Blockchain ဟူသောနည်းပညာ ( Henry Aung )

in #myanmar5 years ago

henry Aung.jpg

မင်္ဂလာပါ။ ယခုတလော Steemit ၏ Hard Fork နှင့်ပါတ်သက်၍ အတော်လေး ဂယက်ရိုက်သွားသည်ကို အားလုံးသိပြီး ဖြစ်ကြပါသည်။ အားလုံး သိသည်ဟု ဆိုရာတွင်လည်း မြန်မာ နိုင်ငံတွင်တော့ steemit အား အာရုံစိုက်နေသူ လက် ၁၀ ချောင်းပင်ပြည့်မည်ဟုမထင်ပါ။ လက်ရှိအချိန်တွင်တော့ Steemit အနေဖြင့်ယခင်ကကဲ့သို့ ပုံမှန်လည်ပါတ်နေခဲ့ပြီဖြစ်ပါသည်။

၂၀၁၆ မှ စတင်ခဲ့သော steemit ယခု ၂၀၁၉ နှစ်ကုန်ပိုင်းသို့ ရောက်လာသော အခါ အတော်ပင်ပြောင်းလည်းသွားခဲ့ပြီ ဖြစ်ပါသည်။ ကျွန်တော် Steemit platform ပေါ်သို့ စတင်ဝင်ရောက်လာသော အခါ Steemit တွင် အကောင့်ပေါင်း ၈ သောင်းကျော်သာရှိသေးသော အချိန်ဖြစ်ပါသည်။ ဤ ဆောင်းပါးမှာ steemit အကြောင်း ဖေါ်ပြပေးရန် မဟုတ်သော်လည်း Blockchain နည်းပညာတို့၏ တိုးတက်ပြောင်းလည်းလာနေသော အကြောင်းအရာတို့အား မိမိသိသလောက် ဝေမျှပေးရန် ရည်ရွယ်ရင်း ဖြစ်ပါသည်။

Steemit နှင့်ပါတ်သက်၍ သိခဲ့ရသော blockchain နည်းပညာ။ Blockchain နည်းပညာဟု ခေါ်ရာတွင် cryptocurrency အားလက်မခံလို၍ သာရှိမည် ဤ နည်းပညာ ၏ ကောင်းမွန်ခြင်းနှင့် တိုးတက်ပြောင်းလည်းလာခြင်း အပေါ်ကိုတော့ လက်ခံရမည် ဖြစ်ပါသည်။ လက်ရှိအချိန်ထိ Blockchain နည်းပညာနှင့်ပါတ်သက်၍ ကြိုးစားနေကြသည်မှာ အဓိက အနေဖြင့်ပြောရလျင် ငွေကြေးဆိုင်ရာ နှင့် ဖျော်ဖြေရေး နည်းပညာပိုင်းတွင် သာရှိသေးသည်ဟု ထင်ပါသည်။

050.png
Original Source

Cryptocurrency အား ငွေကြေးတရပ်အနေဖြင့် လက်ခံနိုင်ရန် လုံးပန်းနေကြသလို အခြားသော Blockchain များကလည်း ဖျော်ဖြေရေး ဖြစ်သည့် Game များ Social Media များတွင်သာ အများဆုံး ထိုးဖေါက် နေရာယူနေကြပါသည်။ Bitcoin အား ငွေကြေးတရပ် အနေဖြင့် လက်ခံသုံးစွဲ နေကြပြီ ဖြစ်သော်လည်း ဤ အတက်အကျ ကြမ်းလွန်းသော Bitcoin အား တည်ငြိမ်သော ငွေကြေးတရပ် ဖြစ်စေရန်မှာ အတော်ကို မလွယ်ကူသော ကိစ္စဖြစ်ပါသည်။

Bank များ ဖြင့် ချိတ်ဆက်၍ ငွေကြေးတရပ် အနေဖြင့် သုံးစွဲနိုင်ရန် ဖေါ်ဆောင်နေသော XRP ( Ripple ) အနေဖြင့်လည်း အောင်မြင်နေပြီဟု မဆိုနိုင်သေးပါ။ သို့သော် ဈေးကွက်တွင် အတော်လေး ကြာအောင် တည်ငြိမ်သော Cryptocurrency တခုအဖြစ် ရပ်တည်နေပါသည်။

လက်ရှိ cryptocurrency အား စောင့်ကြည့် နေကြသူတို့တွင် ငွေကြေးများ ကိုင်တွယ် လုပ်ဆောင်နေရသော် ဘဏ်များက အဓိကထား စောင့်ကြည့်နေကြပါသည်။ Bitcoin နှင့်တကွ အခြားသော cryptocurrency များ အောင်မြင်ရန် ကြိုးစား လှုပ်ရှား နေမှုအပေါ် စောင့်ကြည့်ဆဲ အခြေအနေတွင် Facebook ကဲ့သို့သော Social Media ဘီလူးကြီးက cryptocurrency လောကသို့ Libra ဟူသော ငွေကြေးတရပ်အား အကောင်အထည် ဖေါ်မည်ဟု ကြေညာ လိုက်သောအခါ ဘဏ်တို့၏ ထိုင်ခုံများအား အပူပေးလိုက်သကဲ့သို့ ဖြစ်လာစေပါတော့ သည်။

