၂၀၁၉ အတွက် Steemit Platform ( Henry Aung )

in #myanmar5 years ago

henry Aung.jpg

မင်္ဂလာပါ။ ၂၀၁၉ ခနှစ်တွင် cryptocurrency နှင့်ပါတ်သက်၍ အများအားဖြင့် အကောင်းဘက်တွင် ရှိနေကြောင်း ခန့်မှန်းထားကြပါသည်။ ကျွန်တော့ အနေဖြင့် cryptocurrency update သတင်းများ ဖတ်မိတိုင်း Steem ၏ ရှေ့ရေးနှင့် ပါတ်သက်၍ လည်း အမြဲတမ်း လှန်လှော်ကြည့်မိပါသည်။

Steem နှင့်ပါတ်သက်၍ အထူးအထွေ ခန့်မှန်းထားသည်တော့မရှိပါ။ အများအားဖြင့် အလားအလာရှိသော coin များအဖြစ် XRP , LTC တို့အား အသာပေးနေကြသော်လည်း Steem အနေဖြင့်တော့ စောင့်ကြည့်ရမည့် စာရင်း တွင်သာ ရှိနေပါသေးသည်။ မှန်ပါသည်။ steemit အနေဖြင့်လည်း စတင်ထွက်ရှိလာပြီး သည့်နောက် ယခုအချိန်ထိ လောက်လောက်လား လား အများ အားကျစရာ ဖြစ်အောင် လုပ်ပြနိုင်ခဲ့ခြင်း မရှိပါ။

System update များ တခုပြီးတခု မြှင့်တင် ခြင်းသာ လုပ်ပြနိုင်ခဲ့ပါသည်။ ယခု အချိန်အထိ Mass Adoption ဟု ခေါ်သော လူအများ အာရုံကျစရာ ဖြစ်အောင် လုပ်ဆောင်နေဆဲ အဆင့်သာ ရှိနေခြင်းကြောင့် cryptocurrency လောကတွင် တဖြည်း ဖြည်း ရေပန်းစားမှုနည်းလာခြင်း ဖြစ်ပါသည်။

ကျွန်တော့ အနေဖြင့် steemit အောင်မြင်မှုတွင် မျော်လင့်စရာ ၂ ခုသာ ရှိပါသည်။ ပထမအနေဖြင့် steemit ၏ DApp ဖြစ်ပါသည်။ Facebook နှင့် Tweeter များကဲ့သို့ အသုံးပြုရလည်း လွယ်ကူမည်၊ ထို့အပြင် ထိုသို့ အသုံးပြုခြင်း အတွက်လည်း အကျိုးတစုံတရာ ရရှိနိုင်မည် ဆိုခြင်း အတွက် အခြားသော Social Media App များထက် အောင်မြင်ရန် အခွင့်အလမ်း ပိုများပါသည်။

01.jpg

သို့သော် ယနေ့အချိန်အထိ steemit ၏ ထို Dapp မှာ မည်သည့် အဆင့်တွင် ရှိနေသည် မည်သည့် အချိန်တွင် လွင့်တင်နိုင်မည်ဟူ၍ လည်း မသိရှိရသေးပါ။ ထို Steemit ၏ Dapp အတွက် လည်း ယခုအချိန်အထိ ကြေညာ ဈေးကွက် မဆင်းသေးပါ။ ဆိုလိုသည်မှာ အခြားသော social media များတွင် steemit ၏ Dapp က မည်သို့ အကျိုးရှိစေမည် ၊ စီးပွားရေး သမားများအတွက် မည်သို့ အကျိုးရှိစေမည် ၊ အထူးသဖြင့် Facebook နှင့် Tweeter များတွင် Cele ဟုခေါ်သော Social Media influencer များအတွက်မည်သို့ မည်ပုံ အကျိုးရှိစေမည် စသည်ဖြင့် ကြေညာ ခြင်းလည်း မရှိသေးပါ။

ဆိုလိုသည်မှာ Dapp မထွက်လာခင်ကတည်းက နာမည် ကြီးနေစေရန် ၊ လူတိုင်း social media အသုံးပြုသူတိုင်း စိတ်ဝင်တစား စောင့်ကြည့်နေစေရန် လုပ်ဆောင်ထားခြင်းမျိုး မရှိသေးခြင်း ဖြစ်ပါသည်။ တနည်းအားဖြင့် Steemit Dapp အတွက် ကြိုတင် Marketing ဆင်းထားခြင်း မရှိသေးပါ။

