Blockchain နည်းပညာနှင့် Steemit Platform ( Henry Aung )

in #myanmar7 years ago (edited)

HENRY.jpg

ကျွန်တော်တို့ ခေတ်၏ crypto currency ဟု ခေါ်သော အနာဂါတ်ငွေကြေးတွင် bitcoin သည် အစောဆုံး နှင့် ပြန်နှံ့မှု အမြန်ဆုံး သော ငွေကြေးတခု အဖြစ်ရပ်တည်လျက်ရှိပါသည်။ ၂၀၁၆ ခုနှစ်တွင် နိုင်ငံပေါင်း ၁၂၅ နိုင်ငံမှ bitcoin ဝယ်ရောင်း ရင်းနှီးမြုပ်နှံမှု ပြုလုပ်သော ပမာဏမှာ အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ သို့ ရောက်ရှိသွားပြီး ၂၀၁၇ ခုနှစ် အတောအတွင်း သို့ ရောက်ရှိသောအခါ စုစုပေါင်း ရင်းနှီး မြုပ်နှံမှု ပမာဏ ၄၈ ဘီလီယံသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ဤသည်မှာ bitcoin တခုတည်း အပေါ်တွင် ရင်းနှီး မြုပ်နှံမှု ဖြစ်ပြီး bitcoin ၏ ဦးဆောင်မှုဖြင့် အခြားသော crypto currency များ အပေါ်သို့ ရင်းနှီး မြုပ်နှံမှု အားလုံး ပေါင်းလိုက်လျင် ဘီလီယံ ၁၇၀ ကျော်သွားပြီ ဖြစ်ပါသည်။ အထက်ပါ ကိန်းကဏန်းများမှာ သြဂုတ်လထုတ် Forbes magazine ဆောင်းပါးရှင် Charles Vovaird ၏ ဆောင်းပါးမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။

လက်ရှိအချိန်တွင် ဂျပန်၊ တောင်ကိုးရီးယား၊ အိန္ဒိယနှင့် သြစတေးလျ နိုင်ငံတို့ မှာ bitcoin ကို တရားဝင် ငွေကြေး အနေဖြင့် လက်ခံ သုံးစွဲနေကြပြီ ဖြစ်ပါသည်။ လက်ရှိ ဈေးကွက် အတွင်းသို့ ရောက်ရှိနေကြပြီး ဖြစ်သော Coins အမျိုးအစား ၁၀၀၀ ကျော်ရှိသလို နေ့စဉ်နှင့် အမျှ coin အသစ်များလည်း ဈေးကွက်ပေါ်သို့ ရောက်ရှိလာလျက်ရှိပါသသည်။

bc.jpg

လက်ရှိ ဈေးကွက်ပေါ်သို့ ရောက်ရှိလာသော coin များမှ အတော်များများ မှာ တန်ဖိုးရှိသော crypto currency အဖြစ် ရှိနေကြသော်လည်း အများအပြားသော coin တို့ မှာ မထင်မရှားပင် ဈေးကွက် ပေါ်မှ ပျောက်ကွယ်သွားကြပါသည်။ အချို့ သော coin တို့ မှာ ဈေးကွက် ပေါ်သို့ မရောက်မှီ ICO အနေအထားမှာ ပင် ပျောက်ကွယ် သွားကြသလို အချို့မှာ ဈေးကွက် ပေါ်သို့ ရောက်ရှိပြီး နောက် အကြောင်း အမျိုးမျိုး ကြောင့် ဈေးကွက်ပျက်သွားကြသော coin များလည်းရှိကြပါသည်။ လက်ရှိအချိန်တွင် crypto currency ဈေးကွက်အတွင်းသို့ ရင်းနှီးမြုပ်နှံမှု ပြုကြသူများမှာ အကြမ်းအားဖြင့် ၃ မျိုးရှိပါသည်။

၁. Bitcoin ကိုသာ ဝယ်စုထားကြသူများ ၊ ဤသူများသည် မိမိ တတ်နိုင်သည့် အလျောက် bitcoin ၁၀ ခု ၊ အခု ၂၀ စသည်ဖြင့်ဝယ်ယူထားကြပြီး မိမိသားသမီးများနောင်ရေးအတွက် ၊ တနည်းအားဖြင့် နောင် အနှစ်နှစ်ဆယ် တွင် ကုန်ကျမည့် မိမိသားသမီး များ ပညာရေး စရိတ် အတွက် စသည် ဖြင့် သို့ မဟုတ် မိမိ ၏ အိုစာမင်းစာ အတွက် ဝယ်ယူ စုဆောင်းထားကြသူများဖြစ်ပါသည်။

၂. Bitcoin ကို ဝယ်ယူ ၍ အရင်းအနှီး ပြုလုပ်ကာ Bittrex , poloniex, Kraken စသည့် coin trading platform များတွင် အခြားသော ဈေးနည်းသော coin များ ကို bitcoin အသုံးပြု၍ ဝယ်ယူပြီး ဈေးတက်သောအချိန်ပြန်လည်ရောင်းချ ခြင်းဖြင့် bitcoin များတိုးပွားလာအောင် trading ပြုလုပ်၍ စီးပွား ရှာနေကြသူများဖြစ်ပါသည်။

