Cryptocurrency ဈေးကျခြင်း၏ နောက်ကွယ် ( Henry Aung )

in #myanmar7 years ago

STEMMIT-HENRY.jpg

မင်္ဂလာပါ။ ယခုဖေါ်ပြပေးမည့် ဆောင်းပါးမှာ ကျွန်တော်၏ အာဘော် မဟုတ်ပဲ ပြင်သစ်နိုင်ငံသား ဆောင်းပါးရှင် @ricko66 ၏ cryptocurrency reason behind the crash ဆောင်းပါးအား ကျွန်တော့ အတွေးအမြင်ဖြင့် ပြန်လည် ဆန်းသစ်ဖေါ်ပြထားခြင်းသာဖြစ်ပါသည်။ ဆောင်းပါးရှင်မှာ ၂၀၁၇ နှစ်ကုန်ပိုင်း ခန့်ကပင် လက်ရှိ cryptocurrency ဈေးကွက် အတွင်း ၌ ဖြစ်ပျက်နေသော အခြေအနေများကို လေ့လာ၍ ၂၀၁၈ အတွက် ဖြစ်နိုင်ခြေရှိသော အနေအထားများကို ခန့်မှန်း ပြောဆိုထားခဲ့ပါသည်။

လက်ရှိကျွန်တော်တို့ ရှာဖွေနေကြသော cryptocurrency ဟုခေါ်သော ငွေကြေး ၊ တနည်းအားဖြင့် မည်သူမှ ထိန်းချုပ်ထား၍ မရသော ငွေကြေး ပုံစံသစ်တခုကို ကိုင်တွယ်အသုံးပြုကြရာတွင် ရေရှည် ထိပ်တိုက်တွေ့ကြမည့်သူများမှာ ပြည်သူနှင့် အစိုးရ ၊ ဘာဏ်များနှင့် နိုင်ငံရေး သမားများ ၊ ရင်နှီးမြုပ်နှံ မှုပြုကြသူများ စသည်တို့ပင် ဖြစ်ပါသသည်။

လက်ရှိအနေအထား အရတိုင်းနိုင်ငံ အသီးသီးတွင် cryptocurrency ကို သေချာစွာ သိရှိနားလည်ပြီး ကိုင်တွယ် အသုံးချတတ်သူ ရာခိုင်နှုန်း အတော်လေး နည်းပါသေးသည်။ ယခုအချိန်အထိ ပြသနာ ကြီးကြီးမာမား ဖြစ်မလာသေးသော်လည်း တချိန်ချိန် တွင် ဤ cryptocurrency မှာ နိုင်ငံတိုင်း ၏ ဗဟိုဘာဏ် နှင့် ထိပ်တိုက် တွေ့ကြမည်ဖြစ်ပါသည်။

ဗဟိုဘဏ်နှင့် အစိုးရကလည်း cryptocurrency ကို တရားမဝင် ငွေကြေးအဖြစ်ကြေညာလိုက်လျင် ထိုနိုင်ငံတွင် cryptocurrency မှောင်ခို ဈေးကွက်ကို ဖြစ်ပေါ်စေ၍ ထိုနိုင်ငံသားများမှာလည်း cryptocurrency ကို အသိအမှတ်ပြုထားသော နိုင်ငံတို့ ၏ Platform တွင်သာ trading လုပ်ကြသဖြင့် မိမိတို့ နိုင်ငံငွေကြေးအတွက် များစွာ နှစ်နာသွားမည်ဖြစ်ပါသည်။

66666.jpeg

ဥပမာအားဖြင့် လွန်ခဲ့သော လ ကကိုးရီယား နိုင်ငံတွင် ဤ cryptocurrency ဂရက်ကြောင့် ကိုးရီယားနိုင်ငံသားတိုင်း မိမိတို့ စုဆောင်းထားသော Coins များကို အခြားသော EU နှင့် US ကဲ့သို့သော နိုင်ငံများ ၏ trading platform သို့ ရွှေ့ပြောင်းလိုက်သောကြောင့် မိမိတို့ နိုင်ငံသားများ ၏ cryptocurrency investment များ ဘီလီယံ နှင့်ချီ၍ အခြားနိုင်ငံ အတွင်းသို့ စီးဝင်ကုန် သောကြောင့် အစိုးရမှ အလျင်အမြန်ဖြေရှင်းပေးခဲ့ရပါသည်။

