Bitcoin ဈေးကွက်၏ သဘောတရား( Henry Aung )

in #myanmar7 years ago (edited)

henry.jpg

မင်္ဂလာပါ။ ကျွန်တော်တို့ မြန်မာ Steemit လူငယ်များတွင်လည်း Steem , SBD များသာမက အခြားသော coin များကို လည်း ဝယ်ရောင်း လုပ်သူများ သို့ မဟုတ် ရင်နှီး မြုပ်နှံမှု တခု အနေဖြင့် ဝယ်ယူ စုဆောင်း ထားသူများရှိပါလိမ့်မည်။ အများအားလုံး သိသည့် အတိုင်း Bitcoin သည် လူအများ၏ သည်းချေ ကြိုက် ၊ သရေယိုစရာ မမြင်ရသော ငွေကြေး တခုအနေဖြင့် ရှိနေသည်မှာ ယနေ့ခေတ်လူငယ်အများအပြားသိကြပြီး ဖြစ်ပါလိမ့်မည်။

လူတို့ သတ်မှတ်သော တန်ဖိုး သည် တခါတရံ အံ့သြစရာအဖြစ်ရှိနေတတ်ပါသည်။ မိမိတို့ cryptocurrency တနည်းအားဖြင့် အနာဂါတ်ငွေကြေး အားရှာဖွေနေသူအားလုံး Bitcoin ၏ တန်ဖိုးကို နာလည်နိုင်ကြပါလိမ့်မည်။ သို့ သော် ဤတို့ထိ၍ မရသော၊ ကိုင်တွယ်၍ မရသော ၊ computer များ ဖုန်းများ အတွင်း၌ ကိန်းကဏာန်း အနေဖြင့်သာ မြင်နေရသော ထို bitcoin ဆိုသောအရာအား လောလော ဆယ် သိန်းရာနှင့်ချီ၍ ပေးဝယ်ယူ နေကြရပါသည်ဟု မိမိတို့ မိဘများအား ပြောပြလျင် ရူးနေကြသူများဟု သာပြန်ပြောပါလိမ့်မည်။

သို့ သော်လည်း ထိုရူးနေကြသူများမှာ ပျော်ပျော်ကြီးပင် bitcoin ရှာရင်း ရူးနေကြဆဲဖြစ်ပါသည်။ ကျွန်တော် Bitcoin ကို စသိသောအချိန်တွင် bitcoin တန်ဖိုးမှာ US$ 2000 ခန့်သာရှိပါသေးသည်။ ဘာကြောင့် မှန်းမသိ bitcoin ကို သဘောမကျလှပါ။ အများသူငှာများ bitcoin ဝယ်စု နေချိန်တွင် မိမိမှာ Steemit ကိုသာအရူးအမူး ဖြစ်နေခဲ့ပါသည်။ မိမိ treading လုပ်တတ်လာသောအခါတွင်လည်း ရသမျှ bitcoin အားလုံး Steem သာ ဝယ်ယူ စုဆောင်းခဲ့ပါသည်။ ဘာကြောင့် မှန်းမသိ ဤ bitcoin ဟူသောအရာအား သဘောမကျပါ။

သဘောမကျ၍ အလကားရလျင် မယူဘူးလားမေးလျင် ယူပါမည်။ သို့သော်စုထားရန် မဟုတ်ပါ Steem ဝယ်၍ SP ပြောင်းပြစ်ပါမည်။ သို့ သော် ကျွန်တော်တို့ MSC members များတွင် bitcoin ကို အရူးအမူး ဝယ်ယူစုဆောင်းနေသူများရှိကောင်းရှိနိုင်သဖြင့် ပြင်သစ်နိုင်ငံသား ဆောင်းပါရှင် @ricko66 ၏ bitcoin ဆောင်းပါး A Bitcoin Pattern ကို ဗဟုသုတ ရစေခြင်းငှာ ဘာသာပြန်ပေးလိုက်ပါသည်။

011.png

ဤယနေ့ coinmarketcap ကိုဖွင့်ကြည့်လိုက်လျင် ကျွန်တော်တို့ မြင်နေရသည်မှာ တရက်တည်း ဖြင့် ဈေးကွက်တွင် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံလောက် အရှုံး ပေါ်နေပြီဖြစိသည်။ ဤကဲ့သို့ ဈေးကွက်တွင် bitcoin ကျရိပ်ဖြစ်လာတိုင်း အခြားသော coin များ ဈေးထိုးကျလာခြင်းမှာ bitcoin မှ ဈေးထိုးချလိုက်၍ မဟုတ်ပါ။

ရင်းနှီးမြုပ်နှံကြသူများက bitcoin ကျဈေးကို မြင်လာကြလျင် သူတို့ ရင်းနှီးထားသော အခြားသော coin များကို ရသလောက်ဈေးဖြင့် ထိုးရောင်း၍ bitcoin အနိမ့်ဆုံး ဈေးတွင့် စောင့် ဝယ်ရန် ဖြစ်သည်။ ထို့ကြောင့် အနာဂါတ်တွင် bitcoin အပေါ် အထူးမှီခို နေခြင်းကို ကင်းရန် bitcoin ကဲ့သို့ ခိုင်မာသော coin အများအပြားရှိရန် လိုအပ်ပါလိမ့်မည်။