၃. Bitcoin ကို အသုံးပြုကာ ICO project များတွင်coin များကို ဈေးနည်းပါးစွာဖြင့်ဝယ်ယူထားပြီး ထို coin များ ဈေးကွက်ပေါ်သို့ ရောက်ရှိ၍ တန်ဖိုးမြင့် သောအချိန်ကြမှ ပြန်လည် ထုတ်ရောင်း၍ စီးပွား ရှာကြသူများဖြစ်ကြပါသည်။

ico.png

ဤသို့ အကြမ်းဖျင်း ၃ မျိုးရှိကြရာတွင် ပထမ အမျိုးအစားမှာ နှစ်ရှည် ရင်းနှီးမြုပ်နှံထားသဖြင့် အထူးပြောရန်မရှိပါ။ bitcoin မည်မျှ ဈေးတက် ဈေးကျ မတုန်လှုပ်ကြသူများဖြစ်ပါသည်။ ဒုတိယ အမျိုးအစားမှာ ဈေးကွက် ပေါ်ရောက်ရှိနေသော coin များကို trading လုပ်ရသောကြောင့် မိမိ trade လုပ်သော coin အကြောင်းကို နားလည်ရန် လိုအပ်သလို ဈေးကွက် တို့ ၏ သဘောထား ၊ ပြင်ပ သက်ရောက်မှုဖြစ်သော နိုင်ငံရေး စီးပွားရေး စသည် သတင်း တို့ကိုလည်း နားစွင့် ထားနိုင်ရပါသည်။ ထို့ အပြင် ဈေးကွက် အခြေအနေကိုလည်း မပြတ် စောင့်ကြည့် ၍ မိမိဝယ်ယူထားသော coin ဈေးထိုးမကျ မီ အမြန်ရောင်းထုတ်နိုင်ရန် လုပ်ဆောင်တတ်ရပါမည်။

တတိယ အမျိုးအစားမှာ ICO project ကာလတွင် ဈေးပေါပေါ နှင့် ဝယ်ယူ ထားသောကြောင့် ဈေးကွက် ပေါ်တွင် အောင်မြင်၍ တန်ဖိုးရှိ သော coin တခု အဖြစ် ရောက်ရှိသွားလျင် မိမိ အတွက် အကျိုးများစွာ ရှိနိုင် သော်လည်း အန္တရာယ်များသော ရင်းနှီး မြုပ်နှံမှုဖြစ်ပါသည်။ ICO ပြီးလျင် အမြတ်အစွန်း မရနိုင်ဘူးမဟုတ်ပါ ၊ ရနိုင်ကြပါသည် ပြီးခဲ့ သော Etherum ERC20 token project တွင် ( GNT, ICN, TRST, ANT,BAT ) စသည့် token များတွင်ရင်းနှီးမြုပ်နှံမှုပြုခဲ့ကြသောသူအများအားဖြင့် ဒေါ်လာ သန်းနှင့်ချီ၍ မြတ်စွန်းသွားကြသူများရှိကြပါသည်။ သို့သော် ICO project အတော်များများလည်း scam ဖြစ်သွား၍ ဆုံးရှုံုးကြသူများလည်း နေ့စဉ်နှင့် အမျှရှိနေကြပါသည်။

ဤ ICO project များတွင် fund raising အတွက် ငွေရင်း လိုအပ်သဖြင့် coin , token များကို ponzi pyramid အသွင်းဖြင့် ချရောင်းကြသောကြောင့် ICO project scam ဖြစ်သွားလျင် အဆုံးအရှုံးများကြခြင်းဖြစ်ပါသည်။

td.jpg

ဤသည်မှာ ကျွန်တော်နားလည် ထားသော bitcoin နှင့် အခြားသော cryptocurrency trading လုပ်ခြင်း ကို ဝေမျှရခြင်းဖြစ်ပါသည်။ Steemit Platform ၏ Steem မှာ ဈေးကွက် အတွင်း၌ ဈေးကစားရန် အတွက်ဆိုပါက မဖြစ်နိုင်သေးပါ။ အဘယ်ကြောင့်ဆိုသော် အခြားသော token , coin များကဲ့သို့ ဈေးကွက်တွင် လည်ပတ်ရန် သီးသန့် မဟုတ် ပဲ Steem Power အတွက်ပါ ရည်ရွယ်ထားသဖြင့် ဈေးကွက်တွင် အတက်အကျ အထ နှေးပါသည်။

လက်ရှိ အချိန်တွင် Steemit Platform မှာ beta version တွင်သာရှိနေပါသေးသည်။ Steemit Platform ကို တရာဝင်လွင့် တင်နိုင်ရန်အတွက် developer များမှ ပြသနာများစွာ ဖြေရှင်းရန် ကျန်နေပါသေးသည်။ ယခု အချိန်တွင် voting နှင့် comment များပေးရန် အခက်အခဲများရှိနေကြသည်ကို အားလုံး အသိပင်ဖြစ်ပါသည်။

