Walking to Steemit Community On Platform- ( စတီးမ်​မစ်​ အဖွဲ့စည်း ပလက်​​ဖောင်း​ပေါ်သို့ ​လျောက်​လှမ်းခြင်း )steemCreated with Sketch.

in #myanmar7 years ago (edited)

received_697940453733420.jpeg

ကျ​နော်​​မွေးခဲ့တာက ​တောရွာ​လေးတစ်​ရွာမှာပါ
တောဘယ်​​လောက်​ကျလဲဆိုလို့ရှိရင်​ က​နေ့ထိကို
လမ်းပန်းဆက်​သွယ်​​ရေးက မလွယ်​ကူ​သေးတဲ့ အ​ခြေ​နေထိပါပဲ နည်းပညာ​တွေကတိုးတက်​လာ​တော့ ရွာက ဆိုလာ တတ်​နိုင်​သူ​တွေကလဲ ဆိုလာဝယ်​သုံးကြ​နဲ့ အဆင်​​ပြေ​နေကြ​ပေမဲ့ မီးက​တော့  ခုထိမရ​သေးပါဘူး ရွာရဲ့တစ်​မိုင်​နီးပါးက ဘုန်း​တော်​ကြီး​ကျောင်းနားအထိပဲ
တိုင်​​ရောက်​ပါတယ် အဲ​တော့ မီးရဖို့်​ဆိုရင်​ ​ငွေလဲအ​တော်​ကုန်​အုံးမှာမို့ မယူကြ​သေးပါဘူး ကျ​နော်​ငယ်​ငယ်​တုန်းကဆိုရင်​ ဘတ်​ထရီမီး​လောက်​ပဲ သုံးခဲ့ရတာ ဒါ​တောင်​မှ ရွာနဲ့ တစ်​မိုင်​​လောက်​​ဝေးတဲ့ ရွာကိုသွားပီး အားသွင်းရတာ မို့ ဘတ်​ထရီ တစ်​​ခေါက်​အားသွင်းရင်​ ​ချွေတာပီးသုံးကြရပါတယ်​ ဟိုတုန်းက​တော့ ခုလို တီ​ဗွီ​တွေရှိတဲ့အိမ်​ကလဲ
မများ​သေးပါဘူး လွင့်​တဲ့လိုင်းဆိုရင်​လဲ mrtv ရယ်​ mwd ရယ်​ပဲ ရှိတာဆို​တော့ တစ်​ပတ်​ကို ၄ရက်​၅ရက်​​တောင်
တီ​ဗွီကြည့်​ရဖို့ မ​သေချာတဲ့အ​ခြေ​နေပါ ဘတ်​ထရီကလဲ
အားပြည့်​သွင်းတာမှ ၃ရက်​​လောက်​ပဲ ခံတာဆို​တော့
ဒါ​တောင်​ ​ကြော်​ငြာလာရင်​ ဖြုတ်​ထားရ​သေးတာ
ဇာတ်​ကားမပီးမှာစိုးလို့ အဲဒီတုန်းကဆိုရင်​ အင်​တာနက်
မ​ပြောနဲ့ ဖုန်း​တောင်​ မမြင်​ဖူးခဲ့ပါဘူး ကျ​နော်​အင်​တာနက်
ဆိုတာကို စကြားခဲ့ရတာက ကျ​နော့်​သူငယ်​ချင်း​ပြောပြ
တာ သူကတီ​ဗွီမှာ ချစ်​စရာတို့ ​ကျော်​ထူးတို့ ပြတ်​လုံးထုတ်​​တော့ အင်​တာနက်​နက်​ဆိုတာ အက်​တာနင်​ကို​ပြောတာဆိုပီး ကျ​နော့်​ကို ​ပြောပြ​တော့မှ ကျ​နော်​လဲ အဲဒီ
အင်​တာနက်​ကို စကြားပီး ထိ​တွေ့ချင်​စိတ်​ဖြစ်​လာခဲ့ပါ
တယ်​ ဒါ​ပေမဲ့ ကျ​နော်​တို့က ဆင်းရဲသားလယ်​သမားဆို
တော့ မြင်​ဖို့မ​ပြောနဲ့ စိတ်​ကူး​တောင်​မှန်းရဲတာမဟုတ်​ဘူး
ဒီလိုနဲ့ ကျ​နော်​ အ​ခြေ​နေရ မြို့ကို​ရောက်​ခဲ့တယ်​ အလုပ်​လုပ်​ရင်းနဲ့ အဲဒီတုန်းက​တော့ အင်​တာနက်​ဆိုင်​​တွေက
မှိုလို​ပေါ​နေတာ