တနည်းအားဖြင့် ပြောရလျင်လည်း အစိုးရ များ နိုင်ငံရေး သမားများ တနည်းအားဖြင့် policy makers များဟုခေါ်သော အမတ်များ ၊ ဘဏ် စနစ်များမှာ တိုင်းပြည်ကို အဓိက ချုပ်ကိုင်ကြသူများဖြစ်ပါသည်။ မိမိတို့တိုင်းသူပြည်သားများအား ငွေစက္ကူနှင့် အာဏာ ဟူသော အရာများဖြင့် အုပ်ချုပ်နေကြရခြင်း ဖြစ်ပါသည်။

ဤ cryptocurrency ဟုခေါ်သော ငွေကြေးတွင်ကျယ်လာလျင် ဘဏ်များနှင့် စက္ကူ ပိုက်ဆံများမှာ အဓိပ္ပါယ် မရှိတော့ပါ။ တနည်းအားဖြင့် မလိုအပ်တော့ပါ။ ထိုအခါ လူတိုင်းလူတိုင် မိမိတို့ ပိုက်ဆံ မိမိ တို့ ၏ လက်ထဲတွင်ရှိသဖြင့် မိမိတို့ ကြိုက်ရာလုပ်နိုင်ပြီ ဖြစ်သည်။ ငွေကြေးအတွက် cryptocurrency ကို မိမိတို့ ကြိုက်သလို ရှာဖွေနိုင်သလို မိမိတို့၏ ငွေများကိုလည်း မည်သူမျှ မထိန်းချုပ်နိုင်တော့ပါ။

ဤ သည်မှာ cryptocurrency အားကြီးလာသည်နှင့် အမျှ ဘဏ်များနှင့် ပို၍ ထိပ်တိုက် တွေ့လာကြမည် ဖြစ်သလို အစိုးရများ နှင့် အကြီးစားရင်းနှီး မြုပ်နှံကြသူများ အားပို၍ အခက်အခဲ တွေ့စေမည်ဖြစ်ပါသည်။ ထို့ကြောင့် အစိုးရများမှ မိမိတို့ ကိုယ်ပိုင် cryptocurrency ထုပ်ဝေမည် လော သို့ မဟုတ် ပြင်ပတွင် လည်ပတ်နေသော cryptocurrency ကို လက်ခံမည်လောဟူ၍ ဖြစ်လာပါလိမ့်မည်။

7777.png

အစိုးရမှ cryptocurrency ကို ထုတ်မည်ဆိုလည်း မိမိတို့ wallet ကို ထိန်းချုပ် နိုင်သော cryptocurrency ဖြစ်လျင် မည်သူမှ ဝယ်ယူမည် မဟုတ်သလို အစိုရအနေဖြင့် cryptocurrency market တခုကို တရာဝင် ဖွင့်ပေးရတော့မည် ဖြစ်ပါသည်။ လက်ရှိအနေအထားတွင် ဖြစ်ပျက်နေသော အခြေအနေမှာ နိုင်ငံရေးသမားများနှင့် ဘဏ်များမှ cryptocurrency ကြောင့် ကြွယ်ဝလာကြသူတို့ ထံမှ အခွန်အခ ကောက်ခံ၍ မရသောအခါ နိုင်ငံရေး ပေါ်လစီများထည့် သွင်း၍ ခြိမ်းခြောက်လာကြခြင်း ဖြစ်ပါသည်။

လက်ရှိ အနေဖြင့် တရုတ်တွင် bitcoin mining ကို ထိန်းချုပ်ထားသလို ၊ အန္ဒိယ တွင်လည်း bitcoin ဖြင့် ငွေပေးချေ ခြင်းကို တရားမဝင် ကြောင်း ကြေညာထားပါသည်။ နောက်တခု သဘောပေါက်ရန် လိုသည်မှာ နိုင်ငံရေး ၊ စီးပွားရေး သြဇာရှိသူများက မီဒီယာများ အသုံးချ ကာ coin ဈေးကွက် ပျက်တော့ မယောင် ၊ တနည်းအားဖြင့် ဘူပေါင်း ပေါက်တော့ မယောင် ကလောင်စွမ်းပြ ရေးသားစေ ခြင်းဖြင့် ဈေးကွက် အတွင် သံသယ ကို ထည့် လိုက်သောအခါ ဈေးနှုန်းများထိုးကျ ကုန် သဖြင့် ထို ကျ ဈေးအတိုင်း မတန်တဆ ဈေးဖြင့် ပြန်ဝယ်ယူ နိုင်အောင်လုပ်ဆောင်နေကြခြင်း ဖြစ်ပါသည်။

