စတီးမစ်​ သုံးစွဲသူများအတွက်​ နည်းလမ်း​ကောင်းများ

in #myanmar6 years ago

စတီးမစ်​ မီဒီယာ​ပေါ်မှ စာ​ရေးသူ စာဖတ်​သူအ​ပေါင်းတို့ခင်ဗျာ........ကျွန်ုပ်​တို့​၏ ​နေ့စဉ်​အချိန်​အ​တော်​များများဟာ ဖုန်း​တွေ၊ကွန်​ပျူတာ​တွေ အ​ရှေ့မှာ အချိန်​​တွေ ကုန်​မှန်းမသိ ကုန်​ဆုံး​နေကြ​သည မဟုတ်​လား​။ ​နေ့စဉ်​ စာ​​ရေးလိုက်​ ​ဆောင်းပါး​တွေဖတ်​လိုက်​နှင့်​ ဖုန်း​နဲ့ မျက်​နှာကွာသည့်​အချိန်​ဆိုတာ မရှိသ​လောက်ပါ။

ဒီလိုနဲ့ ​နေ့စဉ်​​နေတိုင်းလိုလို ထိုနည်းပညာပစ္စည်း​တွေနှင့်​သာ အချိန်​​တွေကုန်​ဆုံး​နေရခြင်း​ကြောင့်​ သဘာဝပတ်​ကျင်​နှင့်​ထိ​တွေမှု​ ​လျော့နည်းလာခြင်း၊ လူမှု​ရေးကိစ္စ​တွေမှာ မပါဝင်​နိုင်​ခြင်း၊ ​နေ့စဉ်​ လှုပ်​ရှားမှုနည်း၍ အ​ညောင်းမိခြင်း၊ ဝမ်းဗိုက်​ ခါး​ဘေးသားများတွင်​ အဆီပိုများစုလာခြင်း၊ မျက်​တွင်းများကျလာခြင်း၊ ဇက်​​ကြောတက်​ခြင်း၊ အမြင်​အာရုံ ​ဝေဝါးလာခြင်း စသည့်​ ဆိုးကျိုးများ ခံစားရနိုင်​ပါသည်​။

ကျွန်ုပ်​တို့ လုပ်​​ဆောင်​​နေသည့်​ စတီးမစ်​သည်​ကား တစ်​ရက်​တစ်​မနက်​ လုပ်​ရုံဖြင့်​ ပြီး​မြောက်​သွားမည့်​ အလုပ်​မျိုးမဟုတ်​​ပေ။ ​နေ့စဉ်​ အချိန်​​ပေး၍ နှစ်​ရှည်​လများစွာ လုပ်​​ဆောင်​သွားရမည်​ဖြစ်​​သော​ကြောင့့် "တန်​​ဆေးလွန်​​ဘေး" ဆိုသည့်​ စကားပုံကို သတိပြု​စေချင်​ပါသည်​။ စတီးမစ်​ကိုလည်း လုပ်​သင့်​သ​လောက်​လုပ်​ပါ။ မိမိကျန်းမာ​​ရေးကိုလည်း ဂရုပြုပါလို့ တိုက်​တွန်းချင်​ပါသည်​။

ဒါအပြင်​ ဖုန်း​တွေ၊ကွန်​ပျူတာ​တွေ​ရှေ့မှာ အချိန်​ကုန်​​နေကြသူ​တွေအတွက်​ အသုံးဝင်​မည့်​ နည်းလမ်း​လေးအချို့ကိုလည်း ​ဖော်​ပြ​ပေးလိုက်​ရပါသည်​......။

သဘာဝအလှတရား​တွေကို ခံစားပါ
GettyImages_870316052.0.jpg
သင်​အားလပ်​ချိန်​မှာ နည်းပညာပစ္စည်း​တွေနှင့်သာ လုံးပန်းမ​နေပါနဲ့။ သင်​အနီးအနားမှာရှိတဲ့ သဘာဝအလှတရား​တွေကို ရှာ​ဖွေကြည့်လိုက်​ပါ။ ဥပမာ မနက်​ခင်းလမ်း​လျှောက်​ခြင်း၊ ​လေ​ကောင်း​လေသန့်​​​တွေရှူရှိုက်​ခြင်း၊ ​​နေဝင်​ချိန်​ အိပ်​တန်းတက်​ငှက်​က​လေး​တွေကို ​စောင့်​ကြည့်​ခြင်း၊ သာယာ​အေးချမ်းသည့်​ ​နေရာ​လေး​တွေကို ခရီးထွက်​ခြင်း၊ ​ကြောင်​​က​လေး​တွေ၊ငါးလေး​တွေ စသည့်​ တိရစ္ဆာန်​ငယ်​​လေး​တွေကို အစာ​ကြွေးခြင်း၊ ​ဆော့ကစားခြင်းများပြုလုပ်​​ပေးခြင်းဖြင့်​ စိတ်​ကို လွတ်​လပ်​​​ပေါ့ပါး​စေပြီး စာ​ရေးသားရာတွင်​လည်း များစွာ အ​ထောက်​အကူဖြစ်​​စေနိုင်​ပါတယ်​။

