Skill သို့​ ကျွမ်းကျင်​မှု

in #myanmar6 years ago (edited)

1517147846-picsay.jpg

ကျွမ်းကျင်​မှု၊ စွမ်း​ဆောင်​ရည်​၊ လုပ်​ရည်​ကိုင်​ရည်​ စသည်​တို့ကို အင်္ဂလိပ်​လို "skill" ဟု​ခေါ်​ပေသည်​။
ထို "skill" ဆိုတဲ့ စကားလုံးကို ကျ​နော်​အနည်းငယ်​ တင်​ပြပါမည်​။

လူတိုင်းလူတိုင်းမှာ သက်​ဆိုင်​ရာနယ်​ပယ်​အလိုက်​ ကျွမ်းကျင်​မှု (ဝါ) skill ဆိုတာ ရှိကျပါတယ်​။ ထိုကျွမ်းကျင်​မှုဟာ တစ်​ဦးနှင့်​တစ်​ဦး​တော့ မတူညီနိုင်​ပါဘူး။

လူတိုင်းမှာ ကျွမ်းကျင်​မှုကိုယ်​စီရှိကျပါတယ်​......။
စာရေးဆရာမှာလည်း စာ​ရေးတဲ့​နေရာမှာ အ​တွေးအ​ခေါ် အ​ရေးအသား ဇတ်​အိမ်​ဖွဲ့နွဲ့မှု စတဲ့ ကျွမ်းကျင်​မှု စ​ကေး​တွေရှိတယ်​.....။
ရုပ်​ရှင်​သရုပ်​​တွေမှာလည်း သူကျရာ​နေရာမှာ ကျွမ်းကျင်​ပိုင်​နိုင်​စွာ သရုပ်​​ဆောင်​နိုင်​တဲ့ စ​ကေးရှိတယ်​.....။
စားဖိုမှူး​တစ်​​ယောက်​မှာလည်း သူချက်​ပြုတ်​မယ့်​ ဟင်းလျာ​တွေကို အစပ်​အဟပ်​တည်​​အောင်​ ချက်​ပြုတ်​နိုင်​တဲ့ စွမ်းရည်​ရှိတယ်​.....။
ဘောလုံးကစားသမား ​ရော်​နယ်​ဒိုမှာလည်း ​ဘောလုံးကစားရာမှာ အလိမ်​အ​ခေါက်​​၊ ဂိုးသွင်းတိကျမှု၊ ဂိုးဖန်​တီး​ပေးနိုင်​မှု စတဲ့ တစ်​ကိုယ်​ရည်​ ကျွမ်းကျင်​မှု​တွေရှိတယ်​......။

အဓိက​ပြောချင်​တာက လူ​တစ်​​ယောက်​ခြင်းစီမှာ သူဝါသနာပါတဲ့အလုပ်​၊ သူအသက်​​မွေးဝမ်း​ကြောင်းရာအလုပ်​အကိုင်​​တွေ​ပေါ်မှာ
အခြားသူ​တွေထက်​ ထူးခြားတဲ့ ကျွမ်းကျင်​မှု​​​တွေ ကိုယ်​စီရှိကြပါတယ်​.....။
download.jpeg
ဒါ​ပေမယ့်​ သူတပါးရဲ့ ကျွမ်းကျင်​မှုကို မိမိနှင့်​နိုင်းယှဉ်​ပြီး စိတ်​ဓာတ်​ကျ​နေတယ်​မယ်​ဆိုရင်​​တော့ အပိုပါပဲ.....။ ဥပမာ စာ​ရေးဆရာတစ်​​ယောက်​ဟာ ​စီရော်​နယ်​ဒို​လောက်​ ​ဘောလုံးကစားရာမှာ ကျွမ်းကျင်​မှုမရှိနိုင်​ပါဘူး....။
ဒီလိုပဲ ​ရော်​နယ်​ဒိုဟာ စားဖိုမှုးတစ်​​ယောက်​လို ဟင်းလျာ​တွေကို အစပ်​အဟပ်​တည့်​​အောင်​ မချက်​ပြုတ်​နို​င်​ပါဘူး.....။

ဆိုလိုချင်​တာက အခြားသူကျွမ်းကျင်​မှု​တွေကိုကြည့်​ပြီး ငါက​တော့ ​သူတို့်​​လောက်​မ​တော်​ဘူး သူတို့​တွေ​လောက်​ မကျွမ်းကျင်​ဘူးဟု မိမိကိုယ်​ကို အပြစ်​တင်​မ​နေသင့်​ပါ​.....။ မိမိမှာလည်း မိမိသက်​ဆိုင်​ရာနယ်​ပယ်​မှာ ကျွမ်းကျင်​မှု​တွေ လုပ်​ရည်​ကိုင်​ရည်​​တွေ ​စွမ်း​ဆောင်​ရည်​​တွေရှိတယ်​ဆိုတာကို သတိပြုပါ​လေ....။ စသည့်​ မိမိ၏ ကျွမ်းကျင်​မှုများ စွမ်းရည်​များကို ပိုမို​ကောင်းမွန်​​အောင်​ ​လေ့ကျင်​ပြီး အများသိ​အောင်​ ​ဖော်ထုတ်​​​ပြသလိုက်​ပါ​လေ.....။
*သင်​ဘယ်​​နေရာမှာ ပိုပြီးစွမ်း​ဆောင်​နိုင်​သလဲဆိုတာကို သိ​အောင်​လုပ်​ပါ။
*ထိုစွမ်းရည်​များကို ပိုမိုတိုးတက်​​ကောင်းမွန်​လာ​အောင်​ ​လေ့ကျင့်​ပါ။
မန်​မာစတီးမစ်​ အဖွဲ့သားအားလုံး မိမိတို့ကျင်လည်ရာ​​နယ်​ပယ်​အသီးသီးမှာ ထူးချွန်​​အောင်​မြင်​တဲ့သူများ ဖြစ်​နိုင်​ကြပါ​စေဗျာ.......။
skill-up.jpg
Writer By Jhon
MSC-046
Photo By Google Image

Sort:  

လူတစ်ယောက်မှာ အလိုအပ်ဆုံးက ကိုယ်ကျွန်းကျင်မှုကို အသုံးချတတ်တဲ့ skill ပေါ့ဗျာ။ ကြိုးစားဟေ့။

ဟုတ်​ကဲ့ အကို

ဟုတ်

ဘာskillမှကို မရှိဘူးရယ်

ရှိပါတယ်​။ မြင်​​အောင်​ကြည့်​ပါ​လေ

ပေးတဲ့ဆု ပြည့်ပါရစေ😁 plz v and m me back @mgtoetat

ဟုတ်

စာ​ရေးတဲ့skill​ကောင်း​အောင်​ကြိုးစားရဦးမယ်​ရှင့်

အမြဲတမ်း ​ရေး​နေရင်​ လက်​ရည်​တက်​လာပါလိမ့်​မည်​။

Good. Skillတြွှေင့်ရမယ်

ကိုယ် ကျွမ်းကျင်တာ တဲ့ skill လေးတွေ နဲ့ steemit မှ ရှေ့ ဆက်မယ် စိတ်ကူးထားတယ်

ဟုတ်​​အောင်​မြင်​ပါ​စေ အကို

steemit မှာလဲ skill လိုတာပေါ့လိုစ့်

သေချာတာ​ပေါ့လိုစ့်

အရမ်းကောင်းတယ် ဘဒို ဆက်ကြိုးစားပါ

ကျွမ်းကျင်​ရာလိမ္မာ​ပေါ့

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 62907.89
ETH 3379.73
USDT 1.00
SBD 2.50