ထို့ အတွက်ကြောင့် steemit ၏ အောင်မြင်မှု လမ်းကြောင်း တွင် Dapp ၏ အကျိုးသက်ရောက်မှုအား စောင့်ကြည့်နေရသော အနေအထားတွင်သာ ရှိနေခြင်း ဖြစ်ပါသည်။ အခြားတခုမှာ steemit ၏ SMTs ဖြစ်ပါသည်။ လက်ရှိ steemit platform အား အသုံးပြုသူတိုင်း စိတ်ဝင်တစား စောင့် မျှော်နေကြသည်မှာ SMTs လွင့်တင်မည့် အချိန်ဖြစ်ပါသည်။

ကတိပေးထားသော အချိန်ထက် တနှစ်နီးပါး နောက်ကျ၍ ထွက်လာမည် ဖြစ်သော SMTs များက steemit platform အား မည်သို့ ရိုက်ခတ်မည်ကို စောင့်ကြည့်နေကြခြင်း ဖြစ်ပါသည်။

02.jpg

လက်ရှိအချိန်အထိ steemhunt ကဲသို့သော token ဈေးကွက် ဖေါက်ရန် အသင့်ဖြစ်နေသည့် project များက လည်း ထိုနေ့ရက်ကို မျော်လင့်နေကြပါသည်။ steemhunt သာမက အခြားသော project များကလည်း မိမိတို့ ကိုယ်ပိုင် token များ ထုတ်နိုင်ရန် တနည်းအား ဖြင့် မိမိတို့ project အောင်မြင်ရန် ထို SMTs တရားဝင်လွင့်တင်မည့်ရက်အား စောင့်စားနေကြပါသည်။

ယခင်ကတရားဝင် ကြေညာထားသည့် အတိုင်း လာမည့် January 15 ရက်နေ့တွင် စမ်းသပ်လွင့်တင်မည် ဖြစ်၍ ထွက်ပေါ်လာသော နည်းပညာ ပြသနာတို့အား ဖြေရှင်းရန် အချိန် ၃ လယူမည် ဖြစ်ပြီး ၂၀၁၉ မတ် လတွင် တရားဝင်လွင်တင်မည် ဖြစ်ပါသည်။ ယခုအချိန်အထိ SMTs နှင့်ပတ်သက်၍ မည်သည့် update သတင်း မျှ ကြားသိရခြင်း မရှိသေးပါ။

အကယ်၍ အကြောင်း တစုံတရာ ကြောင့် January 15 ရက်နေတွင် အစမ်းလွင့်တင်နိုင်ခြင်း မရှိခဲ့လျင် steemit platform အပေါ်ထားသော ယုံကြည်မှု သည် 80% ခန့် ပျောက်ဆုံးသွားကြပါလိမ့်မည်။ လက်ရှိ steemit platform အားအသုံးပြုနေကြသူ အားလုံးနီးပါး ထို SMTs လွင့်တင်မည့်ရက်အား စောင့်ကြည့်နေကြပါသည်။ အောင်မြင်ခြင်း ရှုံးနိမ့်ခြင်း အတွက်မဟုတ်ပါ။

သတ်မှတ်ထားသော အချိန်တွင် ကတိပေးထားသည့်အတိုင်း ပြုမှုဆောင်ရွက် နိုင်သည်လား ၊ သို့မဟုတ် နောက်ထပ်အကြောင်းတစုံတရာ ပေး၍ ရက်ရွှေ့သွားမည်လားဆိုသည်အား စောင့်ကြည့်နေကြခြင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ SMTs အနေဖြင့် ကတိပေးထားသည့် ရက် မှ တနှစ်နီးပါးကြာမြင့်လာသည့်တိုင် ဤ platform ပေါ်တွင် ရင်းနှီး မြုပ်နှံမှု ပြုလုပ်ထားကြသူများက စိတ်ရှည် လက်ရှည် စောင့်စားခဲ့ကြပါသည်။

03.jpg

၂၀၁၈ နှစ်ကုန်ပိုင်းတွင် CEO @ned ၏ ပွင့်လင်းမြင်သာ မှု မရှိသော ဆက်ဆံမှုများကြောင့် steemit platform အပေါ်ထားရှိသော ယုံကြည်မှု ၅၀% ခန့် ဆုံးရှုံးသွားခဲ့ရပြီး ဖြစ်ပါသည်။ ယခုနောက် တဖန် SMTs အတွက် သတ်မှတ်ထားသော ရက်တွင် လွင့်တင်နိုင်ခဲ့ခြင်း မရှိလျင် ဖြစ်ပေါ်လာမည့် အကျိုးဆက်အား ခန့်မှန်းကြည့်နိုင်ပါသည်။

