ကျွန်​​တော်​တို့နှင့်​ "Seemit"

in #myanmar7 years ago

FB_IMG_1505103472427.jpg

ကျွန်​​တော်​ steemit ​ပေါ်သို့ ​ရောက်​ရှိခဲ့သည်​မှာ ၃ ၄လခန့်​ပင်​ရှိ​နေပါပြီ။ စလုပ်​ခါစတွင်​ post တစ်​ခုကို ဘယ်​​လောက်​ပင်​​ကောင်း​အောင်​​ရေး​ရေး ရတယ့်​ ပမာဏက ပြားဂဏန်းသာသာပဲ ရရှိပါသည်။ ထိုအချိန်​က promotion ဆိုတာ ဖြူသလား မဲသလား​တောင်​ မသိရ​သေးချိန်​​ပေါ့။ 1sbd ရဖို့ အ​တော်​​ရေးယူရပါသည်​။ လွန်​ခဲ့တဲ့ သုံးလခန့်​က 1sbdတန်​ဖိုးမှာ မြန်​မာ​ငွေ တစ်​​ထောင်​ခန့်​သာ ရှိပါသည်​။ ထိုစဉ်​က ယခုလို လူဦး​ရေ မများ​သေး​တော့ voat​ပေးမည့်​သူများလည်း သိပ်​မရှိ​သေးဘူး​ပေါ့။ ​နောက်​ပိုင်းတွင်​ ကိုဟင်​နရီမှ promotionကို စတင်​မိတ်​ဆက်​​ပေးခဲ့ပါသည်​။ ကိုဟင်​နရီ မိတ်​ဆက်​​ပေးတဲ့ promotion တွင်​ postတစ်​ခုတင်​လျှင်​ 14$ 15$ အထိ ရရှိခဲ့ဖူးပါသည်​။ ထိုပမာဏမှာ ယခု ​SBD ​ဈေးနှုန်းနှင့်​ တွက်​လျှင်​ မြန်​မာ​ငွေ " တစ်​သိန်း "ဝန်းကျင်​ခန့်​ ရှိပါသည်​။ ထိုစဉ်​က SBD​တွေ လွယ်​လွယ်​နှင့်​ ရလာသဖြင့်​ တန်​ဖိုးမထားခဲ့မိဘူး။ လွယ်​လွယ်​နှင့်​ပင်​ သုံးဖြုန်း ပစ်​ခဲ့မိ​ပါသည်​။ 1sbd ကို ဖုန်း​ဘေလ်​ တစ်​​ထောင်​နဲ့ပင်​ လဲလှယ်​ခဲ့မိသည်​ကို ပြန်​​တွေးမိတိုင်း ကိုယ့်​ကိုယ်​ကို ​​နောင်​တ ရမိမဆုံးဖြစ်ရ​ပါသည်​။
images(5).jpg
ကျွန်ေ​တာ်​ steemit စတင် ​လုပ်ကိုင်​​ခဲ့စဉ်က ​​​​ စာ​ပေ​ဆောင်းပါးများကို ကိုယ်​ပိုင်​ အ​တွေးအ​ခေါ်နှင့်​ ​ရေးသားရာမှာ အခက်​အခဲ များစွာကြုံေ​တွ့ ရခဲ့ပာသည်​။ ဘယ်​က​နေ ဘယ်​လို စ​ရေးလို့ ​ရေးရမှန်းမသိ ဖြစ်​ခဲ့ပါတယ်​။ ဘယ်​လို နိဒါန်းပျိုးပြီး ဘယ်​လို နိဂုံးချူပ်​ရ မလဲဆိုတာမသိခဲ့ဘူး။ ဘာ​ကြောင့်​လဲဆို​တော့ ကျွန်​​တော်​သည်​ စာ​ရေးဆရာ မဟုတ်​ပါ။ မြန်​မာစာနှင့်​ ဘွဲ့ရထားသူလည်း မဟုတ်​ပါဘူး။ ခုနှစ်​တန်းအထိသာ ပညာသင်​ယူခဲ့ရပါသည်​။ အမှန်​အတိုင်း​ပြောရလျှင်​ စာ​ရေးရတာလည်း ဝါသနာမပါပါ။ steemit ​ပေါ်သို့ ​ရောက်​ရှိလာကြသူအများစုသည်​ ​စာ​ရေး​​ကောင်းလွန်း​သော​ကြောင့်​ မဟုတ်​​ပေ။ အများစုသည်​ အွန်​လိုင်း​ငွေရှာသူများသာ ဖြစ်​ကြပါသည်​။ ကျွန်​​တော်​တို့မှာ ​စာ​ရေးခြင်း အ​လေ့အထသိပ်​မရှိ၊ စာသိပ်​မဖတ်​ဆို​တော့ ​ဆောင်းပါး​တွေ​ရေးသားရာမှာ ပိုခက်​ခဲတာ​ပေါ့။ ဒာ​​ပေမယ့်​​ ထိုအခက်​အခဲများ​ကြောင့်​ စိတ်​ပျက်​မသွားသင့်ပာ​။ မည်​သည်​ အလုပ်​မဆို အခက်​အခဲ အနည်းနှင့်​အများ ရှိစမြဲပါ။
images(2).png
ယခုမှ steemit သို့ ​ရောက်​လာ​သော လူသစ်​များသည်​လည်း ကျွန်​​တော့ ကဲ့သို့ အခက်​အခဲ​များ ကြုံ​တွေ့ရနိုင်​ပါသည်​။ သို့ပာေ​သာကြောင့်​ လူသစ်​များကို အကြုံ​ပေးလိုသည်​မှာ စာများများ​ရေးချင်​ရင်​ စာများများဖတ်​ပါ။ ​ကိုယ်​ဝါသနာ​ပါ​သော အ​ကြောင်းအရာများ၊ မိမိဘဝတွင် ​ကြုံ​တွေဖူးခဲ့ရ​သော အဖြစ်​အပျက်​များ၊ မိမိပတ်​ဝန်းကျင်​တွင်​ ဖြစ်​​ပျက်​​ခဲ့​သော ​​ကြောင်းအရာများ၊ နေ့စဉ်​ဖြစ်​​ပေါ်​နေသာ အ​ကြောင်းအရာများကို ဦးစား​ပေး​ရေးသားကြပါ။ ​​ရေးရင်း ​ရေးရင်း ​နောက်​ပိုင်း စာ​ရေးရတာ ​ပျော်​ရွှင်​စရာ​ကောင်းလာပါလိမ့်​မည်​။ ကိုယ်​​​ရေးခဲ့တဲ့ စာ​ပေ​ဆောင်းပါးများကို ပြန်​လည်​ဖတ်​ရှူပြီး ဝမ်းသာပိတီဖြစ်​ရ​ပေလိမ့်​မည်​။
MSC-046
Writer By Jhon
Photo Credit Google Image

Sort:  

ကျေးဇူးပါ အက်​ထမိန်​ကြီး​ရေ

thank for sharing knowledge . good post

I'm new and I'm trying like this.than you for yor advicebro

အား . . .မလျော့ နှင့် ရောက်တော့မည် ကျိုးစားရပါမည်

ဟုတ်​ကဲ့ ကြိုးစားကြပါစို့။

အိမ်းးမတွေ့တာကြာပီနော်

ချိပါတယ်​ဂျ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63493.34
ETH 2578.53
USDT 1.00
SBD 2.79