ကျန်းမားရေးနှင့်အားကစား အပိုင်း-၃
ကျန်းမားရေးနှင့်အားကစား အပိုင်း-၃
ကျွန်တော်တို့ ထင်ကြတာက ကျန်းမားရေးကောင်းဖို့ ဆိုလျှင် ဆေးဝါးဆေးထောင့်တွေ မှီဝဲယုံဖြင့် လုံလောက်ပြီထင်ကြတယ်။ စားချင်တာစား ပြီးရင် ဆေးသောက် စသဖြင့် ကြော်ငြာတွေတောင် ရှိပါတယ်။ အဆီကျချင် ပိန်ချင်တယ် မော်ဒယ်ကိုယ်လုံးလေးလိုဖြစ်ချင်တယ်ဆိုသူတွေ အရင်စဉ်းစားတာ ဘယ်ဆေးဝါးတွေသောက်သုံးရင် အဆီကျသလဲ၊ဘယ်လိမ်းဆေးတွေလိမ်းရင် ပိန်သွားလား ဒါပဲစဉ်းစားကြတယ်။ 'အားကစားတွေ' လေ့ကျင့်လိုက်စားရင် အဆီကျနိုင်တယ် ဝိတ်ကျနိုင်တယ်ဆိုတာ သတိထားမိသူနည်းတယ်။ အချို့ဆေးဝါးတွေဟာ တကယ်ပဲ ခန္ဓာကိုယ်အလေးချိန်ကို သိသိသာသာ လျော့ချပေးနိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီ ဆေးဝါးဆေးထောင့်တွေဟာ အနည်းနှင့်အများတော့ side effect ဆိုးကျိုးတွေတော့ရှိစမြဲပါ။ ဒီလိုဆေးဝါးတွေ သုံးစွဲခြင်းကြောင့် ဒုက္ခရောက်သွား သူတွေလည်း ဒုနဲ့ဒေး။ ဒါကြောင့် ကျနော်ကတော့ ဒီလိုဆေးဝါးတွေ စားသုံးပြီး ခန္ဓာကိုယ်လှပအောင် လုပ်တဲ့နည်းလမ်းမျိုးကို အားမပေးပါဘူး။ ပင်ပန်းချင် ပင်ပန်းပစေ အချိန်တွေ နှစ်တွေချီအောင် ကြာချင်ကြာပစေ အားကစားလုပ်ခြင်းဖြင့် ခန္ဓာကိုယ်လှပအောင်လုပ်တဲ့ နည်းလမ်းကိုပဲလုပ်ကြပါလို့ တိုက်တွန်းလိုပါတယ်။
အခုလိုတိုးတက်လာတဲ့ ခေတ်ကြီးမှာ အမြို့မြို့အနယ်နယ်တိုင်းတွင် "GYM" (အားကစားရုံ)တွေ ရှိနေပါပြီ။ အားကစားရုံတိုင်းမှာ ကျွမ်းကျင်တဲ့ trainer (အားကစားနည်းပြဆရာ) တွေလည်း ရှိပါတယ်။ ထို GYMအားကစားရုံတွေမှာ လစဉ်ကြေးပေးသွင်းပြီး ခေတ်မှီစက်ပစ္စည်းတွေနှင့် လေ့ကျင့်ဆော့ကစားနိုင်ပါတယ်။ ဒီလိုဆော့ကစားရာမှာ မိမိဖြစ်ချင်တဲ့ ခန္ဓာကိုယ် အချိုးအစားအလိုက် ဆော့ကစားရမည့် ပုံစံခြင်းဟာ မတူနိုင်ပါဘူး။ ဥပမာ မိမိဟာလက်ရှိ 'ဝ'နေရာမှ ပိန်ပါးသွယ်လှချင်တယ်၊ ဒါမှမဟုတ် ပိန်နေရာမှ ခန္ဓာကိုယ်ပြည့်တင်းပြီ ကိတ်ချင်တယ်၊ အမျိုးတွေဆိုလျှင်လည်း ကြွက်သားတွေနှင့် ဖုထစ်ဖောင်းကြွနေချင်တယ် စသဖြင့် မိမိဖြစ်ချင်တဲ့ ခန္ဓာကိုယ်အချိုးအစားကို ကျွမ်းကျင်တဲ့ gym trainerတွေနှင့် တိုင်ပင်ဆွေးနွေးပါ။
