မနက်​ဖြန်​​တွေအတွက်​ ဒီ​နေ့လုပ်​ပါ

in #myanmar7 years ago (edited)

image
စတီးမစ်​​ပေါ်မှာ ကျွန်​​တော်​ ​လေးစားအားကျရသည့်​ အကိုတစ်​​ယောက်​ရှိပါသည်​။ ကျ​နော်​ နားမလည်​တာ သိတာချင်​တာ ​မေးချင်​တာ​တွေကို သူ့ဆီမှာ အမြဲသွား​မေး​လေ့ရှိသည်​။ ထိုအကိုကလည်း ဂရုတစိုက်​ပြန်​လည်​ ရှင်းပြ​​ဖြေကြား​ပေးပါသည်​။ ထိုအကို့ ဝေါလ်​​ပေါ်မှာ အမြဲ​ရေးတင်​ထားသည့်​ ​ဆောင်​ပုဒ်​​လေးတစ်​ခုကို ကျွန်​​တော်​အမြဲအမှတ်​ရ​နေ​ပါသည်​။ ဘာလို့လည်းဆို​တော့ အဲ့ဒီ​ ​ဆောင်​ပုဒ်​​လေးဟာ ကျွန်​​တော့်​ကို ရည်​ရွယ်​ပြီး သတိ​ပေး​နေသ​ယောင်​ထင်​မိပါသည်​။ ထို​ဆောင်​ပုဒ်​​လေးက​တော့
" မနက်​ဖြန်​​တွေအတွက်​ ဒီ​နေ့လုပ်​ပါ " တဲ့။ ဒီစာတို​လေးဟာ တကယ်​ကို ရင်​ထဲထိ​စေပါသည်​။ ထိုစာတို​လေး တင်​ထား​သည့်​ အကိုက​တော့ အဲ့ဒီစာတို​လေးအတိုင်းပြုလုပ်​​ဆောင်​ရွက်​​နေသဖြင့်​ သူဟာ "မနက်​ဖြန်​​ပေါင်းများစွာအတွက်​" Steem Power ​တွေ အ​မြောက်​အများစု​ဆောင်းထားနိုင်​ပြီပဲဖြစ်​တယ်​။ ကျွန်ုပ်​တို့လည်း အဲ့ဒီ မနက်​ဖြန်​​တွေအတွက်​ အခုတည်းက ကြိုတင်​ပြင်​ဆင်​ထားသင့်​ပါသည်​။

ကျွန်​​တော့်​မှာ ငယ်​ငယ်​ထဲက​နေ ခုချိန်​ထိ မ​ကောင်းတဲ့အကျင့်​တစ်ခု ဆွဲကပ်လျက်ရှိေ​နပါသည်​​​။ ​ထိုမ​ကောင်းတဲ့ ​အကျင့်​ဆိုးကို ခုချိန်​ထိ​ဖြောက်​ဖျက်​လို့ မရသေးပါ။
အဲ့ဒီအကျင့်​ဆိုးက​တော့ ဘာလုပ်​လုပ်​​ ကြိုတင်​ပြင်​ဆင်​ပြီး မလုပ်​ဘဲ အားရင်​အားသလို​နေပြီး အနားကပ်​မှ အသည်းအသန်​လုပ်​တတ်သည့် အကျင့်ပါ​​​​​​​။ ငယ်​စဉ်​ ​ကျောင်းသားဘဝက ဆရာမမှ ဘယ်​သင်​ခန်းစာက​နေ ဘယ်​အထိ ကျက်​လာခဲ့၊​ရေးလာခဲ့ကြဟု အိမ်​စာ​ပေးလိုက်​လျှင်​​ ညဘက်​မှာ စာကိုပြီး​အောင်​မလုပ်​၊ မနက်​မှ လုပ်​လည်းမှီပါတယ်​ဆိုပြီး ဆရာမစာစစ်​ခါနီးမှ အသည်းအသန်​ကုန်းရုန်းပြီး ​​​ရေးရတာ​တွေ ကျက်​ရတာ​တွေလည်းရှိခဲ့ပါသည်​။ တစ်​ခါတစ်​ရံ စာမပြီးလို့ အဆူခံရ​ပေါင်းလည်း မနည်း​ပေ။ အဲ့ဒီလို အဆူခံရလို့ မှတ်​သလားဆို​တော့ မမှတ်​​ပေ။
အခု စတီးမစ်​​ပေါ်​ရောက်​လာသည်​အထိ အမှတ်​မရှိ​ပေ။ promotion ​တင်ရမည့်​​ရက်​​တွေမှာ​ စာကိုကြိုပြီး​ရေးမထားပဲ စာ​ရေးဖို့ကို ​နေ့​ရွေ့ည​ရွေ့နှင့်​ အနားကပ်​မှ အသည်းအသန်​ ​ရေးတင်​​ရလို့ တစ်​ခါတစ်​ရံ အချိန်​​ကျော်​သွားပြီး promotion မရလိုက်​တာမျိုး​တွေလည်း ကြုံခဲ့ရပါသည်​။ တကယ်​​တော့ မည်​သည့်​အလုပ်​မဆို အစကတည်းက ကြိုတင်​ပြင်​ဆင်​ပြီး လုပ်​ကိုင်​​ဆောင်​ရွက်​​ထားသင့်​ပါသည်​။ ဒါမှသာ တကယ်​အလုပ်​လုပ်​ချိန်​မှာ အဆင်​​ပြေလွယ်​ကူစွာလုပ်​ကိုင်​နိုင်​မှာပဲဖြစ်​တယ်​။