ကျွန်တော် တယောက်တည်း အမြင်ဖြင့်ပြောရလျင် steemit team အနေဖြင့် လာမည့် January 15 ရက်နေ့တွင် SMTs အား အစမ်းလွင့်တင်နိုင်ခြင်း မရှိသေးလျင် ၊ အဆင့်သင့်မဖြစ်သေးလျင် steemit platform အသုံးပြုကြသူများအား တရားဝင် တောင်းပန်၍ မည်သို့သော အခက်အခဲများ ရှိနေ၍ SMTs များအား လွင့်တင်ရန် အဆင်သင့်မဖြစ်သေးကြောင်း ကြေညာပေးနိုင်ရမည် ဖြစ်ပါသည်။

ယခု အချိန်အထိ ထိုကဲ့သို့သော ကြေညာချက်များ ထွက်မလာသေးခြင်းက SMTs အတွက် အဆင်သင့်ဖြစ်နေကြပြီဟု ယူဆမိပါသည်။ အချုပ်အနေဖြင့် ဆိုရလျင် Blockchain နည်းပညာနှင့် နွယ်သော coin ၊ token ဈေးကွက်များသည် သက်တမ်း နုသေးသည်ဟုဆိုနိုင်ပါသည်။

Bitcoin ၏ အောင်မြင်မှု မှာ တမဟုတ်ခြင်း ထိုးတက်သွားခြင်း မဟုတ်ပါ။ ထို့ အတူ ၂ နှစ်ကျော် သက်တမ်းသာ ရှိနေသော steemit platform သည်လည်း သူ၏ ရင့်ကျက်သော အချိန်ရောက်ရန် အချိန်အတိုင်းအတာကာလတခု လိုအပ်ပါသည်။ မည်သို့ပင်ဆိုစေ Steemit Platform အား အဆုံးအဖြတ်ပေးမည့် အချိန်သို့ ရောက်ရှိလာပါပြီ။

04.jpg

steemit platform အောင်မြင်သွားလျင် ကျွန်တော်တို့ အတွက် အကျိုးကျေးဇူး ရှိပါလိမ့်မည်။ အကြောင်းမှာ ကျွန်တော်တို့တွင် ထိုက်သင့်သော SP များရယူထားနိုင်ခဲ့ပြီ ဖြစ်ပါသည်။ အကယ်၍ steemit platform မအောင်မြင်ခဲ့လျင် ...... သေချာသည်ကတော့ နောက်ထပ် steemit ကဲ့သို့သော platform များ ပေါ်ပေါက်လာပါလိမ့်မည့် ။ အဘယ်ကြောင့်ဆိုသော် လက်ရှိ steemit platform ကဲ့သို့ cryptocurrency နှင့် နွယ်သော Blockchain နည်းပညာနှင့် social media platform မရှိသေး၍ ဖြစ်ပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit : Original Source
Author : Henry Aung ( Kachin )
MSC : 001

Sort:  

Happy New Year! @kachinhenry
4fd8c1be05094fde6c734dfc6e454e3a.png
I wish you all the happiness for year 2019

And thank you for your support, I really appreciate it very much.

Cheers!

မျှော်လင့်ချက်ရောင်ခြည် သန်းခွင့် ပေးသည့်အနေဖြင့် SMTs အစမ်း လွှင့်တင်ပေးနိုင်စေချင်ပါသည်။
ဤ Post အား English ဘာသာဖြင့်လည်း ထပ်မံ တင်ပေးစေလိုပါသည်။
Thank for sharing

Posted using Partiko Android

စိတ်ဓာတ်ကျအောင် ဆက်မလုပ်ပါနဲ့တော့ @ned ရယ် ဟုသာ အော်ညည်းလိုက်ချင်ပါတော့သည်

Posted using Partiko Android

Steemit ခိုင်မာ steem ဈေး တတ်ပါစေကြောင်း ဆုတောင်းနေရပါ၏ရှင်

Posted using Partiko Android

အကောင်းဘက်ကပဲ တွေးရတော့မယ်ဗျာ။

Posted using Partiko Android

Steemit dapp က appics များဖြစ်မလားလို့ ထင်မိပါတယ်ဗျ။

မျှော်လင့်ချက်အတိုင်း ဖြစ်ပါစေရှင်

Dapp လေးကို မျှော်နေမိတယ်ဗျာ။
SMT တွေထက် ကို ပိုမျှော်လင့်မိတယ်။

Your thoughts are great. But nowadays the price of steemit is decreasing.

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60385.11
ETH 2889.75
USDT 1.00
SBD 3.65