၂၀၁၈-၂၀၁၉ နှင့် cryptocurrency ( အပိုင်း-၁ ) ( Henry Aung )

in #myanmar6 years ago (edited)

henry Aung.jpg

လွန်ခဲ့သော ၂၀၁၆ ခုနှစ်မှ စပြီး Bitcoin အပေါ်အရူးအမူး ဖြစ်ခဲ့ကြသော အနောက်နိုင်ငံ ၊ တရုတ်နှင့် တောင်ကိုးရီးယား တို့၏ ဆွဲ ခေါ်မှုကြောင့် cryptocurrency ဈေးကွက် အတွင်းသို့ ဘီလီယံ ထောင် နှင့် ချီသော ငွေကြေးများ အသောမတတ် စီးဝင်လာခဲ့ကြပါသည်။ ဤ ချိုမြိန်ဖွယ်ကောင်းသော ၂၀၁၇ ကာလ များတွင် မိမိတို့ cryptocurrency wallet များကို ကြည့် ၍ တရိပ်ရိပ်တက်လာနေသော တန်ဖိုးများ သိန်း ဆယ် ဂဏန်းမှ ရာဂဏန်း အထိ တိုးပွားလာသော တန်ဖိုးများအား ကြည့်၍ ပီတိဖြာဝေခဲ့သော ကာလများအား မေ့နိုင်ကြအုံးမည် မထင်ပါ။

သို့သော် cryptocurrency ကို လက်ဝယ်ကိုင်ထာကြသော .... တနည်းအား ဖြင့် စုထားကြသော သူများမှာ ထို အကောင်းဆုံး အချိန်ထက် ပိုမို ကောင်းမွန်သော အခြေအနေများအား စောင့်မျှော်ရင်း မိမိတို့၏ အခွင့်အလမ်း များအား လက်လွတ်သွားခဲ့ကြပါသည်။ Bitcoin အပါအဝင် အခြားသော coin , token များ၏ အမြင့်ဆုံး အခြေအနေအား ကြုံဖူးခဲ့ကြသည် ဖြစ်၍ နောက် တကြိမ် ထိုတက်ပို၍ ဈေးတက်မည်ဟူသော လောဘအတွေးများက မိမိတို့၏ အကောင်းဆုံး အခွင့်အရေး များအား ဆုံးရှုံးသွားစေခဲ့ခြင်း ဖြစ်ပါသည်။

( MSC အဖွဲ့ဝင်များမှာ SP တိုးပွား လာရေးသာ အာရုံထားခဲ့ခြင်း ဖြစ်သဖြင့် အခွင့်အရေး ဆုံးရှုံးခဲ့သည်ဟု မဆိုသာပါ။ အတိုင်းအတာ တခုထိသာ SP တိုးပွားအောင် ပြုလုပ်ခဲ့ကြပြီး ရရှိ လာသော SBD များအား ဈေးကွက်သို့ ပို့၍ ရောင်းစား နိုင်ခဲ့ကြပါသည်။ Steemit platform အကြောင်း သီးသန့်ရေး၍ ဖေါ်ပြပေးပါမည်။ )

01.jpg

ဆိုခဲ့သည့် အတိုင်း ၂၀၁၇ ၏ cryptocurrency ချိုမြိန်သော အိမ်မက်များအား ၂၀၁၈ အထိ ယူဆောင်သွားနိုင်ခြင်း မရှိခဲ့ပါ။ ၂၀၁၈ သည် ကျွန်တော်တို့ မျှော်လင့်ထားခဲ့သော ခုနှစ် တခု မဟုတ်ခဲ့သော်လည်း ကျွန်တော်တို့ အတွက် အမှန်တကယ် ကြုံတွေခဲ့ သင့်သော ခုနှစ် တခု ဖြစ်သည်ကတော့သေခြာပါသည်။

အကြောင်း မှာ cryptocurrency token ဈေးကွက်အတွင်းသို့ မသမာသော နည်းလမ်း များဖြင့် ဝင်ငွေရှာဖွေကြသူများ အများအပြားဝင်ရောက်လာသောကြောင့် ဖြစ်ပါသည်။ ဤ blockchain နည်းပညာနှင့် နွယ်သော cryptocurrency တွင် နည်းပညာ ခိုင်မာသော token များ coin များ ( အကျိုးရှိသော နည်းပညာ အခြေခံ ) ရှိနေကြသော်လည်း အခြားသော အပျော်တမ်း ထုတ်လုပ်သည့် coin များ token များ ကြေညာအား ကောင်းကောင်း မက်လုံး ကောင်း များ ဖြင့် ဝင်ရောက်လာကြခြင်းကလည်း ၂၀၁၈ ခုနှစ်အား cryptocurrency သွေးစွန်းသော ခုနှစ် တခု အဖြစ်သို့ ရောက်ရှိသွားစေသော အကြောင်း အရင်းတခု ဖြစ်ပါသည်။