ဒါနဲ့သင်​​ကော မနက်​ဖြန်​​တွေအတွက်​ ဘာ​တွေများလုပ်​ပြီးပြီလဲ....?
ဘာမှမလုပ်​​ရ​သေးဘူးဆိုလျှင်​လည်း ​နောက်​မကျ​သေးပါ အခုပဲ 'ထ'ပြီး လုပ်​​ဆောင်​လိုက်​ပါ။
အ​ပျော်​အပါးများနှင့်သာ အချိန်​ဖြန်းမ​နေပါနှင့်​။ မနက်​ဖြန်​​ပေါင်းများစွာ လှပဖို့ရာ​ ဒီ​နေ့ဒီချိန်​ကစပြီး ကြိုးစားလုပ်​​ဆောင်​ကြပါလို့ ဒီ​ဆောင်းပါး​လေးကို​ရေးပြီး တိုက်​တွန်းနှိုး​ဆော်​လိုက်​ရပါတယ်​ ခင်​ဗျာ.........။

စာဖတ်​သူအားလုံး လှပသာယာ​သော မနက်​ဖြန်​​ပေါင်းများစွာ ရရှိပိုင်​ဆိုင်​နိုင်​ကြပါ​စေ.....။
DQmRhDtjokAZnGKi4QwheqksKTFo6m4fsjMYsNNrsitC1xk.gif
Author By Jhon
MSC-046
Photo By Google Image

Sort:  

အားလုံးကို ​ကျေးဇူးတင်​ပါတယ်
ကျန်းမာလှပ​သော မနက်​ဖြန်​များ ရရှိပိုင်​ဆိုင်နိုင်​ကြပါ​စေ......။

ျွန်တော်ကတော့သိရက့် မိုက်နေတာပါ bro ရယ်

ဆက်​မိုက်​​မ​နေပါနဲ့​တော့​နော်

အချိန်ဆွဲတတ်တဲ့အကျင့်တော့ရှိတယ်။

ထိုအကျင့်​ဆိုးကို အမြန်​ဆုံး​ဖြောက်​ဖျက်​နိုင်​ပါ​စေဗျာ....။

မနက်ဖန်အတွက် အခုပဲ လုပ်နေတယ်ဗျ။ အချိန်ကတော့ အတော်လုရသားဗျ။

ဒီလိုပဲ ရုန်းကန်​​နေရတာ​ပေါ့ဗျာ

ချက်​ချင်းလုပ်​တာအ​ကောင်းဆုံးပါ

အမှန်​ပါ

လုပ်​ရမှာ​ပေါ့​နော်

လုပ်​သင့်​တာ​ပေါ့

ဟုတ်ကဲ့ပါရှင့်

ကျေးဇူးပါအမ

ဟီးး သိနေပေမယ့် မလုပ်ဖြစ်သေးဘူး

လုပ်​ဖြစ်​နိုင်​ပါ​စေဗျာ....။

ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျာ

ဟုတ်​ကဲ့

Coin Marketplace

STEEM 0.23
TRX 0.25
JST 0.038
BTC 95957.12
ETH 3307.71
USDT 1.00
SBD 3.34