အားကစားတစ်​ခုခုကို စွဲမြဲစွာလုပ်​ပါ
Fish-Oil-Benefits.jpg
နေ့စဉ်​တကုတ်​ကုတ်​နှင့်​ အချိန်​ကုန်​မခံပါနှင့်​။ အားကစားနည်း တစ်​ခုကို ​တစ်​ပတ်​တစ်​ခါနှစ်​ခါခန့်​လုပ်ေ​ဆာင်​​ပေးသင့်​ပါတယ်​။ ဥပမာ မနက်​​စော​စောထပြီး ​ပြေးခြင်း/လမ်း​လျှောက်​ခြင်း၊ ​ဘောလုံးကစားခြင်း၊ GYM တစ်​ခုခုမှာ လစဉ်​​ကြေး​ပေးသွင်းပြီး ကိုယ်​ကာယ​လေ့ကျင့်​ခန်းများပြုလုပ်​​ပေးခြင်းဖြင့်​ ခန္ဓာကိုယ်​ကို ကြံ့ခိုင်သန်​စွမ်း​လာစေသလို စိတ်​​ထွက်​​ပေါက်​တစ်​ခုလည်း ရရှိနိုင်​ပါသည်​​။ အဝလွန်​ခြင်းကိုလည်း ကွာကွယ်​​ပေးနိုင်​ပါသည်​။

အမြင်​အာရုံကိုထိန်းသိမ်းပါ
un-world-sight-day.jpg
နေ့တိုင်းလိုလို ဒီမျက်​လုံးနှစ်​လုံးဟာ အနားရသည်​မရှိဘဲ စခရင်​​ပေါ်မှာပင်​ အချိန်​ကုန်​​နေရ​ပေသည်​။ ဒီလိုသာဆိုလျှင်​ ​ရေရှည်​မှာ အမြင်​အာရုံကို ထိခိုက်​လာနိုင်​​ပေသည်​။ အရွယ်​မတိုင်​ခင်​ မျက်စိမှုန်​လာနိုင်​​ပါသည်​။ ဒါအပြင်​ ဇက်​​ကြောတက်​ခြင်း၊ မျက်​ရိုးကိုက်​ခြင်း၊ မျက်​ရည်​ပူများကျခြင်း၊ ညဘက်​အိပ်​မ​ပျော်​ခြင်း စသည့်​ အမြင်​အာ​ရုံ​ကြော​ရောဂါများ စွဲကပ်​လာနိုင်​သည်​။ ထို​ကြောင့်​ ညဘက်​မှာ ဖုန်း​၊ကွန်​ပူတာ​တွေကို ​လျော့သုံးပြီး မျက်​စိကို အနား​ပေးသင့်​ပါသည်​။ ဖြစ်​နိုင်​လျှင်​ မျက်​စိဆရာဝန်​များနှင့်​ တိုင်​ပင်​၍ 6လတစ်​ချိန်​​လောက်​ ​ဆေးစစ်​ စမ်းသပ်​မှုများ ခံယူသင်​​ပါသည်​။ မျက်​စိအားဖြစ်​​စေမည့် ​ကန်​စွန်းရွက်​၊ မုန်​လာဥဖြူနီ၊ Omega3၊ စသည့်​အစားအစာများ
အစဉ်​ မှီဝဲစားသုံး​ပေးသင်​ပါသည်​။

စတီးမစ်​ မိသားစုဝင်​အားလုံး ကိုယ်​စိတ်​နှစ်​ဖြာ ကျန်းမာရွှင်​လန်းကျပါ​စေ......။

Author By Jhon
MSC-046
Photo By Google Image

Sort:  

ကျန်းမာရေးလည်း ဂရုစိုက်သင့်ပါတယ်။အထူးသဖြင့် တနေကုန်သုံးနေတဲ့သူတွေအတွက် လိုအပ်တဲ့ပို့စ်လေးပါ။Thanks for sharing bro..

ဟုတ်​အကို​ရေ

အကြံပေးတာကောင်းပါတယ်

ဟုတ်​ ကိုစိုး

Good post bro !

ဟုတ်​အကို

ဟုတ်ပါတယ် ကိုဂျွန်ရေ။ တန်ဆေး လွန်ဘေးပါ။
အားလုံး မျှမျှတတပဲကောင်းပါတယ်။

ဟုတ်​ပါတယ်​ မဇင်​​ရေ....။

အခုလိုသတိပေးမျှဝေပေးတာကျေးဇူးပါဗျ

ဟုတ်​ကဲ့ ကိုမြင့်

ဟုတ်ကဲ့ပါ၊အခုလိုနည်းလမ်းကောင်းများဝေမျှပေးလို့ကျေးဇူးပါ

ဟုတ်​အမ

အ​ကောင်းဆုံးဘဲဗျာ ​ကျေးဇူးပါ

ဟုတ်​bro

good suggestion ပါပဲဗျာ...

ဟုတ်​ကဲ့

အခုလို သတိပေးတာကျေးဇူးပါ

ဟုတ်​အကို

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 63572.52
ETH 3097.69
USDT 1.00
SBD 3.88