Cryptocurrency ဖြင့် အပိုဝင်ငွေရှာဖွေခြင်း ( Henry Aung )

in #myanmar5 years ago (edited)

henry Aung.jpg

မင်္ဂလာပါ။ လက်ရှိ steemit platform ပေါ်မှနေ၍ cryptocurrency ရှာဖွေနေကြသော MSC member များအတွက် cryptocurrency ဖြင့် အပိုဝင်ငွေ စီးကြောင်းတခု ဖွင့်ထားနိုင်ရန် နည်းပညာများအား အနည်းငယ် ဝေမျှပေးလိုပါသည်။ cryptocurrency ဖြင့် အကောင်းဆုံးသော investment မှာ bitcoin ဖြစ်ပါသည်။

Bitcoin အနေဖြင့် အတက်အကျ ကြမ်းသောကြောင့် BTC ဖြင့် ရင်းနှီးမြုပ်နှံသူများမှာ အရှုံးအမြတ် အလျင် အမြန်သိရပါသည်။ သို့သော် BTC မှာ storage value သာရှိသောကြောင့် များများ နှင့်ကြာ ကြာ ကိုင်ထား နိုင်လျင် အကျိုး အမြတ်ကြီးမည် ဖြစ်ပါသည်။ သို့သော် လက်ရှိ BTC မှာ ဈေးအလွန်မြှင့်သွား ပြီ ဖြစ်သောကြောင့် ငွေရင်း ကြီးသူတို့သာ လက်လှမ်း မှီ သော အနေအထားသို့ ရောက်ရှိသွားပြီ ဖြစ်ပါသည်။

အခြားရင်းနှီး မြုပ်နှံမှုပြုလုပ်ထားသင့်သော cryptocurrency မှာ Steem ဖြစ်ပါသည်။ steemit platform အနေဖြင့် လက်ရှိ အချိန်တွင် အောင်မြင်မှု လက်ဆုပ်လက်ကိုင် မပြနိုင်သောကြောင့် ဤ အခြေအနေသို့ ရောက်နေရသော်လည်း steemit ၏ နည်းပညာများက ရပ်နေသည် မဟုတ်ပါ။

ထက်မံ အဆင့်မြှင့် တိုးတက်လာစေရန် အဖက်ဖက်ကကြိုးစားနေကြပါသည်။ Steemit platform တခုတည်းသာမဟုတ် လက်ရှိ Steem Engine ပေါ်တွင် အမှီပြု နေကြသော Project များကလည်း မိမိတို့ ဆိုင်ရာ ဆိုင်ရာ project များ အောင်မြင်လာကြစေရန် ကြိုးစား အားထုတ်နေကြပါသည်။

01.jpg
Original Source
Steem အနေဖြင့် သူ၏ အနိမ့်ဆုံး ဈေးသို့ ကျဆင်းသွားသည့်တိုင် SBD အား ဈေတည်ငြိမ်မှု ရစေရန် အတတ်နိုင်ဆုံး ဈေးကွက် ထိန်းထားပါသည်။ ဤသည်ကို ကြည့် ခြင်းအား ဖြင့် Steemit platform သည် ရပ်တန့်နေသော platform မဟုတ် ။ အချိန်တချိန်တွင် နိုးထလာပါလိမ့်မည်။ ထို့ကြောင့် လက်ရှိ အချိန်သည် Steem power စုလိုသူတို့ အတွက် Steem ဝယ်ယူထားရန် အကောင်းဆုံး အချိန် ဖြစ်ပါသည်။

