စာ​တွေ့နှင့်​လက်​​တွေ့

in #myanmar6 years ago (edited)

image
ကျ​နော်​တို့တ​တွေဟာ ကိုယ်တိုင်​လည်း စာ​​တွေ​​ရေးကြပါသည်​၊ သူများ​ရေးထားတဲ့ စာ​တွေလည်း​ဖတ်​ကြပါသည်​၊ ဒါ​ပေမယ့်​ ကျ​နော်​တို့ အဓိကကျတယ့်​ အချက်​ကိုလုပ်​​ဆောင်​ဖို့်​တော့ ​မေ့​လျော့​နေကျ​သည်​။ အဲ့ဒီ အဓိကကျတယ့်​ အချက်​ဆိုတာက​တော့ စာ​ပေ​ဆောင်းပါး​တွေထဲမှာပါဝင်​တဲ့ အ​ကြောင်းအရာ ဗဟုသုတ​တွေကို အပြင်​​လက်​​တွေ့ ဘဝထဲမှာ လိုက်​နာ​ကြင့်​သုံးခြင်း ပဲဖြစ်​တယ်​။

စာကို​တော့ လူတိုင်းဖတ်​တတ်​ပါတယ်
ဒါ​ပေမယ့်​ စာထဲမှာပါဝင်​တဲ့ အချက်​​တွေကို
လိုက်​နာကျင့်​ကြံအားထုတ်​သူနည်းပါတယ်​။

စာ​တွေသာ နှစ်​​ပေါက်​​အောင်​ဖတ်​ပြီး ဘာမှ​ပြောင်းလဲမသွားသူ​တွေလည်းရှိ​​ပါတယ်​။ တကယ်​​တော့ စာအုပ်​​တွေအများကြီးဖတ်​တာထက်​ ဖတ်​ထားတဲ့စာအုပ်​​တွေထဲက ကို​ယ့်​အတွက်​အသုံးဝင်​မယ့်​ အ​ကြောင်းအရာ​​တွေကို ဆွဲထုတ်​ပြီး လုပ်​​ဆောင်​တတ်​ဖို့်​ အ​ရေးကြီးပါတယ်​။

စာ​အုပ်​​စာ​ပေ​တွေ ​လေ့လာဖတ်​ရှူပြီး လိုက်​နာကြင့်​သုံးခြင်း မရှိသူဟာ "ဓားတစ်​လက်​ ဝယ်​ပြီး အိမ်​မှာ အလှချိတ်​ထားသည်​နှင့်​ တူ၏။ ထိုဓားကို လိုအပ်​တဲ့​နေရာ​တွေမှာ အသုံးမပြုပဲ ဒီအတိုင်းထားလိုက်​လျှင်​ ကြာရင်​ သံ​ချေးတက်​ပြီး ပျက်​စီးသွားနိုင်​ပါသည်​။"
ထို့​ကြောင့်​ ကျွန်ုပ်​တို့ ဖတ်​ရှု​လေ့လာထားတာ​တွေကို ​ခေါင်းထဲမှာပဲ မထားပါနှင့်​၊ အကျိုးရှိ​စေမယ့်​ တစ်​​နေရာရာမှာ အသုံးချသင့်​ပါတယ်​။
image
ကျွန်​​တော်​တို့သည်​ စာအုပ်​​၊ ​ဆောင်းပါး​​ပေါင်းများစွာကို ​နေ့စဉ်​ဖတ်​ရှူ​နေကြပါသည်​။ ထိုများပြားလှတဲ့ စာ​တွေထဲမှာ ပါဝင်​ အ​ကြောင်းအရာအချက်​အလက်​​တွေကို အမြဲမှတ်​မိ​နေဖို့ဆိုတာ ကျ​နော်​တို့အတွက်​ မလွယ်​ကူပါဘူး။ ဒါ​ကြောင့်​ ကိုယ်​ဖတ်​လိုက်​တဲ့ စာ​တွေထဲမှ ကိုယ်​အတွက်​အကျိုးရှိ​စေမည့်​ စာစု​တွေ၊ အ​ကြောင်းအရာ​တွေ၊ ​ဆေးနည်း​တွေကို ဆွဲထုတ်ပြီး မှတ်​စုစာအုပ်​တစ်​ခုထား၍ ထိုစာအုပ်​ထဲမှာ ​ရေးမှတ်​ထားသင့်​ပါတယ်​။
ဒါမှသာ ကိုယ်​လိုအပ်​တဲ့အချိန်​မှာ အလွယ်​တကူ ပြန်​ရှာလိုရနိုင်​မှာပဲ ဖြစ်​ပါတယ်​။
စတီးမစ်​မိသားစုဝင်​အားလုံး စာအုပ်​စာ​ပေ​​တွေ ဖတ်​ရှူပြီး ​အောင်​မြင်​တိုးတက်​နိုင်​ကြပါ​စေဗျာ........။

Author By Jhon
MSC-046
Photo By Google Image

Sort:  

စာဖတ်ပြီး လက်တွေ့ အသုံးမချဘူးဆိုရင် သံချေးတက်နေတဲ့ ဓားတလက်သာသာဖြစ်မှာပါ

အမှန်​ပါပဲ။

စာအုပ်​စာ​ပေ လူ့မိတ်​​ဆွေ
စာ​ပေများဖက်​ခြင်းဟာ အသိပညာများကို တိုးပွားလာ​စေပါတယ်

က်ျန်တော်တော့ နစ်ခုလုံးပြည့်စုံမှရတယ်ထင်တယ်။

ဟုတ်​ကဲ့

ဟုတ်ကဲ့ပါ။

ဟုတ်​အမ

လက်​​တွေ့အသုံးချတတ်​ဖို့လိုပါတယ်

သေချာတာ​ပေါ့ဗျာ

ဟုတ်ကဲ့ပါရှင့်

ဟုတ်​အမ

မြန်မာနိုင်ငံမှာ အဲ့နှစ်ခုက balance မဖြစ်ဘူးဖြစ်နေတယ်...

ဟုတ်​ပါတယ်

ဟုတ်တယ် bro လက်အေ့သုံးချတက့် လိုအပ်ပါတယ်

ဟုတ်​အကို

Thanks for sharing

ဟုတ်

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.030
BTC 68362.52
ETH 3747.89
USDT 1.00
SBD 3.66