ဘယ်​​လောက်​အလုပ်​ဖြစ်​လဲဆို​တော့
အလုံး နှစ်​ဆယ်​သုံးဆယ်​ရှိလဲ ပြည့်​တာပဲ အဲတာက
၂၀၁၂ ​လောက်​မှာ ကျ​နော်​ စတင်​သုံးခဲ့ရတာ​ပေါ့
အဲတုန်းက သုံးဖူးတဲ့သူ​တွေဆို သိကြမှာပါ ဖူးစာရှင်​​လေး
ဆိုက်​တို့ ဧဒင်​ဥယျာဉ်​ ဆိုက်​ရယ်​ ပီး​တော့ ​ရွှေမြို့​တော်
အဲတာ​တွေနဲ့ စသုံးခဲ့ရတာ အဲဒီတုန်းက ခုလိုကီးဘုတ်​ကို
တစ်​ချက်​ချက်​ မရိုက်​တတ်​​သေးဘူး စာရိုက်​ချင်​တယ်​ဆိုရင်​ ဘယ်​နားကလဲ လိုက်​ကြည့်​ရတာ အ​တော်​မလွယ်​တာ
အဲဒါ အင်​တာနက်​စသုံးတဲ့ အချိန်​ စကား​ပြောစရာကလဲ
အဲသလိုမ​ပြောတတ်​​တော့ ကျ​နော့်​သူငယ်​ချင်းက​တောင်
နောက်​တယ်​ ​"​နေ​ကောင်းလား ဘာလုပ်​​နေလဲ စားပီးပီလား အိပ်​​သေးဘူးလား " သူက​တောင်​ အဲလို​နောက်​တာခံရတယ်​ ပီး​တော့ ကျ​နော်​လိုက်​​လေ့လာတဲ့အခါမှာ

received_697940473733418.jpeg

အဲတုန်းက ptc ကလစ်​တာ သွား​တော့ အဲတာလဲ လိုက်
လုပ်​​သေးတယ်​ အဲတာ the bux တို့ paidverts တို့
Probux တို့ ခုထိသူတို့က​တော့ run ​နေတုန်းပါပဲ
ကျ​နော်​က​တော့ အတည်​တကျမလုပ်​ခဲ့ပါဘူး
ဒီလိုနဲ့ ခု​နောက်​ပိုင်း ၉သုံးလုံး မှာလဲ အ​တော်​​လေး ရလိုက်​ယ ရှုံးလိုက်​နဲ့ လုံးလည်​ဂျပ်​ပြားလိုက်​ရာက​နေ
အမှတ်​မထင်​ steemit ကိုသွား​တွေ့လိုက်​​တော့
အစက မသိ​သေးဘူး ခု အကို henry တို့ ခုန steemit myanmar ဂရုတို့မှာ တင်​ထားတဲ့ ပို့​တွေ​လေ့လာကြည့်​​တော့မှ စိတ်​၀င်​စားပီး လုပ်​ခဲ့တာ ခုဆို တစ်​လ​ပြည့်​လို့​ကျော်​ခဲ့ပီ​ပေါ့ အဲတာက​တော့ ကျ​နော်​ steemit ​ပေါ် စ​လျောက်​လှမ်းလာရခြင်း အ​ကြောင်း​လေးပါ အဲဒီလမ်း​ကြောင်း​လေးကို စ​ဖောက်​ပီး လမ်း​ချောအဖြစ်​လုပ်​​ပေးသွား
တဲ့ ကို henry အစရှိတဲ့ ကျ​နော့်​သူငယ်​ချင်းဆရာများလဲ
သူတို့စွမ်းရာက​နေ ပျား​ကောင်​​လေး​တွေပမာအတိုင်းပဲ
တစ်​ဦး​ကောင်း တစ်​​ယောက်​​ကောင်း မဟုတ်​ပဲနဲ့
ကိုရတဲ့ဟာ​လေးကို မျှ​ဝေ လက်​ဆင့်​ကမ်းလာပီး
အတူ​လျောက်​လှမ်းသွားဖို့ အားအင်​​တွေ ဖြစ်​​စေခဲ့ပါတယ်​ ခုမြန်​မာ steemit ဂရုနဲ့ community ​လေးဟာဆိုရင်
သိုက်​သိုက်​၀န်းဝန်းနဲ့ အတူညီညီညာညာ လက်​တွဲချီတက်​ ​နေကြပါပီ