အထက်တွင် ဖေါ်ပြခဲ့သော BTC နှင့် Steem တို့မှာ ရေရှည် ရင်းနှီးမြုပ်နှံမှု ပြုလုပ်ထားရန် အတွက်သာ ဖြစ်၍ ပုံမှန် ဝင်ငွေစီးကြောင်း အဖြစ် ပြုလုပ်ထားရန် အဆင်မပြေပါ။ Steem အနေဖြင့် မိမိတို့ SP ဖြင့် Vote ပေး၍ နေစဉ် အကျိုး အမြတ် ပြန်ရနေသည်ဟု ဆိုသော်လည်း ရရှိလာသော အကျိုး အမြတ်မှာ SP အတွင်းသို့သာ ရောက်ရှိသွား၍ ဈေးကွက်သို့ ပို့ရန် power down ဟူသော အဆင့်ကို လုပ်ဆောင်ရန် လိုအပ်ပါသေးသည်။

ကျွန်တော်အနေဖြင့် cryptocurrency ဖြင့် ပုံမှန်ဝင်ငွေစီးကြောင်းတခုပြုလုပ်ရန် အကောင်းဆုံး Exchange Site အား ပြပါဆိုရလျင် တရုတ်တို့၏ Bibox Exchange အား ညွန်းလိုပါသည်။ အခြားသော Exchange များ ဖြစ်သည့် Binance နှင့် Huobi တို့တွင်လည်း ဤသို့ ဝင်ငွေစီးကြောင်း ပြုလုပ်နိုင်သော်လည်း bibox ထက်သာလွန်သည်ဟု မထင်မိပါ။

02.jpg
Original Source
Bibox Exchange တွင် Bix token အား ဝယ်ယူထား၍ lock ချထားရုံဖြင့် တပါတ်လျင်တခါ Eth ပြန်ရရှိပါသည်။ အစတွင် Bix token 500 lock ချထား ခြင်း ဖြင့် သောကြာနေတိုင်းတွင် Eth.00077 ပမာဏရှိသော Eth များ ပုံမှန်ရရှိနိုင်ပါသည်။ Token lock ချထားယုံသာ ဖြစ်၍ မည်သည့် လုပ်ဆောင်မှုမှ ပြုလုပ်ရန် မလိုအပ်ပါ။

မိမိတတ်နိုင်လျင် တတ်နိုင်သလောက် Bix token lock ချထားနိုင်ပါသည်။ Bix token ဈေးတက်လာ၍ ပြန်လည် ရောင်းချလိုလျင် unlock ပြုလုပ်လိုက်ယုံသာ။ ၂၄ နာရီ အတွင်း မိမိ wallet သို့ မိမိ Lock ချထားသော token ပမာဏ ပြန်ရောက်လာမည် ဖြစ်ပါသည်။ Bix token အနေဖြင့် လက်ရှိ အချိန်တွင် ပြားအဆင့်သာရှိသေးရာ ဝယ်စုထားလျင် အကျိုးများနိုင်သော Token ဖြစ်ပါသည်။

အများအားဖြင့် Exchange token များမှာ ဈေးကွက်ပေါက်ပြီးသား ဖြစ်သည့်အပြင် Exchange Site အောင်မြင်သည့် အလျောက် ထို Exchange token များလည်း ဈေးလိုက်ပါတက်သွားလေ့ရှိသည်ကိုတွေ့ရပါသည်။ ဥပမာ Binance ၏ BNB , Huobi ၏ HT ။ ယခင်ကာလ Exchange Site များဟုဆိုရာတွင် Polonix နှင့် Bittrex တို့ ရေပန်းစားခဲ့သော်လည်း ယနေ့အချိန်တွင် Exchange Site အတော်များများ အောင်မြင်လာခဲ့ပြီ ဖြစ်ရာ International အနေဖြင့် Binance သည် အကောင်းဆုံးနှင့် အပြည့်စုံ ဆုံး Exchange Site ဖြစ်သည်ဟု ယုံကြည်မိပါသည်။

03.jpg
Original Source
တရုတ် တို့၏ Exchange Site များတွင်တော့ Huobi ကို တဘောကျ၍ အထက်တွင် ကျွန်တော် ဖေါ်ပြခဲ့သော Bibox လည်း တဖြည်းဖြည်း ရေပန်းစားလာနေပါသည်။ Huobi token မှာ လည်း ဝယ်စုထားသင့်သော Token ဖြစ်၍ ဈေးတက်ရန် အလားအလာရှိသော Exchange token ဖြစ်ပါသည်။

