ကျွန်​​တော်​နှင့်​ ကိုးလသားအရွယ်​ စတီးမစ်

in #myanmar6 years ago (edited)

FB_IMG_1505103552587.jpg
ကိုးလ​ကျော်​ ဆယ်​လနီးပါးခန့်​ သက်​တန်းရှိ​နေပြီဖြစ်​​သော မိမိ စတီးမစ်​အ​ကောင့်​ကိုကြည့်​ရင်း အ​တွေး​တွေ နယ်​ချဲ့​နေမိသည်​။ ​နွေမှသည်​မိုး မိုးမှသည်​​ဆောင်း ဤသို့ ရာသီ​​ဥတုတွေ တစ်​ခုပြီးတစ်​ခု ကျော်​လွန်​လာသည်​နှင့်​အမျှ မိမိ စတီးမစ်​အ​ကောင့်​၏ တန်ဖိုးသည်​လည်း တဖြည်းဖြည်း တိုးတက်​လာ​လေသည်​။

ဤစတီမစ်​အ​ကောင့်​နှင့်​အတူ ဖြတ်​​ကျော်​လာခဲ့သည့်​ ကိုးလတာ ကာလအတွင်း​ တွေ့ကြုံခဲ့ရသည်​​တွေက မနည်းမ​နောပင်​။ စာ​ဖြင့်​​ရေး၍ပင် ​​ကုန်​မည်​မထင်​။

စတီးမစ်ကို စလုပ်ခါ​​စ စပထမပိုင်းမှာ​တော့ အခက်​အခဲ​တွေ ​ရှိခဲ့တာ​ပေါ့။ အဲ့ဒီတုန်းကအခုလို Steemit User Guide .pdf​တွေဘာ​တွေလည်း မရှိ​သေး​တော့ စမ်းတ၀ါးဝါးနဲ့လုပ်​ရင်းက​နေ စ​ခဲ့ရတာပါ။ အဲ့ဒီတုန်းက steemit မှာစာေ​ရးသား​နေတဲ့ မြန်​မာ​တွေဆိုတာလည်း လက်​ချိုး​ရေလို့ရသည့်​ ပမာဏခန့်​သာ ရှိပါ​သေးသည်​။ အခု​တော့ စတီးမစ်​​ ဖလက်ေ​ဖာင်း​ပေါ်မှာ မြန်​မာဘာသာနှင့်​ စာ​ရေးသား​နေသူ​တွေ ​လေးငါးရာခန့်​ ရှိပြီဟု ထင်​ပါသည်​။ ထိုစဉ်​က postတစ်​ခုမှာ voat​လေးငါး​ခု​လောက်​ရရင်​အ​တော်​ကို ​​ပျော်​​နေကြတာ​ပေါ့။ အဲ့တုန်းက voat​ပေးသူလည်း​နည်း​တော့ postတစ်​မှာမှ 0.01/0.02 ​လောက်သာ​​ရခဲ့တာ​ပေါ့။ အဲ့ဒီလို $ပြားဂဏန်းမျှသာ ရ​တော့ STEEMITရဲ့ အသက်​​သွေး​ကြောဖြစ်​တဲ့ Steem Power ရဖို့ဆိုတာ ပိုပြီးခက်​ခဲတာ​ပေါ့ဗျာ။ တစ်​လ​လောက်​​နေလို့မှ 1sp​လောက်​သာရခဲ့တာပါ။

ဒီအဖြစ်​အပျက်​​တွေက​တော့ Myanmar Steemit Community (MSC) နှင့်​ မဆုံစည်းခင်​ ကာလ​တွေက​ပေါ့ဗျာ......။

ဆက်​ရန်​.......
steemit logo.png
Author By Jhon
MSC-046
Photo By Google Image

Sort:  

အခု​တော့ပန်းခင်းလမ်းကို​လျှောက်​​နေရပါပြီရှင်​။

ပန်းခင်းလမ်းမ​လျှောက်​ခင်​ ဆူးခင်းလမ်း​တွေ အရင်​​လျှောက်​ခဲ့ရ​သေးတယ်​ အမ​ရေ....။

Wonderful job by steemit platform

အ၇ိပ်​ကိုလို​နေပူက​စောင့်​​ပေါ့ဗျာ:-)

ဒါ​ပေါ့ဗျာ...။

အခုတော့ MSCကြောင့် ရေကန်အသင့်ကြာအသင့်ပေါ့ဗျာ

ဟုတ်

ရှေ့ရှောက် ရွှေရောင်ခင်းတဲ့လမ်းဘဲဖြစ်မှာပါဗျာ

အဲ့လိုပဲ ​မျှော်​မှန်းထားပါတယ်​။

Now ,we're pleasured by MSC

MSCကြောင့်ပန်းခင်းလမ်း လျှောက်လှမ်းနေရပါပြီ။

ဟုတ်​ပါတယ်​ အမ​ရေ...။

MSC ရဲ့ကျေးဇူးနဲ့ စမ်းတဝါးဝါးမဖြစ်ရတော့ဘူးပေါ့

ဟုတ်

အဲလိုအခြေနေကလာခဲ့ရတာပါ

ဟုတ်​ပါတယ်​အကို
အဲ့ဒီအချိန်​​တွေကအရမ်းကို ခက်​ခဲခဲ့ပါတယ်​။

Coin Marketplace

STEEM 0.32
TRX 0.12
JST 0.034
BTC 64664.11
ETH 3166.18
USDT 1.00
SBD 4.11