Omega 3
Omega 3
ကျွန်တော် မနေ့က Telenor WOW BOX app မှာတင်ထားတဲ့ " ဝ နေတယ့် ချစ်သူကို ငါးကြီးဆီစားခိုင်းပါ " ဆိုတဲ့ ဆောင်းပါးကို ဖတ်ပြီး ငါးကြီိးဆီမှာ ကြွယ်ဝစွာပါဝင်တဲ့ Omega 3 အကြောင်းကို ရေးသားလိုက်ရခြင်း ဖြစ်ပါတယ် ။
Omega 3အပြင် Omega 6နဲ့ Omega 9 တို့လည်း ရှိပါသေးတယ် ။ ဒီသုံးမျိုးစလုံးဟာ ကျန်းမားရေးအတွက် အတော်အကျိုးပြုပါတယ်။
ပရိုတင်းတို့် ကာဗိုဟိုက်ဒရိတ်တို့ ကဲ့သို့ Omega 3 ဟာလည်း လူသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အစားအစာတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ် ။ အိုမီဂါဓာတ်ကို ကျွန်တော်တို့ ခန္ဓာကိုယ်မှ မထုတ်လုပ်နို်င်ကြပါဘူး ။ ဒါကြောင့် အစားအသောက်တွေမှ တစ်ဆင့် အိုမီဂါဓာတ်ကို ရယူနိုင်ပါတယ် ။
Omega 3 ကို fatty acid (ဖက်တီး အက်စစ်) လို့လည်း ခေါ်ဆိုကြပါသေးတယ် ။
Omega 3 လို့ပြောလိုက်တာနဲ့ အများစုက " ငါးကြီးဆီ " ကိုပဲ ပြေးမြင်မိကြတယ် ။ ဟုတ်ပါတယ် ။ Omega 3 ဟာ ငါးတွေမှာ ကြွယ်ဝစွာ ပါဝင်တဲ့ ဓာတ်တစ်မျိုးပါ ။ ငါးတွေ အပြင် Omega 3ကို အပင်တွေနှင့် အစေ့အဆံတွေကနေလည်း ရရှိနိုင်ပါတယ် ။ Omega 3 ထဲမှာတွင် ပင်လယ်ငါးတွေမှ ရရှိတယ့် eicosapentaenoic acid ( EPA )ဓာတ် ၊ docosahexaenoic acid ( DHA )ဓာတ် နဲ့ အပင် အစေ့အဆံတွေကနေ ရရှိတဲ့ alpha-linolenic acid ( ALA ) ဓာတ်တွေ ဆိုပြီး ခွဲခြားထားပါသေးတယ် ။
( EPA )ဓာတ် နှင့် ( DHA )ဓာတ် အများအပြား ပါဝင်တဲ့ ငါးတွေကတော့ ငါးသေတ္တာ ၊ ဆာလ်မွန် ၊ တူနာ ၊ herring ၊ မက်ကရယ် ၊ sardine (ငါးပိန္နစေ့) တို့ပဲ ဖြစ်ပါတယ် ။
( ALA )ဓာတ် ပါဝင်တဲ့ အပင်နဲ့အစေ့အဆံတွေကတော့ နှမ်းစေ့၊ ပဲပုတ်စေ့၊ ဖရုံစေ့၊ သံလွင်ဆီ၊ ပဲနို့ တို့ပဲ ဖြစ်ပါတယ် ။
အိုမီဂါသရီးကို ပုံမှန်စားသုံးခြင်းဖြင့် နှလုံး၊ ဦးနှောက်၊ မျက်ကြည်လွှာ များကို များစွာ အကျိုးဖြစ်ထွန်းစေပါတယ် ။ ရှေးနှစ်ပေါင်းများစွာ ကတည်းက ဆေးသိပ္ပံပညာရှင်များက Omega 3ဟာ လူသားတို့ရဲ့ ကျန်းမာရေးကို အထောက်အကူပြုကြောင်း လေ့လာတွေရှိခဲ့ပါတယ် ။ အိုမီဂါသရီးဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ ပင်လယ်ငါးတွေကို အဓိထား စားသုံးတဲ့ ဂျပန်လူမျိုးများဟာ ကမ္ဘာပေါ်မှာ အသက်ရှည်ရှည် အနေနိုင်ဆုံး လူသားတွေဖြစ်ကြပါတယ် ။ ပင်လယ်ငါးတွေကို အဓိကထား စားသုံးတဲ့ နိုင်ငံမှ လူများဟာ အခြားသူများထက် နှလုံးရောဂါဖြစ်နိုင်ခြေ ပိုနည်းတယ်ဟု သိရပါတယ် ။
ဆက်ရန်.................
PHOTO BY GOOGLE IMAGE
Writer By JHON
Nov,22,2017
Thanks very good post !!!!
Awesome Work!

Keep it up!!!
@cryptoinvestinfo
your CryptoInvestmentExpert
✌
Hi friend i followed you and voted and commented you follow me and vote please follow me my link ,.https://steemit.com/@mdjony/
👀
good knowledge.
ကျေးဇူးပါအကို
ပင်လယ် ငါးတွေ လိုက်မြို အုံးမှဘာလေ
မြိုပါလေ 😂😂😂
good post
10q
ဆက်ဖတ်ဖို့စောငိ့နေပါ့မယ်...good
ဟု
ငါးကြီးဆီစားရင် ကောင်းမလားပဲနော်
Good
Good post!
😊
good pist
စာလုံးပေါင်း လေးတော့ မှန်အောင်ရေးပါ အက်ထမိန်ကြီးရယ်😂😂
ဟုတ်ကဲ့မျော်နေမယ်
ဟု