မေတ္တာသမားကြီးရဲ့ ကမ္ဘာ

in #myanmar7 years ago

imagephoto from google
မေတ္တာသမားကြီးရဲ့ ကမ္ဘာ
တန်ခူး ကဆုန် ကျော်လို့ လေညှင်း လေပြင်များက တိုက်လိုက်သောအခါ
ရော်သစ်ရွက်လေးတွေ တလှုပ်လှုပ်နဲ့
မြေခရတဲ့နေ့
သတ်မှတ်ကာလအားဖြင့်ဆိုရင်တော့
၁၃၅၀့ ခု နယုန်လဆန်း ၄့ ရက်
ကြာသပတေးနေ့လေးပေါ့။
အဲဒီအချိန်ကာလလောက်က နွားပွဲဆိုပြီး လူတွေတော်တော်စည်စည်ကားကားရှိမြယ်ထင်ပါတယ်။တောရွာဓလေ့ဆိုတော့ ခေတ်ပေါ် တယ်လီဗေးရှင်းဆိုတာလဲမရှိ ဇာတ်ပွဲဆိုတာလဲဝေလာဝေး
တစ်နှစ်မှာ နှစ်ခါလောက်သာကြည့်ရတာကိုဗျ။
အဲလိုရှားပါးတဲ့ကာလမှာ လူတစ်ယောက်လွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်နဲ့ သူရဲ့ဘဝထဲကမေတ္တာလေးတွေဖြစ်တဲ့
သားနဲ့သမီးကိုလက်မှာဆွဲ နွားပွဲဈေးလိုက်ပို့ရတာပေါ့။
ဘဝထဲကမေတ္တာများဟုဆိုလိုက်ခြင်းမှာ မိဘနှင့် သားသမီးတို့၏ မေတ္တာကိုပဲဆိုလိုပါသည်။
ဘာကြောင့်လဲဆိုတော့ မိဘတွေဟာ
သား သမီးတွေအပေါ်မှာ မေတ္တာ ဂရုဏာ မုဒိတာ ဥပေက္ခာ ဆိုတဲ့
ဗြဟ္မစိုရ်တရားလေးပါနဲ့ လူ့လောကထဲ
ခေါ်ဆောင်ပေးလို့ပါပဲ။
ဒါကြောင့် ဘဝထဲကမေတ္တာသမားကြီးလို့ပဲ
ဖေဖေ့ကိုခေါ်လိုက်ပါရစေ။
စာရှည်မှာစိုးလို့ နွားပွဲဈေးပြန်ဆက်ပါရစေ။
ဘဝထဲကမေတ္တာသမားကြီးနဲ့ သားရယ်သမီးရယ် နွားပွဲဈေးကနေ
မေတ္တာအိမ်လေးကိုပြန်လာတဲ့အခါမှာတော့ မေတ္တာမေမေက မေတ္တာသမားကြီးရဲ့ဘဝထဲကို
နောထပ်ဖိုးမေတ္တာလေးကိုမွေးထုတ်ပေးခဲတဲ့ညပေါ့။
အဲဒီအချိန်ကား ၁၃၅၀ ခု နယုန်လဆန်း(၄)ရက် ကြာသပတေးနေ့ ည ( ၁၁)နာရီကျော်ဖြစ်သည်။
မေတ္တာကမ္ဘာလေးထဲကို ခေါ်ဆောင်ပေးပြီး မေတ္တာတွေပေးခဲတဲ့
မေတ္တာသာမားကြီးရယ် မေတ္တာမေမေရယ် ကျေးဇူးဂုဏ်အနန္တကိုရှိခိုးလျှက်။
ညာဏ်မှီသလောက်လေးရေးလိုက်တာပါ။
အမှားမကင်းနိုင်သောကြောင့်
အမုန်းမဖွဲ့ပဲ အပြုံးနဲ့
ဖြည့်ဖတ် ဖြည့်တွေးစေချင်ပါတယ်။

@johnhsint

Sort:  

Congratulations @johnhsint! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

Click here to view your Board

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @johnhsint! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.029
BTC 64536.58
ETH 2626.67
USDT 1.00
SBD 2.83