အောင်​မြင်​ကြီးပွားချင်​ရင်​ ​​လေ့လာသင်​ယူပါ

in #myanmar6 years ago

63-learning-01.png
ကျွန်​​တော်​တို့ဟာ လူမှန်းသိတတ်​စအရွယ် ​တည်းက ​လေ့လာသင်​ယူမှု (Learning)ကို အရင်​ဆုံး ပြုလုပ်​ကြရတာဖြစ်​ပါတယ်​။ ငယ်​စဉ်​​တောင်​​ကျေး ခ​လေးဘဝမှာတည်းက ထမင်းဘယ်​လိုစားရမယ်​၊ လမ်းဘယ်​လို​လျှောက်​ရမယ်​၊ အ​ပေါ့အ​လေးဘယ်​လိုစွန့်​ရမယ်​ စသဖြင့်​ ဘဝ​နေထိုင်​မှုဆိုင်​ရာ နည်းစနစ်​​တွေကို အရင်​ဆုံးသင်​ယူခဲ့ကြရပါတယ်။ အနည်းငယ်​အသက်​အရွယ်​ကြီးလာတာနှင့်​ မူကြို ၊ မူလွန်​၊ အလယ်​တန်း၊ အထက်​တန်း စသဖြင့်​ ဘဝအ​တွက်​လိုအပ်​သည့်​ ပညာရပ်​​တွေကိုလည်း ​လေ့လာစည်းပူးခဲ့ကြရပါတယ်​။ ထို့ထက်​အသက်​ရွယ်​ရလာသည့်​အခါ ဘဝရှင်​သန်​ဖို့ရာအတွက်​ အသက်​​မွေးဝမ်း​ကျောင်း ပညာရပ်​​တွေကိုလည်း သင်​ယူကြရပြန်​ပါတယ်​။

ကျွန်​​တော်​တို့​တွေ သင်​ယူ​နေတာဟာ ​မွေးကတည်းကဆိုပါ​တော့။ အခုချိန်​ထိလည်း သင်​ယူမပြီးပြတ်​နိုင်​​သေးပါဘူး။ ဟုတ်​ပြီ။ အဲ့တာဆို​ ဘယ်​အချိန်​မှ ဒီသင်​ယူမှု (learning) ဟာ ပြီးဆုံးမှာလဲဆိုတာ ​မေးခွန်းထုတ်​စရာဖြစ်​လာပါပြီ။ အဲ့ဒီအ​ဖြေက​တော့ ရှင်းပါတယ်​။ ကျွန်​​တော်​ ​ခေါင်း​ဆောင်​ကြီး​တွေ၊ ဆရာသမား​တွေလည်း​အမြဲ​ပြော​လေ့ရှိပါတယ်​ "ပုခက်​အတွင်းမှ သင်္ချိုင်းအတွင်းထိ ​လေ့လာသင်​ယူ​နေပါ" ။ တစ်​​နည်းဆို​ရလျှင်​​တော့ '​မွေးကတည်းက ​သေသည်​အထိ' ​လေ့လာသင်​ယူ​နေရမယ်​၊ learning လုပ်​​နေရပါမယ်​။
Life-Long-Learning-Logo.jpg
လေ့လာသင်​ယူ​နေမှုကို ရပ်​တန့်​လိုက်​လျှင်​ဘာဖြစ်​မလဲ။ လေ့လာမှုရပ်​တန့်​လိုက်​ရင်​ အဲ့ဒီသူဟာ အခြားသူများ​နောက်​မှာ ကျန်​ရစ်​​နေခဲ့ပါလိမ့်​မယ်​။ ​အောင်​မြင်​ချင်​သူတစ်​​ယောက်​၊ ကြီးပွားချင်​သူတစ်​​ယောက်​ဟာ သူနဲ့ ပတ်​သက်​ဆက်​နွယ်​​နေတယ့်​ အလုပ်​၊ အသက်​​မွေးဝမ်း​ကြောင်းပညာရပ်​​တွေမှာ ​လေ့လာသင့်​ယူမှုကို အမြဲအစဉ်​တစိုက်​လုပ်ေ​န​ရပါမယ်။ ​​အောင်​မြင်​ကြီးပွားချင်​သူဟာ ​ကိုယ်​သိထား၊ တတ်​ထားတဲ့ အ​ကြောင်းအရာ​တွေအ​ပ်ါမှာဘဲ ကြိုးစား​နေရုံနဲ့မလုံ​လောက်​ပါဘူး။ နည်းပညာအသစ်​​တွေ၊ ပညာရပ်​အသစ်​​တွေကို တတ်​​မြောက်​​အောင်​​လေ့လာပြီး အဲ့ဒီအရာ​တွေအ​ပေါ်မှာလည်း ကြိုးစားအားထုတ်​သင့်​ပါတယ်​ဆိုတဲ့ အ​ကြောင်း အကြံပြု​ရေးသားလိုက်​ရပါတယ်​။

စတီးမစ်​ မိသားစုဝင်​အားလုံး ကြီးပွားတိုးတက်​ကြ​ပါ​စေ.......။

လေးစားလျက်​ ​ရေးသားသူ Jhon
MSC-046
Photo By GoogleImage

Sort:  

ဟုတ်တယ် ကြိုးစားမှုဆိုတာရပ်လိုက်လို့မဖြစ်ဘူး

ဟုတ်​ပါတယ်

သူများထက်နောက်ကျမကျန်ခဲ့ချင်ရင် အမြဲဝိရိယထားလေ့လာနေရမှာပါ

ဟုတ်​ပါတယ်​ အကို

ဟုတ်ကဲ့ခင်ဗျ။

ဟုတ်​ကဲ့ အကို​ထွေး

အောင်မြင်တိုးတက်ချင်တဲ့သူတွေအတွက် အမြဲလေ့လာ သင်ယူနေဖို့လိုအပ်ပါတယ်။

အမှန်​ပါပဲ အမ​ရေ.....။

အမြဲ​လေ့လာသင်​ယူ​နေဆဲပါခင်​ဗျာ

ဘယ်​​လောက်​ပဲ​လေ့လာ​၊ ​လေ့လာစရာ​တွေက မကုန်​နိုင်​ဘူးဗျာ

Life is long learning. It is right.

ဘ၀တက္ကသိုလ်မှာ တက်နေဆဲပါ

အမြဲတမ်းလေ့လာသင်ယူနေပါ့မယ်ဗျ။
ပေးချင်တဲ့ မက်ဆေ့ကို ရလိုက်ပါတယ်ဗျ

ဟုတ်​ကဲ့ ဖတ်​ရှူ​ပေးတာ​ကျေးဇူးပါ

အောင်မြင်စေသော နည်းလမ်းများ ဖြစ်ရပါသည်

ဟုတ်​ပါတယ်​အကို

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64160.97
ETH 3145.28
USDT 1.00
SBD 3.86