနစ်ပြောသည် ။ ဆောင်းပါး တပုဒ်ရေးသည်။ လမ်း ဘယ်နှစ်မိုင်လျှောက်သည်။ အိမ်သာ ၅ မိနစ်တက်သည်။ ကလေး ၃ ယောက်ရှိသည်။

စသည်စသည် ဖြင့် သင်္ချာ ဖြင့် လွတ်ကင်းသည်မရှိပါ။ ဆိုခဲ့သည့် အတိုင်း ကျင်တွယ် နှင့် ကွန်ပါ မှာ သင်္ချာ တွင် အရေးပါသော အရာများ ဖြစ်သဖြင့် ဤသို့သော သင်္ကေတ symbol ကို ယူသသည်ဟု ဆိုကြပါသည်။ တြိဂံ အတွင်းရှိ မျက်လုံး မှာ အမြဲတမ်းကြည့်နေသည် စောင့်ကြည့်နေသည်ဟူသော အဓိပ္ပာယ်ရပါသည်။

တြိဂံ ၏ သဘောတရားမှာ မည်သို့သော တြိဂံ ဖြစ်စေ သုံးနား ညီသည်ုဖြစ် စေ မညီသည် ဖြစ်စေ တြိဂံ၏ အတွင်းထောင့်များ ပေါင်းလိုက်လျင် ၁၈၀ ဒီဂရီရပါသည်။ မည်သည့် တြိဂံ ဖြစ်ဖြစ် ၁၈၀ ဒီဂရီရှိ၍ တည်မြဲခြင်း သဘော ၊ တိကျခြင်း သဘောကို ဆောင်၍ တြိဂံ အတွင်း၌ မျက်လုံး ထည့်လိုက်ခြင်းဖြင့် အမြဲတမ်း တည်မြဲ နေသောအရာမှ ကြည့်ရှုနေသည် ဟူသော သဘောကို ဆောင်ပါသည်။

02.png
Original Source

အချို့ကလည်း ကျင်တွယ် နှင့် ကွန်ပါ တို့၏ ထားသို ပုံစံအား ကြည့်၍ ဖိုမ သဘာဝ သံဝါသ ပြုသော ပုံစံဟူ၍ ဖွင့်ဆိုကြသလို အင်္ဂလိပ်စာလုံး G သည်လည်း ဂရိဘာသာ စကားဖြင့် အမျိုးသမီး အင်္ဂါ အား ဖေါ်ညွန်းသည်ဟူ၍ လည်း ဖွင့်ဆိုကြပါသည်။ မည်သို့ပင်ဆိုစေ ဤ Freemason တို့ သုံးသော သင်္ကေတသည် မည်သည့် အရာအား ဖေါ်ညွန်းသည်ကိုတော့ Freemason ဂိုဏ်းဝင်များသာ သိကြပါလိမ့်မည်။

ကျွန်တော်၏ ယခင် ဆောင်းပါးတွင် Freemason တို့ အနေဖြင့် ဂြိုလ်သား များဖြင့် ပါတ်သက်နေသလို နတ်ဆိုးများ နှင့်လည်း ပါတ်သက်နေကြောင်း ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။ ဤဆောင်းပါးတွင် ဂြိုလ်သားများ နှင့်ပါတ်သက်ခဲ့ကြောင်း ဦးစွာဖေါ်ပြပါမည်။ အလယ်ခေတ် တွင် Freemason တို့ တည်ဆောက်ခဲ့သော အဆောက် အဦးများ ပန်ချီ ပန်းပု အနုပညာ များ မည်မျှ ကြီးကျယ် ခမ်းနားကြောင်းအားလုံးအသိပင် ဖြစ်ပါသည်။

Freemason တို့သည် ဤခမ်းနား သော အဆောက် အဦးများ ပန်ချီရုပ်တု များတွင် Symbols ဟုခေါ်သော သင်္ကေတ အမျိုးမျိုးထည့်၍ လျို့ဝှက်ချက်များ ထားခဲ့ကြပါသည်။ ဤ symbol ဟုခေါ်သော သင်္ကေတများ မှာ Freemason တို့သာ သုံးကြသည်မဟုတ်ပါ။ ခရစ်ယာန် များ ၊ Satanic ခေါ် နတ်ဆိုးကိုယ်းကွယ်သူများ အခြားအခြားသော ဂိုဏ်းများကလည်း အသုံးပြုကြသည် ဖြစ်ရာ ထိုခေတ်ထို အခါက သင်္ကေတ ကို ကြည့်၍ ပြောလိုသော အဓိပ္ပါယ် ၊ ဖွက်ထားသော အဓိပ္ပါယ်အား ဖွင့်ဆိုကြရပါသည်။