သို့သော် ဤ cryptocurrency market သည် ထိုကဲ့သို့သော အခြေအနေများကို အကြိမ်ကြိမ် ကြုံခဲ့ရသော်လည်း coin များကို ခိုင်မာသော နည်းလမ်း များဖြင့် ထုတ်ဝေထားသော အထူသဖြင့် မိမိတို့ နိုင်ငံ၏ တည်ဆဲ ဥပဒေများဖြင့် မညှိစွန်း စေပဲ ထုတ်ဝေထားသော coin တို့မှာ မိမိတို့ မျက်စိ ရှေ့တွင် ပင် တနှစ်ပြီး တနှစ် တန်ဖိုးတက်လာနေကြပြီ ဖြစ်ပါသည်။ ထို့ကြောင့် မဝေးသောကာလ အချိန်တခုသို့ရောက်လျင် ငွေကြေး ခေတ်ပြောင်းတော်လှန်ရေး ကာလတို့ ရောက်လျင် မိမိ တို့ တွင် လုံလောက်သော cryptocurrency ရှိနေစေရန် အလို့ငှာ သေချာ ခိုင်မာသော coin များကို ရှာဖွေစုဆောင်းထားသင့်ပါကြောင်း ဖေါ်ပြပေးလိုက်ရပါသည်။

ဆောင်းပါရှင် @ricko66 ၏ ဆောင်းပါးကို အောက်ပါ လင့် တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://steemit.com/investors-group/@ricko66/cryptocurrency-reasons-behind-the-crash

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photos credit; Google Image
Author : Henry Aung ( Kachin )
MSC : 001

Sort:  

စတင်းနောက်ဘဲ လိုက်တော့မယ်အစ်ကိုရေ
ကိုယ် ထိန်းချုပ်လို့ရတာဘဲလုပ်တာကောင်းမှာပါ
ဈေးအတက်အကျကတော့ အများနည်းတူပေါ့

သူ့ထက်ကောင်းတာတောင် သူ့လောက်မကောင်းဘူး။

မှန်တယ် အကိုရေ cryptocurrency လောကဟာ ကမ္ဘာကြီးကို ကိုင်လှုပ်တော့မယ်ဆိုတာ အရိပ်အယောင်မြင်နေရပါပြီ။ ကျွန်တော်တို့ လည်း ခိုင်မာတဲ့ coin များကို စုဆောင်းသင့်နေပါပီ ။

ကိုရွှေဘို တို့ လှူပ်ရှား လိုက်တော့လေ...

coin တွေ ကို ခုထိ နားမလည်သေးဘူး ဈေးတက်တက် ကျ ကျ Steem power များအောင် စုနေပါတယ် အချိန် က အဆုံးအဖြတ်ပေးမှ ကိုမစုနိုင်ရင် ကိုယ်ကျန်ခဲ့ မှာ

steem power သူ့ထက်ကောင်းတာတောင် သူ့လောက်မကောင်းဘူး။

cryptocurrency သူများနိုင်ငံတွေမှာပါ အသုံးပြုသူ နည်းနေသေးသတဲ့လား မဝယ်နိုင်တော့ steem လေးတွေဘဲ ရဖွေနေဆဲပါ ဂျာ

လက်ရှိအနေအထားမှာ Steemit က SP စုခြင်းထက် ဘယ်ဟာမှ ပို မကောင်းပါဘူး။ ဘယ် coin မှ သူများကို အကျိုး ရှိစေတယ်ဆိုတာမျိုး မကြားဘူးပါဘူး။ ပြောချင်တာ... ကိုယ်စုထာတဲ့ coin များလေ.. အခြားသူများကိုလည်း တွဲခေါ်နိုင်လေ ... ဆိုတဲ့ coin လက်ညှိုးထိုးပြပါ။ အနာဂါတ် ငွေ ကြေးအတွက် Steem ထက်ပိုကောင်းတာ မရှိသေးပါဘူး။ Bitcoin လိုမျိုးက သူတို့ ချည်းသာ ကောင်းတာပါ။ တခြားသူတွေကို ဆွဲ မခေါ်နိုင်ပါဘူး။ ဥပမာပြောတာပါ။

steemဝယ်ပြီး power upဖို့ အတွက်လည်း sbdရသလောက်စုနေပါတယ် ဈေးတွေထိုးကျနေလို့  အခြေနေစောင့်ကြည့်နေပါတယ် အခုလိုဖက်လိုက်ရလို့ ဗဟုသုတရတဲ့အတွက် ကျေးဇူးတင်ပါတယ်အစ်ကို