အခြားတဖက်မှ ကြည့်လျင်လည်း cryptocurrency အား ခါတော်မှီ ဝင်ရောက် ရင်း နှီးလာကြသူများမှာ နောက်ခံ နည်းပညာ ခိုင်မာမှု ထက် တောက်ပြောင် သော ဈေးကွက်နှင့် ကြေညာအား ကောင်း ခြင်း အပေါ် ကြည့်၍ ဝင်ရောက်လာကြသူသာ များကြပါသည်။ ICO များ အနေဖြင့်လည်း ၂၀၁၆- ၂၀၁၇ များတွင် အောင်မြင်ခဲ့ကြသလောက် ၂၀၁၈ တွင် ကျရှုံးခဲ့ကြသော ICO အများအပြားရှိခဲ့ပါသည်။

02.jpg

ဤ cryptocurrency သွးစွန်းသော နေ့ရက်များ ကို ဖြစ်ပေါ်စေသော အဓိက အကြောင်းအရာများမှာ တရုတ်ပြည်တွင် Bitcoin Exchange များ အား ထိန်ချုပ်လာခြင်း ၊ ကိုးရီယား ၏ Exchange Site များ အား အစိုးရက ဝင်ရောက်ထိန်းချုပ်လာခြင်း အပါအဝင် အနောက် နိုင်ငံ တို့တွင် cryptocurrency exchange များမှ ငွေဖြူ ၊ ငွေမဲ ပြောင်းလဲမှု မရှိစေရန် ဥပဒေဖြင့် ထိန်းချုပ်လာကြခြင်း တို့က ရင်းနှီမြုပ်နှံထားသူတို့အား သံသယ ပိုမိုကြီးထွားစေကာ ဈေးကွက် ပြိုလဲမှုကို စတင်စေပါသည်။

ထို့အပြင် Exchange Site များ ဟက်ခံရခြင်း နှင့် bitconnect ကဲ့သို့ အကြီးစား အမာခံ coin များ ရုတ်တရက် scam ဖြစ်သွားခြင်းတို့က cryptocurrency ၏ ခိုင်မာမှု ၊ စိတ်ချရမှုတို့အား မေးခွန်းထုတ်စရာ ဖြစ်လာစေခဲ့ပါသည်။ ၂၀၁၈ ခုနှစ်၏ ခါးသီးသော အတွေ့အကြုံများမှာ cryptocurrency အတွက် ကောင်းကွက်တခု တော့ ရသွားစေပါသည်။

ဆိုလိုသည်မှာ steemit platform အပါအဝင် အခြားအခြားသော blockchain နည်းပညာ များမှာ ဈေးကောင်းလာသော မိမိတို့ coin များအပေါ်သာယာ ကျေနပ်နေခဲ့ကြ၍ နည်း ပညာ ထပ်မံ အဆင့် မြှင့်တင်ရန် နှောင့် နှေး ကြန့်ကြာနေခဲ့ကြပါသည်။ ရုတ်တရက် ဈေးကွက် ပျက်လာသောအခါ မိမိတို့ coin များ အပေါ် မှီခို၍ လည်ပါတ်နေကြသော နည်းပညာ များအဖို့ ဒုက္ခ လှလှ တွေ့စေပါတော့သည်။ ထို ဒုက္ခ ရောက်ကြရသော နည်းပညာ များတွင် steemit platform မှာ အကောင်းဆုံး ဥပမာ ဖြစ်ပါသည်။

03.jpg

ထို့ကြောင့် ၂၀၁၈ ကို အောင်မြင်စွာ ကျော်ဖြတ်လာနိုင်ခဲ့ကြသော coin များ token များ အဖို့ ၂၀၁၉ တွင် ကြီးမားသော စိန်ခေါ်မှုများကို တွေ့ကြရမည် ဖြစ်ပါသည်။ လက်ရှိ cryptocurrency များအား သုံသပ်နေကြသူများက ၂၀၁၉ ခုနှစ်အား cryptocurrency ၏ အာရုဏ်ဦးကာလ အဖြစ်တင်စားနေကြပါသည်။