ဤတွင် စကား ကြုံ၍ ပြောပြပါမည်။ ဤ အလယ်ခေတ်တွင် အသုံးပြုခဲ့ကြသော Symbolism များအား အကြမ်း ဖျင်းလေ့လာ၍ ခရစ်တော် ၏ နောက်ကြောင်း တို့အား သိရလျင် Don Brown ရေးသား၍ Tom Hanks ရိုက်ကူးထားသော Da Vinci Code နှင့် Angels & Demons ရုပ်ရှင်ကြည့်လျင် ထိုရုပ်ရှင် တို့ ၏ အနှစ်သာရကို အပြည့် အဝရရှိပါလိမ့်မည်။

03.jpg
Original Source

Freemason တို့ အကြောင်း ဆက်ပါအုံးမည်။ ခေတ်အဆက် မည်သူမည်ဝါသည် Freemason အသင်းသား ဖြစ်သည်ကို လျို့ဝှက်ထားကြသည် ဖြစ်ရာ လီယိုနာဒိုဒါဘင်စီ ( Leonardo da Vinci) သည်လည်း Freemason ဂိုဏ်းသား တယောက် ဖြစ်ခဲ့ သည်ကို သက်သေပြနိုင်ခြင်း မရှိခဲ့ပါ။

သူ၏ ပန်ချီကားများ တွင် Freemason သင်္ကေတများ တွေ့ရ၍ သာ Freemason အသင်းဝင် ဖြစ်ကြောင်း ခန့်မှန်းကြပါသည်။ အလယ်ခေတ်တွင် ထင်ရှားသော ပညာ ရှင် အများ အပြား ရှိကြရာ လီယိုနာဒိုဒါဗင်စီ မှာ တယောက်အပါအဝင် ဖြစ်ပါသည်။ ကျွန်တော်တို့သိထားသည်မှာ လီယိုနာဒို၏ ပန်းချီ ပညာ အကြောင်းသာ ဖြစ်ပါသည်။

ထိုပုဂ္ဂိုလ်သည် အင်ဂျင်နီယာ တယောက် ဖြစ်သလို ဆေးပညာ၊ စကြဝဠာ နတ်ခတ်ပညာ ၊ လူပုဂ္ဂိုလ် တို့၏ ခန္ဓာဗေဒ ၊ အဂ္ဂိရတ်ဟု ခေါ်သော ဓာတုဗေဒ စသည်တို့ကိုလည် တတ်မြောက်ပါသည်။ သူ၏ မှတ်စုစာအုပ်အားကြည့် ၍ နှောင် သိပ္ပံပညာ ရှင်တို့ အံ့သြရပါသည်။ ယနေ့ခေတ် ဟယ်လီကောပ်တာ ဟုခေါ်သော ရဟတ်ယျဉ် ၊ မော်တော်ကား ၊ တင့်ကား စသည်တို့ အပြင် စက်မဲ့ ပျံသန်းနိုင်သော ဂလိုင်ဒါ တို့၏ ပုံစံများအား ပုံကြမ်းဆွဲ၍ ထုတ်နုတ်ထား ပါသည်။

လီယိုနာဒို၏ မှတ်စုစာအုပ်အားကြည့်၍ Oxford တက္ကသိုလ်မှ ထုတ်ဝေသော စာအုပ်တွင် လီယိုနာဒို တတ်မြောက်သော ပညာရပ်များ အပြည့် အစုံ ဖေါ်ပြထားပါသည်။ ကျွန်တော့တွင် ထိုစာအုပ် PDF ရှိပါသည်။ Henry Aung က ကြီးကြီးကျယ်ကျယ် Oxfords က စာအုပ် download ဆွဲ၍ ဖတ်သည်ဟု မယူဆစေလိုပါ။

ဖတ်တတ်၍ မဟုတ်ပါ။ စာအုပ်ထဲတွင် အဘယ်သို့သော ပုံများ ပါလေ မည်နည်းဟု သိလို၍ download ဆွဲထားခြင်း ဖြစ်ပါသည်။ လီယိုနာဒို ဆွဲထားသော ပုံကြမ်းများအား ကြည့်လိုလျင် Google ထဲတွင် Leonardo da Vinci ‘s sketches ဟု ရိုက်၍ ရှာလိုက်လျင် အများအပြား တွေ့နိုင်ပါသည်။