received_697940643733401.jpeg

အဲသလိုပဲ ခုမှစ၀င်​လာတဲ့သူ​တွေကို
နည်းပညာ​တွေ အ​တွေ့ကြုံ​တွေ​လက်​ဆင့်​ကမ်းလို့​ပေး
နေဆဲဖြစ်​တာ​ကြောင့်​လဲ newbies ​တွေအတွက်​ ဘာအ​ကြောင်း​ကြောင့်​နဲ့မှာ အားငယ်​စရာ မရှိ​အောင်
လက်​တွဲ​ခေါ်ယူ​နေတာ မြင်​ကြရမှာပါ ကျ​နော်​တို့ သိတဲ့
ယင်​​ကောင်​​တွေလို ၀ုန်းဝုန်း ကြွက်​ကြွက်​နဲ့ သူ့ထက်​ငါ အလုယက်​ တိုး​ဝှေ့မယူ​ဆောင်​ပဲနဲ့ ပျား​ကောင်​​လေး​တွေလို ကိုရတဲ့နဲနဲ​လေးကို​တောင်​မှ မျှ​ဝေသုံး​ဆောင်​ဖို့
လက်​ဆင့်​ကမ်း​ပေးကြမယ်​ဆိုရင်​ ပိုပီး ညီညာတက်​ကြွတဲ့ ခရီးရှည်​ကြီးကို အတူတကွ​လျောက်​နိုင်​ကြပါမယ်​လို

ကျ​နော့်​စာကို နိဂုံးချုပ်​လိုက်​ပါရ​စေခင်​​ဗျာ

အားလုံးကို ​ကျေးဇူးတင်​ပါတယ်

Original Writer By July Brave

Write Ending 12:37 AM

Post By Aug-19-17

Photo by brother Waz Ok Taht

Sort:  

Congratulations @julybrave! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Thank for viewing and review

Nice post . Welcome.

shutterstock က ပုံတေ မယူပါနဲ့ bro တော်ကြာ copy right ထိပီး ချိဘော့လာနေမယ်။edit လုပ်ပီားပုံပြန်ချိန်းလိုက်ပါ ။အကြံပေးခြင်းပါ။

ပြင်​လိုက်ပါပီ ဘဒို ပုံ​တော့ထည့်​မရလို့မထည့်​​တော့ဘူး
အကြံ​ပေးတာ ​ကျေးဇူးပါ

running လုပ်လိုက်

ကောင်းပါတယ် ဂျာ

Thank for review bro

သားရေး ခံစာရသမျှရေးသာချလိုက်၊ ဆရာ့ Post တွေလာဖတ်ပါ Upvote မလုပ်လဲရတယ် သိချင်တာရှိရင် Comment မှာရေးခဲ့ပါ။

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63316.74
ETH 2581.53
USDT 1.00
SBD 2.79