Steemit Platform သည် mass adoption ဟု ခေါ်သော လူ သန်းနှင့် ချီ၍ တပြိုင်တည်း အသုံးပြု နိုင်အောင် system upgrade ပြုလုပ်နေကြပါသည်။ ဥပမာ Steem wallet သည် လူ တသိန်းခန့် တပြိုင်တည်း ပိုက်ဆံလွဲလိုက်လျင်လည်း ကြာချိန်မှာ တစ္စကန့် သာဖြစ်ပါသည်။ ထို့ အတူ post တခု ကို လူ ၁၀၀ ခန့် တပြိုင်တည်း vote လုပ်လိုက်လျင် လက်ခံနိုင်စွမ်းအား Steem power , voting power တို့ မှာ တဦးချင်စီ၏ vote ကို တွက်ချက်ရသဖြင့် နည်းပညာအဆင့် အလွန်မြင့်ရန် လို အပ်ပါသည်။

ထို့ အတူ ရရှိလာသော voting နှင့် comment တို့ တွင် SBD များပါဝင်လာသဖြင့် အမှားအယွင်း ကင်းရန်လည် လိုအပ်ပါသည်။ မိမိမှာ Software Engineer လည်း မဟုတ်သလို Software developer လည်း မဟုတ်သဖြင့် နည်းပညာအကြောင်းကို အများကြီး မရှင်းပြတတ်ပါ။ သို့ သော် Steemit team အဖွဲ့မှ Steemit Platform ကို အကောင်းဆုံးဖြစ်ရန် ကြိုးစားမြှင့်တင်နေကြသည် ကတော့ သေချာပါသည်။

st.png

ထို့ကြောင့် အကောင်းဆုံး အဆင်ပြေဆုံးသော အရာတခုကို ရရှိရန် အခက်အခဲ ကာလတခုကို တော့ ကျော်ဖြတ်ရမည်ဖြစ်ပါသည်။ သေချာသည်တခုကတော့ မိမိတို့သာ မက တကမ္ဘာလုံးရှိ Steemit Platform ပေါ်သို့ ထဲထဲ ဝင်ဝင် ရောက်ရှိနေကြသူ အားလုံးမှာ ဤ social media base blockchain technology ဖြစ်သော Steemit Platform ကို အနာဂါတ်အတွက် များစွာ မျော်လင့်ထားကြပါသည်။ Steem token နှင့် SBD ရောင်းစားရန်သာရည်ရွယ်၍ ရောက်ရှိလာကြသူများမှာ Steemit Platform ပေါ်တွင်ကြာရှည် မခံနိုင်ကြသည်ကတော့ သေချာပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Photos credit; Google Image

Author : Henry Aung ( Kachin )
MSC : 001

Sort:  

ခုလိုရှင်းပြ​ပေးလို့​ကျေးဇူးပါအကိုဟင်

ကျွန်တော်လည်း သိသလောက်လေး ဝေမျှရတာပါ။

ဟုတ်​ကဲ့ပါ..​ကျေးဇူးပါရှင့်

Thanks you very much.

ဟုတ်တယ် အစ်ကို အခုတလော vote & comment ပေးတာ တော်တော်ကြာတယ် နောက်ပြီ အသစ်တယောက်လျှောက်ပေးထားတာ password ရလို့ ဝင်တာတောင် ဝင်မရဘူးဖြစ်နေတယ် အခု post ကို ဖတ်ရတော့ tokens များ ဝယ်ဖို့ကို ချင့်ချိန်နိုင်သော ဗဟုသုတ ရရှိပါတယ် ကျေးဇူပါ အစ်ကို

လောလောဆယ် Steemit Platform ကတော့ ပြသနာ များနေတယ်။ ပြင်ဆင်နေကြပါတယ်။ မကြာခင် အဆင်ပြေလာလိမ့်မယ်လို့ လည်း မျှော်လင့်ပါတယ်

မျှ​ဝေ​ပေးတာ ​ကျေးဇူးပါ ခင်​ဗျာ။

ကျွန်တော်လည်း သိသလောက်လေး ဝေမျှရတာပါ။

Good post @kachinhenry. I like this :)

Bitcoin is working fast. Our country Bitcoin is in a good position. Bitcoin will be the best time to come. I have bought some bitcoins.

Great, save the bitcoin as much as you can...

I think you should also the translated version here in english.i wanted to read but i didnt understand it ..anyhow thanks

You may read better posts about bitcoin in steemit platform. find under Bitcoin tag list.

ကိုယ့်​မာရှိတဲ့ sbd​လေး ​ရောင်းမစားရက်​ပါဘူး ကိုယ့်​ဖာသာ ကြိုးစားမူ့လို့ ဂုဏ်​ယူ​နေရတယ်

မျှ​ဝေ​ပေးတာ ​ကျေးဇူးပါ ခင်​ဗျာ။

Good post @kachinhenry. I like this :)

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.029
BTC 60661.72
ETH 2395.32
USDT 1.00
SBD 2.56