အဘယ့်ကြောင့်ဆိုသော် ၂၀၁၈ ဈေးကွက် ၏ ရိုက်ခတ်မှုကြောင့် ခဲမှန်ဖူးသော ရင်းနှီးမြုပ်နှံကြသူမျာ၏ ယုံကြည်မှု ပြန်ရရှိလာကြစေရန် ၂၀၁၉ ခုနှစ်တွင် အစွမ်းကုန် လုပ်ဆောင်ရမည် ဖြစ်ပါသည်။ မိမိ blockchain နည်းပညာ၏ ခိုင်မာမှု ၊ အသုံးဝင်မှု ၊ လူကြိုက်များမှု တို့အပေါ်မူတည်၍ မိမိတို့ coin ၏ ဈေးကွက်အား ဖန်တီးရမည် ဖြစ်သော ကြောင့် တော်ရုံ တန်ရုံ ဂျင်း coin များ token များ နှာလန်ထူလာနိုင်ရန် ခက်ခဲလွန်းလှပါသည်။ ၂၀၁၉ ၏ စိတ်ဝင်စားစရာ အကြောင်းများနှင့် ဖြစ်ပေါ်လာနိုင်သော အခြေအနေများ နောက်ဆောင်းပါးများတွင် ဖေါ်ပြပေးပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit : Original Source
Author : Henry Aung ( Kachin )
MSC : 001

Sort:  

Blockchain ခေတ်မှာ Cryptocurrency ကို မျှော်လင့်ချက် ထားမိဆဲပါဗျို့
Thanks for sharing.

Posted using Partiko Android

ကျွန်တော်လည်း ကိုဟိန်းလိုပါပဲ..... စမိပြီဆိုတော့ အဆုံးထိ လျှောက်ရတာပေါ့

၂၀၁၉ cryptocurrency ၏အခြေအနေများ ပြန်လည်ဦးမော့လာနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။အစ်ကိုရေးပြထားတာ စိတ်ဝင်စားစရာကောင်းပြီး ဗဟုသုတဖြစ်စေပါတယ်ခင်ဗျာ။ နောက်အပိုင်းတွေကိုလည်း စောင့်မျှော်နေပါ့မယ်ခင်ဗျာ။အစ်ကိုဟင်နရီ တို့ဇနီးမောင်နှံ -မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းလိုက်ပါတယ်ခင်ဗျာ။

ကျေးဇူး အများကြီး တင်ပါတယ်။ ၂၀၁၉ cryptocurrency အခြေအနေများကို ဆက်လက်ဖေါ်ပြပေးပါမယ်။

နေပူ မိခဲ့ပြီပြီ
ခုတော့ အရိပ်ကို မျှော်လို့ရပြီ ထင်ပါ့

အကောင်းဆုံးကို မျှော်လင့်တာပေါ့ ကိုဒွန်..

မျှော်လင့်နေဆဲ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းသောအချိန်သို့
တိတ်ဆိတ်စွာ steemit ကဝင်ရောက်နေသလိုပဲ ခံစားနေရပါတယ်

အမှန်က တိတ်တဆိတ် ဝင်ရောက်လာတာမဟုတ်ပါဘူး။ တလကြမ်း သွေးစွန်းသော နေ့ရက် တွေ အဖြစ် နဲ့ ရောက်လာကြတာပါ။

2019အတွင်း coin ​တွေ​ဈေးပြန်​တက်​လာပါ​စေဆု​တောင်း​နေမိတယ်​ အကို​ရေ

ဈေးပြန်တက်လာဖို့က အစ်ကို ပြောသလို blockchain နည်းပညာ ခိုင်မာမှု၊ လူကြိုက်များ မှု ၊ အသုံး ဝင်မှု တွေအပေါ်မူတည်နေပါလိမ့်မယ်...

တော်သေးတာပေါ့ဗျာ။ အခုလို ကောင်းမွန်တဲ့ အချက်လေးတွေ ရှိသေးလို့။ ကျေးဇူးပါ ဗျ

Posted using Partiko Android

ဒီလိုပဲပေါ့ ညီလေး..... ကောင်းလာဖို့ အတွက် အဆိုးကြုံရတာ ထင်ပါတယ်။

cryptocurrency သွေးစွန်းသော 2018 မှာ MSC ကို
မပြိုမပျက်အောင် ထိန်းကျောင်းပေးခဲ့တဲ့ ကိုဟင့်စေတနာကို
လေးစားမိပါတယ်ဗျာ။

Coin Marketplace

STEEM 0.15
TRX 0.17
JST 0.028
BTC 68886.39
ETH 2464.41
USDT 1.00
SBD 2.42