အဘယ့်ကြောင့်ဆိုသော် Huobi Exchange Site ကိုယ်တိုင်က မိမိ Token တို့အား ပြန်လည် ဝယ်ယူ ပေးသောကြောင့် ဖြစ်ပါသည်။ ယခင်က Huobi token အား USD 1$ ဖြင့် ဈေးကွက် ဖြန့်ခဲ့သော်လည်း လက်ရှိအချိန်တွင် USD4$ အထိ ဈေးထိန်းထားနိုင်ခဲ့ပြီ ဖြစ်ပါသည်။ Binance ၏ BNB ကတော့ အထူးရှင်းပြရန် မလိုပါ။ လက်ရှိအချိန်တွင် USD 25$ အထက် တွင် ရောက်ရှိနေခဲ့ပြီ ဖြစ်ပါသည်။

ဤ Exchange Site များတွင် Airdrop များလည်း ချပေးသည် ဖြစ်ရာ ထို အစီအစဉ် များတွင် ဝင်ရောက်ပါဝင်ခြင်း ဖြင့်လည်း ဝင်ငွေစီးကြောင်းဖွင့်ထားနိုင်ပါသည်။ ထို Airdrop များမှာ ဆိုင်ရာ ဆိုင်ရာ token များအား ၁ လ ၂ လ ၃ လ စသည်ဖြင့် lock ချထားစေခြင်းဖြင့် Airdrop ရယူခြင်း ဖြစ်ပါသည်။

မည်သည့်လုပ်ငန်းဆောင်တာမှ ပါဝင်လုပ်ဆောင်ရန်မလိုပါ။ အထူးသဖြင့် လက်ရှိအချိန်တွင် Binance Exchange ၌ NEO token အား ဝယ်ယူထားယုံမျှဖြင့် လစဉ် Gas token များ ရရှိနိုင်ပါသည်။ သို့သော် NEO token မှာ USD 10$ အထက်တွင် ဈေးကွက် မာနေပြီ ဖြစ်သောကြောင် အများအပြား ပိုင်ဆိုင်ရန် အရင်အနှီး အများအပြား လိုအပ်မည် ဖြစ်ပါသည်။

04.jpg
Original Source
အခြား တခုမှာ Binance တွင် XLM token များ စုထားယုံမျှဖြင့် လစဉ် XLM token Airdrop ရရှိမည့် အစီအစဉ် စနေပြီ ဖြစ်ပါသည်။ Stellar ၏ XLM token မှာ လက်ရှိ အချိန်တွင် 0.085$ သာရှိသေးရာ လက်လှမ်းမှီသော ဈေးကွက် ဖြစ်နေပါသေးသည်။ အခြားသော Exchange Site များတွင်လည်း ဤသို့ ဝင်ငွေစီးကြောင်းများ ရှာဖွေနိုင်သော်လည်း လက်ရှိအချိန်တွင် ကျွန်တော်သဘောအကျဆုံးမှာ Bibox ဖြစ်ပါသည်။

အလွန်အလားအလာကောင်းသောကြောင့် ဖေါ်ပြပေးရခြင်း ဖြစ်ပါသည်။ သို့သော် တခုသတိပေးလိုသည်မှာ Stock Exchange ဖြစ်စေ Cryptocurrency ဖြစ်စေ ဝင်ရောက်ရင်းနှီးမြုပ်နှံမှု ပြုလုပ်ရာတွင် ၁၀၀% အာမခံသည်ဟု ပြောနိုင်ခြင်း မရှိပါ။ Invest with your own risk ဟု ဆိုသည့်အတိုင်း သူကောင်းသည်ဟု ပြောတိုင်း ကောင်းချင်မှ ကောင်းပါလိမ့်မည်။