04.jpg
Original Source

လီယိုနာဒို၏ ထင်ရှားသော ပန်းချီ အများအပြားရှိရာ မိုနာလီဇာ ပန်းချီကားတခုတည်းကပင် နှောင်ပညာရှင်တို့ အဖို့ လေ့လာ၍ မကုန် ဖြစ်နေပါသည်။ မိုနာလီဇာ ပန်းချီ၏ အံ့သြဖွယ် အချက်တခုမှာ ပန်းချီကား ကြည့်သူ၏ စိတ်ကို ဖမ်းစားနိုင်ခြင်း ဖြစ်ပါသည်။ ထိုပန်းချီကား အတွင်းရှိ မိုနာလီဇာ အမျိုးသမီး ၏ အပြုံးမှာ ကြည့်သူ၏ စိတ်ခံစားချက် အတိုင်း ပြောင်းလည်းပါသည်။

ဆိုလိုသည်မှာ မိမိ စိတ်အားငယ်ချိန် ဝမ်းနည်းနေချိန် ထိုပန်းချီကားအား ကြည့်လျင် မိုနာလီဇာ၏ အပြုံးမှာ မဲ့ ပြုံး ဖြစ်သွား၍ မိမိ ပျော်ရွင် နေချိန် စိတ်ချမ်းသာ နေချိန် ထိုပန်းချီကားအား ကြည့်လျင် မိုနာလီဇာ၏ အပြုံးမှာ နှစ်လိုဖွယ် ကောင်းသော အပြုံး အဖြစ် ပြောင်းလည်းသွားပါသည်။ မယုံလျင် ကိုယ်တိုင်သာ သွားကြည့်ပါလေ။

ဆိုခဲ့သည့် အတိုင်း လီယိုနာဒို အနေဖြင့် ပန်းချီပညာ တွင် တဖက်ကမ်းခတ် တော်သည်ကို လက်ခံ နိုင်သော်လည်း လူပုဂ္ဂိုလ် တယောက်အနေဖြင့် အခြားမတူညီ သော အတတ်ပညာ အများ အပြား တတ်မြောက်နေခြင်းမှာ အဘယ်သို့သော ညာဏ်ကြီးရှင် ဖြစ်ပါသနည်း။ Freemason တို့၏ လျို့ဝှက်ချက် အတိုင်း ဂြိုလ်သားများထံမှ နည်းပညာ ရ၍ လောဟူ၍ ယူဆသူ အများအပြားရှိပါသည်။

ဤ လီယိုနာဒို ၏ မှတ်စုစာအုပ်မှာ ဂြိုလ်သားများ ၏ နည်းပညာကူးယူထားသော မှတ်စု စာအုပ်အဖြစ် သမိုးသုတေသီတို့က မှတ်ယူကြပါသည်။ အသေးစိတ်သိလိုလျင် Leonardo Da Vinci manuscript ဟူ၍ ရိုက်ရှာကြည့်လိုက်လျင် မတူညီသော ပညာရပ်များအား ပုံကြမ်းနှင့်တကွ မှတ်စု ထုတ်ထားသည်ကို တွေ့ရပါလိမ့်မည်။ နောက်ဆောင်းပါးတွင် Freemason တို့ Luciferian ခေါ် နတ်ဆိုး ကိုးကွယ်သူများနှင့် ပါတ်သက်မှု အကြောင်း ဆက်လျက် ဖေါ်ပြပေးပါမည်။

ဆက်လက်ဖေါ်ပြပေးပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png
Author : Henry Aung ( Kachin )
MSC : 001

Sort:  

Davinci Code စာအုပ် ဝယ်ဖတ်ဦးမှပဲ ဆိုင်ရောက်တိုင်း တွေ့တွေ့နေတာ...
ကိုဟင် စညအုပ်လေးများလည်း မျှဝေပါဦးဗျ

Posted using Partiko Android

စာအုပ်က file size ကြီးတယ်။ ဘယ်လို ပို့ပေးရင် ပိုအဆင်ပြေမလဲ..?