သို့ မဟုတ်ပါက ဈေးကွက် တခုလုံး၏ အနေအထားကို bitcoin အများအပြားပိုင်ဆိုင်ထားသူများက စိတ်ကြိုက်ဈေးကစားနိုင်ပါလိမ့်မည်။ လွန်ခဲ့သော နှစ်မှ စပြီး bitcoin ဈေးကွက်ကို လေ့လာသောအခါ bitcoin ဈေးကစားလာသော ပုံစံ မှာ တပုံစံတည်းသာဖြစ်ပါသည်။ လွန်ခဲ့သောနှစ်များတွင် bitcoin သည် $၁၀၀၀ တွင်ရှိသည်ဆိုပါစို့ ။ ထို့နောက် $၂၀၀၀ တို့ ထိုးတက်သွားပါလိမ့်မည်။ ထို့နောက် $၁၀၀၀ သို့ ခဏသာ ပြန်လည်ထိုးကျပြီး ပြန်အတက်တွင် $၃၀၀၀ သို့ ရောက်သွားပါသည်။ ထို့နောက် $၃၀၀၀ မှ $၂၀၀၀ သို့ ဈေးခဏကျ ပြီး ပြန်အတက်တွင် $၅၀၀၀ သို့ ရောက်သွားပါသည်။

ဤပုံစံအတိုင်း $၅၀၀၀ မှ $၃၀၀၀ ခန့်အထိ ခဏသာထိုးချ၍ ပြန်တက်လာသောအခါ $ ၈၀၀၀ ခန့်ဖြစ်နေပါတော့သည်။ ဤပုံစံအတိုင်း တဆင့် ကျ လိုက် သုံးဆင့် ခန့် ခုန်တက်လိုက်ဖြင့် ယခု $၁၇၀၀၀ ခန့်မှ ထိုးကျလာသည်မှာ အနည်းဆုံး $၁၀၀၀၀ နှင့် $၈၀၀၀ ခန့်တွင် ခုန်တက်ပါလိမ့်မည်။ သည်တခါ အတက်တွင်တော့ $၃၀၀၀၀ ခန့် အထိ ရောက်ရှိနိုင်ပါလိမ့်မည်။

ဤပုံသေနည်း မှာ သိပ္ပံနည်းကျ တွက်ချက်ထားသော ပုံသေနည်း မဟုတ်သော်လည်း လက်ရှိဈေးကွက်တွင် bitcoin ဈေးတက်လာသည်မှာ တပုံစံတည်းသာဖြစ်ပါသည်။ ဤကဲ့သို့ အတက်အကျ ဈေးကစားသူများတွင် ဘာဏ်များနှင့် bitcoin mining လုပ်သူများပါဝင်ကောင်းပါဝင်ပါလိမ့်မည်။ ဒါပေမယ့် ကျွန်တော်ပြောနိုင်သည်ကတော့ လွန်ခဲ့သော bitcoin အတက်ဈေး နှစ်ခုတွင် ဘာဏ်များပါဝင်ကြောင်းသေချာပါသည်။

ထို့ကြောင့် bitcoin အတက်အကျတွင်ဝယ်ယူ အမြတ်ရနိုင်ရန် ကိုယ်တိုင်သာ သေသေချာချာလေ့လာ၍ သတိနှင့်ကစားရန်သာသတိပေးလိုပါသည်။ ဈေးကွက်တွင် သိပ္ပံနည်းပညာမပါ၍ ငွေကြေးဈေးကွက်ဖြစ်သောကြောင့် အချိန်မရွေး ဘူပေါင်း ပေါက်နိုင်ပါသည်။ သင်ရွေးချယ်ထားသော နည်းလမ်းသာလျင် အကောင်းဆုံး ဖြစ်ပါလိမ့်မည်။

ဆောင်းပါးရှင် @ricko66 သည် ပြင်သစ်နိုင်ငံသား တစ်ဦးဖြစ်၍ လက်ရှိတွင် ထိုင်းနိုင်ငံတွင်နေထိုင်လျက်ရှိပါသည်။သူရေးသားထားသော ဆောင်းပါးမူရင်းကို အောက်ပါ လင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://steemit.com/investors-group/@ricko66/a-bitcoin-pattern

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Translate by : Henry Aung ( Kachin )
MSC : 001

Sort:  

