Thinking

in #myanmar6 years ago

image
Thinking

Thinking ဆိုတာ မြန်​မာလို စဉ်းစား​တွေး​ခေါ်ခြင်းလို့ အဓိပ္ပါယ်​ရပါတယ်​။ တစ်​ခုခုကို မပြုလုပ်​ခင်​ ဖြစ်​လာမယ်​ အကျိုးဆက်​ကို ကြိုတင်​ပြီး ​တွေး​ခေါ်နိုင်​ခြင်းကိုလည်း Thinking လုပ်​တယ်​လို့​ခေါ်တယ်​.....။

" အ​တွေးအ​ခေါ် " ဆိုတာ လူတစ်​​ယောက်​အဖို့ အ​တော်​ကို အ​ရေးပါတဲ့ စကားလုံးပါ။ အ​တွေးအ​ခေါ် မရှိတဲ့ သူ​ဟာ ​နေရာတကာမှာ သူများထက်​နိုမ့်​ကျ​နေတတ်ပြီး ​သူများ​နောက်​မှာသာ ရှိ​နေတတ်တယ်​။ အဒီ​လိုပဲ အ​တွေးအ​ခေါ် အ​မျှော်​အမြင်​ရှိတဲ့သူ​တွေဟာလည်း အမြဲ သူများ​ရှေ့မှာ​ရောက်​​နေတတ်​တယ်​။ လူ​တွေကို ဦး​စီးဦးဆောင်​လုပ်​ပြီး ​ခေါင်း​ဆောင်​မှု​နေရာကို ယူထားတဲ့သူ​တွေဟာ အ​တွေးအ​ခေါ် အ​မျှော်​အမြင်​ကြွယ်​ဝတဲ့သူ​တွေပါပဲ........။

ယနေ့​ခေတ်​မှာ တစ်ေ​န့ထက်​ တစ်​​နေ့ ဒုစရိုက်​မှု​တွေ မူးယစ်​ရမ်းကားမှု​တွေ လူသတ်မှု​တွေ များပြား ​လာတာကို ကြည့်​ခြင်းအားဖြင့်​ လူ​တွေမှာ အ​တွေးအ​ခေါ် ဆင်​ခြင်နှုံတရား နည်းပါးလာ​နေ ​သိမြင်​နိုင်​ပါတယ်​.......။ ဘာလုပ်​ရင်​ ဘာဖြစ်​မယ်​ ဘယ်​လိုဆိုးကျိုး​တွေရှိတယ်​ ဆိုတာကို ကြိုတင်​စဉ်းစားပြီး ဆင်​ခြင်​နိုင်ကြ​​မယ်​ဆိုရင်​ ဒီလို အမှုကိစ္စ​တွေ ဖြစ်​​ပေါ်လာနိုင်​စရာ အ​ကြောင်းမရှိ​ပေ....။

လူကိုမူးရစ်​​သော​သေရည်​၊ စိတ်​ကို​ပြောင်းလဲ​စေ​သော ​ဆေးဝါး​တွေကို သုံးစွဲခြင်းေ​ကြာင့်​ စဉ်းစားဆင်​ခြင်​နှုံတရားကင်းမဲ့ပြီး အမှားနဲ့ အမှန်​ကို မခွဲခြားနိုင်​ဘဲ အမှား​ပေါင်း​သောင်း​ခြောက်​​ထောင်​နှင့်​​ ဘဝပါ ပျက်​သွားခဲ့ရတဲ့ သာဓက​တွေ များစွာရှိပါတယ်​......။

ဘာကိုမှ ​မလုပ်​ရဲမကိုင်​ရဲတဲ့သူ​တ​ယောက်​ ထိုမူးယစ်​​​စေ​သော အရာ​တွေ သုံးစွဲမိလိုက်​လျှင်​ ထိုသူ အသိဉာဏ်​မှာ ဘာလုပ်​ရင်​ဘာဖြစ်​မယ်​ဆိုတဲ့ အ​ရှေ့ကို ကြို​တင်​တွေး​ခေါ်​နိုင်​တဲ့ စဉ်းစားဉာဏ်​​တွေ ​ပျောက်​ကွယ်​သွားပြီး မ​ကောင်းမှုဒုစရိုက်​အားလုံးကို ကျူးလွန်​ဖို့ လွယ်​ကူသွားပါလိမ့်​။

ထိုကဲ့သို မူးယစ်​​​စေတဲ့ အရာ​တွေ​ကြောင့်​ စဉ်းစားချင့်ချိန်နိုင်တဲ့ အသိစိတ်​ ​​​​​မရှိ​တော့ဘူးဆိုလျှင်​.........
ရန်​ဖြစ်​ဖို့လည်း သတ္တိ​တွေလာတယ်
လူသတ်​ဖို့လည်း ဝန်​မ​လေး​တော့ဘူး
ပုဆိုးအင်္ကျီမပါလျှင်​လည်း မရှက်​​တော့ဘူး
လူကြီးသူမ​တွေကိုလည်း ​လေးစားရ​ကောင်းမှန်းမသိ​တော့ဘူး
ပတ်​ဝန်းကျင်​ကိုလည်း အားနာ​ထောက်​ထား​ရမယ်​ဆိုတာလည်း နားမလည်​​တော့ဘူး
စတယ့်​ မ​ကောင်းတာ​တွေကို လုပ်​​လိုက်​မယ်​ဆိုရင်​ ဘာလိုသက်​​ရောက်​မှု​တွေဖြစ်​လာနိုင်​လဲဆိုတာကို မ​တွေးမိကြ​တော့ဘူး....။
ဘာဖြစ်​လို့လဲဆို​တော့ " thinking အ​တွေးအ​ခေါ် "
မရှိ​တော့လို့ပဲ.....။

ဒါ​ကြောင့်​မို့ အရက်​​သေရည်​ မူးယစ်​​ဆေးဝါး​တွေ မသုံးစွဲခင်​ မိမိ​ခေါင်းထဲ စဉ်းစား​တွေး​ခေါ်နိုင်​တဲ့ အသိတရား ရှိ​နေချိန်​ "ဒါ​တွေလုပ်​လိုက်​ရင်​ ဒီလို​ဆိုးကျိုး​တွေ" ဖြစ်​လာနိုင်​တယ်​ဆိုတာကို ကြိုတင်​စဉ်းစားပြီး ​ရှောင်​ကြည်​နိုင်​ဖို့ ဒီ​ဆောင်းပါး​တိုလေးကို ​ရေးသားလိုက်​ရပါတယ်​........။
Writer By Jhon
MSC-046
Photo By Google Image

Sort:  

ကောင်းတယ်ဗျာ ကိုဂျွန်။

ဟုတ်

အ​တွေးအ​ခေါ်လိုတာ​ပေါ့

သေချာတာ​ပေါ့ဗျာ

steemit post တင်ဖို့ ဆို thinking

အမှန်​ပဲ

Thank for sharing

👍👍👍

Wow!! Nice Post

Thank brother

You're so nice for commenting on this post. For that, I gave you a vote!

ဆင်ခြင်နိုင်တာပေါ့အစ်ကို ကောင်းတယ် ဖတ်ခဲ့သည်။

ကျေးဇူးပါ

ဟုတ်

Good post.

Thank

ြုးထားမယ်ဖိုက်တင်း

ဟုတ်

Coin Marketplace

STEEM 0.23
TRX 0.12
JST 0.029
BTC 66227.96
ETH 3571.65
USDT 1.00
SBD 3.14