မိမိကိုယ်တိုင် စနစ်တကျ လေ့လာ၍ မိမိသဘောကျသော နေရာတွင် ဝင်ရောက်ရင်းနှီး မြုပ်နှံခြင်းမှာ အကောင်းဆုံး ဖြစ်ပါသည်။ ငွေကြေးများအား လောင်းကစားလုပ်သကဲ့သို့ ကစားရာတွင် မိမိ အဆုံးရှုံးခံနိုင်သော ပမာဏထက် ပို၍ မကစားမိစေရန် သတိပေးလိုပါသည်။ အချုပ် အနေဖြင့် ဖေါ်ပြရလျင် ကျွန်တော်၏ Steemit Platform ပေါ်မှ အစပြုခဲ့သော cryptocurrency လမ်းကြောင်းသည် လက်ရှိ အချိန်အထိ အရှုံးမရှိသေးပါ။

05.jpg
Original Source
ယခင် နှစ်များအား အသာထား၍ ၂၀၁၉ ခုနှစ် တနှစ် မပြည့် မှီ နှစ်ဝက် July အထိ ကျွန်တော်ထုတ်ယူ ခဲ့သော အကျိုးအမြတ်မှာ သိန်း ၂၀ ကျော်ရှိပါသည်။ အချို့အား ထပ်မံရင်းနှီး၍ အချို့အား ငွေသား အဖြစ် ထုတ်ယူခဲ့ခြင်း ဖြစ်ပါသည်။July လ တလ အတွင်မှာပင် coinbase Airdrop မှ USD 500$ ကျော်မျှ ရရှိခဲ့ပါသည်။ အလွယ်တကူ ရရှိသည်တော့မဟုတ်ပါ။ မျက်လုံး ကိုက်သည်အထိ computer နှင့် အလုပ်လုပ်ရသလို သူတို့ချမှတ်ထားသော စည်းမျဉ်းများအား မည်သို့ ကျော်ခွရမည်ကို ဦးနှောက် မီးခိုးထွက်မတတ် စဉ်းစားခဲ့ရပါသည်။

အထက်တွင် ကျွန်တော် ဖေါ်ပြခဲ့သည့်အတိုင်း မိမိကိုယ်တိုင် စနစ်တကျလေ့လာ၍ မည်သည့်အချိန်တွင် ဝယ်ယူရမည် မည်သည့် အချိန်တွင် ထုတ်ရောင်းရမည် မည်သည့် နေရာတွင် trade ရမည်ကို နားလည်ရန် အထူးလိုအပ်ပါသည်။ ကျွန်တော့ အနေဖြင့် ကိုယ်ရည်သွေးလို၍ ဖေါ်ပြရခြင်း မဟုတ်ပါ။

Cryptocurrency ဖြင့် on line ငွေရှာခြင်းသည် မလွယ်ကူပါ။ သို့သော် တကယ်ထိထိရောက်ရောက်လုပ်လျင် တကယ်ဖြစ်နိုင်ကြောင်း အသိပေးလိုရင်း ဖြစ်ပါသည်။ Cryptocurrency ဖြင့် မတာရား ချမ်းသာသွားအောင် ကျွန်တော်မတတ်နိုင်သေးပါ။ သို့သော် Passive income ဆိုသည့် အတိုင်း အပိုဝင်ငွေတော့ ရနိုင်ပါသေးသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png
Author : Henry Aung ( Kachin )
MSC : 001

Sort:  

Bibox exchange link လေးလည်း ပေးပါဦးဗျ...