ကျွန်တော်လည်း ဘာမှကိုမစုမိတာအစ်ကိုရေ
အရင်ကဆို freebitမှာ freeသွားယူသေးတယ်
ဖုန်းဘေနဲ့မကိုက်တာနဲ့ဘာမှမလုပ်တော့တာ
ခုsteemitကြမှပဲ လုပ်ကြည့်မိတာ အရင်းအနှီးမလိုပဲ
ကိုယ်ရေးချင်တဲ့စာတွေကိုရေးလို့ရနေတာလေ
ခုနေများ sbdရှိလိုက်ရင်ဆိုတာကြီးကိုတော့တွေးမိတယ်
1sbdကို ခုနေမှ spပြောင်းရင် 6.6Spလောက်ရမှာလေ
Btcကိုတော့ usd300ကျော်လောက်ကတည်းကသိတာ
အဲ့ဒီတုန်းကဆို 0.01btcဆိုတာရှုံးလည်းဘာမှမဖြစ်နိုင်လည်းဘာမှမဖြစ်
999ဆိုတဲ့ဆိုဒ်မှာဆော့တာ
နောက်ပိုင်းအရင်းပြန်ရအောင်မနည်းပြန်ယူရတော့
မဆော့တော့ဘူး။
ခုနေများကြ 0.01btcဘယ်လိုမှကိုမကိုင်နိုင်တော့ဘူး😁😁

တကယ်ဆို BTC လောက်ဈေးမကောင်းတောင် အလားအလာရှိတဲ့ coin တွေအများကြီပါ။ အရင်းအနှီး တခုအနေနဲ့ မြုပ်နှံမယ်ဆိုရင် အများကြီး ရှိပါတယ်။

ဟုတ်ကဲ့အစ်ကို
လောလောဆယ်တော့ steemitပဲသုံးတော့တယ်

လက်ထဲ btc မရှိတာလေး တခုပဲ ဆိုးတာ။
Steem ဈေးတက်မယ့်အချိန် ကိုပဲ စောင့်တော့မယ်။
😊

ကျွန်တော်လည်းအဲ့လိုပဲ . မနှစ်က အကုန်ထုတ်ရောင်းမိလို့ နောင်တတောင်ရမိတယ်ရယ်

ချမ်းသာတာဆိုလို့ Steem ပဲရှိတယ်

Livecoinမှာပဲထည့်ကစားနေတယ်
ကျတော်တော့ btcတော့မတတ်နိုင်တော့ဘူး

BTC က အရင်ကတည်းကကို လိုက်မမှီလို့ ဝယ်မစု ဖြစ်ဘူး။ ဆောင်းပါးတွေရေးပြီး Steemit မှာပဲ တစိုက်မတ် လုပ်နေခဲ့တာ။

ကျေးဇူးပါ အကို၊steemအ​ကြောင်း ​မျှော်​​နေပါမယ်​။

bေtc ဈးကျနေတုန်းမဝယ်ထားမိတာ မှားသွားp😥😥😥😥

BTC ကိုအခုချိန်အထိ လူအများအပြား ကြိုက်နှစ်နေကြဆဲဖြစ်ပါသည်။ လက်ထဲတွင်တော့ ဘာမှ မရှိတော့ပါ။ သတိနဲ့ လုပ်ကိုင်သင့်တယ်လို့လည်း မှတ်ယူထားပါတယ်

ရှိထားလျင်တော့ ကောင်းသလို အခုမှ နောက်က လိုက်ဝယ်မယ်ဆိုရင်တော့ လိုက်မမှီတော့ဘူးလားလို့ ။

bitcoin $300 လောက်ကတည်းက စသိခဲ့ပေမဲ့
ဘာမှန်းသေချာမသိခဲ့ပါဘူး
steem ကတော့ ခုနှစ် 7 လပိုင်းလောက်မှ
စသိခဲ့တာပါ အစ်ကိုဟင်
အစ်ကို ပြောတဲ့အတိုင်းဆို
bitcoin ဈေးကျရင် အခြားcoinတွေ အကုန်လုံး
လိုက်ကျမဲ့ ကိန်းပေါ့

Formula တခုတော့ မဟုတ်ဘူး။ ဒါပေမယ့် bitcoin ကျ တိုင်း အခြား coin တွေပါ လိုက်ကျလာတာကို ဆောင်းပါးရှင်က ထောက်ပြထားတာပါ။

ဟုတ် steem ကို စောစော စသိခဲ့ရင် ကောင်းမှာ
အစ်ကို ဟင် နဲ့ စောစော သိခဲ့ရင်ပေါ့

အတော်များများ သူဌေး ဖြစ် ခွေး ဖြစ် လုပ်နေကြတာ
ကြောက်စရာပါ

MLM နည်းနဲ့ BTC ဝယ်ရောင်းကစားနေကြတယ်လို့ လည်း ကြားမိတယ်။

steem က ဘယ်​ခုနှစ်​က စထုတ်​တာလဲ ဆရာ

Steemit က ၂၀၁၆ မတ်လမှာ စတင်ခဲ့တာပါ။

ကျွှန်တော်ကတော့ steem ပါဘဲဗျာ

အတူတူပဲ domelay, Steem ဆိုမှ Steem ပါပဲ။

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62952.72
ETH 2429.38
USDT 1.00
SBD 2.56