Power up မယ်ဆိုလို့ ဝမ်းသာရပါတယ်။ ကျွန်တော်တို့ MSC မှာ တကယ်လိုနေတာက SP ပါ။

Coin currency ကများလည်းများသလို ကြိုက်သည့် coin ကို ကြိုက်သည့် အမျိုးအစားဖြင့်အစားထိုးလဲလှယ်နေရတော့ ပြသာနာ မဖြစ်သေးဘူးဗျ။ ဒီထဲက စကာစစ်ချလာခဲ့ရင် အပယ်ခံ coin ထဲမပါနေဖို့တော့ လိုအပ်ပါတယ်။

အမှန်ပဲပေါ့... blockchain technology မှာ ဘယ်ဟာက ပိုခိုင်မာတယ်ဆိုတာ သိနိုင်ရင် တော့ ဆရာကြီးပါ။

နည်းပညာ အားနည်းသူ၊ ခုကြုံမှ ခုလုပ်တတ်သူတွေကတော့
Cryptocurrency ကို လက်ခံနိုင်မည် မဟုတ်။ Proactive
သမား ကြိုတင်တွေးမြင်နိုင်သူ ၊ ခေတ်ရေလှိုင်းကို လိုက်စီးနိုင်သူတွေကတော့
အနာဂတ် အတွက် အောင်မြင်မှု ရနိုင်ပေမည်။
သံသယသည် တိုးတတ်မှုကို သတ်၏
ကြောက်စိတ်သည် အနာဂတ်ကို သတ်၏
ခေတ်ရေစီးကို သေချာလေ့လာ ယုံကြည်ရဲရင့်သူသာ
အနာဂတ် ခေါင်းဆောင် ဖြစ်လတ္တံ့။

မှန်ပါတယ်... လက်ရှိအနေထား နဲ့ cryptocurrency ကို ကျွမ်းကျင်စွာ ကစားနိုင်ဖို့ ၊ နိုင်ငံတကာ ရေးရာ ၊ စီးပွားရေး ဂယက်နဲ့ နေ့စဉ် ဖြစ်ပျက်နေတဲ့ နိုင်ငံတကာ အခြေအနေတွေကို ဈေးကွက် နဲ့ ဆက်စပ် တွေးတတ်ရပါမယ်။

steemitမှာ စာရေးပြီး spဘဲစုတော့မယ်

သူ့ထက်ကောင်းတာတောင် သူ့လောက်မကောင်းဘူး။

SBDစုမယ်ကိုဟင်ရယ်

SBD မစုနဲ့ ညီမလေး ... Steem Power စုပါ။

ဟုတ်အကုန်Steem Powerတင်လိုက်ပီ

ဟာ... ကြမ်းချက်... ညီမလေး.. SP က ဖြည်းဖြည်း စုလည်း ရပါတယ်။ သူများတွေ ကြောက်နေပါအုံးမယ်။

စုတော့စုထားတာပဲအကိုရေ
ကံကဘယ်လောက်ကောင်းလဲတော့မသိဘူးကိုယ်ဝယ်လိုက်တဲ့coinတိုင်းပျောက်ပျောက်သွားတယ်

အမငိ နာမည်ရှိတဲ့ဟာဝယ်ပါ အမရဲ့ တစ်ချို့ ဂျင်းကွိုင်တွေ ရှိသတဲ့ ကြားဖူးတာပါ

100$ ဖိုးဝယ်မယ်ဆို
30%= Top 5 coins
30%=top Middle coin
30%= top ICO
10%= ထီထိုးပါ
ငိ--ငိ

Coin တွေနဲ့ ပါတ်သက်ပြီး ဆောင်းပါး တပုဒ် ရေးပေးပါအုံးမယ်။ စိတ်ဝင်စားစရာကောင်းလို့ပါ။

Coin Marketplace

STEEM 0.19
TRX 0.17
JST 0.030
BTC 82470.22
ETH 3177.63
USDT 1.00
SBD 2.82