051.png
Original Source

ယခင်က Bitcoin နှင့်ပါတ်သက်၍ စောင့်ကြည့် နေသမျှ Facebook ၏ Libra ကြေညာချက်ထွက်ပေါ်လာသောအခါ ဘဏ်များမှ အသံပေါင်းစုံ ထွက်လာကြပါတော့သည်။ အဘယ့်ကြောင့် ဆိုသော် တလောကလုံးတွင် Bitcoin စိတ်ဝင်စားသူ သန်း ၁၀၀ မပြည့်သေးသော်လည်း Facebook အကောင့် ရှိသူမှာ ဘီလီယံ နှင့် ချီရှိသော ကြောင့် Facebook အကောင့် တွင် Libra wallet ထည့်သွင်းလိုက်သည်နှင့် Cryptocurrency လောကတခုလုံး အား တိုင်းနိုင်ငံအသီးသီး ရှိ Facebook အသုံပြုကြသူ လူတန်းစား တရပ်လုံး စိတ်ဝင်စားလာကြစေရန် နှိုးဆွပေးသကဲ့သို့ ရှိစေတော့မည် ဖြစ်ပါသည်။

ထို့အပြင် ဘဏ်များက ပြည်သူတို့၏ အပ်ငွေများ၊ ငွေပြောင်း ငွေလွဲ ပြုလုပ်ရာတွင် ကြားခံကိုယ်စားလှယ်အဖြစ် ကော်မရှင်စား ဖြတ်ယူသော လုပ်ငန်း ဖြစ်သဖြင့် Blockchain နည်းပညာ၏ Wallet to wallet - P2P ကြားခံစနစ်မလိုသော ဤ ငွေကြေးစနစ်အား ကြောက်ရွံ့နေကြသည်မှာ အပြစ်ပြောစရာမရှိပါ။

ထို့အပြင် ယနေ့ Cryptocurrency trading platform များ ဖြစ်ကြသော Binance ကဲ့သို့သော trading platform များက Cryptocurrency lending platform များ တီထွင်ကာ Cryptocurrency မည်မျှ ရင်းနှီးထားယုံဖြင့် တလလျင် အတိုးမည်မျှရမည် စသည် ကဲ့သို့သော ပြင်ပရှိ ဘဏ်တို့၏ လုပ်ထုံးလုပ်နည်း အတိုင်း လိုက်ပါ လုပ်ဆောင်လာကြသောအခါ ရင်းနှီးမြုပ်နှံကြသူတို့၏ မျက်စိကျစရာ ဖြစ်လာနေပါသည်။

052.jpg
Original Source

ထို့ ကြောင့် ကျွန်တော် အထက်တွင် ဖေါ်ပြခဲ့သည့် အတိုင်း cryptocurrency အားသဘောမကျ လျင်သာ ရှိမည် Blockchain နည်းပညာအား ဘဏ်များက လစ်လျူရှု၍ မရတော့ပါ။ ထို့ကြောင့် ယနေ့ စင်္ကပူရှိ ဘဏ်များက Blockchain Engineer များအား ဈေးကြီးပေး၍ စတင်ခေါ်ယူနေပြီ ဖြစ်ပါသည်။

Cryptocurrency များက ဘဏ်များအား မကြီးစိုးခင် ဘဏ်များ အနေဖြင့် blockchain နည်းပညာ သုံး၍ cryptocurrency တို့အပေါ် လက်ဦးမှု ရယူရန် ကြိုးစားလာကြသည်ကို တွေ့မြင်နေရပါသည်။ သို့သော် လက်ရှိ ဘဏ် နှင့် အသုံးပြုနေကြသော ငွေကြေးမှာ အစိုးရ ၊ အာဏာ ၊ ဘဏ်နှင့် ငွေကြေး ဟူ၍ ဆက်စပ်နေကြ သောကြောင့် ဘဏ်တို့၏ နောက်တွင် အစိုးရနှင့် အာဏာ ရှိနေကြပါသည်။

ပြင်ပြတွင် သီးခြား ရပ်တည်နေသော cryptocurrency တို့မှာ ထိန်းချုပ်မှုမဲ့ လွတ်လပ်စွာ ရပ်တည် နေကြသော ငွေးကြေးများ ဖြစ်သဖြင့် ကျွန်တော်တို့၏ အနာဂါတ် ငွေးကြေးမှာ မည်သို့ မည်ပုံ ဖြစ်ပေါ်လာမည်ကတော့ စိတ်ဝင်စားစရာ ကောင်းလွန်းလှပါသည်။ အဘယ့်ကြောင့်ဆိုသော် လွတ်လပ်စွာ ရပ်တည်နေကြသော cryptocurrency အားလုံးတို့၏ ဝယ်လိုအား ရောင်းလိုအားမှာ လက်ရှိ ဤ ဆောင်းပါး ရေးနေချိန်တွင် အမေရိကန် ဒေါ်လာ ၂၅၇.၆၃ ဘီလီယံ ဒေါ်လာသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png
Author : Henry Aung ( Kachin )
MSC : 001

Sort:  

ခေတ်အရွေ့ကတော့ ဆက်လက်ချီတတ်နေမှာပါပဲ
မလေ့လာ မလိုက်နိုင်ရင် ကျန်ခဲ့မှာပါပဲ...