Ebook လား
[email protected]
ကို mail ပို့ရင် ရလောက်ပါတယ်ဗျ

Posted using Partiko Android

ဂိုဏ်းဝင်တွေရှိတယ်ဆိုတော့ ဂိုဏ်းချုပ်ဆိုတာ လည်းရှိလောက်မယ်ထင်တယ်ဗျ

Posted using Partiko Android

ဂိုဏ်ချုပ်ရယ်လို့ တော့ မရှိဘူး။ အဆင့် နဲ့ သွားကြတာလို့ သိရတယ်။ အမြင့်ဆုံး အဆင့် က ၃၃ ဒီဂရီလို့ သိရတယ်။

ဟုတ် ကိုဟင်

Posted using Partiko Android

ကျွန်တော်တို့ အာရှ သားတွေက ရှေးယခင်က ပညာရပ် ( ဥပမာ စက္ကောမ ပညာရပ်လိုမျိုး ) တွေကို လျှို့ဝှက်လွန်းတယ် ထင်ထားတာ ( Freemason လို ) ဥရောပသားတွေလည်း တော်တော် လျှိုထားနိုင်တယ်နော်။

Posted using Partiko Android

အခု နောက်ပိုင်းမှာ Freemason ကို သဘောမကျလို့ ပြန်ထွက်လာတဲ့ ဂိုဏ်းသားတွေ ပြန်ပြောပြလို့ အဲဒီ အကြောင်းတွေသိရတာ။ YouTube မှာ exfreemason ဆိုပြီး ရှာကြည့်ရင် သူတို့ ပြောထားတဲ့ video file တွေရှိတယ်။

Angels & Demons တော့ကြည့်ဘူးတယ်။
၂ ခေါက်မြောက်ကြည့်မှ ကောင်းကောင်း နားလည်တယ်။ နားလည်တယ် ဆိုပေမယ့် တချို့ အပိုင်းတွေတော့ သိပ် မရှင်းဘူးပေါ့။
နောက်တကားတော့ ကြည့်ဖူးသေးဘူး။
ဒီဂိုဏ်းနဲ့ ပတ်သက်ပြီး မင်းသိင်္ခပြီးရင် ကိုဟင်ကို ကျေးဇူးတင်ရမယ်။
မသိသေးတာတွေ ထပ်ထပ်ပြီး သိလာရလို့ ကျေးဇူးပါဗျ။

သိစရာတွေအများကြီးကျန်သေးတယ်။ လောလောဆယ် အလုပ်များနေသေးလို့။ မကြာခင် ဖေါ်ပြပေးမယ်။

ဒီကိစ္စက စ​နေ​မောင်​​မောင်​ရှင်းမှရ​တော့မယ်

Posted using Partiko Android

ကောက်ရိုး ရှင်းလည်း ရပါတယ်။

မိုနာလီဇာ အပြုံးကတော့…ပြောမယ်ဆို ခုချိန်ထိ မျက်လုံးထဲကမထွက်ဘူးရယ်…
တကယ်လေးစားထိုက်တဲ့ ဒါဗင်ချီကြီးပါ…ဟုတ်တယ်…:-)

Posted using Partiko iOS

ကျွန်တော်တော့ မိုနာလီဇာထက် the last supper ကို ပိုသဘောကျတယ်။

လီယိုနာဒို မိုနာလီဇာ အာဒံ ဧဝ ဇာတ်ကတော့ တဖြည်းဖြည်းမြင့်လာပြီ။ နတ်ဆိုးနဲ့ ဘုရား
အကောင်းနဲ့ အဆိုး၊ အမဲနဲ့ အဖြူ ဆန့်ကျင့်ဖက်တွေက
နေရာတိုင်းမှာရှိနေသည်။

နောက်ပိုင်း နိုင်ငံရေးနဲ့ စီးပွားရေးမှာ ပါဝင်ပါတ်သက်ပုံတွေ ပိုစိတ်ဝင်စားဖို့ ကောင်းတယ်။

Dear kachinhenry:

We are SteemBet, the next generation STEEM based gaming platform. We are honored to invite you to join our first fantastic dice game, which is just the beginning of SteemBet game series. Our dividend system has now launched. The prize pool has already accumulated 2,000 STEEM and more than 60 players have participated in staking mining token SBT. A huge reward of 40,000 STEEM is awaiting! Join us NOW with other 500 STEEM users to loot HUGE dividend reward!!

SteemBet Team

Official Website
https://steem-bet.com

Discord Server
https://discord.gg/95cBN3W

Telegram Group
https://t.me/steembet

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63135.01
ETH 2546.56
USDT 1.00
SBD 2.64