ကိုဟင် အနေဖြင့် ဝယ်ထည့်သင့်သော Coin များအား msc တို့ ဝယ်ယူရ လွယ်ကူအောင် ရောင်းချပေးနိုင်ရင် ပိုကောင်းပါမည်။

Posted using Partiko Android

https://www.bibox.com ကိုဟိန်း Bibox Exchange ကို အရင် Sign up လုပ်ကြည့်ပါအုံး.... Token Lock လုပ်ဖို့က KYC လိုတယ် လို့ ထင်တယ်။

Hello, do you have any suggestions for Bitcoin? We can discuss with each other. My whatAPP account, +86 18559 178140

Hello, do you have any suggestions for Bitcoin? We can discuss with each other. My whatAPP account, +86 18559 178140

အားကျပါဘိ။
လုပ်မယ်ဗျာ လုပ်မယ်

လုပ်ဗျာ.... Steem တသန်း ဝယ်ပြီး power up ပြစ်....

ကိုဟင့် စာများဖတ်ရတာ အားကျစရာကောင်းလှပါတယ်
သို့သော် အဲ့အထိတော့ မကျယ်ပြန့်နိုင်သေးပါ
မျက်လုံးမကောင်း စတင်းမှာ ပိုစ့်မှန်အောင်
ကြိုးစားနေရတာနှင့်....။

ဒီလိုပေါ့ ကိုထွေးရေ.... ကျွန်တော်လည်း တတ်သလောက် မှတ်သလောက်ပေါ့။

ပတ်စပို့တွေ မရှိသဖြင့် KYC များအား ထိုင်ကြည့်နေရသောအခါ

Passport က နယ်မှာ လုပ်ရတာ ပိုလွယ်တယ်လို့ ပြောကြတယ်။ လုပ်ထားသင့်တယ် ညီလေး...

Exchange တွေလည်း proof of stake ကိုသုံးပြီး ဈေးကွက်ချဲ့လာပြီ ထင်ပါတယ်ဗျ။

Posted using Partiko Android

ဟုတ်တယ်အစ်ကိုရေ... အရင် တုန်းကတော့ ICO ခေတ်စားတယ် ၊ အခု ဒီဘက် နှစ်တွေမှာ တော့ IEO နဲ့ token ဖြန့်တယ်.... IEO စိတ်ဝင်စားမှုနည်းလာတော့ Stack လုပ်တဲ့ နည်း သုံးလာတယ်။ အခုလည်း ထပ်ထွက်လာတယ် MTO ( Micro Token Offering ) တချို့ token တွေက IEO မှာ ဈေးကြီးလွန်တော့ တော်ယုံ သာမန်လူတေ မတတ်နိုင်ဘူး ။ micro token တွေသုံးပြီး မဲ ဖေါက်သလို ရယူကြဖို့ ပြင်နေကြတာ... တနှစ်ပြီး တနှစ် token လောကလည်း အဆက်မပြတ်ကို ပြောင်းလည်းနေတယ်။

ကိုဟင် ကျနော်တွေ့မိတာလေးလည်း ပြောပြချင်ပါတယ်ဗျ။ Bibox လည်း အကောင့်တော့ဖွင့်လိုက်ပါပြီ။ steem-engine Dex မှာ staking လုပ်ရင်လည်း မဆိုးဘူး ထင်ပါတယ်တယ်။ Bix 500 stake လုပ်ရင် 0.0007 eth / week ကို 200 mmk ရမယ်ဗျ။ 500 Bix ကိုဝယ်ရင် 200000 mmk ဆိုပါတော့ ။ 2 သိန်း mmk နဲ့ leomm ဝယ်ပြီး staking လုပ်ရင် တစ်ရက်ကို ပျှမ်းမျှ 2 leo pay out ရပါတယ်ဗျ။ တစ်ပတ်ဆို အခုပေါက်ဈေးအရ
600 mmk ရမယ်ဗျ။ တွေ့မိတာလေးပါ ကိုဟင်