Posted using Partiko Android

လေ့လာမှုသာ အဆက်မပြတ်စေနဲ့ ကိုဟိန်းရေ.... ကျွန်တော်လည်း ဘာမှ သိတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ခေတ်နဲ့ အညီ သူများသိရင် ကိုယ်လည်း သိချင်လာတော့ လိုက်လေ့လာနေတာ။

ကိုဟင်ပြောပြတဲ့အကြောင်းရာတွေထဲက…social media ဘီလူးကြီး Facebook ရဲ့ Libra အသက်ဝင်လာတဲ့တစ်နေ့ဟာ ကျနော်ဖြင့်တွေးပီး က်ြသီးထမိရဲ့ အစိုရရဲ့ ထိမ်းချူပ်မူအောက်က ဘဏ်တွေလည်း Libra tokens တွေရဲ့ အင်အားကို ထိမ်းချူပ်မရလာနိုင်တဲ့နောက်ဆုံး Libra ဟာ တိုင်းနိုင်ငံငွေအသီသီးရဲ့ အဓိကကိုယ်စားပြုရတဲ့ tokens ပေးပီး ငွေကြေးအဖြစ်နဲ့သက်မှတ်ခံရလာနိုင်မလားမသိဘူး…တဖက်ကတွေးမယ်ဆိုရင်လည်း ကမ္ဘာနဲ့ချီတဲ့ ငွေတွေအလုံးလိုက်အရင်းလိုက် လည်ပတ်တဲ့နေရာမှာ ကိစ္စရှိမှာမဟုတ်ပေမယ့် လုံခြုံမူပိုင်ဆိုင်ရာမှာ အနှောင့်အယှက်တွေအတွက် အင်မတန် ဝန်လေးတဲ့တာဝန်ယူမူကြီးတစ်ခုပါပဲ…

အမှန်ပဲ ကိုရှိန်းသူ။ နိုင်ငံတနိုင်ငံရဲ့ အစိုးရဟာ အာဏာ တည်မြဲ ဖို့ရယ် ၊ နိုင်ငံရဲ့ စီးပွားရေးကို ထိန်းချုပ် နိုင်ဖို့ရယ် ဘဏ်တွေနဲ့ လက်တွဲ လုပ်ဆောင်ကြရတယ်။ အဓိက အားဖြင့် ဗဟိုဘဏ်ပေါ့။ ပြီးတော့ ငွေကြေး တန်ဖိုးရှိနေအောင်လည်း အစိုးရ ၊ အာဏာ နဲ့ ဘဏ်တွေက လက်တွဲ လုပ်ဆောင်ကြရတယ်။

ဒါကြောင့် ဘာဏ်တွေ ငွေကြေးထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူးဆိုရင် အဲဒီ အစိုးရလည်း အာဏာ မရှိနိုင်တော့ပါဘူး။ ဒါပေမယ် လက်ရှိ တိုင်းနိုင်ငံ အစိုးရများကလည်း လွတ်လပ်တဲ့ cryptocurrency ကို ပိတ်ဆို့ တားဆီး နိုင်ခြင်း မရှိသေးဘူး။

ဘာဖြစ်လို့ဆိုတော့ သူက Internet မှာ လွတ်လပ်စွာလည်ပါတ်တဲ့ ငွေကြေးဖြစ်နေလို့ပဲ။ cryptocurrency ကို ပိတ်ချင်ရင် Internet ကို ပိတ်ပြစ်မှ ဖြစ်မှာ။ ပြီးတော့ blockchain နည်းပညာရဲ့ ကောင်းမွန်မှုကို လက်မခံလို့ မရတော့တာရယ် blockchain ရှိရင် cryptocurrency ရှိမယ်။ အရမ်းကို စိတ်ဝင်စားစရာကောင်းပါတယ်။

ဟုတ်ကဲ့အကို…crypto blockchain ကိုပိတ်ဖို့မစွမ်းနိုင်တဲ့ နိုင်ငံတွေထက် ကျနော်တို့နိုင်ငံက ဥပဒေကို လက်တလုံးခြားလုပ်ပီး လုပ်ချင်ရာကို အာဏာပြပီး ညစ်ပက်ပိတ်နိုင်မလား လုပ်ကြံနေတာကတော့ ရင်နာစရာ…အကိုရေ…

ဖတ်ရတာ အားရစရာပါဗျာ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.027
BTC 59944.92
ETH 2307.28
USDT 1.00
SBD 2.48