ဘယ်လို လေ့ကျင့်ဆော့ကစားသင့်လဲ၊ ဘယ်လို အစာအာဟာရတွေ ဖြည့်စွက်စာတွေ မှီဝဲစားသုံးသင့်လဲဆိုတာ ထို gym trainerတွေမှာ လမ်းညွှန်ပေးပါလိမ့်မယ်။ သူတို့ရဲ့ လမ်းညွှန်ချက်တွေအတိုင်း သေသေချာချာ လေ့ကျင့်လိုက်စားရင် တစ်နှစ်အတွင်း သင်ဖြစ်ချင်တဲ့ ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ အခုဆို 2018ခုနှစ်ကို ရောက်ရရှိတော့မှာပါ။ နောင်နှစ် 2018ကုန်လျှင် သင်လိုချင်တဲ့ ခန္ဓာကိုယ်မျိုး ရရှိပိုင်ဆိုင်နေလောက်ပါပြီ။ ဘာတွေ တွေဝေနေအုံးမှာလဲ အခုပဲ gym တစ်ခုခုမှာ စာရင်းပေးပြီး စတင်လေ့ကျင့်ဆော့ကစားလိုက်ပါစို့.....။
Writer By Jhon
MSC-046
Photo By Google Image
အားကစားလိုက်စားမှ တမျိုးသားလုံးကျန်းမာမယ် 👏
Right
Gymတော့သွားမကစားဖစ်ပုအကိုရေ
ဒါပေမဲ့အမောခံနိုင်အောင်ဘာအားကစားလုပ်သင့်လဲဟင်ကြံပေးပါအုံးအကိုရေ
အရင်ဆုံး ဆေးလိပ်၊ကွမ်း၊အရက်၊ဘီယာတို့ကို လျော့ပါ။ ဖြတ်နိုင်ပိုကောင်းပါတယ်။ အားကစားကတော့ ပြေးတာ၊လမ်းမြန်မြန်လျောက်တာ၊ စက်ဘီးနင်းတာ၊ လှေကားတက်တာတွေကို ပြုလုပ်ပေးသင့်ပါတယ်။ ဖြစ်နိုင်မယ်ဆို gymတစ်ခုခုမှာ နည်းစနစ်တကျ ဆော့ကစားသင့်ပါတယ်။ ကျေးဇူးပါ။
ကျေးဇူးပါအကိုရေ
အားကစားလုပ်တာကောင်းပါတယ်ကျန်းမာရေးအတွက်။
အမှန်ပေါ့ဗျာ
ကျွန်တော်တောင် Gym သွားကစားချင်စိတ်ပေါက်လာပီဗျာ
ဟုတ် သွားသင့်ပါတယ်
ကျန်းမာရေးတွက်ဆိုတော့လုပ်သင့်ဆုံးပဲ
ဟုတ်
Good post.
ဟုတ်
လေ့ကျင့်ခန်းလေးတော့ ပုံမှန် ပြန်လုပ်ရအုံးမယ်ဗျာ
ပြန်လုပ်နိုင်ပါစေ
လမ်းပဲလျောက်တယ် ကိုယ်တေက အသက်အရွယ်အရ ၊ အလုပ်အကိုင်အရ အားကစားမလုပ်နိုင်ဘူးလေ
ဟုတ်လမ်းလျောက်တာလည်း သင့်တော်ပါတယ်။ ဖြစ်နိုင်မယ် ခပ်သွက်သွက်လေး ပြေးပါ။
Gym တောင်ကစားချင်လာပီ
Good
Gym တောင်သွားဆော့ချင်လာပြီ 😀
Good