Posted using Partiko Android

ဟုတ်တယ်အစ်ကို ၊ Steem Engine မှာ အဲသလို ဆော့လို့လည်း ရပါတယ်။ ကျွန်တော့ အနေနဲ့ Steem Engine အကြောင်း ရေးမလို့ပါပဲ။ Steem Engine ဟာ အပြည့် အဝ ထိန်းချုပ်ထားတဲ့ Centralise Exchange ဖြစ်နေတာ ရယ် ၊ SMTs မလာခင် စပ်ကြား ကာလမှာ SMTs အစားထိုး Platform အနေနဲ့ လုပ်ဆောင်နေတာတွေကြောင့် သူ့မှာ ထုတ်ထားတဲ့ Token တွေကို အာမမခံနိုင်သေးတာပါ။ တကယ်လို့ Steem Engine token တွေကို Bitcoin တို့ Eth တို့ EOS တို့နဲ့ တရားဝင် ဈေးကွက် ဖွင့်ပေးနိုင်ခဲ့ရင်တော့ ..... ကျွန်တော့ အနေနဲ့ ပြောရရင် Steem Engine မှာပဲ token ကောင်းကောင်း ကစား နိုင်ပါလိမ့်မယ်။ အဲဒီအကြောင်း ဆောင်းပါးရေးပေးပါ့မယ်။

ဟုတ်ကိုဟင်

Posted using Partiko Android

Hello, do you have any suggestions for Bitcoin? We can discuss with each other. My whatAPP account, +86 18559 178140

Hello, do you have any suggestions for Bitcoin? We can discuss with each other. My whatAPP account, +86 18559 178140

Steem ဝယ်ဖို့အချိန်တန်နေခြင်းပ
မီးဟုန်းဟုန်းတောက်စေမယ့် Steem ကို မျော်လင့်လျက်ပါ အကိုရေ

အကို့ရဲ့ တရုတ် exchange site တွေလည်း အချိန်ရတဲ့အခါ ဘယ်လို investment လုပ်ရလည်းဆိုတာကို ပိုစ့်တင်ပေးပါအုံးနော် ကိုဟင်

အမှန်ကတော့ ငွေရင်းပဲလိုတာ ကိုရှိန်းသူရေ.... ငွေရင်းများရင်များသလို Token ကစားနိုင်တဲ့ Exchange site တေလည်း အများကြီးရှိပါတယ်။ လောလောဆယ်တော့ လက်လှမ်း မှီနိုင်တဲ့ Site တွေကို ဖေါ်ပြပေးနေတာပါ။ တကယ်တမ်း token တွေကို ကစားမယ်ဆိုရင် အရင်းအနှီး နည်းနည်းနဲ့ Steem Engine မှာလည်းကစားနိုင်ပါတယ်။ သက်ဆိုင်ရာ token တွေရဲ့ အကြောင်းကို နားလည်ထားဖို့ရယ် အသုံးဝင်မှု ဘယ် အတိုင်းအတာထိ ရှိနိုင်တယ်ဆိုတာ ကို သိထားဖို့သာ လိုအပ်ပါတယ်။

ဟုတ်…အကို ပီးခဲ့တဲ့လကတော့…Steem engine tokens လေးတွေတော့ လက်လှမ်းမီသလောက် ဝယ်ထားဖြစ်တယ် သူ့ရဲ့အလားအလာကောင်းကိုပဲ မျော်လင့်ဖို့ပဲသိတယ်

Steem Engine ထဲက token တွေအကြောင်း သီးသန့်ရေးပေးပါ့မယ် ကိုရှိန်းသူ။ အမှန်တော့ steemit ရဲ့ SMTs ထွက်လာရင် ဖြစ်ပေါ်လာနိုင်တဲ့ အနေအထား တွေကို ကျွန်တော် လေ့လာထားသလောက် ဆောင်းပါးရေးပေးပါ့မယ်။

ဟုတ်ကဲ့အကို…ကျေးဇူးကမ္ဘာနော်…:-))))

Congratulations @kachinhenry! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You got more than 900 replies. Your next target is to reach 1000 replies.

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.028
BTC 59907.23
ETH 2647.48
USDT 1.00
SBD 2.43